အိမ္မပိုင္တဲ့ ေကာင္မေလးေတြနဲ႔ ခ်စ္သူထားရင္ ၾကံဳရတတ္တဲ့ အခက္အခဲမ်ား
ခ်စ္သူထားတယ္ဆိုတာ အရြယ္ေရာက္တဲ့သူတိုင္းမွာ ရွိတတ္တဲ့ အရာတစ္ခုပါ။
ဒါေပမယ့္လည္း အမ်ားသူငါလို ပြင့္ပြင့္လင္းလင္း ခ်စ္သူထားခြင့္ မရွိတဲ့ ေကာင္မေလးေတြလည္း ရွိေနပါေသးတယ္။
ခ်ဳပ္ခ်ယ္တတ္တဲ့ အရမ္းကို အခ်စ္ႀကီးလြန္းတဲ့ မိသားစုေတြမွာ ႀကီးျပင္းရတဲ့
ေကာင္မေလးေတြကေတာ့ အိမ္မပိုင္တဲ့ ေကာင္မေလးေတြအျဖစ္ ရပ္တည္ၾကရပါတယ္။
သူတို႔ေလးေတြ ခ်စ္သူထားမိၿပီဆိုရင္ အခုလို အခက္အခဲေတြကို မျဖစ္မေန ရင္ဆိုင္ၾကရေတာ့ပဲ ျဖစ္ပါတယ္။
အိမ္မပိုင္တဲ့ ေကာင္မေလးေတြနဲ႔ ခ်စ္သူထားရင္ ၾကံဳရတတ္တဲ့ အခက္အခဲမ်ား
(၁) ဖုန္းေျပာလို႔ အဆင္မေျပဘူး
အိမ္မပိုင္တဲ့ ေကာင္မေလးေတာ္ေတာ္မ်ားမ်ားက
ကိုယ္ပိုင္ အခန္းရွိရင္ေတာင္မွ ခ်စ္သူနဲ႔ လြတ္လြတ္လပ္လပ္ ဖုန္းေျပာလို႔ မရၾကပါဘူး။
ဖုန္းေျပာတဲ့အသံကို ၾကားတာနဲ႔ ဘယ္သူ႔ဆီကာတာလဲဆိုတာမ်ိဳး
အေမးခံရသလို ဖုန္းေျပာတာ ၾကာသြားရင္လည္း ဘယ္သူနဲ႔ ေျပာေနလို႔ ဒီေလာက္ေတာင္ ၾကာေနတာလဲ
စသျဖင့္ ျမည္တြန္ေတာက္တီးဒဏ္ကို ခံၾကရပါတယ္။
ဒါေၾကာင့္ သူတို႔ေတြက ဖုန္းေျပာတာထက္ chatting ကို ပိုၿပီး သေဘာက်တတ္ၾကပါတယ္။
(၂) ခ်စ္သူထားသြားမွာကို စိုးရိမ္ရတယ္
ခ်စ္သူေတြ ျဖစ္လာရင္ အျပန္အလွန္ လိုအပ္ခ်က္ေတြ ရွိလာတတ္ၾကပါတယ္။
လြမ္းတဲ့အခ်ိန္မွာ အသံေလး ၾကားခ်င္တာ၊ Video call ေလး ေျပာခ်င္တာ၊
အျပင္အတူ ထြက္လည္ခ်င္တာနဲ႔ တစ္ခ်ိဳ႕ဆို ခရီးအတူ ထြက္ခ်င္တာမ်ိဳးေတာင္ ရွိပါတယ္။
ဒါေပမယ့္ အိမ္မပိုင္တဲ့ ေကာင္မေလးေတြကေတာ့
ဒီအရာအားလံုးကို ကိုယ့္ခ်စ္သူအလုိက် လုပ္ေပးဖို႔ အင္မတန္ ခက္ပါတယ္။
ဒီအရာေတြအားလံုးကို လုပ္မယ္ဆိုရင္
အိမ္နဲ႔ အတိုက္အခံ လုပ္ေနရမွာ ျဖစ္သလို တစ္ခ်ိဳ႕က အိမ္ရဲ႕ ဆူပူမႈကို ခံရမွာ ျဖစ္ပါတယ္။
ဒါေၾကာင့္ အိမ္ရဲ႕ အလိုအတိုင္း ျဖစ္ဖို႔ ဆင္ဆင္ျခင္ျခင္ ေနရတဲ့အခါ
