ခ်စ္သူေကာင္မေလးကို အၿမဲေျပာေပးသင့္တဲ့ စကား (၈) ခြန္း
အခ်စ္ေရးေရ႐ွည္တည္ၿမဲဖို႔ဆိုရင္ ႏွစ္ဦးႏွစ္ဖက္ ထိန္းသိမ္းရမယ့္အပိုင္းေလးေတြ ႐ွိပါတယ္။
သင္က အမ်ိဳးသားတစ္ေယာက္ျဖစ္ၿပီး ဒီအခ်စ္ေရးကို အဆုံးထိခိုင္ၿမဲခ်င္တဲ့သူဆိုရင္
သင့္ခ်စ္သူေကာင္မေလးအတြက္ သင့္ဘက္က လုပ္ေဆာင္ေပးရမယ့္အရာေလးေတြ ႐ွိပါတယ္။
လူတိုင္းဟာ ခ်ီးမြမ္းေျပာဆိုတာ ခံခ်င္တတ္ၾကတာခ်ည္းပါပဲ။
ၿပီးေတာ့ သူဟာ သင့္ဘဝမွာ မ႐ွိမျဖစ္အေရးပါတဲ့သူတစ္ေယာက္ဆိုတာကိုလည္း သင္ေျပာတာမ်ိဳး ခံခ်င္မွာပါ။
အဲ့ဒီအခ်က္ကေလးေတြေပၚမူတည္ၿပီး သင့္ခ်စ္သူေကာင္မေလးကို
ေန႔တိုင္းေျပာဆိုေပးရမယ့္ အရာေလးေတြ ေျပာျပေပးခ်င္ပါတယ္။
၁။ ကိုယ္မင္းကိုခ်စ္တယ္။
ဒီစကားက႐ိုးလြန္းတယ္လို႔ ထင္ရေပမယ့္ သင္တို႔ႏွစ္ဦးအတြက္ တကယ္ကို လိုအပ္ပါတယ္။
သင္အလုပ္မသြားခင္၊ ဒါမွမဟုတ္ မနက္ပိုင္း ခ်စ္သူဆီဖုန္းဆက္တဲ့အခါ ၊
ညဘက္အိပ္ခါနီးဖုန္းဆက္တဲ့အခါေတြမွာ ဖုန္းခ်ခါနီးတိုင္း သင့္ေကာင္မေလးကို
ခ်စ္တယ္ဆိုတဲ့ စကားေလး မပ်က္မကြက္ေျပာပါ။
၂။ မင္းက အရမ္းကို လွပတဲ့ မိန္းကေလးပါ။
တစ္ခါတစ္ေလမွာ အမ်ိဳးသားေတြေရာ၊ အမ်ိဳးသမီးေတြပါ တစ္ေယာက္ကိုတစ္ေယာက္
ယုံၾကည္မႈျမႇင့္တင္ေပးႏိုင္တဲ့အရာေတြ ႐ွိေနပါတယ္။
ဒီေတာ့ ကိုယ္ခ်စ္ရတဲ့အမ်ိဳးသမီးကို ဘယ္ေလာက္လွေၾကာင္း၊
ဘယ္လိုၾကည့္ေကာင္းေၾကာင္းေျပာေပးတာကလည္း သူ႕စိတ္ခံစားမႈေကာင္းမြန္ေစဖို႔၊
ကိုယ့္ကိုကိုယ္ ယုံၾကည္မႈတိုးေစဖို႔အတြက္ မ်ားစြာ အေထာက္အကူျဖစ္ေစပါတယ္။
သူမ ဘယ္ေလာက္လွေၾကာင္းမၾကာခဏေျပာေပးပါ။
၃။ မင္းေၾကာင့္ ငါဟာ ပိုေတာ္၊ ပိုထက္ျမက္တဲ့သူ ျဖစ္လာၿပီ။
သင့္ခ်စ္သူေကာင္မေလးက သင့္အိပ္မက္ေတြ အေကာင္အထည္ေဖာ္ရာမွာ အၿမဲအားေပးတတ္တဲ့သူတစ္ဦးဆိုရင္
သူ႕ေၾကာင့္ သင္ခုလို ျဖစ္လာတာဆိုတဲ့ စကားမ်ိဳးေလး ေျပာေပးပါ။
သူ႕ေၾကာင့္ သင္ဒီလိုေျပာင္းလဲသြားခဲ့ၿပီဆိုတာေလးလည္း ေျပာေပးပါ။
၄။ မင္းက ကိုယ့္သူငယ္ခ်င္းေကာင္းလည္း ျဖစ္တယ္။
သူဟာ သင့္ဘဝလက္တြဲေဖာ္ဆိုလည္း ဟုတ္တယ္။
