Love

ေယာက်္ားေလးတိုင္းသိထားသင့္တဲ့ ခ်စ္သူေကာင္းတို႔ရဲ႕ က်င့္ဝတ္မ်ား

ေယာက်္ားေလးတိုင္းသိထားသင့္တဲ့ ခ်စ္သူေကာင္းတို႔ရဲ႕ က်င့္ဝတ္မ်ား

မိသားစုတစ္ခုမွာ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ျဖစ္ဖို႔လိုသလို

အလုပ္မွာလည္း ဝန္ထမ္းေကာင္းတစ္ေယာက္ျဖစ္ဖို႔ လိုအပ္ပါတယ္။

ထို႔နည္းတူစြာပဲ ခ်စ္သူရည္းစား ဆက္ဆံေရးတစ္ခုမွာ ေကာင္းမြန္တဲ့ ခ်စ္သူေကာင္းတစ္ေယာက္ျဖစ္သင့္တာပဲ မဟုတ္လား၊

ဒါေၾကာင့္ ဒီတစ္ေခါက္မွာေတာ့ အမ်ိဳးသားတိုင္းလိုက္နာသင့္တဲ့ ခ်စ္သူေကာင္းတို႔ရဲ႕ အမူအက်င့္ေလးေတြကို ေျပာျပေပးလိုက္ ပါတယ္ေနာ္ …။

(၁) ကိုယ့္ခ်စ္သူက အခ်ိန္ေပးတာကို မႏွစ္သက္တဲ့ မိန္းကေလး မ ႐ွိပါဘူး။ ဒါေၾကာင့္ သူမအတြက္ အခ်ိန္ပိုေပးပါ။

သူမကို ဘယ္ေလာက္လြမ္းေၾကာင္း စာေတြပို႔ေနတာထက္ သူမနဲ႔အတူတူ႐ွိေနျခင္းက ပိုၿပီးေကာင္းတယ္ဆိုတာ ေျပာျပေပးပါ …။

(၂) မိန္းကေလးေတြက မ်ားေသာအားျဖင့္ ဂ႐ုစိုက္တက္ၾကပါတယ္။

သူတို႔ခ်စ္တဲ့သူတစ္ေယာက္ကို အၿမဲက်န္းမာတဲ့ သူတစ္ေယာက္အျဖစ္ျမင္ခ်င္ၾကပါတယ္။

သင့္အေနနဲ႔ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ေနထိုင္ျခင္းက သူမကိုပိုၿပီး စိတ္ခ်မ္းသာေစမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ေဆးလိပ္ေသာက္တာ အရက္ေသာက္တာ က်န္းမာေရးထိခိုက္ေအာင္ေနတာေတြကို ေ႐ွာင္ၿပီး ကိုယ့္ကိုယ့္ကို ဂ႐ုစိုက္ေပးပါ …။

(၃) သူမကိုတကယ္ခ်စ္တယ္ဆိုရင္ သူမရဲ႕ မိသားစု၊ မိတ္ေဆြ သူငယ္ခ်င္းေတြကိုလည္း ခ်စ္ခင္ေၾကာင္း ျပသဖို႔ လိုပါတယ္ …။

မိန္းကေလးအမ်ားစုက သူတို႔ရဲ႕ခ်စ္သူေကာင္ေလးကေန သူမပတ္ဝန္းက်င္ကလူေတြကို

ခ်စ္ခင္ေၾကာင္း ၾကင္နာေၾကာင္းျပသတာကို ႏွစ္သက္ၾကပါတယ္။ ဒီလိုလုပ္တာက သူမကို ပိုမို စိတ္ခ်မ္းသာေစႏိုင္မွာပဲ ျဖစ္ပါတယ္ …။

သူမမိသားစုနဲ႔ သူငယ္ခ်င္းေတြၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးတစ္ခုတည္ေဆာက္ၿပီးၿပီဆိုရင္

သင့္မိသားစုနဲ႔ သင့္မိတ္ေဆြအေပါင္းအသင္းေတြၾကားမွာလည္း သူမကို အသိမွတ္ျပဳေၾကာင္း ျပသဖို႔ လိုပါလိမ့္မယ္။

ဒါဟာ သူမကိုအေလးအနက္ထားတယ္ ၊ ခ်စ္ျမတ္ႏိုးတယ္ဆိုတဲ့ သေဘာကို ျပသရာေရာက္ပါတယ္ …။

(၅) သူမကို ခ်စ္ျမတ္ႏိုးတာအျပင္ တန္ဖိုးထားတယ္ ဆိုတာကိုလည္း လက္ေတြ႕လုပ္ေဆာင္ျပသင့္ပါတယ္။

သင္တို႔ရဲ႕ အမွတ္တရေန႔ေတြကို မေမ့တာ၊ ႏွစ္ဦးစတင္ေတြ႕ဆုံခ်ိန္က အမွတ္တရေတြကို မေမ့တာ စသည္ျဖင့္

