Lifestyle
တစ်သက်လုံးပေါင်းသင်း ဆက်ဆံဖို့အတွက် အသင့်တော်ဆုံးဘော်ဒါ(၅)မျိုး
၁။ ကိုယ်အခက်အခဲကြုံတိုင်း မကူညီနိုင်ရင်တောင် နှစ်သိမ့်ပေးနိုင်တဲ့ ဘော်ဒါ
ကိုယ်အခက်အခဲကြုံတိုင်းမှာ ကိုယ့်ကို ဘာမှ မကူညီနိုင်ပေးနိုင်ရင်တောင်မှ စိတ်မကောင်းတွေဖြစ်ပြီး
အတက်နိုင်ဆုံး နှစ်သိမ့်ပေးတဲ့ ဘော်ဒါမျိုးကတော့ ရှားပါတယ်။
များသောအားဖြင့် ဘော်ဒါတွေကို တစ်ခုခု အကူအညီတောင်းတိုင်း မကူညီနိုင်ကြောင်း၊
အဆင်မပြေသေးလို့ ဘာညာပြောပြီး လျှော်ချသွားတဲ့ ဘော်ဒါတွေ အများကြီးပါ။
ဒီလိုမျိုး မကူညီပေးနိုင်ရင်တောင်မှ သင့်ကိုဂရုတစိုက်နဲ့
နှစ်သိမ့်ဆွေးနွေးပေးနိုင်တဲ့ ဘော်ဒါမျိုးကတော့ ရှားပါတယ်။
၂။ ကိုယ်နဲ့အမြဲ သောက်ဖော်သောက်ဖက် ဘော်ဒါ
ဒီလိုမျိုးဘော်ဒါကျပြန်တော့ သောက်ကြစားကြမယ်ဆို ၂ ခါခေါ်စရာတောင်မလိုပါဘူး။
အမြဲလိုလို သောက်စားမယ်ဆို တက်တက်ကြွကြွနဲ့
ကိုယ်နဲ့အတူ လိုက်သောက်ပေးနိုင်တဲ့ ဘော်ဒါမျိုးပါ။
ဒီလိုမျိုးဘော်ဒါကို ပိုင်ဆိုင်ထားရတာလည်း တစ်မျိုးကောင်းပါတယ်။
ဘာကြောင့်လဲဆိုတော့ ကိုယ်ရဲ့ဖြစ်သမျှအကြောင်းအရာတွေကို
အမြဲတမ်းနားထောင်ပေးတတ်တဲ့ မိတ်ဆွေကောင်းတစ်ယောက် ရထားလို့ပါပဲ။
၃။ ကိုယ့်ကိုညီအကိုလို ပေါင်းသင်းတဲ့ ဘော်ဒါ
ဒီဘော်ဒါမျိုးကျတော့ ကိုယ့်ကိုတစ်ကယ့် ညီအကိုစိတ်ဓာတ်နဲ့ ပေါင်းသင်းပေးတဲ့ ဘော်ဒါမျိုးပါ။
အပေါ်ယံသာ ပေါင်းသင်းတတ်ကြတဲ့ ဒီလိုမျိုးခေတ်ကြီးမှာ
သင်ဒီလိုဘော်ဒါမျိုး ပိုင်ဆိုင်ထားရင်တော့ တော်တော်ကံကောင်းပါတယ်။
ဘာကြောင့်လဲဆိုတော့ လောကကြီးမှာ
အပေါ်ယံသာပေါင်းသင်းတတ်တဲ့ ဘော်ဒါတွေ အများကြီး ရှိလို့ပါ။
၄။ ကိုယ်ဆိုးသမျှပေသမျှဒဏ်ကို မငြီးမငြူ ခံတတ်တဲ့ဘော်ဒါ
ဒီဘော်ဒါကျပြန်တော့လည်း ကိုယ်ဘာပဲလုပ်လုပ်
အကောင်းမြင်တတ်ပြီး အနေအေးတဲ့ ဘော်ဒါမျိုးပါ။
ကိုယ်ဆိုးသမျှဒဏ်တွေကိုလည်း ပြုံးပြုံးလေးနဲ့ ခံလေ့ရှိပြီး
ကိုယ့်ကို အပြစ်မမြင်တတ်တဲ့ ဘော်ဒါမျိုးပါ။
ပတ်ဝန်းကျင်က သင့်ကို ဘယ်လောက်ပဲ မကောင်းမြင်ပြီး အတင်းပြောနေပါစေ၊
သင့်ဖက်မှာ အပြည့်အဝရပ်တည်ပေးနိုင်တဲ့ ဘော်ဒါမျိုးပါ။
၅။ ကိုယ်နဲ့အတူအမြဲတမ်း hangout လုပ်ပေးနိုင်တဲ့ ဘော်ဒါ
ဒီဘော်ဒါမျိုးကတော့ တော်တော်များများမှာ ရှိတတ်ပါတယ်။
shopping ထွက်တာတို့၊ မုန့်သွားစားတာတို့၊ club သွားတာတို့ ဘယ်အချိန်
ဘယ်နေရာကိုပဲသွားသွား သင်နဲ့အတူ အမြဲတမ်း hangout လုပ်ပေးနိုင်မယ့် ဘော်ဒါမျိုးပါ။