သူမေခၚရင္ ကိုယ္လဲ မေခၚပဲ ေနႏိုင္တဲ့ မာနေလးထားၾကည့္ပါ
ကြၽန္မ ေျပာတဲ့အခါ ပထမဆုံးေတြးၾကတာက . . . ေဝးသြားမွာေပါ့ တဲ့ ။
အဲ့ဒီအေတြးေတြေၾကာင့္ပဲ နာက်င္ခံစားေနရတာေလ ။
ေဝးသြားမွာစိုးလို႔ မခ်စ္ေတာ့မွာ ဆိုးလို႔ ပစ္သြားမွာစိုးလို႔ ဆိုတဲ့ ေသာကေတြနဲ႔
မာနေတြ ဘယ္ေလာက္ ခဝါခ်ခဲ့ၿပီးၿပီလဲ ေတြးၾကည့္ပါ ။
ေနာက္ဆုံး ကိုယ္ပဲ ဒဏ္ရာေတြနဲ႔ တစ္ေယာက္တည္းက်န္ခဲ့တာပဲ ႐ွိတယ္
တကယ္ မခ်စ္ခဲ့တဲ့သူအတြက္ေတာ့ လမ္းခြဲဖို႔ အေၾကာင္းျပခ်က္ မ်ိဳးစုံ႐ွိေနႏိုင္တာပဲေလ ။
အေတြးေတြ အမ်ားႀကီးနဲ႔ ကိုယ့္ကိုယ္ကိုယ္ မသတ္ပစ္လိုက္နဲ႔ေလ
အေတြးေတြမ်ားရင္ အိပ္ေရးပ်က္မယ္ အလုပ္ပ်က္မယ္
သဘာဝတရားႀကီးကေတာ့ ဒီအတိုင္းလည္ပတ္ေနတာပါပဲ
ကိုယ့္ကမ႓ာနဲ႔ ကိုယ့္ရင္ထဲမွာပဲ ဒဏ္ရာေတြ ျပည့္ႏွက္ေနမွာေလ ။
ဘဝမွာ ေပ်ာ္ေအာင္ ေနတတ္ခ်င္ရင္ ကိုယ့္အေတြးေတြကို အရင္ဆုံး ဂ႐ုစိုက္မွ ရမယ္ ။
ေသေလာက္ေအာင္ခ်စ္ေနပါေစ မိန္းမ မာနဆိုတာေလးေတာ့ နဲနဲေလးျဖစ္ျဖစ္ ထားပါ ။
စၿပီးခ်စ္ကတည္း အဆုံးထိခ်စ္ၾကမယ္လို႔
ေတြးတတ္တဲ့ ကိုယ့္ရဲ႕အက်င့္က အားနည္းခ်က္ႀကီး ျဖစ္မသြားေစနဲ႔
ငါ ဘာလုပ္လုပ္ သူ ခြင့္လႊတ္ေနမွာပဲလို႔
တစ္ဖက္က ေတြးသြားတဲ့အခါ ကိုယ့္ကို ျပန္စာနာဖို႔ သတိမရတတ္ၾကေတာ့ဘူး ။
ႏွလုံးသားကို အလိုလိုက္မွားတဲ့အခါ
ဥပမာ . . . ဆိုးဆိုးေကာင္းေကာင္း သူမွ သူဆိုတာ သစၥာလို႔ လူေတြက ေျပာၾကတယ္
တကယ္တမ္း လက္ေတြ႕မွာ ကိုယ့္အေပၚတစ္စက္မွ မေကာင္းလဲ ဖက္တြယ္ထားတာပဲ မဟုတ္လား ။
လူတစ္ေယာက္ ကိုယ့္အနား လာရပ္႐ုံနဲ႔ တစ္သက္လုံး ထြက္မသြားေတာ့ပါဘူးလို႔
ေတြးတတ္တဲ့ အေတြး အလြယ္တကူေလး ယုံၾကည္တတ္တဲ့ စိတ္ေလး ေဖ်ာက္ပါ ။
သူေတာင္မွ စ မေခၚတာ ကိုယ္လဲ မေခၚပဲ ေနမယ္ဆိုတဲ့ မာနေလး နဲနဲေလးပဲ ထားၾကည့္ ။
ေဝးသြားမွာေပါ့လို႔ ေတြးမိတဲ့အခါ
တကယ္လို႔ ေဝးသြားၾကတယ္ဆိုရင္ ေဝးသြားတယ္လို႔ပဲ မွတ္႐ုံပဲ ႐ွိေတာ့တာေလ ။
တစ္ဖက္ကသာ ေဝးသြားခ်င္စိတ္ေလးသာ မ႐ွိရင္
မရမက ဆက္သြယ္လာမွာပဲဆိုတာေလး သိထားဖို႔လိုတယ္ ။
မိန္းမသားတို႔အတြက္
သွ်င္ယြန္း
Unicode
