ခ်စ္တယ္ဆိုတာထက္ပိုတဲ့ျမတ္ႏိုးမႈနဲ႔ကိုယ္တို႔တြဲခဲ့ၾကတာ
ခ်စ္တယ္ဆိုတာထက္ပိုတဲ့ျမတ္ႏိုးမႈနဲ႔ကိုယ္တို႔တြဲခဲ့ၾကတာ။
အခ်ိန္ၾကာေတာ့ ေအးစက္စက္ ဆက္ဆံေရးက ျဖစ္တတ္တဲ့သေဘာလား။
ခ်စ္ျခင္းဟာ ပူေလာင္တတ္ပါရဲ႕ႏွင့္
အပူခံ ဆုပ္ကိုင္ထားမိတာဟာဆုံး႐ႈံးရမွာကို ေၾကာက္လို႔ေပါ့။
ဆန္က်င္ဘက္ ခံစားခ်က္ေတြဟာႏွလုံးသားကို
နာက်င္ရတာထက္ပိုပါတယ္။
ဘဝတခုလုံးကိုပါ ပ်င္းရိေခ်ာက္ေသြ႕ေစခဲ့တာ။
အားအင္ေတြကုန္ခမ္းေစလိုက္တာ။
ဒဏ္ရာမဲ့ အနာေတြက ေသြးစိမ္းေတြစီးက်ေစခဲ့တာ။
ဘယ္ကေန ဘယ္လိုစရမယ္ဆိုတဲ့ လမ္းစကိုပါ
ေပ်ာက္ပ်က္သြားႏိုင္တာမ်ိဳး။ ႐ိုက္ႏွက္တာထက္ ပိုနာက်င္ရပါတယ္။
ဘာေျပာေျပာ ၊ဘာျဖစ္ျဖစ္မ်က္ေတာင္ကိုပုတ္ခတ္
ေမးကိုတခ်က္ကိုက္ မ်က္ရည္စကိုသိမ္းဆည္းရင္း ကိုယ္ဆက္ခ်စ္ေနမိအုံးမွာ။
လက္မလြတ္ႏိုင္ေသးဘူး။ဘာလို႔လဲ..မင္းသိလား။
မင္းကို ခ်စ္ေနရတာကိုက..ေက်နပ္ေနရလို႔။
Credit
Unicode
ချစ်တယ်ဆိုတာထက်ပိုတဲ့မြတ်နိုးမှုနဲ့ကိုယ်တို့တွဲခဲ့ကြတာ
ချစ်တယ်ဆိုတာထက်ပိုတဲ့မြတ်နိုးမှုနဲ့ကိုယ်တို့တွဲခဲ့ကြတာ။
အချိန်ကြာတော့ အေးစက်စက် ဆက်ဆံရေးက ဖြစ်တတ်တဲ့သဘောလား။
ချစ်ခြင်းဟာ ပူလောင်တတ်ပါရဲ့နှင့်
အပူခံ ဆုပ်ကိုင်ထားမိတာဟာဆုံးရှုံးရမှာကို ကြောက်လို့ပေါ့။
ဆန်ကျင်ဘက် ခံစားချက်တွေဟာနှလုံးသားကို
နာကျင်ရတာထက်ပိုပါတယ်။
ဘဝတခုလုံးကိုပါ ပျင်းရိချောက်သွေ့စေခဲ့တာ။
အားအင်တွေကုန်ခမ်းစေလိုက်တာ။
ဒဏ်ရာမဲ့ အနာတွေက သွေးစိမ်းတွေစီးကျစေခဲ့တာ။
ဘယ်ကနေ ဘယ်လိုစရမယ်ဆိုတဲ့ လမ်းစကိုပါ
ပျောက်ပျက်သွားနိုင်တာမျိုး။ ရိုက်နှက်တာထက် ပိုနာကျင်ရပါတယ်။
ဘာပြောပြော ၊ဘာဖြစ်ဖြစ်မျက်တောင်ကိုပုတ်ခတ်
မေးကိုတချက်ကိုက် မျက်ရည်စကိုသိမ်းဆည်းရင်း ကိုယ်ဆက်ချစ်နေမိအုံးမှာ။
လက်မလွတ်နိုင်သေးဘူး။ဘာလို့လဲ..မင်းသိလား။
မင်းကို ချစ်နေရတာကိုက..ကျေနပ်နေရလို့။
Credit