Love

ကိုယ္နာက်င္ရသလို နာက်င္ရပါေစဆိုတဲ့ ဆု ဘယ္ေတာ့မွ မေတာင္းဘူး

ကိုယ္နာက်င္ရသလို နာက်င္ရပါေစဆိုတဲ့ ဆု ဘယ္ေတာ့မွ မေတာင္းဘူး

အေပၚေကာင္းတဲ့လူေတြအေပၚ ကိုယ္က ႏွစ္ဆျပန္ေကာင္းတယ္

ကိုယ့္အေပၚမေကာင္းတဲ့အခါ လ်စ္လ်ဴ႐ႈပစ္လိုက္တယ္

ဝဋ္ဆိုတာ သံသရာတစ္ပတ္ျပည့္စရာမလိုပါဘူး အခ်ိန္တန္ရင္ ေအာ္တို လည္ပါတယ္

ကိုယ့္အေပၚ ယုတ္မာႏိုင္တဲ့လူေတြလဲ ယုတ္မာပါ မေကာင္းေျပာတဲ့လူေတြလဲ ေျပာပါေစ

သူ႕ထိုက္နဲ႔ သူ႕ကံဆိုတာ သိတယ္မလား

အဓိကက ကိုယ္အေနမွန္ေနဖို႔ပဲလိုတာ ဝဋ္ဆိုတာကို ျပန္ၿပီးမလည္လာေသးလို႔ ျပဳံးၿပီးေနႏိုင္တာပါ

တစ္ေန႔ ဝဋ္ျပန္လည္တဲ့အခါ ကိုယ့္နာမည္ေလး အမွတ္ရေနပါေစ ကိုယ့္နည္းတူလဲ ခံႏိုင္ရည္႐ွိပါေစေပါ့

သူ႕အကုသိုလ္ကို ကိုယ့္အကုသိုလ္မျဖစ္ေစဖို႔ပဲ လိုတာပါ

မေကာင္းၾကံတဲ့လူက မေကာင္းတဲ့ဒဏ္ျပန္ခံရမွာ သဘာဝပဲ

လွ်ာ႐ွည္ၿပီး က်ိန္စာတိုက္မေနနဲ႔ သူ႕အခ်ိန္မတန္ေသးလို႔ ေမာ္ႂကြားေနႏိုင္တာပါ

သူ႕အခ်ိန္ေရာက္လာတဲ့အခါ ေရေသာက္ရင္းေတာင္ အဆိပ္ျဖစ္ခ်င္ျဖစ္ေနတတ္တာေလ

ကိုယ့္လမ္းကိုယ္ေလွ်ာက္ ကိုယ့္အလုပ္ကိုယ္လုပ္ၿပီး

ကိုယ့္အေပၚ ေကာင္းတဲ့လူေတြအေပၚ တန္ဖိုးထားပါ အခ်ိန္ေပးပါ

မုန္းေနတဲ့လူတစ္ေယာက္အတြက္ ကိုယ့္အခ်ိန္ေတြ အကုန္မခံနဲ႔ ကိုယ့္အျပဳံးေတြ မၿငိဳးသြားေစနဲ႔

ဘဝက ေနတတ္ရင္ ေက်နပ္စရာဆိုေပမယ့္ စိတ္လဲ ေျဖတတ္ဖို႔ လိုေသးတယ္

မဟုတ္ရင္ အရာရာကို ရင္ဘတ္ထဲ သြပ္သိပ္ထည့္ၿပီး ေလးကန္ေနမွာေပါ့

ဘဝဆိုတာတိုတိုေလးပါ ကိုယ့္အေပၚ မုန္းတီးေနတဲ့လူေတြအတြက္ အခ်ိန္ကုန္မခံနဲ႔

ကိုယ့္ကို ခ်စ္ခင္ၾကင္နာသူေတြအတြက္ အခ်ိန္ေပးပါ

အပင္ပန္းခံၿပီး ကိုယ္နာက်င္ရသလို နာက်င္ပါေစဆိုတဲ့ဆု ေတာင္းေနဖို႔မလိုဘူး

အခ်ိန္တန္တဲ့အခါ ဝဋ္ဆိုတာႀကီးက သူ႕အလုပ္သူ လုပ္လိမ့္မယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း

