ဂုဏ္ သတင္းေမႊးတဲ့ မိန္းကေလး
ညီမေလးေရ မိန္းကေလးဆိုတာ
ႏူးညံ့ေပ်ာ့ေျပာင္းၿပီး အျပစ္ကင္းစင္တဲ့
ပန္းကေလးတစ္ပြင့္လို ယဥ္ေက်းသိမ္ေမြ႕ရမယ္ …။
အိေျႏၵသိကၡာ ရွိရမယ္ …။
စိတ္သေဘာထားျဖဳစင္ သန႔္ရွင္းရမယ္ …။
ကိုယ္က်င့္တရားလည္း ေကာင္းမြန္ရပါမယ္ …။
ေနရာတကာ ေယာက်္ားေတြနဲ႔ ရင္ေဘာင္တန္းေနခ်င္လို႔ေတာ့ မရပါဘူး …။
မိန္းကေလးဆိုတာ အရာရာမွာ
ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ကန႔္သတ္မူေတြ ရွိ ႏိုင္ရပါမယ္ …။
ညီမေလးေရ ပန္းကေလးေတြဟာ
အဆင္းနဲ႔ရနံ႔ အမ်ိဳးမ်ိဳးရွိၾကသလို
မိန္းကေလးေတြကလည္း အသြင္အမ်ိဳးမ်ိဳးနဲ႔
အက်င့္စ႐ိုက္အမ်ိဳးမ်ိဳး ရွိတတ္ ၾကပါတယ္ …။
မိန္းကေလးေတြရဲ႕အဆင္းဟာ ပန္းကေလးေတြရဲ႕
အလွျဖစ္ၿပီး မိန္းကေလးေတြရဲ႕ အခ်င္းကေတာ့
ပန္းကေလးေတြရဲ႕ ရနံ႔နဲ႔ ဆင္တူပါတယ္ …။
ညီမေလးေရ ပန္းကေလးတစ္ပြင့္ဟာ အဆင္းသဏၭာန္ မလွပေပမယ့္
အမ်ားတစ္ကာကို ဆြဲေဆာင္ထားႏိုင္တဲ့ ရနံ႔ေတြရွိသလို
ကိုယ္ကျပင္ပပုံသဏၭာန္ ႐ုပ္ဆိုးအက်ည္းတန္ေနလို႔ လည္း
သိမ္ငယ္မူနဲ႔ အားငယ္ဝမ္းနည္းေနစရာ လံုး၀ မလိုပါဘူး …။
ကိုယ့္ရဲ႕႐ိုးသားျဖဴစင္တဲ့ စိတ္ႏွလုံးနဲ႔ အရည္အေသြးထက္ျမတ္မူေတြက
သဘာဝက်က် ဆြဲေဆာင္ထားႏိုင္တဲ့ အရည္အခ်င္းေတြပဲမဟုတ္လား?
ဒါေၾကာင့္ညီမေလးေရ ေကာင္းမြန္တဲ့ စာရိတၱ,
ျပည့္စုံတဲ့ အသိပညာအတတ္ပညာ
ျမင့္ျမတ္တဲ့ စိတ္သေဘာထားနဲ႔ ႐ိုးသားျဖဴစင္တဲ့ ႏွလုံးသားတစ္စုံကို
ပိုင္ဆိုင္ထားႏိုင္မယ္ဆိုရင္ ႐ုပ္ရည္အဆင္း မလွပသည့္တိုင္
ေကာင္းတဲ့ ဂုဏ္သတင္းေမႊးျပန႔္တဲ့
မိန္းကေလးတစ္ေယာက္အျဖစ္ အမ်ားတစ္ကာ
အလယ္မွာဂုဏ္ယူဝံ့ႂကြားစြာ ရပ္တည္ေနႏိုင္မွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။
Unicode
ဂုဏ် သတင်းမွှေးတဲ့ မိန်းကလေး
ညီမလေးရေ မိန်းကလေးဆိုတာ
နူးညံ့ပျော့ပြောင်းပြီး အပြစ်ကင်းစင်တဲ့
ပန်းကလေးတစ်ပွင့်လို ယဉ်ကျေးသိမ်မွေ့ရမယ် …။
အိန္ဒြေသိက္ခာ ရှိရမယ် …။
စိတ်သဘောထားဖြုစင် သန့်ရှင်းရမယ် …။
ကိုယ်ကျင့်တရားလည်း ကောင်းမွန်ရပါမယ် …။
နေရာတကာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနေချင်လို့တော့ မရပါဘူး …။
မိန်းကလေးဆိုတာ အရာရာမှာ
ကိုယ့်ကိုယ်ကို ထိန်းချုပ်ကန့်သတ်မူတွေ ရှိ နိုင်ရပါမယ် …။
ညီမလေးရေ ပန်းကလေးတွေဟာ
အဆင်းနဲ့ရနံ့ အမျိုးမျိုးရှိကြသလို
မိန်းကလေးတွေကလည်း အသွင်အမျိုးမျိုးနဲ့
အကျင့်စရိုက်အမျိုးမျိုး ရှိတတ် ကြပါတယ် …။
မိန်းကလေးတွေရဲ့အဆင်းဟာ ပန်းကလေးတွေရဲ့
အလှဖြစ်ပြီး မိန်းကလေးတွေရဲ့ အချင်းကတော့
ပန်းကလေးတွေရဲ့ ရနံ့နဲ့ ဆင်တူပါတယ် …။
ညီမလေးရေ ပန်းကလေးတစ်ပွင့်ဟာ အဆင်းသဏ္ဌာန် မလှပပေမယ့်
အများတစ်ကာကို ဆွဲဆောင်ထားနိုင်တဲ့ ရနံ့တွေရှိသလို
ကိုယ်ကပြင်ပပုံသဏ္ဌာန် ရုပ်ဆိုးအကျည်းတန်နေလို့ လည်း
သိမ်ငယ်မူနဲ့ အားငယ်ဝမ်းနည်းနေစရာ လုံး၀ မလိုပါဘူး …။
ကိုယ့်ရဲ့ရိုးသားဖြူစင်တဲ့ စိတ်နှလုံးနဲ့ အရည်အသွေးထက်မြတ်မူတွေက
သဘာဝကျကျ ဆွဲဆောင်ထားနိုင်တဲ့ အရည်အချင်းတွေပဲမဟုတ်လား?
ဒါကြောင့်ညီမလေးရေ ကောင်းမွန်တဲ့ စာရိတ္တ,
ပြည့်စုံတဲ့ အသိပညာအတတ်ပညာ
မြင့်မြတ်တဲ့ စိတ်သဘောထားနဲ့ ရိုးသားဖြူစင်တဲ့ နှလုံးသားတစ်စုံကို
ပိုင်ဆိုင်ထားနိုင်မယ်ဆိုရင် ရုပ်ရည်အဆင်း မလှပသည့်တိုင်
ကောင်းတဲ့ ဂုဏ်သတင်းမွှေးပြန့်တဲ့
မိန်းကလေးတစ်ယောက်အဖြစ် အများတစ်ကာ
အလယ်မှာဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နေနိုင်မှာပဲ ဖြစ်ပါတယ်နော် …။ ။