Love

ဒုကၡေတြျဖစ္တဲ့အခါ ဘယ္သူ႕လက္ကို ေျပးဆြဲရမလဲ

ဒုကၡေတြျဖစ္တဲ့အခါ ဘယ္သူ႕လက္ကို ေျပးဆြဲရမလဲ

အမွန္အတိုင္း ဝန္ခံရရင္ ဘယ္သူ႕လက္ကိုမွ ေျပးမျမင္မိဘူး …။

ကိုယ့္ကို လိုတဲ့အခ်ိန္မွာ လူတိုင္းသတိရၾကတယ္။

အကူအညီတစ္ခုခုေတာင္းဖို႔ပဲ ျဖစ္ျဖစ္ အဆင္မေျပၾကတဲ့အခါပဲ ျဖစ္ျဖစ္ေပါ့ …။

ဒါေပမယ့္ ကိုယ္အဆင္မေျပတဲ့အခါ

ဘယ္သူ႕လက္ကို ေျပးဆြဲရမလဲ ကိုယ္ကိုယ္တိုင္မသိဘူး။

အကူအညီေတာင္းဖို႔ မဟုတ္ပါဘူး …။

ရင္ဖြင့္ဖို႔ေလး သက္သက္ကိုေတာင္ ဘယ္နားကမွ အလုပ္မအားၾကဘူး။

ကိုယ္ေျပာခ်င္တဲ့ စကားေတြ ကိုယ္ကိုယ္တိုင္ ၿမိဳခ်ပစ္လိုက္ရပါတယ္ …။

ဒုကၡေတြျဖစ္တဲ့အခါ ဘယ္သူ႔လက္ကိုမွ ဆြဲဖို႔ ေျပးမျမင္မိဘူး။

ကိုယ့္သာလွ်င္ ကိုယ့္ဘဝရဲ႕ ပဲ့ကိုင္႐ွင္ပါ …။

ကိုယ္ကိုယ္တိုင္ပဲ လမ္းျပရတယ္။

ၿပီးေတာ့ ကိုယ္ကိုယ္တိုင္ပဲ ဆက္ေလွ်ာက္ရတယ္ …။

နားခိုစရာဆိုလို႔ ကိုယ့္လက္ေမာင္းေပၚကိုယ္

ေခါင္းအုံးအိပ္ခဲ့ရတဲ့အခ်ိန္ေတြပဲ ေတြ႕ပါတယ္ …။

ေမြးကတည္းက တစ္ေယာက္တည္းပဲေလ ၊

အခုတစ္ေယာက္တည္း ႐ွိေတာ့ေကာ ဘာမ်ား ဆက္ၿပီး ေျပာင္းလဲသြားမွာမို႔လဲ …၊

ဝမ္းနည္းစရာေတြ ၾကဳံလာတဲ့အခါ အားေပးတတ္တယ္ ကိုယ္႐ွိတယ္ …။

လဲက် သြားတဲ့အခါ ကိုယ္ကိုယ္တိုင္ ကုန္းထတတ္တဲ့ လက္တစ္စုံ႐ွိတယ္ …။

ခလုတ္ေတြ အတိုက္ခံရတဲ့ ျပန္ၿပီး

ဆက္ေလွ်ာက္တတ္တဲ့ ေျခေထာက္ေတြလည္း ႐ွိတယ္ …။

ကိုယ့္အနားမွာ ကိုယ္႐ွိတယ္ဆိုတဲ့ အသိနဲ႔

ကိုယ္ရဲ႕ရပ္တည္မႈတိုင္းမွာ ကိုယ္ကိုယ္တိုင္နဲ႔ပဲ အေဖာ္ျပဳတယ္ …။

ကြၽန္ေတာ္ ဘယ္သူ႕လက္ကို ေျပးဆြဲရမလဲဆိုတဲ့ ေမးခြန္းေတြ မေမးျဖစ္ေတာ့ဘူး။

အကူအညီလိုတဲ့အခါ ေျပးလာတတ္တဲ့ လူေတြအေပၚလည္း ေစသနာမပ်က္ေတာ့ဘူး …။

ကိုယ္ေပးႏိုင္တဲ့အရာ အေကာင္းဆုံး ျဖစ္မယ္ဆိုတဲ့အရာကို

လိပ္ျပာသန္႔သန္႔ ေစတနာသန္႔သန္႔နဲ႔သာ ေပးပါတယ္ …။

ကိုယ္ ဒုကၡေတြ ျဖစ္လာတဲ့အခါ ဘယ္သူ႕ကို အျပစ္တင္မေနေတာ့ဘူး

