Love

သင္ မငယ္ေတာ့ဘူး

သင္ မငယ္ေတာ့ဘူး

ဟိုလူဝတ္ ဒီလူဝတ္တာၾကည့္ၿပီး လိုက္ဝတ္မေနနဲ႔ေတာ့။

ဒီပစၥည္းဟာ သင္နဲ႔ တစ္ကယ္လိုက္ဖက္ညီမွသာဝတ္ဆင္ သုံးေဆာင္ပါ။

ဒီပစၥည္းကို ရက္လြန္ရက္စြဲ မေရာက္ခင္ ဝတ္ဆင္သုံးေဆာင္ပါ။

ဝယ္ၿပီး မသိမ္းထားပါနဲ႔။

သင့္ခႏၶာကိုယ္ဟာ အခ်ိန္မေ႐ြးပုံစံေျပာင္းလဲႏိုင္တယ္ဆိုတာကိုသိပါ။

သင္မငယ္ေတာ့ဘူး။

မည္သူကို အားနာလို႔ေၾကာင့္ဆိုၿပီး သင္ မႀကိဳက္တဲ့ အရာကို မလုပ္မိေစနဲ႔ေတာ့။

ဒီလုပ္ရပ္ဟာ သင့္အတြက္မေပ်ာ္႐ႊင္ျခင္းႏွင့္ေနာင္တရျခင္းမ်ားစြာကို ယူေဆာင္ႏိုင္တယ္။

ဒါ့အျပင္ စိတ္ေရာ လူေရာကိုပါ မၾကာခဏ ႏွိပ္စက္ဒုကၡေပးႏိုင္တယ္ဆိုတာကိုသိပါ။

သင္မငယ္ေတာ့ဘူး။

တစ္စုံတစ္ေယာက္ရဲ႕ ႏွစ္သက္ျခင္းခံရေအာင္ဆိုၿပီး သင့္႐ွင္သန္ျခင္းမွာ make-up မ်ားမ်ား မဖို႔မိေစနဲ႔ေတာ့။

သင့္မူရင္းပုံစံအတိုင္းသာ ေနၿပီး ႐ွင္သန္ပါ။

သင့္နဂိုပုံစံ မႀကိဳက္သူေတြကို ဘဝထဲက ထြက္ခြာခြင့္ေပးပါ။

စိတ္ေပါ့ပါး လန္းဆန္းမႈနဲ႔႐ွင္သန္ပါ။

ဟိုလူႀကိဳက္ဒီလူႀကိဳက္ေအာင္ ႐ွင္သန္ျခင္းဟာ

ေရ႐ွည္က်ရင္ သင့္ကိုစိတ္ေသာက အႀကီးက်ယ္ ေပးေစႏိုင္တယ္ဆိုတာကို သိပါ။

သင္မငယ္ေတာ့ဘူး။

ဘဝမွာ တစ္ခ်ိဳ႕အခ်စ္ေတြက တစ္ခဏတာဆိုတာသိေစေတာ့။

ဒီလိုအခ်စ္နဲ႔ ေတြ႕တဲ့အခါ သင့္နာက်င္မႈဟာလည္း တစ္ခဏတာျဖစ္ေစပါ။

သင့္ႏွလုံးသားကို ဒီနာက်င္မႈေၾကာင့္ တံခါးပိတ္မထားပါနဲ႔။

ဒီအခ်စ္က သင့္အတြက္ ရင့္က်က္ေစဖို႔ ႀကီးျပင္ေစဖို႔အတြက္ ယူေဆာင္လာတယ္ ဆိုၿပီးမွတ္ယူပါ။