သူငယ္ခ်င္းေကာင္းဆိုလည္း ဟုတ္တယ္ဆိုတဲ့အေၾကာင္း သူသိေအာင္ ေျပာပါ။
ဒီအခ်က္ကလည္း သူမနဲ႔အတူ႐ွိတာဟာ အျခားသူေတြနဲ႔အတူ႐ွိျခင္းထက္ ပိုအဓိပၸါယ္႐ွိတယ္ဆိုတာ သိေစျခင္းပါပဲ။
၅။ သူမ လုပ္ေဆာင္တာ ေတာ္ေၾကာင္းေျပာပါ။
သူမ အလုပ္တစ္ခုခု လုပ္တဲ့အခါ ၿပီးေျမာက္သြားတိုင္း သူမလုပ္ေဆာင္တာ ဘယ္ေလာက္ေတာ္ေၾကာင္း
ခ်ီးမြမ္းေပးျခင္းကလည္း သူမကို စိတ္အားတက္သြားေစဖို႔ကူညီေပးျခင္းပါပဲ။
၆။ မင္းေျပာတာ ကိုယ္နားေထာင္ေနပါတယ္။
ခုေခတ္မွာ လူတိုင္းဟာ ကိုယ္ပိုင္အားလပ္ခ်ိန္ဆိုတာကို မနည္းကို ႐ွာေဖြေနရတဲ့အထိ အလုပ္ေတြ႐ႈပ္ေနၾကပါၿပီ။
ဖုန္းေတြတကိုင္ကိုင္နဲ႔ ကိုယ့္ခ်စ္သူနဲ႔႐ွိေနခ်ိန္ေတြေတာင္
ကိုယ့္ခ်စ္သူထက္ ဖုန္း screen ကိုသာ ပိုၾကည့္ေနတတ္ၾကတဲ့ဒီေခတ္မွာ
သင္ဟာ သူေျပာတဲ့စကားကို သူမ်က္ႏွာေလးၾကည့္ ေသခ်ာနားေထာင္ေပးႏိုင္႐ုံနဲ႔တင္
သူသင့္ကို ေက်းဇူးတင္ေနပါလိမ့္မယ္။
၇။ ကိုယ္မင္းကို ေလးစားမိတယ္။
သင္ဟာ သူမေျပာတဲ့အရာရာတိုင္းကို သေဘာတူခ်င္မွ တူပါလိမ့္မယ္။
သူမလုပ္ေဆာင္တဲ့အရာရာတိုင္းကိုလည္း သေဘာက်ခ်င္မွက်ပါလိမ့္မယ္။
ဒါေပမယ့္ သူမရဲ႕ အေတြးအေခၚနဲ႔ အျမင္ေတြဟာသူမ်ားေတြနဲ႔ေတာ့ တူခ်င္မွ တူမွာေပါ့။
ဒါကိုလက္ခံၿပီး သူမကို လုပ္ေဆာင္တဲ့အရာေတြ၊ ေ႐ြးခ်ယ္မႈေတြကို ေလးစားေၾကာင္း ေျပာပါ။
၈။ကိုယ္ မင္းကို ေက်းဇူးတင္ပါတယ္။
ဒီအခ်က္ကလည္း အေရးႀကီးတဲ့ အခ်က္ပါပဲ။ သူမဟာ သင္ေနမေကာင္းတဲ့အခ်ိန္ သင့္ကို စိတ္ပူေပးတယ္။
သင့္ေဘးမွာ႐ွိေနေပးတယ္။ သင္ေပ်ာ္တဲ့အခါ အတူလိုက္ေပ်ာ္ေပးတယ္။
သင္ဝမ္းနည္းတဲ့အခါ သင့္ကိုႏွစ္သိမ့္ေပးတယ္။
သင္ဘာေတြ ျဖစ္ေနျဖစ္ေန သင့္ေဘးက ထြက္မသြားပဲ အခက္အခဲတိုင္းကို သင္နဲ႔အတူရင္ဆိုင္ေပးတယ္ဆိုရင္
သင္ဟာ သူမကို ေက်းဇူးတင္တဲ့စကား ေျပာသင့္ပါတယ္။
ဒါေပမယ့္ ကိုယ့္ကိုတစ္ခုခု လုပ္ေပးမွ ေျပာရမွာမ်ိဳး မဟုတ္ပဲ ေန႔စဥ္ေန႔တိုင္း
သူသင့္ေဘးနား႐ွိေပးတဲ့အတြက္ ေက်းဇူးတင္စကားေျပာရမွာပါ။
Credit
Unicode
ချစ်သူကောင်မလေးကို အမြဲပြောပေးသင့်တဲ့ စကား (၈) ခွန်း
