Love

တစ္ကယ္ခ်စ္ရင္ ေတာ့ မာနေတြ ခဝါခ်ႏိုင္ၾကပါေစ

တစ္ကယ္ခ်စ္ရင္ ေတာ့ မာနေတြ ခဝါခ်ႏိုင္ၾကပါေစ

မင္းနဲ႔ျပတ္ၿပီလို႔ေျပာခဲ့လည္း

မနက္ အိပ္ရာထရင္ ဖုန္းေလး ကျပာကယာ

ဖြင့္ၾကည့္ဖူးတယ္ ။ မင္း message ပို႔ထား

ေလမလားဆိုတဲ့ အေတြးနဲ႔ေပါ့။

ၿပီးရင္ သက္ျပင္းေလးခ် မိတာေပါ့

ဖုန္းလာတိုင္းလည္း မင္း ဖုန္းျဖစ္ပါေစလို႔

ဆုေတာင္းဖူးတယ္ မင္းမွားသြားေၾကာင္း

ေတာင္းပန္တဲ့အခါ ငါလည္း ျပန္ေတာင္းပန္ၿပီး

မင္းနဲ႔ေဝးရင္ ဘယ္ေလာက္ခံစား ရေၾကာင္းေျပာျပ

အခ်ိန္တစ္ခုေရာက္တိုင္း

“ဒီအခ်ိန္ မင္းဘာမ်ား လုပ္မေနလဲ”ဆိုတဲ့

အေတြးေလးနဲ႔ သတိသတရ ျဖစ္ဖူးတယ္။

ဥပမာ- ေန႔လည္စားခ်ိန္ဆို ” သူ ထမင္းပုံမုန္စားေနပါ့မလား” ဆိုတဲ့ အေတြးေတြနဲ႔လည္း စိတ္ပႈဖူးတယ္

သူငယ္ခ်င္းေတြဆီက ဖုန္းလာတဲ့အခါလည္း

သတင္းဆိုးႀကီး ၾကားရမွာ ေၾကာက္ခဲ့ဖူးတယ္။

” မင္း ရည္းစား အသစ္ရသြားၿပီ” ဆိုတဲ့ သတင္းဆိုး

ႀကီးၾကားရရင္ ငါမြန္းၾကပ္မိမွာပါ

မေတာ္တဆ လမ္းမွာ မင္းႀကိဳက္တတ္တဲ့

အစားအစာေလးေတြေတြ႕ရင္လည္း

” ဒီဟာေလးေတြက သူအရမ္းႀကိဳက္တာ”

ဆိုတဲ့ အေတြးေလးေတြ ဝင္ၿပီး သတိရဖူးတယ္

ၿပီးရင္

မင္းနဲ႔သြားခဲ့ဖူးတဲ့ ေနရာေတြ ကိုလမ္းၾကဳံ ျဖတ္သြားတဲ့အခါ ျဖစ္ေစ ေရာက္သြားခဲ့သည္ျဖစ္ေစ

မင္းနဲ႔ ၾကည္ႏူးခဲ့ရတဲ့ အခ်ိန္ေလးေတြျပန္သတိရၿပီး

ဝမ္းနည္းမလိုလိုျဖစ္ဖူးတယ္

တစ္ေန႔တာကုန္လြန္သြားလို႔ ညအိပ္ရာဝင္ခါနီးဆို

message အသံေလး ဝင္လာမလား ဆိုတဲ့

အေတြးေတြနဲ႔ မင္းmessage ေလးေမွ်ာ္ေနမိတယ္

ပိုဆိုးတာက ငါ့ဖက္က မွန္ေနလည္း

ငါမွားသြားေၾကာင္း ဝန္ခံၿပီး မင္းကိုျပန္ေတာင္းပန္ဖို႔ ႀကိဳးစားခဲ့ဖူးတယ္။

ဥပမာ- “ေတာင္းပန္တယ္ မွားသြားတယ္ေနာ္”

