ပြုလုပ်ထားကြ ပါတယ် ။
Zombie(Love Media)
Unicode
ဆံပင်ကို မကြာခဏဆေးဆိုးတတ်တဲ့ မိန်ကလေးတိုင်းဖတ်ပါ
ဆံပင်ကို မကြာခဏဆေးဆိုးတတ်တဲ့
အမျိုးသမီးတွေအတွက်တော့ စိုးရိမ်စရာပါပဲ
ယခုခေတ်မှာ ဆံပင်ဆိုးဆေးကို
အမျိုးသမီး တိုင်းလိုလို အသုံးပြု လာ ကြပါ တယ်။
ဆံပင်ဆိုးဆေးတွေကို ဓါတုဆေးတွေ နဲ့
ပြုလုပ်ထားကြ ပါတယ် ။
ဆံပင်ကို ဆေးဆိုးနေ ချိန်မှာ ဆံပင် ဆိုးဆေးက
အငွေ့တွေကို ရှူမိသွား တတ်ကြ ပါတယ် ။
ဆံပင်ဆိုးဆေးတွေမှာ ဓါတုပ စ္စည်းပေါင်း ၅၀၀၀ ကျော် ပါဝင်ပြီး
ကင်ဆာရော ဂါကို ဖြစ်ပွားစေနိုင် တယ်လို့ National Cancer Institute ရဲ့
လေ့လာမှုတစ် ရပ်က ဖော်ပြခဲ့ တာပဲ ဖြစိ ပါ တယ် …။
ဒီလေ့လာမှုမှာ ပါဝင်တဲ့ အမျိုးသမီးတွေကို
ဆံပင်ဆိုးဆေး အသုံးပြုပုံနဲ့ ဆံပင်ဖြောင့်ဆေး
အသုံးပြုပုံ တို့ကို မေးမြန်းခဲ့ပါတယ်။
ဆံပင်ဆိုးဆေးကို ၅ ပတ် တစ်ခါ သို့မဟုတ် ၈ ပတ် တစ်ခါ
အသုံးပြုတဲ့အာဖရိကနွယ်ဖွား အမေရိကန် အမျိုးသမီးတွေက
ရင်သား ကင်ဆာ ဖြစ်ပွားနိုင်ခြေ ၆၀ ရာခိုင်နှုန်း ထိရှိပါတယ်။
လူဖြူ အမျိုးသမီးတွေ မှာတော့
ရင်သား ကင်ဆာဖြစ်ပွားနိုင်ချေ ၈ ရာခိုင်နှုန်း ရှိပါတယ် …။
အာဖရိကနွယ်ဖွား အမေရိကန်အမျိုး သမီးတွေက
ဆံပင်ကို ပိုပြီး ဆေးဆိုးကြ ပါတယ်။
ဆံပင်ဆိုးဆေးတွေမှာ အဓိက ပါဝင်တဲ့
ဖော်မယ် ဒီဟိုက်ဓါတ်ငွေ့က ကင်ဆာဖြစ်စေနိုင်လို့ပါ။
ဒါပေမယ့် ဒီလေ့လာ မှုအရ ဆံပင်ဆိုးဆေးတွေကို
တစ်ခါ တရံ အသုံးပြု သူတွေကတော့
ရင်သား ကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်သာ ရှိပါတယ် …။
ဒါပေမယ့် ကင်ဆာဖြစ်ပွားနိုင်ခြေက ဆံပင်ဆိုးဆေး
အသုံးပြု ပုံပမာဏ၊ မကြာမကြာ အသုံးပြုမှုတို့ အပေါ်လည်း
မူတည်နေနေသေးတယ် တာလည်း ဖြစ်ပါတယ်နော် …။ ။
Zombie(Love Media)