Healthy

ေဆးလိပ္ေသာက္တက္ရင္ မျဖစ္မေန ဒီအစားစာ (၅) မ်ိဳးစားေပးပါ

ေဆးလိပ္ေသာက္တက္ရင္ မျဖစ္မေန ဒီအစားစာ (၅) မ်ိဳးစားေပးပါ

ေဆး လိပ္ေသာက္ရင္ က်န္းမာေရးကို ထိခိုက္မယ္၊

အထူးသျဖင့္ အဆုတ္က်န္းမာေရးကို

ဆိုးဆိုးဝါးဝါးထိခိုက္ေစမယ္ဆိုတာကိုေတာ့

ေဆးလိပ္ေသာက္တဲ့သူေတြကိုယ္တိုင္လည္း သိၾကပါတယ္။

ဒါေပမဲ့ မေကာင္းမွန္းသိလ်က္နဲ႔ကို မျဖတ္ႏိုင္ၾကတာပါ

မေရွာင္ႏိုင္ရင္၊ မကာကြယ္ႏိုင္ရင္ေတာ့ ကုသရပါမယ္။

ဟုတ္ပါတယ္ က်ေနာ္တို႔ အေနနဲ႔

စားရင္းေသာက္ရင္းနဲ႔ပဲ အဆုတ္ကို

ျပန္လည္သန႔္စင္ ကုသလို႔ ရပါတယ္။

အဆုတ္ကို သန႔္စင္ေပးတဲ့ေနရာမွာ နာမည္ႀကီးလွတဲ့

စူပါအစားအစာ ၅ မ်ိဳးကို ေဖာ္ျပေပးသြားပါ့မယ္ေနာ္

ၾကက္သြန္

ၾကက္သြန္ ဆိုရာမွာ အျဖဴ ႏွင့္ အနီ ႏွစ္မ်ိဳးစလုံးပါဝင္ပါတယ္ ။

ၾကက္သြန္က အဆုတ္ကို သန႔္စင္ေပးႏိုင္တဲ့

အစြမ္းအာနိသင္ရွိပါတယ္ ။

အသက္ရႉလမ္းေၾကာင္း မွာ ရွိေနတတ္တဲ့ ခြၽဲသလိပ္ ၊

အညစ္အေၾကးေတြကိုလည္း ဖယ္ထုတ္ေပးႏိုင္ၿပီး

အဆုတ္ကိုလည္း က်န္းမာသြက္လက္ေစပါတယ္

င႐ုတ္သီး

ေန႔စဥ္ သင္စားေနတဲ့ အစားအေသာက္ထဲမွာ

င႐ုတ္သီးကို ထည့္စားေပးပါ ။

င႐ုတ္သီး မွာပါဝင္တဲ့ ဓါတ္တစ္မ်ိဳးက

အဆုတ္မွာ ကပ္ၿငိေနတတ္တဲ့ မေကာင္းအေသာ

အခြၽဲအက်ိေတြကို ဖယ္ရွားေပးႏိုင္ပါတယ္ ။

ထို႔အျပင္ င႐ုတ္သီးမွာ Carotene ႏွင့္ Vitamin C

ႂကြယ္ဝစြာ ပါဝင္တဲ့အတြက္ အဆုတ္ကို

က်န္းမာေစၿပီး ေရာဂါပိုးေတြ မဝင္ႏိုင္ေအာင္လည္း

တားဆီးေပးပါတယ္။

ပန္းေဂၚဖီစိမ္း

Broccoli လို႔ေခၚတဲ့ ပန္းေဂၚဖီစိမ္းမွာ ပါဝင္တဲ့

compound တစ္မ်ိဳးဟာ

ေသြးျဖဴဆဲလ္ေတြကို ေကာင္းမြန္ေစၿပီး

အဆုတ္မွာ ရွိတတ္တဲ့ အႏၲရာယ္ရွိ ပိုးမႊားမ်ားနဲ႔

အျခား အပ်က္အစီးမ်ားကို ဖယ္ရွားေပးႏိုင္ပါတယ္ ။

အဆုတ္ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို

ေကာင္းမြန္ေစၿပီး လူအမ်ားစုမွာ မၾကာခဏျဖစ္တတ္တဲ့

အဆုတ္နဲ႔ပတ္သတ္တဲ့ ေရာဂါပိုး ကူးစက္ျခင္းတို႔ကိုလည္း

ေလ်ာ့နည္းေစပါတယ္

ဂ်င္း

ဂ်င္းက က်န္းမာေရးျပႆနာေတြ ေတာ္ေတာ္မ်ားမ်ားမွာ

အသုံးဝင္တဲ့ အရာတစ္မ်ိဳးပါ ။

ဂ်င္းသည္လည္း အဆုတ္မွာတြယ္ကပ္ေနတတ္တဲ့

အခြၽဲအက်ိေတြကို ဖယ္ရွားေပးႏိုင္ၿပီး

အသက္ရႈလမ္းေၾကာင္းဆိုင္ရာ

ႂကြက္သားေတြကိုလည္းက်န္းမာေစပါတယ္ ။

သလဲသီး

