ပါးစပ္ကေနပဲခ်စ္ျပၿပီးတကယ္မခ်စ္တဲ့ေယာက်ာ္းေတြရဲ႕ အမူအက်င့္မ်ား
ခ်စ္သူေတြဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္အျပန္အလွန္ဂ႐ုစိုက္၊ေႏြးေထြးၾကပါတယ္။
ပါးစပ္ကေနခ်စ္တယ္လို႔ တဖြဖြေျပာေနၿပီး
လက္ေတြ႕မွာ ဂ႐ုမစိုက္တာဟာ တကယ္မခ်စ္လို႔ဆိုတာေျပာစရာေတာင္မလိုပါဘူး။
သင့္ကိုသင့္ရဲ႕ခ်စ္သူက ပါးစပ္ကေနပဲခ်စ္ျပေနၿပီး တကယ္မခ်စ္ဘူး၊
သင္နဲ႔ပတ္သက္တာေတြကို ဂ႐ုမစိုက္ဘူးဆိုတာ ဒီအခ်က္ေတြက သက္ေသပါပဲ။
(၁) သင့္အတြက္အခ်ိန္မေပးဘူး
ကိုယ့္ကိုခ်စ္တဲ့သူတစ္ေယာက္က
ဘယ္ေလာက္ပဲအလုပ္မ်ားမ်ား ကိုယ့္အတြက္အခ်ိန္ေပးဖို႔ႀကိဳးစားပါတယ္၊
အခ်ိန္လည္းေပးႏိုင္ပါတယ္။
အခ်ိန္မ႐ွိဘူး၊ မအားဘူး၊ အလုပ္ေတြမ်ားေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ဟာ တကယ္မခ်စ္တဲ့သူ၊
သူတို႔ဂ႐ုမစိုက္တဲ့သူေတြကို ေပးတတ္တဲ့ဆင္ေျခပါ။
တကယ္ခ်စ္တဲ့သူဟာ သူခ်စ္တဲ့သူအတြက္ လိုလိုလားလားကို အခ်ိန္ေပးတတ္ၾကပါတယ္။
(၂) အရာအားလုံးအတြက္သင့္ကိုအျပစ္တင္တတ္တယ္
ခ်စ္တဲ့စိတ္နဲ႔ၾကည့္ရင္ အျပစ္ရယ္လို႔ မျမင္ဘဲ အရာအားလုံးကခြင့္လႊတ္ခ်င္စရာပါ။
မခ်စ္တဲ့သူအတြက္ကေတာ့ ဘာလုပ္လုပ္အျပစ္ေတြျမင္ေနမွာပါပဲ။
ဒါေၾကာင့္ သင့္ကိုခ်စ္တယ္လို႔ေျပာၿပီး သင့္ရဲ႕ေကာင္းကြက္ေတြကိုမျမင္ဘဲ
အျပစ္ေတြပဲျမင္ေနတဲ့သူအတြက္ ခံစားေနမယ္ဆိုရင္ မတန္ပါဘူး။
(၃) ဘာလုပ္လုပ္ မတိုင္ပင္ဘူး
လူတစ္ေယာက္ကတကယ္ခ်စ္မိသြားၿပီဆိုရင္
ဘာပဲလုပ္လုပ္သူခ်စ္တဲ့သူကိုတိုင္ပင္ခ်င္တယ္၊
ခ်စ္တဲ့သူရဲ႕အျမင္ကိုသိခ်င္တယ္၊
ခ်စ္တဲ့သူရဲ႕ေထာက္ခံအားေပးမႈကိုလိုခ်င္ပါတယ္။
ဒါေၾကာင့္ သင့္ကိုတကယ္ခ်စ္တယ္၊
ဂ႐ုစိုက္တယ္ဆိုရင္ သင့္ကိုအၿမဲတိုင္ပင္ပါလိမ့္မယ္။
ဘာပဲလုပ္လုပ္မတိုင္ပင္ဘူး၊
သင့္ကိုမသိေတာင္မေပးဘူးဆိုရင္ေတာ့
သူဟာသင့္ကို ဂ႐ုလည္းမစိုက္သလို ခ်စ္လည္းမခ်စ္ပါဘူး။
(၄) သင္ေပ်ာ္႐ႊင္ေအာင္မလုပ္ေပးဘူး
ခ်စ္မိသြားတဲ့သူတစ္ေယာက္က သူခ်စ္ရတဲ့သူေပ်ာ္႐ႊင္ဖို႔ စဥ္းစားေပးတယ္၊
ခ်စ္ရသူေပ်ာ္႐ႊင္ေအာင္ ဘာလုပ္ေပးရမလဲ အၿမဲေတြးေပးတယ္။
သူ႕ဘက္က သင္ေပ်ာ္တာမေပ်ာ္တာေတြစိတ္မဝင္စားဘူး၊
သင္ေပ်ာ္ေအာင္လည္း တစ္ခါမွ မလုပ္ေပးဖူးဘူးဆိုရင္ေတာ့
သင့္ကိုခ်စ္တယ္ဆိုတာ အလိမ္အညာေတြပဲျဖစ္ပါလိမ့္မယ္။
