Love

တစ္သက္လုံး စိတ္ခ်မ္းသာေစဖို႔ ဒီလိုလူမ်ိဳးကိုသာ ေ႐ြးခ်ယ္ပါ

တစ္သက္လုံး စိတ္ခ်မ္းသာေစဖို႔ ဒီလိုလူမ်ိဳးကိုသာ ေ႐ြးခ်ယ္ပါ

(၁) နားလည္မႈရွိတဲ႔သူ

လူတစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ အခ်စ္တစ္ခုတည္းနဲ႔ ရွင္သန္ရပ္တည္လို႔ မရပါဘူး။

ေရရွည္တည္တံ့ၿပီး၊ ေရွရွည္အဆင္ေျပဖို႔ဆိုတာက တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ နားလည္မႈရွိဖို႔ လိုအပ္ပါတယ္ ။

နားလည္မႈရွိတဲ့ေယာက်ားဆိုတာ သင့္ရဲ႕ ပင္ကိုယ္ဗီဇ၊ စိတ္ေနစိတ္ထား၊

သင္ရဲ႕အမူအက်င့္အားလုံးကို ေသေသခ်ာခ်ာသိထားၿပီး နားလည္ေပးတဲ့ သူမ်ိဳးကိုသာ ေ႐ြးခ်ယ္သင္႔ပါတယ္ ။

(၂) ရင့္က်က္တဲ့သူ

ရင့္က်က္တယ္ဆိုတာ အသက္ငယ္တာ၊ ႀကီးတာနဲ႔ လုံးဝမသက္ဆိုင္ပါဘူး။

စိတ္သေဘာထား ရင့္က်က္တဲ့သူက ဘယ္အသက္အ႐ြယ္ျဖစ္ျဖစ္ ရင့္က်က္ပါတယ္ …။

လူတစ္ေယာက္ ရင့္က်က္၊ မက်က္ဆိုတာ သူ႔စိတ္ကိုသူ ဘယ္ေလာက္ထိန္းႏိုင္လဲ၊

ျပႆနာတစ္ခုခုျဖစ္လာရင္ ဘယ္ေလာက္တည္ၿငိမ္မႈရွိလည္း၊ ဘယ္လိုေျဖရွင္းသလဲဆိုတာကို ၾကည့္ၿပီး သိႏိုင္ပါတယ္။

ဒါေၾကာင့္ စိတ္ပိုင္းဆိုင္ရာ တည္ၿငိမ္ရင့္က်က္တဲ့ သူကိုပဲ ေ႐ြးခ်ယ္ပါေနာ္ …။

(၃) စာနာတတ္သူ

စာနာမႈဆိုတာ လူတစ္ေယာက္ရဲ႕ပင္ကိုဗီဇနဲ႔ အမ်ားႀကီးသက္ဆိုင္ပါတယ္။

လူတစ္ေယာက္ကို မစာနာတတ္တဲ့သူ၊ကိုယ့္အတြက္ပဲ ကိုယ္ၾကည့္ၿပီး ကိုယ့္ခံစားခ်က္ကိုပဲ

ေရွ႕တန္းတင္တတ္တဲ့ သူမ်ိဳးေတြကေတာ့ ဘယ္ေတာ့မွ တစ္ဖက္သားကို စာနာတတ္မယ့္သူေတြ မဟုတ္ပါဘူး …။

ဒါေၾကာင့္မို႔လို႔ စာနာစိတ္ရွိတဲ့သူ၊ သနားၾကင္နာတတ္တဲ့သူ၊ ကိုယ္ခ်င္းစာစိတ္ရွိတဲ့သူကိုသာ ေ႐ြးခ်ယ္ရမွာပဲ ျဖစ္ပါတယ္ …။

(၄) တာဝန္ယူစိတ္ရွိသူ

ေယာက်္ားဆိုတာ ဦးေဆာင္ရမယ ့္သူေတြျဖစ္ပါတယ္။

ဦးေဆာင္တယ္ဆိုတာကလည္း တာဝန္ယူစိတ္ရွိတဲ့သူေတြပဲ လုပ္ႏိုင္တဲ့ အရာတစ္ခု ျဖစ္ပါတယ္ …။

ေယာက်္ားတစ္ေယာက္ဟာ တာဝန္ယူစိတ္ ရွိလား၊ မရွိလားဆိုတာ သူ႔အျပဳအမူေတြက သက္ေသျပေနပါလိမ့္မယ္ …။

သူေျပာတဲ့စကားေတြအတိုင္း တည္ရဲ႕လား၊ သူအလုပ္လုပ္တဲ့အခါ ေသသပ္ရဲ႕လား၊ လက္ေက်ာတင္းရဲ႕လား၊

ဇြဲရွိရဲ႕လားဆိုတာေတြက သက္ေသျပေနပါလိမ့္မယ္။ အေသးအမႊားကအစ တာဝန္ယူစိတ္ရွိတဲ့ ေယာက်္ားမ်ိဳးကိုသာ ေ႐ြးခ်ယ္ပါ …။

(၅) သင့္ကို ခ်စ္တဲ့သူ

ခ်စ္တယ္ဆိုတာ အေျပာလြယ္သေလာက္ လုပ္ေဆာင္ဖု႔ိက ခက္ခဲပါတယ္။

သင့္ကိုခ်စ္တဲ့သူတစ္ေယာက္ဟာ သင့္ကို ဘယ္လိုျဖစ္ျဖစ္၊ ဘယ္အေျခအေနပဲ ေရာက္ေရာက္ ထားခဲ့မွာ မဟုတ္ပါဘူး …။

ႏွစ္ေတြၾကာလည္း သင့္အေပၚေျပာင္းလဲသြားမွာမဟုတ္သလို၊ ဘယ္လိုအေၾကာင္းပဲရွိရွိ သင့္ကို စြန႔္ခြာမသြားမယ့္သူပါ။