ကိုယ့္ခ်စ္သူ ေကာင္ေလးက ၿငိဳျငင္ၿပီး ထားသြားမွာ စိုးရိမ္ေနၾကရပါတယ္။
(၃) အိမ္နဲ႔ စကားမ်ားရတယ္
အိမ္မပိုင္တဲ့ ေကာင္မေလးေတြက အိမ္မပိုင္ေပမယ့္လည္း
လြတ္လပ္ခြင့္ အျပည့္ မရလို႔ အိမ္အေပၚ ၿငိဳျငင္စိတ္နဲ႔ စိတ္မလံုျခံဳမႈက အျမဲ ရွိေနတာ ျဖစ္ပါတယ္။
သူတို႔ေတြ ခ်စ္သူ ထားမိတဲ့အခါခ်စ္သူရဲ႕ လိုအင္ဆႏၵအခ်ိဳ႕နဲ႔
ကိုယ့္ရဲ႕ အခ်စ္စိတ္ေၾကာင့္ ကိုယ့္ခ်စ္သူနဲ႔ အခ်ိန္ကုန္ခ်င္တဲ့အရာမ်ိဳးေတြ ရွိလာတတ္ၾကပါတယ္။
ဒီအတြက္ သူတို႔ရဲ႕ မေက်နပ္ခ်က္ေတြက ပိုမ်ားၿပီး အိမ္နဲ႔ အတိုက္အခံလုပ္ရတာ၊ စကားမ်ားရတာေတြ ရွိလာတတ္ပါတယ္။
(၄) ကိုယ့္စိတ္တိုင္းက် လုပ္လို႔ မရဘူး
သူတုိ႔ေလးေတြက အျပင္သြားရင္ေတာင္ အိမ္ရဲ႕ ခြင့္ျပဳခ်က္ကို ယူၾကရတာ ျဖစ္ပါတယ္။
အိမ္ျပန္ရမယ့္ အခ်ိန္ေတြကိုလည္း အိမ္က သတ္မွတ္သလို အိမ္ကို အသိေပးထားရပါတယ္။
ဒီအတြက္ သူတို႔ရဲ႕ ဆံုးျဖတ္ခ်က္အတိုင္း ဘာမွ မလုပ္ႏုိင္ပါဘူး။
သူတို႔ လုပ္ခ်င္တဲ့အရာေတြကို အိမ္ရဲ႕ ခြင့္ျပဳခ်က္ရမွ လုပ္ခြင့္ ရွိၾကတာ ျဖစ္ပါတယ္။
ဒါေၾကာင့္ သူတို႔ကို ဘယ္ေန႔ ဘယ္အခ်ိန္မွာ ေတြ႔ၾကရေအာင္ ဆိုတာမ်ိဳး လုပ္လို႔ မရပါဘူး။
သူတို႔အိမ္နဲ႔ ညွိႏႈိင္းၿပီး ရလာတဲ့ အခ်ိန္ကိုပဲ အသံုးခ်လို႔ ရမွာ ျဖစ္ပါတယ္။
(၅) အျပစ္ေျပာခံရတယ္
အရင္တည္းက ခ်ဳပ္ခ်ယ္တတ္တဲ့ အိမ္ဆိုေပမယ့္ အရမ္း ခ်ဳပ္ခ်ယ္တာ မဟုတ္ဘဲ
ကိုယ့္ဘက္က အသိေပးရင္ ရတယ္ဆိုတဲ့ မိသားစုမွာ ႀကီးျပင္းတဲ့ ေကာင္မေလးေတြက
ခ်စ္သူရွိေၾကာင္း အိမ္ကို အသိေပးရေလ့ ရွိပါတယ္။
မိသားစုက သိထားမွသာ သူတို႔လည္း ဝန္တစ္ခု ေလ်ာ့တာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း ရည္းစားရွိလာေတာ့ ဘယ္လို ဆိုတဲ့ ဆူပူမႈေတြကိုေတာ့ ထပ္ၿပီး ၾကံဳေနၾကတာပဲ ျဖစ္ပါတယ္။
ဒီအတြက္ ကိုယ့္ခ်စ္သူက အေကာင္းဆံုး နားလည္ေပးမွသာ သူတို႔ ခံစားရတာေတြ သက္သာမွာ ျဖစ္ပါတယ္။
Credit
Unicode