(၅) သင္အဆင္ေျပ၊မေျပ စိတ္မဝင္စားဘူး
ဘယ္သူမဆို ကိုယ္ခ်စ္တဲ့သူကို အဆင္ေျပေပ်ာ္႐ႊင္ေနတာကိုပဲျမင္ခ်င္ၾကၿပီး
သူ႕တစ္ေန႔တာကို ဘယ္လိုျဖတ္သန္းလဲ၊
တစ္ေန႔တာမွာ ဘာေတြျဖစ္ခဲ့လဲ၊
ဘယ္လိုစိတ္ညစ္စရာေတြနဲ႔ၾကဳံေနလဲ စသျဖင့္ ေတြးေပးတတ္ပါတယ္။
တကယ္လို႔ သင္အဆင္ေျပ၊မေျပစိတ္မဝင္စားဘူး၊
အဆင္ေျပရဲ႕လားလို႔ေတာင္မေမးဘူး၊
သင္ရင္ဖြင့္တာေတြကိုလည္း
ဘယ္ေတာ့မွနားမေထာင္တတ္ဘူးဆိုရင္ေတာ့ သူဟာ သင့္ကိုမခ်စ္ပါဘူး။
(၆) တျခားမိန္းမေတြနဲ႔ေရာတယ္
ဘယ္ေလာက္ပဲ႐ႈပ္ေပြတဲ့ေယာက်ာ္းတစ္ေယာက္ျဖစ္ပါေစ။
သူတကယ္ခ်စ္တဲ့သူနဲ႔ေတြ႕တဲ့အခါ
သူခ်စ္တဲ့သူကသူ႕ကိုလူ႐ႈပ္၊လူေပြတစ္ေယာက္လို႔
ျမင္သြားမွာကိုစိုးရိမ္ၿပီး အေနအထိုင္ဆင္ျခင္တတ္ပါတယ္။
ကိုယ္ခ်စ္တဲ့သူအေ႐ွ႕မွာမေျပာနဲ႔ ကြယ္ရာမွာေတာင္
တျခားမိန္းမေတြနဲ႔ေရာတာမ်ိဳးမလုပ္ဘဲ ေစာင့္ထိန္းတတ္ပါတယ္။
သင့္ကို ခ်စ္ပါတယ္လို႔ေျပာေနၿပီး သင့္အေ႐ွ႕မွာေတာင္တျခားမိန္းမေတြနဲ
႔ေရာေႏွာေနတယ္ဆိုရင္ေတာ့ သူဟာ သင့္ကိုဂ႐ုမစိုက္ဘူးဆိုတာ ေပၚလြင္ေနပါၿပီ။
Credit
Unicode
ပါးစပ်ကနေပဲချစ်ပြပြီးတကယ်မချစ်တဲ့ယောက်ျားတွေရဲ့ အမူအကျင့်များ
ချစ်သူတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဂရုစိုက်၊နွေးထွေးကြပါတယ်။
ပါးစပ်ကနေချစ်တယ်လို့ တဖွဖွပြောနေပြီး
လက်တွေ့မှာ ဂရုမစိုက်တာဟာ တကယ်မချစ်လို့ဆိုတာပြောစရာတောင်မလိုပါဘူး။
သင့်ကိုသင့်ရဲ့ချစ်သူက ပါးစပ်ကနေပဲချစ်ပြနေပြီး တကယ်မချစ်ဘူး၊
သင်နဲ့ပတ်သက်တာတွေကို ဂရုမစိုက်ဘူးဆိုတာ ဒီအချက်တွေက သက်သေပါပဲ။
(၁) သင့်အတွက်အချိန်မပေးဘူး
ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်က
ဘယ်လောက်ပဲအလုပ်များများ ကိုယ့်အတွက်အချိန်ပေးဖို့ကြိုးစားပါတယ်၊
အချိန်လည်းပေးနိုင်ပါတယ်။
အချိန်မရှိဘူး၊ မအားဘူး၊ အလုပ်တွေများနေတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ တကယ်မချစ်တဲ့သူ၊
သူတို့ဂရုမစိုက်တဲ့သူတွေကို ပေးတတ်တဲ့ဆင်ခြေပါ။
တကယ်ချစ်တဲ့သူဟာ သူချစ်တဲ့သူအတွက် လိုလိုလားလားကို အချိန်ပေးတတ်ကြပါတယ်။
(၂) အရာအားလုံးအတွက်သင့်ကိုအပြစ်တင်တတ်တယ်
ချစ်တဲ့စိတ်နဲ့ကြည့်ရင် အပြစ်ရယ်လို့ မမြင်ဘဲ အရာအားလုံးကခွင့်လွှတ်ချင်စရာပါ။