သင္က ခ်စ္တဲ့သူထက္ သင့္ကိုခ်စ္တဲ့သူကို ေ႐ြးခ်ယ္ပါ။ ဒါဆိုရင္ေတာ့ သင္စိတ္ခ်မ္းသာႏိုင္မွာပဲ ျဖစ္ပါတယ္ …။ ။

Credit

Unicode

တစ်သက်လုံး စိတ်ချမ်းသာစေဖို့ ဒီလိုလူမျိုးကိုသာ ရွေးချယ်ပါ

(၁) နားလည်မှုရှိတဲ့သူ

လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အချစ်တစ်ခုတည်းနဲ့ ရှင်သန်ရပ်တည်လို့ မရပါဘူး။

ရေရှည်တည်တံ့ပြီး၊ ရှေရှည်အဆင်ပြေဖို့ဆိုတာက တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုရှိဖို့ လိုအပ်ပါတယ် ။

နားလည်မှုရှိတဲ့ယောကျားဆိုတာ သင့်ရဲ့ ပင်ကိုယ်ဗီဇ၊ စိတ်နေစိတ်ထား၊

သင်ရဲ့အမူအကျင့်အားလုံးကို သေသေချာချာသိထားပြီး နားလည်ပေးတဲ့ သူမျိုးကိုသာ ရွေးချယ်သင့်ပါတယ် ။

(၂) ရင့်ကျက်တဲ့သူ

ရင့်ကျက်တယ်ဆိုတာ အသက်ငယ်တာ၊ ကြီးတာနဲ့ လုံးဝမသက်ဆိုင်ပါဘူး။

စိတ်သဘောထား ရင့်ကျက်တဲ့သူက ဘယ်အသက်အရွယ်ဖြစ်ဖြစ် ရင့်ကျက်ပါတယ် …။

လူတစ်ယောက် ရင့်ကျက်၊ မကျက်ဆိုတာ သူ့စိတ်ကိုသူ ဘယ်လောက်ထိန်းနိုင်လဲ၊

ပြဿနာတစ်ခုခုဖြစ်လာရင် ဘယ်လောက်တည်ငြိမ်မှုရှိလည်း၊ ဘယ်လိုဖြေရှင်းသလဲဆိုတာကို ကြည့်ပြီး သိနိုင်ပါတယ်။

ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်တဲ့ သူကိုပဲ ရွေးချယ်ပါနော် …။

(၃) စာနာတတ်သူ

စာနာမှုဆိုတာ လူတစ်ယောက်ရဲ့ပင်ကိုဗီဇနဲ့ အများကြီးသက်ဆိုင်ပါတယ်။

လူတစ်ယောက်ကို မစာနာတတ်တဲ့သူ၊ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး ကိုယ့်ခံစားချက်ကိုပဲ

ရှေ့တန်းတင်တတ်တဲ့ သူမျိုးတွေကတော့ ဘယ်တော့မှ တစ်ဖက်သားကို စာနာတတ်မယ့်သူတွေ မဟုတ်ပါဘူး …။

ဒါကြောင့်မို့လို့ စာနာစိတ်ရှိတဲ့သူ၊ သနားကြင်နာတတ်တဲ့သူ၊ ကိုယ်ချင်းစာစိတ်ရှိတဲ့သူကိုသာ ရွေးချယ်ရမှာပဲ ဖြစ်ပါတယ် …။

(၄) တာဝန်ယူစိတ်ရှိသူ

ယောက်ျားဆိုတာ ဦးဆောင်ရမယ့်သူတွေဖြစ်ပါတယ်။

ဦးဆောင်တယ်ဆိုတာကလည်း တာဝန်ယူစိတ်ရှိတဲ့သူတွေပဲ လုပ်နိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ် …။

ယောက်ျားတစ်ယောက်ဟာ တာဝန်ယူစိတ် ရှိလား၊ မရှိလားဆိုတာ သူ့အပြုအမူတွေက သက်သေပြနေပါလိမ့်မယ် …။

သူပြောတဲ့စကားတွေအတိုင်း တည်ရဲ့လား၊ သူအလုပ်လုပ်တဲ့အခါ သေသပ်ရဲ့လား၊ လက်ကျောတင်းရဲ့လား၊

ဇွဲရှိရဲ့လားဆိုတာတွေက သက်သေပြနေပါလိမ့်မယ်။ အသေးအမွှားကအစ တာဝန်ယူစိတ်ရှိတဲ့ ယောက်ျားမျိုးကိုသာ ရွေးချယ်ပါ …။

(၅) သင့်ကို ချစ်တဲ့သူ

ချစ်တယ်ဆိုတာ အပြောလွယ်သလောက် လုပ်ဆောင်ဖို့က ခက်ခဲပါတယ်။

သင့်ကိုချစ်တဲ့သူတစ်ယောက်ဟာ သင့်ကို ဘယ်လိုဖြစ်ဖြစ်၊ ဘယ်အခြေအနေပဲ ရောက်ရောက် ထားခဲ့မှာ မဟုတ်ပါဘူး …။

နှစ်တွေကြာလည်း သင့်အပေါ်ပြောင်းလဲသွားမှာမဟုတ်သလို၊ ဘယ်လိုအကြောင်းပဲရှိရှိ သင့်ကို စွန့်ခွာမသွားမယ့်သူပါ။

သင်က ချစ်တဲ့သူထက် သင့်ကိုချစ်တဲ့သူကို ရွေးချယ်ပါ။ ဒါဆိုရင်တော့ သင်စိတ်ချမ်းသာနိုင်မှာပဲ ဖြစ်ပါတယ် …။ ။

Credit