သူမခေါ်ရင် ကိုယ်လဲ မခေါ်ပဲ နေနိုင်တဲ့ မာနလေးထားကြည့်ပါ
ကျွန်မ ပြောတဲ့အခါ ပထမဆုံးတွေးကြတာက . . . ဝေးသွားမှာပေါ့ တဲ့ ။
အဲ့ဒီအတွေးတွေကြောင့်ပဲ နာကျင်ခံစားနေရတာလေ ။
ဝေးသွားမှာစိုးလို့ မချစ်တော့မှာ ဆိုးလို့ ပစ်သွားမှာစိုးလို့ ဆိုတဲ့ သောကတွေနဲ့
မာနတွေ ဘယ်လောက် ခဝါချခဲ့ပြီးပြီလဲ တွေးကြည့်ပါ ။
နောက်ဆုံး ကိုယ်ပဲ ဒဏ်ရာတွေနဲ့ တစ်ယောက်တည်းကျန်ခဲ့တာပဲ ရှိတယ်
တကယ် မချစ်ခဲ့တဲ့သူအတွက်တော့ လမ်းခွဲဖို့ အကြောင်းပြချက် မျိုးစုံရှိနေနိုင်တာပဲလေ ။
အတွေးတွေ အများကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် မသတ်ပစ်လိုက်နဲ့လေ
အတွေးတွေများရင် အိပ်ရေးပျက်မယ် အလုပ်ပျက်မယ်
သဘာဝတရားကြီးကတော့ ဒီအတိုင်းလည်ပတ်နေတာပါပဲ
ကိုယ့်ကမ္ဘာနဲ့ ကိုယ့်ရင်ထဲမှာပဲ ဒဏ်ရာတွေ ပြည့်နှက်နေမှာလေ ။
ဘဝမှာ ပျော်အောင် နေတတ်ချင်ရင် ကိုယ့်အတွေးတွေကို အရင်ဆုံး ဂရုစိုက်မှ ရမယ် ။
သေလောက်အောင်ချစ်နေပါစေ မိန်းမ မာနဆိုတာလေးတော့ နဲနဲလေးဖြစ်ဖြစ် ထားပါ ။
စပြီးချစ်ကတည်း အဆုံးထိချစ်ကြမယ်လို့
တွေးတတ်တဲ့ ကိုယ့်ရဲ့အကျင့်က အားနည်းချက်ကြီး ဖြစ်မသွားစေနဲ့
ငါ ဘာလုပ်လုပ် သူ ခွင့်လွှတ်နေမှာပဲလို့
တစ်ဖက်က တွေးသွားတဲ့အခါ ကိုယ့်ကို ပြန်စာနာဖို့ သတိမရတတ်ကြတော့ဘူး ။
နှလုံးသားကို အလိုလိုက်မှားတဲ့အခါ
ဥပမာ . . . ဆိုးဆိုးကောင်းကောင်း သူမှ သူဆိုတာ သစ္စာလို့ လူတွေက ပြောကြတယ်
တကယ်တမ်း လက်တွေ့မှာ ကိုယ့်အပေါ်တစ်စက်မှ မကောင်းလဲ ဖက်တွယ်ထားတာပဲ မဟုတ်လား ။
လူတစ်ယောက် ကိုယ့်အနား လာရပ်ရုံနဲ့ တစ်သက်လုံး ထွက်မသွားတော့ပါဘူးလို့
တွေးတတ်တဲ့ အတွေး အလွယ်တကူလေး ယုံကြည်တတ်တဲ့ စိတ်လေး ဖျောက်ပါ ။
သူတောင်မှ စ မခေါ်တာ ကိုယ်လဲ မခေါ်ပဲ နေမယ်ဆိုတဲ့ မာနလေး နဲနဲလေးပဲ ထားကြည့် ။
ဝေးသွားမှာပေါ့လို့ တွေးမိတဲ့အခါ
တကယ်လို့ ဝေးသွားကြတယ်ဆိုရင် ဝေးသွားတယ်လို့ပဲ မှတ်ရုံပဲ ရှိတော့တာလေ ။
တစ်ဖက်ကသာ ဝေးသွားချင်စိတ်လေးသာ မရှိရင်
မရမက ဆက်သွယ်လာမှာပဲဆိုတာလေး သိထားဖို့လိုတယ် ။
မိန်းမသားတို့အတွက်
သျှင်ယွန်း