အိမ်မပိုင်တဲ့ ကောင်မလေးတွေနဲ့ ချစ်သူထားရင် ကြုံရတတ်တဲ့ အခက်အခဲများ
ချစ်သူထားတယ်ဆိုတာ အရွယ်ရောက်တဲ့သူတိုင်းမှာ ရှိတတ်တဲ့ အရာတစ်ခုပါ။
ဒါပေမယ့်လည်း အများသူငါလို ပွင့်ပွင့်လင်းလင်း ချစ်သူထားခွင့် မရှိတဲ့ ကောင်မလေးတွေလည်း ရှိနေပါသေးတယ်။
ချုပ်ချယ်တတ်တဲ့ အရမ်းကို အချစ်ကြီးလွန်းတဲ့ မိသားစုတွေမှာ ကြီးပြင်းရတဲ့
ကောင်မလေးတွေကတော့ အိမ်မပိုင်တဲ့ ကောင်မလေးတွေအဖြစ် ရပ်တည်ကြရပါတယ်။
သူတို့လေးတွေ ချစ်သူထားမိပြီဆိုရင် အခုလို အခက်အခဲတွေကို မဖြစ်မနေ ရင်ဆိုင်ကြရတော့ပဲ ဖြစ်ပါတယ်။
အိမ်မပိုင်တဲ့ ကောင်မလေးတွေနဲ့ ချစ်သူထားရင် ကြုံရတတ်တဲ့ အခက်အခဲများ
(၁) ဖုန်းပြောလို့ အဆင်မပြေဘူး
အိမ်မပိုင်တဲ့ ကောင်မလေးတော်တော်များများက
ကိုယ်ပိုင် အခန်းရှိရင်တောင်မှ ချစ်သူနဲ့ လွတ်လွတ်လပ်လပ် ဖုန်းပြောလို့ မရကြပါဘူး။
ဖုန်းပြောတဲ့အသံကို ကြားတာနဲ့ ဘယ်သူ့ဆီကာတာလဲဆိုတာမျိုး
အမေးခံရသလို ဖုန်းပြောတာ ကြာသွားရင်လည်း ဘယ်သူနဲ့ ပြောနေလို့ ဒီလောက်တောင် ကြာနေတာလဲ
စသဖြင့် မြည်တွန်တောက်တီးဒဏ်ကို ခံကြရပါတယ်။
ဒါကြောင့် သူတို့တွေက ဖုန်းပြောတာထက် chatting ကို ပိုပြီး သဘောကျတတ်ကြပါတယ်။
(၂) ချစ်သူထားသွားမှာကို စိုးရိမ်ရတယ်
ချစ်သူတွေ ဖြစ်လာရင် အပြန်အလှန် လိုအပ်ချက်တွေ ရှိလာတတ်ကြပါတယ်။
လွမ်းတဲ့အချိန်မှာ အသံလေး ကြားချင်တာ၊ Video call လေး ပြောချင်တာ၊
အပြင်အတူ ထွက်လည်ချင်တာနဲ့ တစ်ချို့ဆို ခရီးအတူ ထွက်ချင်တာမျိုးတောင် ရှိပါတယ်။
ဒါပေမယ့် အိမ်မပိုင်တဲ့ ကောင်မလေးတွေကတော့
ဒီအရာအားလုံးကို ကိုယ့်ချစ်သူအလိုကျ လုပ်ပေးဖို့ အင်မတန် ခက်ပါတယ်။
ဒီအရာတွေအားလုံးကို လုပ်မယ်ဆိုရင်
အိမ်နဲ့ အတိုက်အခံ လုပ်နေရမှာ ဖြစ်သလို တစ်ချို့က အိမ်ရဲ့ ဆူပူမှုကို ခံရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အိမ်ရဲ့ အလိုအတိုင်း ဖြစ်ဖို့ ဆင်ဆင်ခြင်ခြင် နေရတဲ့အခါ