ဓါတ္တိုးဆန႔္က်င္မႈေတြ ႂကြယ္ဝတဲ့ သလဲသီးဟာ

အဆုတ္အတြက္ အထူးေကာင္းမြန္ၿပီး

ကင္ဆာဆဲလ္ေတြကိုလည္း တိုက္ထုတ္ေပးႏိုင္ပါတယ္ ။

ေသြးလည္ပတ္မႈလည္း ေကာင္းမြန္ေစၿပီး

အဆိပ္အေတာက္ေတြ ဖယ္ရွားဖို႔အတြက္ကိုလည္း

ကူညီေပးပါတယ္။

က်န္းမာေရး ေကာင္းက်ိဳးမ်ားစြာရွိတဲ့

သလဲသီးကိုလည္း စားသုံးဖို႔ ၊

ေသာက္သုံးဖို႔အတြက္ တိုက္တြန္းခ်င္ပါတယ္ ။

ေျပာရမယ္ဆိုရင္ ေဆးလိပ္ေသာက္တတ္သူေတြသာ

မဟုတ္ပါဘူး ပတ္ဝန္းက်င္ ေလထုညစ္ညမ္းမႈကလည္း

အဆုတ္က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္ ။

အဆုတ္က်န္းမာေရးကို ေဆးလိပ္ေသာက္သူေတြသာမကဘဲ

ေန႔စဥ္ ပတ္ဝန္းက်င္မွာ ညစ္ညမ္းေနတဲ့ ေလထုကို

ရႉသြင္း ရႉထုတ္လုပ္ရတဲ့ လူသားတိုင္း အေနနဲ႔လည္း

ဂ႐ုစိုက္သင့္တဲ့ အရာပါ။

ဒါေၾကာင့္ ေဆးလိပ္ေသာက္တတ္ရင္

ဒီ အစားအစာ ၅ မ်ိဳးကိုေတာ့ မေရွာင္မလႊဲဘဲ

စားျဖစ္ေအာင္ စားၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။

ကိုယ့္ ပတ္ဝန္းက်င္မွာ ေဆးလိပ္ေသာက္တတ္တဲ့သူရွိရင္လည္း

ေဝမွ်ေပးလိုက္ပါဦးေနာ္…။

Unicode

ဆေးလိပ်သောက်တက်ရင် မဖြစ်မနေ ဒီအစားစာ (၅) မျိုးစားပေးပါ

ဆေး လိပ်သောက်ရင် ကျန်းမာရေးကို ထိခိုက်မယ်၊

အထူးသဖြင့် အဆုတ်ကျန်းမာရေးကို

ဆိုးဆိုးဝါးဝါးထိခိုက်စေမယ်ဆိုတာကိုတော့

ဆေးလိပ်သောက်တဲ့သူတွေကိုယ်တိုင်လည်း သိကြပါတယ်။

ဒါပေမဲ့ မကောင်းမှန်းသိလျက်နဲ့ကို မဖြတ်နိုင်ကြတာပါ

မရှောင်နိုင်ရင်၊ မကာကွယ်နိုင်ရင်တော့ ကုသရပါမယ်။

ဟုတ်ပါတယ် ကျနော်တို့ အနေနဲ့

စားရင်းသောက်ရင်းနဲ့ပဲ အဆုတ်ကို

ပြန်လည်သန့်စင် ကုသလို့ ရပါတယ်။

အဆုတ်ကို သန့်စင်ပေးတဲ့နေရာမှာ နာမည်ကြီးလှတဲ့

စူပါအစားအစာ ၅ မျိုးကို ဖော်ပြပေးသွားပါ့မယ်နော်

ကြက်သွန်

ကြက်သွန် ဆိုရာမှာ အဖြူ နှင့် အနီ နှစ်မျိုးစလုံးပါဝင်ပါတယ် ။

ကြက်သွန်က အဆုတ်ကို သန့်စင်ပေးနိုင်တဲ့

အစွမ်းအာနိသင်ရှိပါတယ် ။

အသက်ရှူလမ်းကြောင်း မှာ ရှိနေတတ်တဲ့ ချွဲသလိပ် ၊

အညစ်အကြေးတွေကိုလည်း ဖယ်ထုတ်ပေးနိုင်ပြီး

အဆုတ်ကိုလည်း ကျန်းမာသွက်လက်စေပါတယ်

ငရုတ်သီး

နေ့စဉ် သင်စားနေတဲ့ အစားအသောက်ထဲမှာ

ငရုတ်သီးကို ထည့်စားပေးပါ ။

ငရုတ်သီး မှာပါဝင်တဲ့ ဓါတ်တစ်မျိုးက

အဆုတ်မှာ ကပ်ငြိနေတတ်တဲ့ မကောင်းအသော

အချွဲအကျိတွေကို ဖယ်ရှားပေးနိုင်ပါတယ် ။