အချစ်ရေးရေရှည်တည်မြဲဖို့ဆိုရင် နှစ်ဦးနှစ်ဖက် ထိန်းသိမ်းရမယ့်အပိုင်းလေးတွေ ရှိပါတယ်။
သင်က အမျိုးသားတစ်ယောက်ဖြစ်ပြီး ဒီအချစ်ရေးကို အဆုံးထိခိုင်မြဲချင်တဲ့သူဆိုရင်
သင့်ချစ်သူကောင်မလေးအတွက် သင့်ဘက်က လုပ်ဆောင်ပေးရမယ့်အရာလေးတွေ ရှိပါတယ်။
လူတိုင်းဟာ ချီးမွမ်းပြောဆိုတာ ခံချင်တတ်ကြတာချည်းပါပဲ။
ပြီးတော့ သူဟာ သင့်ဘဝမှာ မရှိမဖြစ်အရေးပါတဲ့သူတစ်ယောက်ဆိုတာကိုလည်း သင်ပြောတာမျိုး ခံချင်မှာပါ။
အဲ့ဒီအချက်ကလေးတွေပေါ်မူတည်ပြီး သင့်ချစ်သူကောင်မလေးကို
နေ့တိုင်းပြောဆိုပေးရမယ့် အရာလေးတွေ ပြောပြပေးချင်ပါတယ်။
၁။ ကိုယ်မင်းကိုချစ်တယ်။
ဒီစကားကရိုးလွန်းတယ်လို့ ထင်ရပေမယ့် သင်တို့နှစ်ဦးအတွက် တကယ်ကို လိုအပ်ပါတယ်။
သင်အလုပ်မသွားခင်၊ ဒါမှမဟုတ် မနက်ပိုင်း ချစ်သူဆီဖုန်းဆက်တဲ့အခါ ၊
ညဘက်အိပ်ခါနီးဖုန်းဆက်တဲ့အခါတွေမှာ ဖုန်းချခါနီးတိုင်း သင့်ကောင်မလေးကို
ချစ်တယ်ဆိုတဲ့ စကားလေး မပျက်မကွက်ပြောပါ။
၂။ မင်းက အရမ်းကို လှပတဲ့ မိန်းကလေးပါ။
တစ်ခါတစ်လေမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ တစ်ယောက်ကိုတစ်ယောက်
ယုံကြည်မှုမြှင့်တင်ပေးနိုင်တဲ့အရာတွေ ရှိနေပါတယ်။
ဒီတော့ ကိုယ်ချစ်ရတဲ့အမျိုးသမီးကို ဘယ်လောက်လှကြောင်း၊
ဘယ်လိုကြည့်ကောင်းကြောင်းပြောပေးတာကလည်း သူ့စိတ်ခံစားမှုကောင်းမွန်စေဖို့၊
ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေဖို့အတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။
သူမ ဘယ်လောက်လှကြောင်းမကြာခဏပြောပေးပါ။
၃။ မင်းကြောင့် ငါဟာ ပိုတော်၊ ပိုထက်မြက်တဲ့သူ ဖြစ်လာပြီ။
သင့်ချစ်သူကောင်မလေးက သင့်အိပ်မက်တွေ အကောင်အထည်ဖော်ရာမှာ
အမြဲအားပေးတတ်တဲ့သူတစ်ဦးဆိုရင်
သူ့ကြောင့် သင်ခုလို ဖြစ်လာတာဆိုတဲ့ စကားမျိုးလေး ပြောပေးပါ။
သူ့ကြောင့် သင်ဒီလိုပြောင်းလဲသွားခဲ့ပြီဆိုတာလေးလည်း ပြောပေးပါ။
၄။ မင်းက ကိုယ့်သူငယ်ချင်းကောင်းလည်း ဖြစ်တယ်။