ကိုယ္ညံ့လို႔ ကိုယ္ခံရတယ္လို႔ပဲ မွတ္ပါတယ္ …။

ဘယ္သူမ်ားလာကူမလဲဆိုတဲ့ ကေလးအေတြးေတြနဲ႔လဲ မေမွ်ာ္ျဖစ္ေတာ့ဘူး။

ကိုယ္သာလွ်င္ ကိုယ့္ဘဝရဲ႕ ပဲ့ကိုင္႐ွင္ပဲေလ …။

တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ေရာက္ရင္ တကယ့္နားခိုရာကို

ေတြ႕မွာပါဆိုတဲ့ပုံျပင္ေတြကို မယုံၾကည္ေတာ့ဘူး …။

မအားလို႔ပါဆိုတဲ့ စကားေတြကို ေနသားက်တဲ့ထိ

သုံးသြားၾကတဲ့ မိတ္ေဆြေတြကိုလဲ ေက်းဇူးတင္ပါတယ္၊

ဒုကၡေတြအလယ္ တြန္းခ်ခဲ့တဲ့ ရန္သူေတြကိုလဲ ေက်းဇူးတင္ပါတယ္ …၊

ရင့္က်က္လာမႈဆိုတာထက္ အရင္တုန္းကေလာက္ အသည္းမငယ္ေတာ့တာလို႔ ေျပာရင္ မွန္မယ္ …။

ဒုကၡေတြ ၾကဳံလာတဲ့အခါ

ကြၽန္ေတာ္ ဘယ္သူ႕လက္ကို ေျပးဆြဲရမလဲ ဆိုတဲ့ အေတြးေတြ ဆက္ၿပီး မေတြးေတာ့ဘူး။

ကိုယ္ညံ့လို႔ ကိုယ္ခံရတာေတြအတြက္ သင္ခန္းစာပဲ ယူပါတယ္။

ေနာက္တစ္ခါ ဒီ့ထက္ပိုျပီး ဆင္ျခင္ႏိုင္ေအာင္ေပါ့ …။ ။

Unicode

ဒုက္ခတွေဖြစ်တဲ့အခါ ဘယ်သူ့လက်ကို ပြေးဆွဲရမလဲ

အမှန်အတိုင်း ဝန်ခံရရင် ဘယ်သူ့လက်ကိုမှ ပြေးမမြင်မိဘူး …။

ကိုယ့်ကို လိုတဲ့အချိန်မှာ လူတိုင်းသတိရကြတယ်။

အကူအညီတစ်ခုခုတောင်းဖို့ပဲ ဖြစ်ဖြစ် အဆင်မပြေကြတဲ့အခါပဲ ဖြစ်ဖြစ်ပေါ့ …။

ဒါပေမယ့် ကိုယ်အဆင်မပြေတဲ့အခါ

ဘယ်သူ့လက်ကို ပြေးဆွဲရမလဲ ကိုယ်ကိုယ်တိုင်မသိဘူး။

အကူအညီတောင်းဖို့ မဟုတ်ပါဘူး …။

ရင်ဖွင့်ဖို့လေး သက်သက်ကိုတောင် ဘယ်နားကမှ အလုပ်မအားကြဘူး။

ကိုယ်ပြောချင်တဲ့ စကားတွေ ကိုယ်ကိုယ်တိုင် မြိုချပစ်လိုက်ရပါတယ် …။

ဒုက္ခတွေဖြစ်တဲ့အခါ ဘယ်သူ့လက်ကိုမှ ဆွဲဖို့ ပြေးမမြင်မိဘူး။

ကိုယ့်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပါ …။

ကိုယ်ကိုယ်တိုင်ပဲ လမ်းပြရတယ်။

ပြီးတော့ ကိုယ်ကိုယ်တိုင်ပဲ ဆက်လျှောက်ရတယ် …။

နားခိုစရာဆိုလို့ ကိုယ့်လက်မောင်းပေါ်ကိုယ်

