Credit
Unicode
ကိုယ်ချစ်လဲမရှာနဲ့ သူချစ်လဲမရှာနဲ့ လူစိတ်ရှိတဲ့သူကိုပဲရှာ
သူကပဲချစ်ချစ် ကိုယ်ကပဲချစ်ချစ်
အဲဒီအချစ်တွေက ကုန်ဆုံးသွားတတ်သေးတယ်
အဲဒီလိုကုန်ဆုံးသွားလို့လဲ ကွဲကြ ပြဲကြဖြစ်နေတာကိုး
လူစိတ်ရှိတဲ့လူကတော့ သူ့ရင်ထဲမှာ ကိုယ်ချင်းစာတရား ရှိလို့
ကိုယ့်ကို ချစ်ချစ် မချစ်ချစ် ကိုယ်ဘာပဲဖြစ်နေ ဖြစ်နေ ကိုယ့်ကိုဘယ်တော့မှစွန့်ခွာသွားမှာမဟုတ်ဘူး
ဘာလို့လဲဆိုတော့ သူ့ရဲ့အတွေးတွေ စိတ်တွေက သနားတတ်တယ်
ကြင်နာတတ်တယ် ကရုဏာတရားရှိတယ်
ဘယ်အရာကိုမဆို ‘သူ့နေရာမှာငါဆိုရင်’ ဆိုပြီး ကိုယ်ချင်းစာတဲ့စိတ်နဲ့ကြည့်တယ
အဲဒါကြောင့် ကိုယ်ချစ်တွေ သူချစ်တွေထက်
လူစိတ်ရှိတဲ့လူကိုရွေးတာက သင့်အတွက်မမှားနိုင်ဘူး လူစိတ်ရှိသူများနှင့်တွေ့ကြပါစေ
Credit