ေျဖရခက္မွာစိုးလို႔ ခ်စ္လားဆိုတဲ့ ေမးခြန္းေတြေတာင္မေမးျဖစ္ေတာ့ဘူး
ခ်စ္လားလို႔အရင္က သိပ္ကို ေမးခဲ့ဖူးတာေပါ့၊
အလိုက္မသိခဲ့တဲ့ အခ်ိန္ေတြေလ …။
ခ်စ္တယ္လို႔ ေျဖလိုက္တဲ့အခ်ိန္ ကိုယ္ၾကည္ႏူးခဲ့ရတာကိုပဲ
သိခဲ့တဲ့ ကေလးတစ္ေယာက္ေပါ့ …။
ေျဖခ်င္မွန္းမသိ မေျဖခ်င္မွန္းမသိ
ၿပီးေတာ့ စိတ္ထဲက ပါမွန္းမသိ
မပါမွန္းမသိခဲ့ပါပဲ ေမးေနခဲ့မိတာ …။
အဲ့ဒီအျဖစ္ေတြကို ေတြးမိရင္ တကယ္ကို အားနာမိပါတယ္။
သူမေျဖခ်င္ခဲ့မွန္း ကိုယ္တကယ္ မသိခဲ့တာကိုး …၊
ဝန္ခံပါတယ္ ကိုယ္က ခ်စ္တယ္ေျပာဖို႔ ဝန္မေလးခဲ့သေလာက္
သူ႕ဆီက ခ်စ္တယ္ေျပာဖို႔က အရမ္းကို ႐ွားပါးလြန္းခဲ့တာကို
ခုမွသတိထားခဲ့မိတယ္ …။
ကိုယ္ခ်စ္ေန႐ုံနဲ႔ အရာရာၿပီးျပည့္စုံခဲ့ၿပီလို႔ ထင္မွတ္ေနခဲ့တဲ့
ကိုယ္လည္း ႐ူးတယ္ …။
တကယ္ဆို အခ်စ္ဆိုတာ သူေကာခ်စ္ေနမွ
ကိုယ္ေကာ ခ်စ္ေနမွ ေပ်ာ္စရာေကာင္းတာေလ …။
တစ္ေယာက္တည္းခ်စ္ေနရရင္
အဲ့တာဟာ ဝဋ္ေႂကြးတဲ့ အဲ့ဒီဝဋ္ေႂကြးေတြကို
ခ်ိဳၿမိန္ေနခဲ့တာ ကိုယ့္အမွားေပါ့ …။
အခုဆို ေျဖရခက္မွာစိုးလို႔ ခ်စ္လားဆိုတဲ့
ေမးခြန္းေတြကို မေမးျဖစ္ေတာ့ဘူး …။
ၿပီးေတာ့ ကိုယ္ကဘယ္ေနရာလဲ ဆိုတဲ့ ေမးခြန္းေတြကို
မေမးျဖစ္ေတာ့ဘူး …။
ၿပီးေတာ့ လြမ္းလို႔ပါဆိုတဲ့
အေၾကာင္းအရာေလးေၾကာင့္နဲ႔ ဖုန္းေတြ မဆက္ျဖစ္ေတာ့ဘူး …။
အလိုက္သိေပး တတ္ခဲ့ပါၿပီ …။
ဝတ္ေက်တမ္းေက် ေျဖမယ့္စကားေတြထက္
မုန္းတယ္ေျပာသြားတာက ပိုၿပီးေနသာပါလိမ့္မယ္
ဆိုၿပီး ခုမွေတြးလာမိတယ္ …။
တကယ္ပါ ခ်စ္လားလို႔မေမးျဖစ္ေတာ့တာ
အေတာ္႕ကို ၾကာေနၿပီျဖစ္သလို သူကလည္း …၊
ခ်စ္တယ္လို႔မေျပာခဲ့တာ အေတာ္ကိုလည္း ၾကာပါၿပီ …။
ကိုယ္ေမးမွ ေျဖတာေတြလည္း မလိုခ်င္ေတာ့သလို …၊
ဝတ္ေက်တမ္းေက် ေျဖလာမွာေတြကိုလဲ
မလိုခ်င္ေတာ့ဘူးေလ။
ကိုယ္ အဆင္ေျပပါတယ္ …။ ။
Credit