ခေါင်းအုံးအိပ်ခဲ့ရတဲ့အချိန်တွေပဲ တွေ့ပါတယ် …။

မွေးကတည်းက တစ်ယောက်တည်းပဲလေ ၊

အခုတစ်ယောက်တည်း ရှိတော့ကော ဘာများ ဆက်ပြီး ပြောင်းလဲသွားမှာမို့လဲ …၊

ဝမ်းနည်းစရာတွေ ကြုံလာတဲ့အခါ အားပေးတတ်တယ် ကိုယ်ရှိတယ် …။

လဲကျ သွားတဲ့အခါ ကိုယ်ကိုယ်တိုင် ကုန်းထတတ်တဲ့ လက်တစ်စုံရှိတယ် …။

ခလုတ်တွေ အတိုက်ခံရတဲ့ ပြန်ပြီး

ဆက်လျှောက်တတ်တဲ့ ခြေထောက်တွေလည်း ရှိတယ် …။

ကိုယ့်အနားမှာ ကိုယ်ရှိတယ်ဆိုတဲ့ အသိနဲ့

ကိုယ်ရဲ့ရပ်တည်မှုတိုင်းမှာ ကိုယ်ကိုယ်တိုင်နဲ့ပဲ အဖော်ပြုတယ် …။

ကျွန်တော် ဘယ်သူ့လက်ကို ပြေးဆွဲရမလဲဆိုတဲ့ မေးခွန်းတွေ မမေးဖြစ်တော့ဘူး။

အကူအညီလိုတဲ့အခါ ပြေးလာတတ်တဲ့ လူတွေအပေါ်လည်း စေသနာမပျက်တော့ဘူး …။

ကိုယ်ပေးနိုင်တဲ့အရာ အကောင်းဆုံး ဖြစ်မယ်ဆိုတဲ့အရာကို

လိပ်ပြာသန့်သန့် စေတနာသန့်သန့်နဲ့သာ ပေးပါတယ် …။

ကိုယ် ဒုက္ခတွေ ဖြစ်လာတဲ့အခါ ဘယ်သူ့ကို အပြစ်တင်မနေတော့ဘူး

ကိုယ်ညံ့လို့ ကိုယ်ခံရတယ်လို့ပဲ မှတ်ပါတယ် …။

ဘယ်သူများလာကူမလဲဆိုတဲ့ ကလေးအတွေးတွေနဲ့လဲ မမျှော်ဖြစ်တော့ဘူး။

ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပဲလေ …။

တစ်နေ့နေ့တစ်ချိန်ချိန်ရောက်ရင် တကယ့်နားခိုရာကို

တွေ့မှာပါဆိုတဲ့ပုံပြင်တွေကို မယုံကြည်တော့ဘူး …။

မအားလို့ပါဆိုတဲ့ စကားတွေကို နေသားကျတဲ့ထိ

သုံးသွားကြတဲ့ မိတ်ဆွေတွေကိုလဲ ကျေးဇူးတင်ပါတယ်၊

ဒုက္ခတွေအလယ် တွန်းချခဲ့တဲ့ ရန်သူတွေကိုလဲ ကျေးဇူးတင်ပါတယ် …၊

ရင့်ကျက်လာမှုဆိုတာထက် အရင်တုန်းကလောက် အသည်းမငယ်တော့တာလို့ ပြောရင် မှန်မယ် …။

ဒုက္ခတွေ ကြုံလာတဲ့အခါ

ကျွန်တော် ဘယ်သူ့လက်ကို ပြေးဆွဲရမလဲ ဆိုတဲ့ အတွေးတွေ ဆက်ပြီး မတွေးတော့ဘူး။

ကိုယ်ညံ့လို့ ကိုယ်ခံရတာတွေအတွက် သင်ခန်းစာပဲ ယူပါတယ်။

နောက်တစ်ခါ ဒီ့ထက်ပိုပြီး ဆင်ခြင်နိုင်အောင်ပေါ့ …။ ။