မချစ်တဲ့သူအတွက်ကတော့ ဘာလုပ်လုပ်အပြစ်တွေမြင်နေမှာပါပဲ။
ဒါကြောင့် သင့်ကိုချစ်တယ်လို့ပြောပြီး သင့်ရဲ့ကောင်းကွက်တွေကိုမမြင်ဘဲ
အပြစ်တွေပဲမြင်နေတဲ့သူအတွက် ခံစားနေမယ်ဆိုရင် မတန်ပါဘူး။
(၃) ဘာလုပ်လုပ် မတိုင်ပင်ဘူး
လူတစ်ယောက်ကတကယ်ချစ်မိသွားပြီဆိုရင်
ဘာပဲလုပ်လုပ်သူချစ်တဲ့သူကိုတိုင်ပင်ချင်တယ်၊
ချစ်တဲ့သူရဲ့အမြင်ကိုသိချင်တယ်၊
ချစ်တဲ့သူရဲ့ထောက်ခံအားပေးမှုကိုလိုချင်ပါတယ်။
ဒါကြောင့် သင့်ကိုတကယ်ချစ်တယ်၊
ဂရုစိုက်တယ်ဆိုရင် သင့်ကိုအမြဲတိုင်ပင်ပါလိမ့်မယ်။
ဘာပဲလုပ်လုပ်မတိုင်ပင်ဘူး၊
သင့်ကိုမသိတောင်မပေးဘူးဆိုရင်တော့
သူဟာသင့်ကို ဂရုလည်းမစိုက်သလို ချစ်လည်းမချစ်ပါဘူး။
(၄) သင်ပျော်ရွှင်အောင်မလုပ်ပေးဘူး
ချစ်မိသွားတဲ့သူတစ်ယောက်က သူချစ်ရတဲ့သူပျော်ရွှင်ဖို့ စဉ်းစားပေးတယ်၊
ချစ်ရသူပျော်ရွှင်အောင် ဘာလုပ်ပေးရမလဲ အမြဲတွေးပေးတယ်။
သူ့ဘက်က သင်ပျော်တာမပျော်တာတွေစိတ်မဝင်စားဘူး၊
သင်ပျော်အောင်လည်း တစ်ခါမှ မလုပ်ပေးဖူးဘူးဆိုရင်တော့
သင့်ကိုချစ်တယ်ဆိုတာ အလိမ်အညာတွေပဲဖြစ်ပါလိမ့်မယ်။
(၅) သင်အဆင်ပြေ၊မပြေ စိတ်မဝင်စားဘူး
ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို အဆင်ပြေပျော်ရွှင်နေတာကိုပဲမြင်ချင်ကြပြီး
သူ့တစ်နေ့တာကို ဘယ်လိုဖြတ်သန်းလဲ၊
တစ်နေ့တာမှာ ဘာတွေဖြစ်ခဲ့လဲ၊
ဘယ်လိုစိတ်ညစ်စရာတွေနဲ့ကြုံနေလဲ စသဖြင့် တွေးပေးတတ်ပါတယ်။
တကယ်လို့ သင်အဆင်ပြေ၊မပြေစိတ်မဝင်စားဘူး၊
အဆင်ပြေရဲ့လားလို့တောင်မမေးဘူး၊
သင်ရင်ဖွင့်တာတွေကိုလည်း
ဘယ်တော့မှနားမထောင်တတ်ဘူးဆိုရင်တော့ သူဟာ သင့်ကိုမချစ်ပါဘူး။
(၆) တခြားမိန်းမတွေနဲ့ရောတယ်
ဘယ်လောက်ပဲရှုပ်ပွေတဲ့ယောက်ျားတစ်ယောက်ဖြစ်ပါစေ။
သူတကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အခါ
သူချစ်တဲ့သူကသူ့ကိုလူရှုပ်၊လူပွေတစ်ယောက်လို့
မြင်သွားမှာကိုစိုးရိမ်ပြီး အနေအထိုင်ဆင်ခြင်တတ်ပါတယ်။
ကိုယ်ချစ်တဲ့သူအရှေ့မှာမပြောနဲ့ ကွယ်ရာမှာတောင်
တခြားမိန်းမတွေနဲ့ရောတာမျိုးမလုပ်ဘဲ စောင့်ထိန်းတတ်ပါတယ်။
သင့်ကို ချစ်ပါတယ်လို့ပြောနေပြီး သင့်အရှေ့မှာတောင်တခြားမိန်းမတွေနဲ
့ရောနှောနေတယ်ဆိုရင်တော့ သူဟာ သင့်ကိုဂရုမစိုက်ဘူးဆိုတာ ပေါ်လွင်နေပါပြီ။
Credit