သူဟာ သင့်ဘဝလက်တွဲဖော်ဆိုလည်း ဟုတ်တယ်။
သူငယ်ချင်းကောင်းဆိုလည်း ဟုတ်တယ်ဆိုတဲ့အကြောင်း သူသိအောင် ပြောပါ။
ဒီအချက်ကလည်း သူမနဲ့အတူရှိတာဟာ အခြားသူတွေနဲ့အတူရှိခြင်းထက်
ပိုအဓိပ္ပါယ်ရှိတယ်ဆိုတာ သိစေခြင်းပါပဲ။
၅။ သူမ လုပ်ဆောင်တာ တော်ကြောင်းပြောပါ။
သူမ အလုပ်တစ်ခုခု လုပ်တဲ့အခါ ပြီးမြောက်သွားတိုင်း သူမလုပ်ဆောင်တာ ဘယ်လောက်တော်ကြောင်း
ချီးမွမ်းပေးခြင်းကလည်း သူမကို စိတ်အားတက်သွားစေဖို့ကူညီပေးခြင်းပါပဲ။
၆။ မင်းပြောတာ ကိုယ်နားထောင်နေပါတယ်။
ခုခေတ်မှာ လူတိုင်းဟာ ကိုယ်ပိုင်အားလပ်ချိန်ဆိုတာကို မနည်းကို ရှာဖွေနေရတဲ့အထိ အလုပ်တွေရှုပ်နေကြပါပြီ။
ဖုန်းတွေတကိုင်ကိုင်နဲ့ ကိုယ့်ချစ်သူနဲ့ရှိနေချိန်တွေတောင်
ကိုယ့်ချစ်သူထက် ဖုန်း screen ကိုသာ ပိုကြည့်နေတတ်ကြတဲ့ဒီခေတ်မှာ
သင်ဟာ သူပြောတဲ့စကားကို သူမျက်နှာလေးကြည့် သေချာနားထောင်ပေးနိုင်ရုံနဲ့တင်
သူသင့်ကို ကျေးဇူးတင်နေပါလိမ့်မယ်။
၇။ ကိုယ်မင်းကို လေးစားမိတယ်။
သင်ဟာ သူမပြောတဲ့အရာရာတိုင်းကို သဘောတူချင်မှ တူပါလိမ့်မယ်။
သူမလုပ်ဆောင်တဲ့အရာရာတိုင်းကိုလည်း သဘောကျချင်မှကျပါလိမ့်မယ်။
ဒါပေမယ့် သူမရဲ့ အတွေးအခေါ်နဲ့ အမြင်တွေဟာသူများတွေနဲ့တော့ တူချင်မှ တူမှာပေါ့။
ဒါကိုလက်ခံပြီး သူမကို လုပ်ဆောင်တဲ့အရာတွေ၊ ရွေးချယ်မှုတွေကို လေးစားကြောင်း ပြောပါ။
၈။ကိုယ် မင်းကို ကျေးဇူးတင်ပါတယ်။
ဒီအချက်ကလည်း အရေးကြီးတဲ့ အချက်ပါပဲ။ သူမဟာ သင်နေမကောင်းတဲ့အချိန် သင့်ကို စိတ်ပူပေးတယ်။
သင့်ဘေးမှာရှိနေပေးတယ်။ သင်ပျော်တဲ့အခါ အတူလိုက်ပျော်ပေးတယ်။
သင်ဝမ်းနည်းတဲ့အခါ သင့်ကိုနှစ်သိမ့်ပေးတယ်။
သင်ဘာတွေ ဖြစ်နေဖြစ်နေ သင့်ဘေးက ထွက်မသွားပဲ အခက်အခဲတိုင်းကို
သင်နဲ့အတူရင်ဆိုင်ပေးတယ်ဆိုရင်
သင်ဟာ သူမကို ကျေးဇူးတင်တဲ့စကား ပြောသင့်ပါတယ်။
ဒါပေမယ့် ကိုယ့်ကိုတစ်ခုခု လုပ်ပေးမှ ပြောရမှာမျိုး မဟုတ်ပဲ
နေ့စဉ်နေ့တိုင်း သူသင့်ဘေးနားရှိပေးတဲ့အတွက် ကျေးဇူးတင်စကားပြောရမှာပါ။
Credit