ႏွလုံးသားတံခါးကို က်ယ္က်ယ္ႀကီးဖြင့္ထားပါ။

ထိုလူေၾကာင့္ ေနာက္လူအေပၚ ခ်စ္ျခင္းကို

ကန္႔သတ္ ထားတယ္ဆိုတာ မွားယြင္းျခင္းျဖစ္တယ္ ဆိုတာကိုသိပါ။

သင္မငယ္ေတာ့ဘူး။

နာက်င္အာင္လုပ္သူကို ျပန္ၿပီး နာက်င္ေအာင္မလုပ္မိေစနဲ႔။

သူေၾကာင့္ကိုယ္ဟာနာက်င္ခဲ့လည္း ျပဳံးျပဳံးေလး ခြင့္လႊတ္တတ္ပါေစ။

ကိုယ္ေၾကာင့္ သူဟာ နာက်င္ခဲ့လည္း စိတ္ရင္းအမွန္နဲ႔ ေတာင္းပန္မႈေပးပါ။

ဒီဘဝမွာ သင္ေရာ သူေရာဟာရန္သူေတြမဟုတ္ဘူးဆိုတာကို သိပါ။

Credit

Unicode

သင် မငယ်တော့ဘူး

ဟိုလူဝတ် ဒီလူဝတ်တာကြည့်ပြီး လိုက်ဝတ်မနေနဲ့တော့။

ဒီပစ္စည်းဟာ သင်နဲ့ တစ်ကယ်လိုက်ဖက်ညီမှသာဝတ်ဆင် သုံးဆောင်ပါ။

ဒီပစ္စည်းကို ရက်လွန်ရက်စွဲ မရောက်ခင် ဝတ်ဆင်သုံးဆောင်ပါ။

ဝယ်ပြီး မသိမ်းထားပါနဲ့။

သင့်ခန္ဓာကိုယ်ဟာ အချိန်မရွေးပုံစံပြောင်းလဲနိုင်တယ်ဆိုတာကိုသိပါ။

သင်မငယ်တော့ဘူး။

မည်သူကို အားနာလို့ကြောင့်ဆိုပြီး သင် မကြိုက်တဲ့ အရာကို မလုပ်မိစေနဲ့တော့။

ဒီလုပ်ရပ်ဟာ သင့်အတွက်မပျော်ရွှင်ခြင်းနှင့်နောင်တရခြင်းများစွာကို ယူဆောင်နိုင်တယ်။

ဒါ့အပြင် စိတ်ရော လူရောကိုပါ မကြာခဏ နှိပ်စက်ဒုက္ခပေးနိုင်တယ်ဆိုတာကိုသိပါ။

သင်မငယ်တော့ဘူး။

တစ်စုံတစ်ယောက်ရဲ့ နှစ်သက်ခြင်းခံရအောင်ဆိုပြီး သင့်ရှင်သန်ခြင်းမှာ make-up များများ မဖို့မိစေနဲ့တော့။

သင့်မူရင်းပုံစံအတိုင်းသာ နေပြီး ရှင်သန်ပါ။

သင့်နဂိုပုံစံ မကြိုက်သူတွေကို ဘဝထဲက ထွက်ခွာခွင့်ပေးပါ။

စိတ်ပေါ့ပါး လန်းဆန်းမှုနဲ့ရှင်သန်ပါ။

ဟိုလူကြိုက်ဒီလူကြိုက်အောင် ရှင်သန်ခြင်းဟာ

ရေရှည်ကျရင် သင့်ကိုစိတ်သောက အကြီးကျယ် ပေးစေနိုင်တယ်ဆိုတာကို သိပါ။

သင်မငယ်တော့ဘူး။

ဘဝမှာ တစ်ချို့အချစ်တွေက တစ်ခဏတာဆိုတာသိစေတော့။

ဒီလိုအချစ်နဲ့ တွေ့တဲ့အခါ သင့်နာကျင်မှုဟာလည်း တစ်ခဏတာဖြစ်စေပါ။

သင့်နှလုံးသားကို ဒီနာကျင်မှုကြောင့် တံခါးပိတ်မထားပါနဲ့။

ဒီအချစ်က သင့်အတွက် ရင့်ကျက်စေဖို့ ကြီးပြင်စေဖို့အတွက် ယူဆောင်လာတယ် ဆိုပြီးမှတ်ယူပါ။

နှလုံးသားတံခါးကို ကျယ်ကျယ်ကြီးဖွင့်ထားပါ။

ထိုလူကြောင့် နောက်လူအပေါ် ချစ်ခြင်းကို

ကန့်သတ် ထားတယ်ဆိုတာ မှားယွင်းခြင်းဖြစ်တယ် ဆိုတာကိုသိပါ။

သင်မငယ်တော့ဘူး။

နာကျင်အာင်လုပ်သူကို ပြန်ပြီး နာကျင်အောင်မလုပ်မိစေနဲ့။

သူကြောင့်ကိုယ်ဟာနာကျင်ခဲ့လည်း ပြုံးပြုံးလေး ခွင့်လွှတ်တတ်ပါစေ။

ကိုယ်ကြောင့် သူဟာ နာကျင်ခဲ့လည်း စိတ်ရင်းအမှန်နဲ့ တောင်းပန်မှုပေးပါ။

ဒီဘဝမှာ သင်ရော သူရောဟာရန်သူတွေမဟုတ်ဘူးဆိုတာကို သိပါ။

Credit