ကိုယ့်ချစ်သူ ကောင်လေးက ငြိုငြင်ပြီး ထားသွားမှာ စိုးရိမ်နေကြရပါတယ်။
(၃) အိမ်နဲ့ စကားများရတယ်
အိမ်မပိုင်တဲ့ ကောင်မလေးတွေက အိမ်မပိုင်ပေမယ့်လည်း
လွတ်လပ်ခွင့် အပြည့် မရလို့ အိမ်အပေါ် ငြိုငြင်စိတ်နဲ့ စိတ်မလုံခြုံမှုက အမြဲ ရှိနေတာ ဖြစ်ပါတယ်။
သူတို့တွေ ချစ်သူ ထားမိတဲ့အခါချစ်သူရဲ့ လိုအင်ဆန္ဒအချို့နဲ့
ကိုယ့်ရဲ့ အချစ်စိတ်ကြောင့် ကိုယ့်ချစ်သူနဲ့ အချိန်ကုန်ချင်တဲ့အရာမျိုးတွေ ရှိလာတတ်ကြပါတယ်။
ဒီအတွက် သူတို့ရဲ့ မကျေနပ်ချက်တွေက ပိုများပြီး အိမ်နဲ့ အတိုက်အခံလုပ်ရတာ၊ စကားများရတာတွေ ရှိလာတတ်ပါတယ်။
(၄) ကိုယ့်စိတ်တိုင်းကျ လုပ်လို့ မရဘူး
သူတို့လေးတွေက အပြင်သွားရင်တောင် အိမ်ရဲ့ ခွင့်ပြုချက်ကို ယူကြရတာ ဖြစ်ပါတယ်။
အိမ်ပြန်ရမယ့် အချိန်တွေကိုလည်း အိမ်က သတ်မှတ်သလို အိမ်ကို အသိပေးထားရပါတယ်။
ဒီအတွက် သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဘာမှ မလုပ်နိုင်ပါဘူး။
သူတို့ လုပ်ချင်တဲ့အရာတွေကို အိမ်ရဲ့ ခွင့်ပြုချက်ရမှ လုပ်ခွင့် ရှိကြတာ ဖြစ်ပါတယ်။
ဒါကြောင့် သူတို့ကို ဘယ်နေ့ ဘယ်အချိန်မှာ တွေ့ကြရအောင် ဆိုတာမျိုး လုပ်လို့ မရပါဘူး။
သူတို့အိမ်နဲ့ ညှိနှိုင်းပြီး ရလာတဲ့ အချိန်ကိုပဲ အသုံးချလို့ ရမှာ ဖြစ်ပါတယ်။
(၅) အပြစ်ပြောခံရတယ်
အရင်တည်းက ချုပ်ချယ်တတ်တဲ့ အိမ်ဆိုပေမယ့် အရမ်း ချုပ်ချယ်တာ မဟုတ်ဘဲ
ကိုယ့်ဘက်က အသိပေးရင် ရတယ်ဆိုတဲ့ မိသားစုမှာ ကြီးပြင်းတဲ့ ကောင်မလေးတွေက
ချစ်သူရှိကြောင်း အိမ်ကို အသိပေးရလေ့ ရှိပါတယ်။
မိသားစုက သိထားမှသာ သူတို့လည်း ဝန်တစ်ခု လျော့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရည်းစားရှိလာတော့ ဘယ်လို ဆိုတဲ့ ဆူပူမှုတွေကိုတော့ ထပ်ပြီး ကြုံနေကြတာပဲ ဖြစ်ပါတယ်။
ဒီအတွက် ကိုယ့်ချစ်သူက အကောင်းဆုံး နားလည်ပေးမှသာ သူတို့ ခံစားရတာတွေ သက်သာမှာ ဖြစ်ပါတယ်။
Credit