(၁) သောကြာသားသမီးလေးတွေဟာ ငြိမ်းချမ်းခြင်း၊ လှပခြင်း၊ အချစ်နဲ့ သာယာခြင်းတွေကို ကိုယ်စားပြုပါတယ်။
ဒါပေမယ့် အချစ်ရေးမှာတော့ အရမ်းကိုထိရှလွယ်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။
ဆန့်ကျင်ဘက်လိင်တွေကြားမှာ အရမ်းကို ပေါ်ပြူလာဖြစ်ပြီး ဖော်ရွေသလောက်
အရမ်းမျှော်လင့်ထားတဲ့ အရာတစ်ခုခု၊ အလေးအနက်ထားတဲ့ အရာတစ်ခုခုက
Credit – For You
Unicode
သောကြာသားသမီးတွေ ဒီစာလေးကိုဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလိုက်ရအောင်
ရက်သတ္တပတ်တစ်ခုရဲ့ ငါးရက်မြောက်နေ့မှာ မွေးဖွားတဲ့
သောကြာသားသမီးလေးတွေဟာ ဗီးနပ်စ်ဂြိုလ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။
သောကြာသားသမီးလေးတွေမှာ သူများနဲ့မတူတဲ့ အားသာချက်တွေနဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အများကြီး ရှိပါတယ်။
ဒီအားသာချက်တွေကိုသာ ကောင်းမွန်စွာ အသုံးချနိုင်ရင်တော့ အောင်မြင်တဲ့သူတွေဖြစ်လာမှာ မလွဲဧကန်ပါပဲ။
(၁) သောကြာသားသမီးလေးတွေဟာ ငြိမ်းချမး်ခြင်း၊ လှပခြင်း၊ အချစ်နဲ့ သာယာခြင်းတွေကို ကိုယ်စားပြုပါတယ်။
(၂) သောကြာသားသမီးလေးတွေဟာ အဆို၊ ပန်းချီလိုမျိုး အနုပညာအလုပ်တွေနဲ့ အားကစားလည်း
အထူး ခုံမင်နှစ်သက်သလို ထူးကဲတဲ့ ပါရမီလည်း ပါလာတတ်တဲ့ သူလေးတွေ ဖြစ်ပါတယ်။
(၃) သင်ဟာ ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်တဲ့အပြင် ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်သူပါ။
ဒါပေမယ့် အချစ်ရေးမှာတော့ အရမး်ကိုထိရှလွယ်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။
(၄) သောကြာသားသမီးလေးတွေဟာ စိတ်ခံစားချက်ပြင်းထန်တဲ့သူလေးတွေ ဖြစ်တဲ့အလျောက် အသည်းကွဲတဲ့အခါ
ဒါမှမဟုတ် တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်မှုတွေ ပေးသွားတဲ့အခါမှာ လွယ်လွယ်နဲ့ပြန်ပြီး မကုစားနိုင်ကြတော့ ပါဘူး။
(၅) သင်ဟာ မိန်းကလေးတစ်ယောက်ဆိုရင် သူတစ်ပါးရဲ့စိတ်ခံစားချက်တွေကို
စာနာ နားလည်ပေးတတ်လွန်းလို့ သင့်မှာအပေါင်း အသင်းတွေ ဝိုင်းဝိုင်းလည်နေပါ လိမ့်မယ်။
(၆) သောကြာသားသမီးတွေဟာ စကားကို သွယ်ဝိုက်မပြောပဲ
တိုက်ရိုက်ပြောတတ်သူတွေဖြစ်ပြီး မဟုတ်မခံချင်တဲ့စိတ် အပြည့်ရှိ သူတွေဖြစ်ကြပါတယ်။
(၇) သောကြာသားသမီးတွေဟာ သူငယ်ချင်း အပေါင်းအသင်းတွေကြား၊
ဆန့်ကျင်ဘက်လိင်တွေကြားမှာ အရမး်ကို ပေါ်ပြူလာဖြစ်ပြီး ဖော်ရွေသလောက်
မိသားစုတွေနဲ့တော့ သိပ်ပြီး မတည့်ကြတဲ့ သူလေးတွေပါ။
(၈) သောကြာသားသမီးတွေဟာ လွယ်လွယ်နဲ့ ကျရှုံးတတ်တဲ့သူတွေ မဟုတ်ပါဘူး။
အရမး်မျှော်လင့်ထားတဲ့ အရာတစ်ခုခု၊ အလေးအနက်ထားတဲ့ အရာတစ်ခုခုက
ကိုယ်ထင်ထားသလို ဖြစ်မလာခဲ့ရင် အချိန်တွေအကြာကြီး စိတ်ထိခိုက် ကြေကွဲတတ်တဲ့ သူတွေပါ။
(၉) သောကြာသားသမီးလေးတွေမှာ တစ်ခုခုဆို အလိုလိုကြိုပြီး သိနေတတ်တဲ့
ဆဋ္ဌမအာရုံရှိနေတတ်ပြီး သူတို့တွေးထင်တဲ့အရာတွေဆို မှန်နေတတ်တာမျိုး ကြုံရတတ်ပါတယ်။
(၁၀) သောကြာသားသမီးတွေဟာ အရမ်းကို လိမ္မာပါးနပ်သူတွေဖြစ်ကြပါတယ်။
သူတို့ထက် အသက်အရွယ်ကြီးသူတွေ ထက်တောင် ပိုပြီး ပညာရှိတတ်ကြပါတယ်နော်။
Credit – For You