ျပဳံးတဲ့အက်င့္ လုပ္သင့္တဲ့ အေၾကာင္းရင္း(၅)ခ်က္
အျပဳံးဆိုတာ အေကာင္းဆုံး လူမႈဆက္ဆံေရး ေပါင္းကူးတံတားတစ္ခုလို႔ နာမည္ႀကီးပါတယ္။
အနည္းဆုံးေတာ့ ျပဳံးေနတဲ့သူတစ္ေယာက္ကို ျမင္ေတြ႕ရတာ စိတ္ၾကည္ႏူးစရာေကာင္းေစတာ အမွန္ပါပဲ။
အျပဳံးတစ္ခ်က္ဟာ စကားလုံးေတြထက္ တာသြားတယ္ဆိုတဲ့ စကားလည္း ႐ွိပါတယ္။
အျပဳံးဟာ သင့္ဘဝမွာ အေလ့အထလို ျဖစ္သင့္တာနဲ႔ ပတ္သက္လို႔ နည္းနည္းေလာက္ ေျပာျပေပးခ်င္ပါတယ္ ။
(၁) ဆြဲေဆာင္မႈ႐ွိေစတယ္
ျပဳံးလိုက္လို႔ ပိုၾကည့္ေကာင္းသြားတယ္ဆိုတာ သိပၸံနည္းက် သက္ေသျပစရာ မလိုပါဘူး။
တစ္ခု႐ွိတာက Batman ႐ုပ္႐ွင္ထဲက ဂ်ိဳကာဇာတ္ေကာင္ ဟိသ္လက္ဂ်ာလိုေတာ့ မျပဳံးနဲ႔ေပါ့ေနာ္ ။
(၂) စိတ္ခံစားခ်က္ပါ ေျပာင္းေစတယ္
စကၠန္႔ ၆၀ ေလာက္ ျပဳံးေနလိုက္တာနဲ႔ စိတ္ခံစားခ်က္ Mood ေျပာင္းသြားတတ္တယ္လို႔ စိတ္ပညာ႐ွင္ေတြက ေတြ႕႐ွိထားတာ ရိွပါတယ္။
တစ္မိနစ္ေလာက္ ျပဳံးလိုက္တာနဲ႔ ခႏၶာကိုယ္ထဲက ေပ်ာ္႐ႊင္မႈေတြ ျဖစ္ေစတဲ့ Serotonin ဓါတ္ေတြ ထြက္လာေစပါတယ္ ။
(၃) အျပဳံးက လူေတြကိုကူးစက္သြားေစတယ္
တစ္ခါတေလ ကိုယ္ျပဳံးလိုက္မွ က်န္တဲ့သူေတြရဲ႕ မ်က္ႏွာလည္း ျပဳံးေယာင္သန္းလာတာ ေတြ႕ရပါလိမ့္မယ္။
တစ္နည္းအားျဖင့္ အျပဳံးဟာ ကူးစက္တတ္တဲ့သေဘာ ႐ွိလို႔ ျဖစ္ပါတယ္။
အျပဳံးဟာ သံလိုက္လိုပဲ အနီးအနားက သံထည္ေတြကို ပါ ဆြဲေဆာင္ႏိုင္တာပဲ ျဖစ္ပါတယ္ ။
(၄) ေသြးဖိအားကို က်ဆင္းေစတယ္
ျပဳံးလိုက္တာနဲ႔ Endorphins ေတြ တက္လာတတ္ပါတယ္။
Endorphins တက္လာတာနဲ႔ ေသြးဖိအားေတြ က်ဆင္းလာပါတယ္။
မျပဳံးခင္နဲ႔ ျပဳံးၿပီးေနာက္ ေသြးဖိအားဟာ သိသိသာသာ ေျပာင္းသြားတယ္ လို႔ ေတြ႕႐ွိထား ၾကပါတယ္ ။
(၅) ေအာင္ျမင္မႈ ရ႐ွိေစတယ္
ျပဳံးတဲ့သူဟာ ကိုယ့္ကိုယ္ကိုယ္ ပိုၿပီး ယုံၾကည္မႈ႐ွိတတ္ၾကပါတယ္။
ယုံၾကည္မႈအျပည့္နဲ႔ အလုပ္လုပ္တဲ့သူဟာ ႐ုံးမွာ ရာထူးတိုးဖို႔လည္း အလားအလာ မ်ားပါတယ္ ။
လူမႈပတ္ဝန္းက်င္မွာ လူခ်စ္လူခင္ပိုမ်ားပါတယ္။
ဒီေတာ့ မျပဳံးလိုက္ရတဲ့ ေန႔တစ္ေန႔ဟာ ဆုံး႐ႈံးရတဲ့ ေန႔တစ္ေန႔လို႔ မွတ္ထားသင့္ပါတယ္ေနာ္ ။
Unicode
