Love

ပိုတိုးလို႔ခ်စ္ၾကည့္ပါ

ပိုတိုးလို႔ခ်စ္ၾကည့္ပါ

လူ႕ဘဝသက္တမ္းကတိုတိုေလးမို႔ခ်စ္ခ်စ္

ခင္ခင္ပဲေနခ်င္ပါတယ္ မိသားစုေဆြမ်ိ ုးေတြ

နဲ႔ေပါ့ ေနာင္တမရခ်င္လို႔ေလ

ကြၽန္ေတာ္တို႔ခ်စ္တဲ့သူေတြ

တစ္ေန႔ေတာ့ေသဆုံးရလိမ့္မယ္ ။

အေမသာ ေသသြားရင္

အေဖသာေသသြားရင္

ဇနီးသာေသသြားရင္

ေမာင္ေလးသာ ေသသြားရင္

ညီမေလးသာ ေသသြားရင္

စသည္ျဖင့္

ကိုယ္ ခ်စ္တဲ့သူေတြကြယ္လြန္သြားမွာကို

ကြၽန္ေတာ္တို႔ ေတြးမိတိုင္း

အပူႀကီးပူပန္တတ္ၾကပါတယ္။

ဒါေပမဲ့ စိတ္ပူေနတိုင္း ေၾကာက္ေနတိုင္း

လူတစ္ေယာက္ရဲ႕ ေသဖို႔ပါတဲ့

ကံတရားကို တားဆီးလို႔မရႏိုင္ပါ။

မနက္ျဖန္ ဘာျဖစ္မယ္ဆိုတာ

ဘယ္သူ မွအတပ္မေျပာႏိုင္ပါ။

Expired Date လို႔ေခၚတဲ့ကြၽန္ေတာ္တို႔ ရဲ႕

သက္တမ္း ကုန္ဆုံး ရက္ဟာ ေနာက္ထပ္

တစ္ပတ္ပဲက်န္ေတာ့တာျဖစ္ႏိုင္သလို

အႏွစ္၃၀ေလာက္မွ

ေရာက္လာတာမ်ိဳးလဲျဖစ္ႏိုင္ပါတယ္။

ကြၽန္ေတာ္တို႔ခ်စ္တဲ့သူေတြ

အရင္ေသတာျဖစ္ႏိုင္သလို

ကိုယ္က သူတို႔ထက္

အရင္ ေသသြားတာမ်ိဳး လည္း

ျဖစ္ႏိုင္တာပဲေလ။

မသိႏိုင္တဲ့အရာတစ္ခုကို ကႀကိဳေတြးၿပီး

ေၾကာက္လန္႔့စိတ္ပူေနမဲ့အစား

အသက္႐ွင္ က်န္းမာလ်က္

အတူတူ ႐ွိေနခိုက္မွာ ပိုခ်စ္ဖို႔လိုပါတယ္။

အေမ့ဆီ ဖုံးမဆက္မိတာၾကာၿပီလား

ခုပဲဆက္လိုက္ပါ

အဖိုးအဖြား အိမ္မေရာက္တာၾကာၿပီလား

ခုပဲသြားေတြ႕လိုက္ပါ။

ေမာင္ႏွမအခ်င္းခ်င္း

ကေတာက္ကဆျဖစ္ထားလား

ခုပဲျပန္ေခၚ လိုက္ပါ။

ဒီတစ္ႀကိမ္ေတြ႕လိုက္ရတာ

စကားေျပာလိုက္ရတာ

ႏႈတ္ဆက္လိုက္ရတာ

ရယ္ေမာလိုက္ရတာ

ဒီဘဝအတြက္

ေနာက္ဆုံးလည္း ျဖစ္ႏိုင္ပါတယ္။

ခ်စ္သူကို နမ္းတဲ့အခါ ေပြ႕ဖက္တဲ့အခါ

ဒါေနာက္ဆုံးျဖစ္ႏိုင္ပါလားလို႔

သေဘာထားၿပီး ေထြးေပြ႕နမ္းေမႊးပါ။

မၾကာခင္ သူ႕ကို ဆုံး႐ႈံးရေတာ့မွာပါလား

ဆိုတဲ့စိတ္မ်ိဳးနဲ႔

အစြမ္းကုန္ခ်စ္လိုက္ပါ ဖက္လိုက္ပါ။

ကိုယ္ခ်စ္ရသူေတြနဲ႔အတူ႐ွိေနရတဲ့ဘဝက

ဘယ္ေလာက္ေတာင္ကံေကာင္းလိုက္သလဲလို႔