Unicode

ကိုယ်နာကျင်ရသလို နာကျင်ရပါစေဆိုတဲ့ ဆု ဘယ်တော့မှ မတောင်းဘူး

အပေါ်ကောင်းတဲ့လူတွေအပေါ် ကိုယ်က နှစ်ဆပြန်ကောင်းတယ်

ကိုယ့်အပေါ်မကောင်းတဲ့အခါ လျစ်လျူရှုပစ်လိုက်တယ်

ဝဋ်ဆိုတာ သံသရာတစ်ပတ်ပြည့်စရာမလိုပါဘူး အချိန်တန်ရင် အော်တို လည်ပါတယ်

ကိုယ့်အပေါ် ယုတ်မာနိုင်တဲ့လူတွေလဲ ယုတ်မာပါ မကောင်းပြောတဲ့လူတွေလဲ ပြောပါစေ

သူ့ထိုက်နဲ့ သူ့ကံဆိုတာ သိတယ်မလား

အဓိကက ကိုယ်အနေမှန်နေဖို့ပဲလိုတာ ဝဋ်ဆိုတာကို ပြန်ပြီးမလည်လာသေးလို့ ပြုံးပြီးနေနိုင်တာပါ

တစ်နေ့ ဝဋ်ပြန်လည်တဲ့အခါ ကိုယ့်နာမည်လေး အမှတ်ရနေပါစေ ကိုယ့်နည်းတူလဲ ခံနိုင်ရည်ရှိပါစေပေါ့

သူ့အကုသိုလ်ကို ကိုယ့်အကုသိုလ်မဖြစ်စေဖို့ပဲ လိုတာပါ

မကောင်းကြံတဲ့လူက မကောင်းတဲ့ဒဏ်ပြန်ခံရမှာ သဘာဝပဲ

လျှာရှည်ပြီး ကျိန်စာတိုက်မနေနဲ့ သူ့အချိန်မတန်သေးလို့ မော်ကြွားနေနိုင်တာပါ

သူ့အချိန်ရောက်လာတဲ့အခါ ရေသောက်ရင်းတောင် အဆိပ်ဖြစ်ချင်ဖြစ်နေတတ်တာလေ

ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး

ကိုယ့်အပေါ် ကောင်းတဲ့လူတွေအပေါ် တန်ဖိုးထားပါ အချိန်ပေးပါ

မုန်းနေတဲ့လူတစ်ယောက်အတွက် ကိုယ့်အချိန်တွေ အကုန်မခံနဲ့ ကိုယ့်အပြုံးတွေ မငြိုးသွားစေနဲ့

ဘဝက နေတတ်ရင် ကျေနပ်စရာဆိုပေမယ့် စိတ်လဲ ဖြေတတ်ဖို့ လိုသေးတယ်

မဟုတ်ရင် အရာရာကို ရင်ဘတ်ထဲ သွပ်သိပ်ထည့်ပြီး လေးကန်နေမှာပေါ့

ဘဝဆိုတာတိုတိုလေးပါ ကိုယ့်အပေါ် မုန်းတီးနေတဲ့လူတွေအတွက် အချိန်ကုန်မခံနဲ့

ကိုယ့်ကို ချစ်ခင်ကြင်နာသူတွေအတွက် အချိန်ပေးပါ

အပင်ပန်းခံပြီး ကိုယ်နာကျင်ရသလို နာကျင်ပါစေဆိုတဲ့ဆု တောင်းနေဖို့မလိုဘူး

အချိန်တန်တဲ့အခါ ဝဋ်ဆိုတာကြီးက သူ့အလုပ်သူ လုပ်လိမ့်မယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း