Love

နာက်င္ေစမွန္းသိရဲ႕နဲ႔ မျပတ္မသားနဲ႔ဆက္ၿပီးဆုတ္ကိုင္ထားတာ မပင္ပန္းလြန္းဘူးလား…

နာက်င္ေစမွန္းသိရဲ႕နဲ႔ မျပတ္မသားနဲ႔ဆက္ၿပီးဆုတ္ကိုင္ထားတာ မပင္ပန္းလြန္းဘူးလား…

ဒဏ္ရာဒဏ္ခ်က္ေတြ​​ေကာ

ဘယ္ေလာက္မ်ားခဲ့ရၿပီးၿပီလဲ ၊

စိတ္မနာတတ္လို႔မ်ားလား

ခံႏိုင္ရည္ပဲ သိပ္႐ွိလြန္းေနတာလား ၊

တစ္ခါတစ္ေလက်ျပန္ေတာ့လဲ

ကိုယ့္ကိုယ္ကိုယ္ မွန္ထဲၾကည့္ၿပီး

ဘယ္ေလာက္သနားစရာေကာင္းေနလဲဆိုတာ

ျပန္ၾကည့္ပါအုံး …။

အေပၚယံေတြကို အတည္ႀကီးေတြထင္ၿပီး

အနာဂတ္ေတြအထိ စိတ္ကူးေတြ ထိုင္ယဥ္ခဲ့မိတာေတြ

လိုခ်င္တာ႐ွိလို႔ ျပဳံးရယ္ျပေနတာကို

ကိုယ့္ကို လိုအပ္လြန္းေနတယ္လို႔

အပိုေတြ ေတြးထင္ခဲ့မိတာေတြ ၊

​ကုန္ကုန္ေျပာရရင္ ကိုယ့္ကို လွည့္စားေနတာကို

အခ်စ္စစ္လို႔ ေခါင္းစဥ္တပ္မိတာေတြ

ေသခ်ာျပန္စဥ္းစားၾကည့္ပါဦး

တစ္ဖန္ျပန္ၿပီး ကိုယ့္ကိုကိုယ္လည္း သနားပါအုံး …။

ကိုယ္မ႐ွိရင္ ဘယ္လိုမ်ားေနမလဲလို႔ ေတြးခဲ့သလို

ဘယ္သူကမွ ကိုယ္ဘယ္ေလာက္မ်ား

ပင္ပန္းေနမလဲလို႔ မေတြးခဲ့ၾကပါဘူး …။

ကိုယ့္အတြက္ ကိုယ္ကိုယ္တိုင္ပဲ ျပန္လွည့္ၾကရမွာေလ ၊

ကိုယ္လဲက်တဲ့အခါ ကိုယ္အဆင္မေျပတဲ့အခါ

ဘယ္သူမ်ား႐ွိလို႔လဲ ၊

ကိုယ္ကိုယ္တိုင္ပဲ ျပန္႐ုန္းထရမွာေလ မဟုတ္ဘူးလား ၊

တစ္ႀကိမ္တစ္ခါတည္းပါ တျခားသူဘ၀ေတြကိုပဲ စာနာၿပီး

တစ္ျခားသူတစ္ေယာက္ကိုပဲ

နားလည္ဖို႔ ႀကိဳးစားရင္းနဲ႔

အခ်ိန္ေတြ အမ်ားႀကီး မျဖဳန္းမိပါေစနဲ႔ေနာ္ …။

ကိုယ္ကိုယ္တိုင္လည္း ေမးခြန္းေလးတစ္ခု ေမးၾကည့္ပါ

ငါ ေရာ တကယ္ေပ်ာ္ေနရဲ႕လား ဆိုတဲ့ ေမးခြန္းမ်ိဳးေပါ့ …။ ။

ေလးစားစြာျဖင့္ – သွ်င္ယြန္း

Unicode

နာကျင်စေမှန်းသိရဲ့နဲ့ မပြတ်မသားနဲ့ဆက်ပြီးဆုတ်ကိုင်ထားတာ မပင်ပန်းလွန်းဘူးလား…

ဒဏ်ရာဒဏ်ချက်တွေ​​ကော

ဘယ်လောက်များခဲ့ရပြီးပြီလဲ ၊

စိတ်မနာတတ်လို့များလား

ခံနိုင်ရည်ပဲ သိပ်ရှိလွန်းနေတာလား ၊

တစ်ခါတစ်လေကျပြန်တော့လဲ

ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး

ဘယ်လောက်သနားစရာကောင်းနေလဲဆိုတာ

ပြန်ကြည့်ပါအုံး …။

အပေါ်ယံတွေကို အတည်ကြီးတွေထင်ပြီး

အနာဂတ်တွေအထိ စိတ်ကူးတွေ ထိုင်ယဉ်ခဲ့မိတာတွေ

လိုချင်တာရှိလို့ ပြုံးရယ်ပြနေတာကို

ကိုယ့်ကို လိုအပ်လွန်းနေတယ်လို့

အပိုတွေ တွေးထင်ခဲ့မိတာတွေ ၊

​ကုန်ကုန်ပြောရရင် ကိုယ့်ကို လှည့်စားနေတာကို

အချစ်စစ်လို့ ခေါင်းစဉ်တပ်မိတာတွေ

သေချာပြန်စဉ်းစားကြည့်ပါဦး

တစ်ဖန်ပြန်ပြီး ကိုယ့်ကိုကိုယ်လည်း သနားပါအုံး …။

ကိုယ်မရှိရင် ဘယ်လိုများနေမလဲလို့ တွေးခဲ့သလို

ဘယ်သူကမှ ကိုယ်ဘယ်လောက်များ

ပင်ပန်းနေမလဲလို့ မတွေးခဲ့ကြပါဘူး …။

ကိုယ့်အတွက် ကိုယ်ကိုယ်တိုင်ပဲ ပြန်လှည့်ကြရမှာလေ ၊

ကိုယ်လဲကျတဲ့အခါ ကိုယ်အဆင်မပြေတဲ့အခါ

ဘယ်သူများရှိလို့လဲ ၊

ကိုယ်ကိုယ်တိုင်ပဲ ပြန်ရုန်းထရမှာလေ မဟုတ်ဘူးလား ၊

တစ်ကြိမ်တစ်ခါတည်းပါ တခြားသူဘ၀တွေကိုပဲ စာနာပြီး

တစ်ခြားသူတစ်ယောက်ကိုပဲ

နားလည်ဖို့ ကြိုးစားရင်းနဲ့

အချိန်တွေ အများကြီး မဖြုန်းမိပါစေနဲ့နော် …။

ကိုယ်ကိုယ်တိုင်လည်း မေးခွန်းလေးတစ်ခု မေးကြည့်ပါ

ငါ ရော တကယ်ပျော်နေရဲ့လား ဆိုတဲ့ မေးခွန်းမျိုးပေါ့ …။ ။

လေးစားစွာဖြင့် – သျှင်ယွန်း