စဥ္းစားမိပါေစတဲ့။

တစ္ခါတစ္ေလ အိမ္မွာ

မိသားစုတြင္းမွာ ခ်စ္သူေတြၾကားမွာ

အဆင္မေျပတာေတြ

တစ္ေယာက္နဲ႔တစ္ေယာက္

ဘာမဟုတ္တာေလးနဲ႔

စိတ္အခန္႔မသင့္ျဖစ္ၾကတာေတြ

ကပ္သပ္ေနတာေတြ

စကားအႏိုင္လုေျပာေနတာေတြ

စိတ္နာေအာင္ ေျပာေနၾကတာေတြကို

႐ွိတတ္ပါတယ္။

အဲဒါေတြကို အခ်ိန္မွီရပ္လိုက္ပါ။

ဘာျဖစ္လို႔လဲ ဆိုရင္

ကြၽန္ေတာ္တို႔မွာ အခ်ိန္ဘယ္ေလာက္

က်န္ေသးသလဲဆိုတာ

ဘယ္သူမွကို မသိႏိုင္ၾကလို႔ပါ။

တစ္ေယာက္ထဲ

ရပ္မတည္နိုင္တဲ့ လူ ့ဘဝ

ခ်စ္သူခင္သူေတြဝန္းရံေနမွ

လုံျခဴံေႏြးေထြးတဲ့ လူ႕ဘဝမွာ

ဆက္ဆံေရးဆိုတာဟာ အေရးအႀကီးဆုံးပါ။

ကြၽန္ေတာ္ ကိုယ္တိုင္ အပါအဝင္

ကြၽန္ေတာ္တို႔ခ်စ္သူေတြလည္း

ဘယ္ေတာ့မွန္းမသိတဲ့ တစ္ေန႔မွာေတာ့

ေသဆုံးၾကရလိမ့္မယ္ဆိုတာ သိထားရင္

သူတို႔နဲ႔ရန္ျဖစ္ခ်င္ေတာ့မွာ မဟုတ္ပါဘူး။

အခ်င္းခ်င္း ပိုလို႔ခ်စ္ႏိုင္ၾကပါေစ။

Credit

Unicode

ပိုတိုးလို့ချစ်ကြည့်ပါ

လူ့ဘဝသက်တမ်းကတိုတိုလေးမို့ချစ်ချစ်

ခင်ခင်ပဲနေချင်ပါတယ် မိသားစုဆွေမျိုးတွေ

နဲ့ပေါ့ နောင်တမရချင်လို့လေ

ကျွန်တော်တို့ချစ်တဲ့သူတွေ

တစ်နေ့တော့သေဆုံးရလိမ့်မယ် ။

အမေသာ သေသွားရင်…..

အဖေသာသေသွားရင်….

ဇနီးသာသေသွားရင်…..

မောင်လေးသာ သေသွားရင်

ညီမလေးသာ သေသွားရင်…..

စသည်ဖြင့်……

ကိုယ် ချစ်တဲ့သူတွေကွယ်လွန်သွားမှာကို

ကျွန်တော်တို့ တွေးမိတိုင်း

အပူကြီးပူပန်တတ်ကြပါတယ်။

ဒါပေမဲ့ စိတ်ပူနေတိုင်း ကြောက်နေတိုင်း

လူတစ်ယောက်ရဲ့ သေဖို့ပါတဲ့

ကံတရားကို တားဆီးလို့မရနိုင်ပါ။

မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ

ဘယ်သူ မှအတပ်မပြောနိုင်ပါ။

Expired Date လို့ခေါ်တဲ့ကျွန်တော်တို့ ရဲ့

သက်တမ်း ကုန်ဆုံး ရက်ဟာ နောက်ထပ်

တစ်ပတ်ပဲကျန်တော့တာဖြစ်နိုင်သလို

အနှစ်၃၀လောက်မှ

ရောက်လာတာမျိုးလဲဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့ချစ်တဲ့သူတွေ