ထို့အပြင် ငရုတ်သီးမှာ Carotene နှင့် Vitamin C

ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အဆုတ်ကို

ကျန်းမာစေပြီး ရောဂါပိုးတွေ မဝင်နိုင်အောင်လည်း

တားဆီးပေးပါတယ်။

ပန်းဂေါ်ဖီစိမ်း

Broccoli လို့ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့

compound တစ်မျိုးဟာ

သွေးဖြူဆဲလ်တွေကို ကောင်းမွန်စေပြီး

အဆုတ်မှာ ရှိတတ်တဲ့ အန္တရာယ်ရှိ ပိုးမွှားများနဲ့

အခြား အပျက်အစီးများကို ဖယ်ရှားပေးနိုင်ပါတယ် ။

အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို

ကောင်းမွန်စေပြီး လူအများစုမှာ မကြာခဏဖြစ်တတ်တဲ့

အဆုတ်နဲ့ပတ်သတ်တဲ့ ရောဂါပိုး ကူးစက်ခြင်းတို့ကိုလည်း

လျော့နည်းစေပါတယ်

ဂျင်း

ဂျင်းက ကျန်းမာရေးပြဿနာတွေ တော်တော်များများမှာ

အသုံးဝင်တဲ့ အရာတစ်မျိုးပါ ။

ဂျင်းသည်လည်း အဆုတ်မှာတွယ်ကပ်နေတတ်တဲ့

အချွဲအကျိတွေကို ဖယ်ရှားပေးနိုင်ပြီး

အသက်ရှုလမ်းကြောင်းဆိုင်ရာ

ကြွက်သားတွေကိုလည်းကျန်းမာစေပါတယ် ။

သလဲသီး

ဓါတ်တိုးဆန့်ကျင်မှုတွေ ကြွယ်ဝတဲ့ သလဲသီးဟာ

အဆုတ်အတွက် အထူးကောင်းမွန်ပြီး

ကင်ဆာဆဲလ်တွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ် ။

သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပြီး

အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက်ကိုလည်း

ကူညီပေးပါတယ်။

ကျန်းမာရေး ကောင်းကျိုးများစွာရှိတဲ့

သလဲသီးကိုလည်း စားသုံးဖို့ ၊

သောက်သုံးဖို့အတွက် တိုက်တွန်းချင်ပါတယ် ။

ပြောရမယ်ဆိုရင် ဆေးလိပ်သောက်တတ်သူတွေသာ

မဟုတ်ပါဘူး ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကလည်း

အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ် ။

အဆုတ်ကျန်းမာရေးကို ဆေးလိပ်သောက်သူတွေသာမကဘဲ

နေ့စဉ် ပတ်ဝန်းကျင်မှာ ညစ်ညမ်းနေတဲ့ လေထုကို

ရှူသွင်း ရှူထုတ်လုပ်ရတဲ့ လူသားတိုင်း အနေနဲ့လည်း

ဂရုစိုက်သင့်တဲ့ အရာပါ။

ဒါကြောင့် ဆေးလိပ်သောက်တတ်ရင်

ဒီ အစားအစာ ၅ မျိုးကိုတော့ မရှောင်မလွှဲဘဲ

စားဖြစ်အောင် စားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ကိုယ့် ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်တတ်တဲ့သူရှိရင်လည်း

ဝေမျှပေးလိုက်ပါဦးနော်…။