ေပးဆပ္မႈတိုင္းက အရာမထင္တာ မဟုတ္ဘူး ေပးဆပ္ယုံသပ္သပ္ ဝဋ္ေႂကြးေတြမကုန္ႏိူင္ေသးတာ
ကိုယ္ေပးသမွ် ျပန္မရတိုင္း စိတ္ဓာတ္ေတြ အႀကိမ္ႀကိမ္က်ဖူးၾကမွာပါ။
ဘဝမွာ ဘယ္ေလာက္ထိ ႀကိဳးစား႐ုန္းကန္ေနပါေစ ကိုယ္လိုခ်င္တဲ့ ဆႏၵေတြက ျပည့္လာတယ္လို႔မ႐ွိပါဘူး
ဒါကိုပဲ ေတြးရင္း ငါဘာေၾကာင့္ မတိုးတက္ေသးတာလဲ စသည္ျဖင့္ သင့္ကိုယ္သင္ယုံၾကည္မႈေတြေလ်ာ့နည္းလာပါလိမ့္မယ္။
ဒီအခ်က္က လူတိုင္းခံစားဖူးမွာပါ လူရယ္လို႔ ျဖစ္လာရင္ ရည္႐ြယ္ခ်က္ေတြ
ေမွ်ာ္လင့္ခ်က္ေတြ၊အနာဂတ္ပန္းတိုင္ေတြထား႐ွိၾကပါတယ္။
တစ္ခ်ိဳ႕က ဘဝအတြက္ တစ္ခ်ိဳ႕က မိသားစုအတြက္ ၊တစ္ခ်ိဳ႕က အခ်စ္ေရးအတြက္ ၊
တစ္ခ်ိဳ႕ကအိမ္ေထာင္ေရးအတြက္ ၊တစ္ခ်ိဳ႕က သားသမီးအေရးအတြက္စသည္ျဖင့္
စိတ္ထဲက တစ္ခုခုကို သက္မွတ္ထားတဲ့အေျခအေနထိေရာက္ေအာင္ ႀကိဳးစားေနတတ္ၾကပါတယ္။
သို႔ေပမယ့္ စိတ္ကူးနဲ႔ လက္ေတြ႕ကြာျခားၾကတဲ့အခါ တစ္ခ်ိဳ႕က ကိုယ္လြတ္႐ုန္းၿပီး ေလာကႀကီးထဲက ထြက္သြားၾကတယ္
တစ္ခ်ိဳ႕က ဘဝနဲ႔ရင္းၿပီး သင္ခန္းစာေတြေပြ႕ဖက္ထားၾကတယ္။
ဒီလိုပဲဘဝမွာ မျဖစ္ခ်င္ဘူး ဆိုတဲ့အရာေတြပဲ ခံစားရတယ္လို႔မေတြးပါနဲ႔
အခ်ိန္တန္တဲ့အခါ ကိုယ့္ရည္႐ြယ္ခ်က္ေတြ ျပည့္လာတဲ့ေန႔ဆိုတာ ႐ွိႏိူင္တာပဲေလ။
ဒါေၾကာင့္ ဘယ္ေလာက္ထိ ေပးဆပ္ေနပါေစ အရာမထင္ဘူးလို႔မထင္ပါနဲ႔
ေပးဆပ္ၿပီးရင္ ရယူပိုင္ဆိုင္ခြင့္ဆိုတာ ႐ွိလာႏိူင္ပါေသးတယ္
သို႔ေပမယ့္ အခ်ိန္အတိုင္းအတာ တစ္ခုထိေတာ့ ေပးဆပ္ေနရမယ္ဆိုတာမေမ့ပါနဲ႔။
သင္ႏွင့္အတူ ကြၽန္ပ္လည္း ေအာင္ျမင္မႈအတြက္ ပင္စည္အနာခံၿပီး အျမစ္ခိုင္ေအာင္ ႀကိဳးစားထိုးေဖာက္ေနေသာ သစ္ပင္ေလးတစ္ပင္ပါပဲ။
May Hsu (ရာမညေျမ)
Unicode
ပေးဆပ်မှုတိုင်းက အရာမထင်တာ မဟုတ်ဘူး ပေးဆပ်ယုံသပ်သပ် ဝဋ်ကြွေးတွေမကုန်နိူင်သေးတာ
ကိုယ်ပေးသမျှ ပြန်မရတိုင်း စိတ်ဓာတ်တွေ အကြိမ်ကြိမ်ကျဖူးကြမှာပါ။
ဘဝမှာ ဘယ်လောက်ထိ ကြိုးစားရုန်းကန်နေပါစေ ကိုယ်လိုချင်တဲ့ ဆန္ဒတွေက ပြည့်လာတယ်လို့မရှိပါဘူး
ဒါကိုပဲ တွေးရင်း ငါဘာကြောင့် မတိုးတက်သေးတာလဲ စသည်ဖြင့် သင့်ကိုယ်သင်ယုံကြည်မှုတွေလျော့နည်းလာပါလိမ့်မယ်။
ဒီအချက်က လူတိုင်းခံစားဖူးမှာပါ လူရယ်လို့ ဖြစ်လာရင် ရည်ရွယ်ချက်တွေ
မျှော်လင့်ချက်တွေ၊အနာဂတ်ပန်းတိုင်တွေထားရှိကြပါတယ်။
တစ်ချို့က ဘဝအတွက် တစ်ချို့က မိသားစုအတွက် ၊တစ်ချို့က အချစ်ရေးအတွက် ၊
တစ်ချို့ကအိမ်ထောင်ရေးအတွက် ၊တစ်ချို့က သားသမီးအရေးအတွက်စသည်ဖြင့်
စိတ်ထဲက တစ်ခုခုကို သက်မှတ်ထားတဲ့အခြေအနေထိရောက်အောင် ကြိုးစားနေတတ်ကြပါတယ်။
သို့ပေမယ့် စိတ်ကူးနဲ့ လက်တွေ့ကွာခြားကြတဲ့အခါ တစ်ချို့က ကိုယ်လွတ်ရုန်းပြီး လောကကြီးထဲက ထွက်သွားကြတယ်
တစ်ချို့က ဘဝနဲ့ရင်းပြီး သင်ခန်းစာတွေပွေ့ဖက်ထားကြတယ်။
ဒီလိုပဲဘဝမှာ မဖြစ်ချင်ဘူး ဆိုတဲ့အရာတွေပဲ ခံစားရတယ်လို့မတွေးပါနဲ့
အချိန်တန်တဲ့အခါ ကိုယ့်ရည်ရွယ်ချက်တွေ ပြည့်လာတဲ့နေ့ဆိုတာ ရှိနိူင်တာပဲလေ။
ဒါကြောင့် ဘယ်လောက်ထိ ပေးဆပ်နေပါစေ အရာမထင်ဘူးလို့မထင်ပါနဲ့
ပေးဆပ်ပြီးရင် ရယူပိုင်ဆိုင်ခွင့်ဆိုတာ ရှိလာနိူင်ပါသေးတယ်
သို့ပေမယ့် အချိန်အတိုင်းအတာ တစ်ခုထိတော့ ပေးဆပ်နေရမယ်ဆိုတာမမေ့ပါနဲ့။
သင်နှင့်အတူ ကျွန်ပ်လည်း အောင်မြင်မှုအတွက် ပင်စည်အနာခံပြီး အမြစ်ခိုင်အောင် ကြိုးစားထိုးဖောက်နေသော သစ်ပင်လေးတစ်ပင်ပါပဲ။
May Hsu (ရာမညမြေ)