အရင်သေတာဖြစ်နိုင်သလို

ကိုယ်က သူတို့ထက်

အရင် သေသွားတာမျိုး လည်း

ဖြစ်နိုင်တာပဲလေ။

မသိနိုင်တဲ့အရာတစ်ခုကို ကကြိုတွေးပြီး

ကြောက်လန့့်စိတ်ပူနေမဲ့အစား

အသက်ရှင် ကျန်းမာလျက်

အတူတူ ရှိနေခိုက်မှာ ပိုချစ်ဖို့လိုပါတယ်။

အမေ့ဆီ ဖုံးမဆက်မိတာကြာပြီလား

ခုပဲဆက်လိုက်ပါ

အဖိုးအဖွား အိမ်မရောက်တာကြာပြီလား

ခုပဲသွားတွေ့လိုက်ပါ။

မောင်နှမအချင်းချင်း

ကတောက်ကဆဖြစ်ထားလား

ခုပဲပြန်ခေါ် လိုက်ပါ။

ဒီတစ်ကြိမ်တွေ့လိုက်ရတာ

စကားပြောလိုက်ရတာ

နှုတ်ဆက်လိုက်ရတာ

ရယ်မောလိုက်ရတာ

ဒီဘဝအတွက်

နောက်ဆုံးလည်း ဖြစ်နိုင်ပါတယ်။

ချစ်သူကို နမ်းတဲ့အခါ ပွေ့ဖက်တဲ့အခါ

ဒါနောက်ဆုံးဖြစ်နိုင်ပါလားလို့

သဘောထားပြီး ထွေးပွေ့နမ်းမွှေးပါ။

မကြာခင် သူ့ကို ဆုံးရှုံးရတော့မှာပါလား

ဆိုတဲ့စိတ်မျိုးနဲ့

အစွမ်းကုန်ချစ်လိုက်ပါ ဖက်လိုက်ပါ။

ကိုယ်ချစ်ရသူတွေနဲ့အတူရှိနေရတဲ့ဘဝက

ဘယ်လောက်တောင်ကံကောင်းလိုက်သလဲလို့

စဉ်းစားမိပါစေတဲ့။

တစ်ခါတစ်လေ အိမ်မှာ

မိသားစုတွင်းမှာ ချစ်သူတွေကြားမှာ

အဆင်မပြေတာတွေ

တစ်ယောက်နဲ့တစ်ယောက်

ဘာမဟုတ်တာလေးနဲ့

စိတ်အခန့်မသင့်ဖြစ်ကြတာတွေ….

ကပ်သပ်နေတာတွေ…..

စကားအနိုင်လုပြောနေတာတွေ…..

စိတ်နာအောင် ပြောနေကြတာတွေကို

ရှိတတ်ပါတယ်။

အဲဒါတွေကို အချိန်မှီရပ်လိုက်ပါ။

ဘာဖြစ်လို့လဲ ဆိုရင်

ကျွန်တော်တို့မှာ အချိန်ဘယ်လောက်

ကျန်သေးသလဲဆိုတာ

ဘယ်သူမှကို မသိနိုင်ကြလို့ပါ။

တစ်ယောက်ထဲ

ရပ်မတည်နိုင်တဲ့ လူ့ဘဝ

ချစ်သူခင်သူတွေဝန်းရံနေမှ

လုံခြူံနွေးထွေးတဲ့ လူ့ဘဝမှာ

ဆက်ဆံရေးဆိုတာဟာ အရေးအကြီးဆုံးပါ။

ကျွန်တော် ကိုယ်တိုင် အပါအဝင်

ကျွန်တော်တို့ချစ်သူတွေလည်း

ဘယ်တော့မှန်းမသိတဲ့ တစ်နေ့မှာတော့

သေဆုံးကြရလိမ့်မယ်ဆိုတာ သိထားရင်

သူတို့နဲ့ရန်ဖြစ်ချင်တော့မှာ မဟုတ်ပါဘူး။

အချင်းချင်း ပိုလို့ချစ်နိုင်ကြပါစေ။

Credit