Love



မေးလေ့ရှိတာတွေပေါ့ …


များသောအားဖြင့်တော့

















Credit

သျှင်ယွန်း

Unicode

ကျန်ခဲ့တဲ့သူနဲ့ ချန်ခဲ့တဲ့သူ ဘယ်သူက ပိုပြီးနာကျင်ရလဲ

မေးလေ့ရှိတာတွေပေါ့ …

ကျန်ခဲ့တဲ့သူနဲ့ ချန်ခဲ့တဲ့သူက ဘယ်သူက ပိုပြီးနာကျင်ရလဲတဲ့ …

များသောအားဖြင့်တော့

ကျန်ခဲ့တဲ့သူက ပိုပြီးနာကျင်ရတတ်တယ်လို့ ဖြေတတ်ကြတယ် ။

ဘာကြောင့်လဲဆိုရင် ကျန်ခဲ့တဲ့သူဆိုတာ မူလနေရာမှာရပ်ရင်းနဲ့

အမှတ်တရတွေ အများကြီးတွေကြားမှ

ပြန်မြင်ယောင်ရတဲ့အခါတိုင်း ပြန်ပြီးသတိတရနဲ့ နာကျင်ရတတ်တယ်တဲ့ ။

ချန်ခဲ့တဲ့သူကျတော့ ပတ်ဝန်းကျင်အသစ်မှာ အဆင်ပြေဖို့ကြိုးစားရင်းနဲ့

သတိရဖို့အချိန်တွေ မရှိ ဖြစ်တတ်တယ်လို့ ထင်တတ်ကြတယ်လေ ။

ကျွန်မကျတော့ အဲ့လိုမတွေးဘူး ။

ချန်ခဲ့ခြင်း ကျန်ခဲ့ခြင်းတွေထက်

တကယ်တမ်းကျတော့ ပိုချစ်တဲ့သူက ပိုပြီးနာကျင်ရပါတယ် ။

တစ်ခါတစ်လေမှာ ချန်ခဲ့ရခြင်းမှာ

မနီးစပ်ချင်လို့မဟုတ်ပဲ အခြေအနေအရဆိုတဲ့ အရာတွေရှိတယ် ။

ပြီးတော့ ပိုချစ်မိတဲ့သူမှာ

ပိုပြီးအမှတ်ထားတတ်တဲ့ စိတ်လေးက အတိတ်တိုင်းကို

တစိုက်မတ်မတ်လွမ်းတတ်တဲ့ စိတ်တွေရှိတယ်လေ ။

အမှတ်တရဆိုတာ အမှတ်ရတဲ့သူအတွက်သက်သက်ပါ

ချန်ခဲ့တာ ကျန်ခဲ့တာတွေနဲ့ မသက်ဆိုင်ဘူး … ။

Credit

သျှင်ယွန်း