Credit
Unicode
အရင်လူကို မမေ့သေးရင် အသစ်မရှာပါနဲ့
မမေ့နိုင်တာမဟုတ်ဘူး မမေ့ချင်တာမိုလို့ပါ
ကိုယ့်ဘေးမှာ ချစ်ရတဲ့သူရှိနေပါလျက် ချစ်သူ၊ရည်းစားရှိနေပါလျက်နဲ့
အရင်တုန်းက အဆက်ဟောင်းကို Social Mediaပေါ်မှာလွမ်းပြတာမျိုး၊
ဒါမှမဟုတ်လည်း ကိုယ့်လက်ရှိချစ်သူနဲ့တွေ့တဲ့အချိန်မှာအရင်ရည်းစားဟောင်းအကြောင်းကို
တိုက်ဆိုင်လိုဖြစ်စေ မျက်ရည်လေးစမ်းပြီးပြောပြနေတာမျိုးက မလုပ်သင့်ပါဘူး။
ဒါက တစ်ဖက်က သဝန်တိုလှချည်လားလို့ ဆိုရမဲ့ကိစ္စမဟုတ်ဘဲ
ကိုယ့်ဘက်ကနှုတ်အားဖြင့်ကော၊အပြုအမူအားဖြင့်ကော စောင့်ထိန်းသင့်တဲ့အရာတစ်ခုလို့ပြောရင်ပိုမှန်ပါမယ်။
ကိုယ့်မှာလက်ရှိDateနေတဲ့လူရှိပါရက်..အဲ့လူအပေါ်တကယ်ချစ်သည်ဖြစ်စေ၊မချစ်သည်ဖြစ်စေ
သူနဲ့ကိုယ်ကအတိုင်းအတာတစ်ခုထိပတ်သက်နေကြပြီဆိုကတည်းက သူ့ရှေ့မှာ၊သူမြင်နေရတဲ့
Social Media platformပေါ်မှာဖြစ်စေ အရင်လူကိုလွမ်းပြနေတာက မလုပ်သင့်တဲ့ အရာပါ။
အရင်လူကိုမေ့ခြင်း၊မမေ့ခြင်းက ကိုယ့်စိတ်နှလုံးနဲ့
ဆိုင်တဲ့အပိုင်းဖြစ်လို့ ကိုယ်ကမမေ့နိုင်၊မထိန်းချုပ်နိုင်ဘူးဆိုရင် လွယ်ပါတယ်
အစတည်းက ဇာတ်လမ်းသစ်ကို အစမပျိုးပါနဲ့။ဇာတ်လမ်းသစ်ကိုအစပျိုးလိုက်ပြီဆိုရင်လည်း
တစ်ဖက်ကမေးမြန်းတယ်ဆိုရင်တောင် အဲ့လူရှေ့မှာအရင်အဆက်ဟောင်းနဲ့ခံစားချက်တွေအကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ မချပြသင့်ပါဘူး။
သစ္စာဆိုတာ ဒီလူနဲ့တွဲနေပြီး နောက်တစ်ယောက်နဲ့
ဖောက်ပြန်မှ သစ္စာမဲ့တာမဟုတ်ပါဘူး။လက်ရှိကိုယ့်ချစ်သူအပေါ်မှာ စိတ်မရှိဘဲ ဘယ်သူ့ကိုမဆို၊အရင်အဆက်ကိုပဲ
ဖြစ်ဖြစ်လွမ်းပြနေတာကလည်းသစ္စာမဲ့တာပါပဲ။တချို့တွေလာပြောကြတယ်..
အစ်ကိုရယ် သူက ကျွန်တော်တို့၊ကျွန်မတို့နဲ့ တွဲနေပေမဲ့ သူ့အရင်ရည်းစားကို Mydayမှာအရမ်း Feelတာပဲ။
လွမ်းနေသေးပုံပဲပေါ့..ခေတ်စကားနဲ့ဆိုရင် မင်းကတော့ နွားပဲလို့ပြောခံရမလားမသိပေမဲ့။
တစ်ကယ်တမ်းတော့ ဟိုဘက်ကစည်းမစောင့်တာလို့ပဲ မြင်ပါတယ်။
တစ်ခုပြောချင်တာက အရင်လူကိုမမေ့သေးရင်အသစ်မရှာပါနဲ့..
ကိုယ့်ကိုလာကြိုက်နေရင်လည်း ရင်လူကိုမေ့ပြီလား…?
မမေ့သေးဘူးလား အရင်စမ်းစစ်ပါ..
မမေ့သေးလို့ကတော့ငါနဲ့တွဲရင် မေ့သွားမှာပါလို့မထင်ပါတဲ့။ မမေ့ချင်တဲ့လူကသေတဲ့ထိ မမေ့ပါဘူး
မမေ့နိုင်တာမဟုတ်ဘူး မမေ့ချင်တာမိုလို့ပါ။အရင်လူကိုမမေ့ခြင်ဟာ..
လက်ရှိလူနဲ့ မသက်ဆိုင်သလို အရင်တုန်းက ဒဏ်ရာဟောင်းတွေကိုကုပေးဖို့၊လက်ဆင့်ကမ်းယူဖို့လည်း အခုလူမှာ တာဝန်မရှိပါဘူး။
Credit