မပတ္သတ္မိခင္မွာ လူ႐ႈပ္လူေပြတစ္ေယာက္ျဖစ္ေၾကာင္းကို ပ်ိဳေမတို႔ သိ႐ွိႏိုင္မယ့္ အခ်က္ (၁၀) ခ်က္
ကိုယ္ေ႐ြးခ်ယ္မယ့္သူ သို႔မဟုတ္
ကိုယ္နဲ႔ပတ္သတ္ေနတဲ့ သူတစ္ေယာက္က
လူရႈပ္လူေပြတစ္ေယာက္ ျဖစ္ေနမွာကို
ပ်ိဳေမတိုင္း စိုးရိမ္ၾကမိပါလိမ့္မယ္ ။
ရည္းစားမ်ားတဲ့ လူရႈပ္လူေပြတစ္ေယာက္နဲ႔
ပတ္သတ္မိရင္ ပထမဆုံးထိခိုက္နစ္နာရမွာက
ပ်ိဳေမတို႔ျဖစ္ၿပီးေတာ့ ဘဝတစ္ေလွ်ာက္လုံးအတြက္
ေနာင္တရစရာ စိတ္ညစ္စရာေတြကိုလည္း
ႀကဳံေတြ႕ရ ႏိုင္ပါတယ္ …။
ယခုလို လူရႈပ္တစ္ေယာက္ကို
မေ႐ြးခ်ယ္မိဖို႔အတြက္ သူဟာလူရႈပ္လူေပြတစ္ေယာက္
ၿဖစ္ေၾကာင္းကို သတိထားမိေစႏိုင္တဲ့
အခ်က္ေလး ေတြကို မွ်ေဝေပးပါရေစေနာ္ …။
၁။ သင္နဲ႔ တြဲေနတာကို အျခားသူေတြ မျမင္လိုဘူး…
သင့္ကို အမ်ိဳးသားတစ္ေယာက္က တကယ္ခ်စ္တဲ့အခါ
တကမာၻလုံး သိေအာင္ခ်ျပဖို႔လည္း ဝန္မေလးတတ္ပါဘူး။
သူ႔ရဲ႕မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ သိခြင့္ေပးတာေတြ …၊
သင့္အေၾကာင္းေျပာျပတာေတြကို သူေသခ်ာလုပ္ျပပါလိမ့္မယ္။
ဒါဟာဘာေၾကာင့္လဲဆိုေတာ့
သင္ဟာသူ႔ရဲ႕ အစိတ္အပိုင္းတစ္ခုလို အရမ္းကို အေရးပါလို႔ပါပဲ …။
တကယ္လို႔သာ သင္နဲ႔တြဲသာတြဲေနရတယ္
လူေတြ႕မခံခ်င္တာေတြ၊ ခိုးေၾကာင္ခိုးဝွက္ လူမသိေအာင္
ခ်ိန္းေတြ႕တာေတြ သူ႔ရဲ႕သူငယ္ခ်င္းေတြ
မိသားစုေတြကိုလည္း သိခြင့္မေပးတာေတြ လုပ္ေနခဲ့ရင္ …၊
သင့္ကိုသူ အေပ်ာ္သေဘာမ်ိဳးနဲ႔ လက္တြဲေနတာျဖစ္ႏိုင္ပါတယ္။
သင့္ဆီက သူလိုခ်င္တာေတြ အကုန္ယူလို႔ၿပီးသြားရင္
သင့္ကိုလူမသိလိုက္ပဲ ပစ္ထားခဲ့ႏိုင္တာေၾကာင့္ …၊
ယခုလိုအျပဳအမူမ်ိဳးရွိရင္ ခိုင္လုံတဲ့အေၾကာင္းျပခ်က္ေတာင္းပါ။
အယုံမလြယ္ပဲ အေသအခ်ာဆုံးျဖတ္ဖို႔ လိုအပ္ပါတယ္ …။
၂။ သင့္ကို ဖုန္းေခၚဖို႔ ခက္ခဲေနတယ္…
တကယ္ခ်စ္တဲ့ခ်စ္သူေတြဆိုရင္ ေန႔တိုင္းမၾကာခဏဆိုသလို