သူမနဲ႔ပတ္သတ္တဲ့ အေၾကာင္းအရာေတြကို သင္ေခါင္းထဲမွာစြဲစြဲၿမဲၿမဲမွတ္မိေနတာက သူမကိုတန္ဖိုးထားတယ္ဆိုတဲ့ သက္ေသတစ္ခုပါပဲ …။

(၆) အျပန္အလွန္ေလးစားမႈကလည္း ခ်စ္သူရည္းစားဆက္ဆံေရးမွာ မ႐ွိမျဖစ္အေရးပါတဲ့ လိုအပ္ခ်က္တစ္ခုပါပဲ။

ကိုယ္ရဲ႕အႀကိဳက္နဲ႔ မႀကိဳက္တဲ့အရာေတြေျပာျပထားပါ။ သူမရဲ႕ အႀကိဳက္နဲ႔ မႀကိဳက္တဲ့အရာေတြကို ေလ့လာပါ။

အေသးအမႊားေလးေတြက စတင္ၿပီး တစ္ေယာက္ကိုတစ္ေယာက္အျပန္အလွန္ေလးစားမႈကို တည္ေဆာက္ ထားပါ …။

(၇) အေရးႀကီးဆုံးအခ်က္ကေတာ့ မေဖာက္ျပန္ပါနဲ႔။

ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္သူမအေပၚ စည္းေဖာက္တဲ့ အလုပ္မ်ိဳး လံုး၀မလုပ္ပါနဲ႔ …။

ေနာက္ဆုံးဒီဆက္ဆံေရးက အဆင္မေျပေတာ့ဘူးဆိုရင္ေတာင္

သူမနဲ႔ လမ္းခြဲျပတ္စဲၿပီးမွသာ ေနာက္ထပ္အသစ္သစ္ထားတာမ်ိဳး လုပ္ပါ။

အတူ႐ွိေနစဥ္မွာေတာ့ စည္းမေက်ာ္မိဖို႔ တကယ္ လိုပါတယ္ …။

(၈) ခ်စ္သူေကာင္းတစ္ေယာက္ျဖစ္ဖို႔ဆိုရင္ တစ္ကိုယ္ေကာင္းမဆန္ဖို႔က အေရးႀကီးပါတယ္။

လူတိုင္းက အၿမဲမွန္ေနတယ္ဆိုတာမ႐ွိပါဘူး။ အမွားတစ္ခုခု လုပ္မိရင္ ဝန္ခံပါ။

ကိုယ့္အမွားကို တဖက္လူအေပၚပုံခ်တာမ်ိဳး မလုပ္မိပါေစနဲ႔ …။

(၉) အမ်ိဳးသားေကာင္းတို႔မည္သည္ ကိုယ္ခ်စ္တဲ့သူကို ကာကြယ္ေပးႏိုင္ရမယ္ဆိုတာလည္း မေမ့သင့္ပါဘူး။

ဘယ္လိုအႏၲရာယ္မ်ိဳးပဲၾကဳံလာပါေစ သူမေ႐ွ႕ကေန မားမားမတ္မတ္ရပ္တည္ၿပီး ကာကြယ္ေပးဖို႔ လိုအပ္ပါတယ္။

သတိထားရမွာတစ္ခုက အလြန္အကြၽံကာကြယ္ေပးမႈ မလုပ္မိဖို႔ပါပဲ။

သူမရဲ႕ လြတ္လပ္ခြင့္ကို ပိတ္ပင္မိတဲ့ကာကြယ္မႈမ်ိဳးေတြကိုေတာ့ အထူး သတိျပဳ ေ႐ွာင္ၾကဥ္သင့္ပါတယ္ေနာ္ …။ ။

Credit

Unicode

ယောက်ျားလေးတိုင်းသိထားသင့်တဲ့ ချစ်သူကောင်းတို့ရဲ့ ကျင့်ဝတ်များ

မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ဖို့လိုသလို

အလုပ်မှာလည်း ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။

ထို့နည်းတူစွာပဲ ချစ်သူရည်းစား ဆက်ဆံရေးတစ်ခုမှာ ကောင်းမွန်တဲ့ ချစ်သူကောင်းတစ်ယောက်ဖြစ်သင့်တာပဲ မဟုတ်လား၊

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အမျိုးသားတိုင်းလိုက်နာသင့်တဲ့ ချစ်သူကောင်းတို့ရဲ့ အမူအကျင့်လေးတွေကို ပြောပြပေးလိုက် ပါတယ်နော် …။

(၁) ကိုယ့်ချစ်သူက အချိန်ပေးတာကို မနှစ်သက်တဲ့ မိန်းကလေး မ ရှိပါဘူး။ ဒါကြောင့် သူမအတွက် အချိန်ပိုပေးပါ။

သူမကို ဘယ်လောက်လွမ်းကြောင်း စာတွေပို့နေတာထက် သူမနဲ့အတူတူရှိနေခြင်းက ပိုပြီးကောင်းတယ်ဆိုတာ ပြောပြပေးပါ …။