ပြုံးတဲ့အကျင့် လုပ်သင့်တဲ့ အကြောင်းရင်း(၅)ချက်
အပြုံးဆိုတာ အကောင်းဆုံး လူမှုဆက်ဆံရေး ပေါင်းကူးတံတားတစ်ခုလို့ နာမည်ကြီးပါတယ်။
အနည်းဆုံးတော့ ပြုံးနေတဲ့သူတစ်ယောက်ကို မြင်တွေ့ရတာ စိတ်ကြည်နူးစရာကောင်းစေတာ အမှန်ပါပဲ။
အပြုံးတစ်ချက်ဟာ စကားလုံးတွေထက် တာသွားတယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။
အပြုံးဟာ သင့်ဘဝမှာ အလေ့အထလို ဖြစ်သင့်တာနဲ့ ပတ်သက်လို့ နည်းနည်းလောက် ပြောပြပေးချင်ပါတယ် ။
(၁) ဆွဲဆောင်မှုရှိစေတယ်
ပြုံးလိုက်လို့ ပိုကြည့်ကောင်းသွားတယ်ဆိုတာ သိပ္ပံနည်းကျ သက်သေပြစရာ မလိုပါဘူး။
တစ်ခုရှိတာက Batman ရုပ်ရှင်ထဲက ဂျိုကာဇာတ်ကောင် ဟိသ်လက်ဂျာလိုတော့ မပြုံးနဲ့ပေါ့နော် ။
(၂) စိတ်ခံစားချက်ပါ ပြောင်းစေတယ်
စက္ကန့် ၆၀ လောက် ပြုံးနေလိုက်တာနဲ့ စိတ်ခံစားချက် Mood ပြောင်းသွားတတ်တယ်လို့ စိတ်ပညာရှင်တွေက တွေ့ရှိထားတာ ရှိပါတယ်။
တစ်မိနစ်လောက် ပြုံးလိုက်တာနဲ့ ခန္ဓာကိုယ်ထဲက ပျော်ရွှင်မှုတွေ ဖြစ်စေတဲ့ Serotonin ဓါတ်တွေ ထွက်လာစေပါတယ် ။
(၃) အပြုံးက လူတွေကိုကူးစက်သွားစေတယ်
တစ်ခါတလေ ကိုယ်ပြုံးလိုက်မှ ကျန်တဲ့သူတွေရဲ့ မျက်နှာလည်း ပြုံးယောင်သန်းလာတာ တွေ့ရပါလိမ့်မယ်။
တစ်နည်းအားဖြင့် အပြုံးဟာ ကူးစက်တတ်တဲ့သဘော ရှိလို့ ဖြစ်ပါတယ်။
အပြုံးဟာ သံလိုက်လိုပဲ အနီးအနားက သံထည်တွေကို ပါ ဆွဲဆောင်နိုင်တာပဲ ဖြစ်ပါတယ် ။
(၄) သွေးဖိအားကို ကျဆင်းစေတယ်
ပြုံးလိုက်တာနဲ့ Endorphins တွေ တက်လာတတ်ပါတယ်။
Endorphins တက်လာတာနဲ့ သွေးဖိအားတွေ ကျဆင်းလာပါတယ်။
မပြုံးခင်နဲ့ ပြုံးပြီးနောက် သွေးဖိအားဟာ သိသိသာသာ ပြောင်းသွားတယ် လို့ တွေ့ရှိထား ကြပါတယ် ။
(၅) အောင်မြင်မှု ရရှိစေတယ်
ပြုံးတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှုရှိတတ်ကြပါတယ်။
ယုံကြည်မှုအပြည့်နဲ့ အလုပ်လုပ်တဲ့သူဟာ ရုံးမှာ ရာထူးတိုးဖို့လည်း အလားအလာ များပါတယ် ။
လူမှုပတ်ဝန်းကျင်မှာ လူချစ်လူခင်ပိုများပါတယ်။
ဒီတော့ မပြုံးလိုက်ရတဲ့ နေ့တစ်နေ့ဟာ ဆုံးရှုံးရတဲ့ နေ့တစ်နေ့လို့ မှတ်ထားသင့်ပါတယ်နော် ။