ဆိုတဲ့ message ေလး ပို႔ဖို႔ကို typing လုပ္လိုက္ ျပန္ဖ်က္လိုက္ လုပ္ခဲ့ဖူးတယ္

ေနာက္ဆုံးတစ္ခုက မင္းဖုန္းနံပတ္ေလးကို

ၾကည့္ၿပီး ေခၚလိုက္ရင္ေကာင္းမလားဆိုတဲ့

အေတြးေတြ အၾကာႀကီးဝင္ဖူးတယ္

ဒါေပမဲ့လည္း

” သူလည္း ေနႏိုင္ေသးတာပဲ ငါလည္းေနႏိုင္ေအာင္ႀကိဳးစားရမွာေပါ့”ဆိုတဲ့

မာနအေတြးနဲ႔ ငါတို႔ခ်စ္လ်က္နဲ႔ေဝးကြာခဲ့ၾကတာေပါ့ဟာ

တစ္ကယ္ခ်စ္ရင္ ေတာ့ မာနေတြ ခဝါခ်ႏိုင္ၾကပါေစ

#credit

Unicode

တစ်ကယ်ချစ်ရင် တော့ မာနတွေ ခဝါချနိုင်ကြပါစေ

မင်းနဲ့ပြတ်ပြီလို့ပြောခဲ့လည်း

မနက် အိပ်ရာထရင် ဖုန်းလေး ကပြာကယာ

ဖွင့်ကြည့်ဖူးတယ် ။ မင်း message ပို့ထား

လေမလားဆိုတဲ့ အတွေးနဲ့ပေါ့။

ပြီးရင် သက်ပြင်းလေးချ မိတာပေါ့

ဖုန်းလာတိုင်းလည်း မင်း ဖုန်းဖြစ်ပါစေလို့

ဆုတောင်းဖူးတယ် မင်းမှားသွားကြောင်း

တောင်းပန်တဲ့အခါ ငါလည်း ပြန်တောင်းပန်ပြီး

မင်းနဲ့ဝေးရင် ဘယ်လောက်ခံစား ရကြောင်းပြောပြ

အချိန်တစ်ခုရောက်တိုင်း

“ဒီအချိန် မင်းဘာများ လုပ်မနေလဲ”ဆိုတဲ့

အတွေးလေးနဲ့ သတိသတရ ဖြစ်ဖူးတယ်။

ဥပမာ- နေ့လည်စားချိန်ဆို ” သူ ထမင်းပုံမုန်စားနေပါ့မလား” ဆိုတဲ့ အတွေးတွေနဲ့လည်း စိတ်ပှုဖူးတယ်

သူငယ်ချင်းတွေဆီက ဖုန်းလာတဲ့အခါလည်း

သတင်းဆိုးကြီး ကြားရမှာ ကြောက်ခဲ့ဖူးတယ်။

” မင်း ရည်းစား အသစ်ရသွားပြီ” ဆိုတဲ့ သတင်းဆိုး

ကြီးကြားရရင် ငါမွန်းကြပ်မိမှာပါ

မတော်တဆ လမ်းမှာ မင်းကြိုက်တတ်တဲ့

အစားအစာလေးတွေတွေ့ရင်လည်း

” ဒီဟာလေးတွေက သူအရမ်းကြိုက်တာ”

ဆိုတဲ့ အတွေးလေးတွေ ဝင်ပြီး သတိရဖူးတယ်

ပြီးရင်

မင်းနဲ့သွားခဲ့ဖူးတဲ့ နေရာတွေ ကိုလမ်းကြုံ ဖြတ်သွားတဲ့အခါ ဖြစ်စေ ရောက်သွားခဲ့သည်ဖြစ်စေ

မင်းနဲ့ ကြည်နူးခဲ့ရတဲ့ အချိန်လေးတွေပြန်သတိရပြီး

ဝမ်းနည်းမလိုလိုဖြစ်ဖူးတယ်

တစ်နေ့တာကုန်လွန်သွားလို့ ညအိပ်ရာဝင်ခါနီးဆို

message အသံလေး ဝင်လာမလား ဆိုတဲ့

အတွေးတွေနဲ့ မင်းmessage လေးမျှော်နေမိတယ်

ပိုဆိုးတာက ငါ့ဖက်က မှန်နေလည်း

ငါမှားသွားကြောင်း ဝန်ခံပြီး မင်းကိုပြန်တောင်းပန်ဖို့ ကြိုးစားခဲ့ဖူးတယ်။

ဥပမာ- “တောင်းပန်တယ် မှားသွားတယ်နော်”

ဆိုတဲ့ message လေး ပို့ဖို့ကို typing လုပ်လိုက် ပြန်ဖျက်လိုက် လုပ်ခဲ့ဖူးတယ်

နောက်ဆုံးတစ်ခုက မင်းဖုန်းနံပတ်လေးကို

ကြည့်ပြီး ခေါ်လိုက်ရင်ကောင်းမလားဆိုတဲ့

အတွေးတွေ အကြာကြီးဝင်ဖူးတယ်

ဒါပေမဲ့လည်း

” သူလည်း နေနိုင်သေးတာပဲ ငါလည်းနေနိုင်အောင်ကြိုးစားရမှာပေါ့”ဆိုတဲ့

မာနအတွေးနဲ့ ငါတို့ချစ်လျက်နဲ့ဝေးကွာခဲ့ကြတာပေါ့ဟာ

တစ်ကယ်ချစ်ရင် တော့ မာနတွေ ခဝါချနိုင်ကြပါစေ

#credit