(၂) မိန်းကလေးတွေက များသောအားဖြင့် ဂရုစိုက်တက်ကြပါတယ်။

သူတို့ချစ်တဲ့သူတစ်ယောက်ကို အမြဲကျန်းမာတဲ့ သူတစ်ယောက်အဖြစ်မြင်ချင်ကြပါတယ်။

သင့်အနေနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်နေထိုင်ခြင်းက သူမကိုပိုပြီး စိတ်ချမ်းသာစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဆေးလိပ်သောက်တာ အရက်သောက်တာ ကျန်းမာရေးထိခိုက်အောင်နေတာတွေကို ရှောင်ပြီး ကိုယ့်ကိုယ့်ကို ဂရုစိုက်ပေးပါ …။

(၃) သူမကိုတကယ်ချစ်တယ်ဆိုရင် သူမရဲ့ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း ချစ်ခင်ကြောင်း ပြသဖို့ လိုပါတယ် …။

မိန်းကလေးအများစုက သူတို့ရဲ့ချစ်သူကောင်လေးကနေ သူမပတ်ဝန်းကျင်ကလူတွေကို

ချစ်ခင်ကြောင်း ကြင်နာကြောင်းပြသတာကို နှစ်သက်ကြပါတယ်။ ဒီလိုလုပ်တာက သူမကို ပိုမို စိတ်ချမ်းသာစေနိုင်မှာပဲ ဖြစ်ပါတယ် …။

သူမမိသားစုနဲ့ သူငယ်ချင်းတွေကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ပြီးပြီဆိုရင်

သင့်မိသားစုနဲ့ သင့်မိတ်ဆွေအပေါင်းအသင်းတွေကြားမှာလည်း သူမကို အသိမှတ်ပြုကြောင်း ပြသဖို့ လိုပါလိမ့်မယ်။

ဒါဟာ သူမကိုအလေးအနက်ထားတယ် ၊ ချစ်မြတ်နိုးတယ်ဆိုတဲ့ သဘောကို ပြသရာရောက်ပါတယ် …။

(၅) သူမကို ချစ်မြတ်နိုးတာအပြင် တန်ဖိုးထားတယ် ဆိုတာကိုလည်း လက်တွေ့လုပ်ဆောင်ပြသင့်ပါတယ်။

သင်တို့ရဲ့ အမှတ်တရနေ့တွေကို မမေ့တာ၊ နှစ်ဦးစတင်တွေ့ဆုံချိန်က အမှတ်တရတွေကို မမေ့တာ စသည်ဖြင့်

သူမနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို သင်ခေါင်းထဲမှာစွဲစွဲမြဲမြဲမှတ်မိနေတာက သူမကိုတန်ဖိုးထားတယ်ဆိုတဲ့ သက်သေတစ်ခုပါပဲ …။

(၆) အပြန်အလှန်လေးစားမှုကလည်း ချစ်သူရည်းစားဆက်ဆံရေးမှာ မရှိမဖြစ်အရေးပါတဲ့ လိုအပ်ချက်တစ်ခုပါပဲ။

ကိုယ်ရဲ့အကြိုက်နဲ့ မကြိုက်တဲ့အရာတွေပြောပြထားပါ။ သူမရဲ့ အကြိုက်နဲ့ မကြိုက်တဲ့အရာတွေကို လေ့လာပါ။

အသေးအမွှားလေးတွေက စတင်ပြီး တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်လေးစားမှုကို တည်ဆောက် ထားပါ …။

(၇) အရေးကြီးဆုံးအချက်ကတော့ မဖောက်ပြန်ပါနဲ့။

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်သူမအပေါ် စည်းဖောက်တဲ့ အလုပ်မျိုး လုံးဝမလုပ်ပါနဲ့ …။

နောက်ဆုံးဒီဆက်ဆံရေးက အဆင်မပြေတော့ဘူးဆိုရင်တောင်

သူမနဲ့ လမ်းခွဲပြတ်စဲပြီးမှသာ နောက်ထပ်အသစ်သစ်ထားတာမျိုး လုပ်ပါ။

အတူရှိနေစဉ်မှာတော့ စည်းမကျော်မိဖို့ တကယ် လိုပါတယ် …။

(၈) ချစ်သူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် တစ်ကိုယ်ကောင်းမဆန်ဖို့က အရေးကြီးပါတယ်။

လူတိုင်းက အမြဲမှန်နေတယ်ဆိုတာမရှိပါဘူး။ အမှားတစ်ခုခု လုပ်မိရင် ဝန်ခံပါ။

ကိုယ့်အမှားကို တဖက်လူအပေါ်ပုံချတာမျိုး မလုပ်မိပါစေနဲ့ …။

(၉) အမျိုးသားကောင်းတို့မည်သည် ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးနိုင်ရမယ်ဆိုတာလည်း မမေ့သင့်ပါဘူး။

ဘယ်လိုအန္တရာယ်မျိုးပဲကြုံလာပါစေ သူမရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။

သတိထားရမှာတစ်ခုက အလွန်အကျွံကာကွယ်ပေးမှု မလုပ်မိဖို့ပါပဲ။

သူမရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်မိတဲ့ကာကွယ်မှုမျိုးတွေကိုတော့ အထူး သတိပြု ရှောင်ကြဉ်သင့်ပါတယ်နော် …။ ။

Credit