Unicode
ဖြေရခက်မှာစိုးလို့ ချစ်လားဆိုတဲ့ မေးခွန်းတွေတောင်မမေးဖြစ်တော့ဘူး
ချစ်လားလို့အရင်က သိပ်ကို မေးခဲ့ဖူးတာပေါ့၊
အလိုက်မသိခဲ့တဲ့ အချိန်တွေလေ …။
ချစ်တယ်လို့ ဖြေလိုက်တဲ့အချိန် ကိုယ်ကြည်နူးခဲ့ရတာကိုပဲ
သိခဲ့တဲ့ ကလေးတစ်ယောက်ပေါ့ …။
ဖြေချင်မှန်းမသိ မဖြေချင်မှန်းမသိ
ပြီးတော့ စိတ်ထဲက ပါမှန်းမသိ
မပါမှန်းမသိခဲ့ပါပဲ မေးနေခဲ့မိတာ …။
အဲ့ဒီအဖြစ်တွေကို တွေးမိရင် တကယ်ကို အားနာမိပါတယ်။
သူမဖြေချင်ခဲ့မှန်း ကိုယ်တကယ် မသိခဲ့တာကိုး …၊
ဝန်ခံပါတယ် ကိုယ်က ချစ်တယ်ပြောဖို့ ဝန်မလေးခဲ့သလောက်
သူ့ဆီက ချစ်တယ်ပြောဖို့က အရမ်းကို ရှားပါးလွန်းခဲ့တာကို
ခုမှသတိထားခဲ့မိတယ် …။
ကိုယ်ချစ်နေရုံနဲ့ အရာရာပြီးပြည့်စုံခဲ့ပြီလို့ ထင်မှတ်နေခဲ့တဲ့
ကိုယ်လည်း ရူးတယ် …။
တကယ်ဆို အချစ်ဆိုတာ သူကောချစ်နေမှ
ကိုယ်ကော ချစ်နေမှ ပျော်စရာကောင်းတာလေ …။
တစ်ယောက်တည်းချစ်နေရရင်
အဲ့တာဟာ ဝဋ်ကြွေးတဲ့ အဲ့ဒီဝဋ်ကြွေးတွေကို
ချိုမြိန်နေခဲ့တာ ကိုယ့်အမှားပေါ့ …။
အခုဆို ဖြေရခက်မှာစိုးလို့ ချစ်လားဆိုတဲ့
မေးခွန်းတွေကို မမေးဖြစ်တော့ဘူး …။
ပြီးတော့ ကိုယ်ကဘယ်နေရာလဲ ဆိုတဲ့ မေးခွန်းတွေကို
မမေးဖြစ်တော့ဘူး …။
ပြီးတော့ လွမ်းလို့ပါဆိုတဲ့
အကြောင်းအရာလေးကြောင့်နဲ့ ဖုန်းတွေ မဆက်ဖြစ်တော့ဘူး …။
အလိုက်သိပေး တတ်ခဲ့ပါပြီ …။
ဝတ်ကျေတမ်းကျေ ဖြေမယ့်စကားတွေထက်
မုန်းတယ်ပြောသွားတာက ပိုပြီးနေသာပါလိမ့်မယ်
ဆိုပြီး ခုမှတွေးလာမိတယ် …။
တကယ်ပါ ချစ်လားလို့မမေးဖြစ်တော့တာ
အတော့်ကို ကြာနေပြီဖြစ်သလို သူကလည်း …၊
ချစ်တယ်လို့မပြောခဲ့တာ အတော်ကိုလည်း ကြာပါပြီ …။
ကိုယ်မေးမှ ဖြေတာတွေလည်း မလိုချင်တော့သလို …၊
ဝတ်ကျေတမ်းကျေ ဖြေလာမှာတွေကိုလဲ
မလိုချင်တော့ဘူးလေ။
ကိုယ် အဆင်ပြေပါတယ် …။ ။
Credit