ဖုန္းဆက္တတ္ၾကၿပီး နာရီအေတာ္ၾကာၾကာ ထိေအာင္
တစ္ေယာက္နဲ႔တစ္ေယာက္ ေျပာလို႔မဝပဲ ျဖစ္တတ္ပါတယ္ …။
ေန႔တိုင္း စကားေတြ ဘယ္ေလာက္ေျပာေျပာ
႐ိုးသြားတယ္ဆိုတာ မရွိပါဘူး။
တကယ္လို႔ခ်စ္သူဆီ ႏွစ္ရက္ေလာက္ ဖုန္းမဆက္ရရင္ပဲ
ေလာကႀကီးဟာ အဓိပၸာယ္မရွိေတာ့သလို ခံစားရပါလိမ့္မယ္ …။
ဒါေပမယ့္ သူကသင့္ကိုဖုန္းေခၚဖို႔အၿမဲတမ္းေမ့ေနမယ္။
သင္ကစဆက္သြယ္မွ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔
ေျပာေနမယ္ဆိုရင္ သင့္ကိုသိပ္စိတ္မဝင္စားေတာ့ပဲ
အျခားတစ္ေယာက္နဲ႔ အခ်ိန္ေတြျဖဳန္းေနတာ ျဖစ္ႏိုင္ပါတယ္ …။
အျခားမိန္းကေလးတစ္ေယာက္ကိုလည္း
သင့္လိုပဲ လိမ္ညာေနႏိုင္ပါတယ္။
ဘာေၾကာင့္လဲဆိုေတာ့ ယခုလိုလူမ်ိဳးေတြကို
ကြၽန္ေတာ္တို႔ပတ္ဝန္းက်င္မွာ မ်ားစြာႀကဳံခဲ့ဖူးလို႔ပါပဲ …။
၃။ သင့္အေပၚ ပြင့္လင္းမႈမရွိဘူး
ေယာက်ာ္းေလးတစ္ေယာက္ သင့္ကိုတကယ္ခ်စ္တဲ့အခါ
သင့္ဘဝတစ္ခုလုံးရဲ႕အေၾကာင္းကို
သင့္နဲ႔အတူ မွ်ေဝေပးတတ္ပါတယ္။
သူ႔အေၾကာင္း အရာအားလုံး
သင့္ကိုမႁခြင္းမခ်န္ ေျပာျပဖို႔ ဝန္မေလးတတ္ပါဘူး …။
ဒါဟာ ဘာေၾကာင့္လဲဆိုေတာ့
သူဟာသင့္ရဲ႕အာ႐ုံစိုက္မႈကို လိုလားၿပီး
သင့္ရဲ႕ အခ်စ္နဲ႔ သူ႔အေပၚပံ့ပိုးမႈကို
လိုလားတာေၾကာင့္ပဲ ျဖစ္ပါတယ္ …။
ဒါေပမယ့္ လူရႈပ္လူတေပြတစ္ေယာက္ကေတာ့
သူ႔ရဲ႕အေၾကာင္းနဲ႔ ပတ္သတ္တာေတြကို
သင့္အေပၚဖုံးကြယ္ထားၿပီး
ဘယ္ေတာ့မွလည္း ရင္မဖြင့္တတ္ပါဘူး …။
ဒါဟာသင့္ကို တကယ္စိတ္မဝင္စားပဲ
အေပ်ာ္သေဘာမ်ိဳး တြဲတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္ …။
၄။ အာမ မခံတတ္ဘူး
သင့္အေပၚတကယ္ခ်စ္တဲ့ အမ်ိဳးသားတစ္ေယာက္ဟာ
သင္နဲ႔အတူရွိေနဖို႔အတြက္
အခ်ိန္ရရွိေအာင္ ႀကိဳးစားတတ္ပါတယ္။
သင့္ရဲ႕အခ်ိန္ေတြဟာ တန္ဖိုးရွိတာကို
သူသိရွိၿပီး သင္နဲ႔ေတြ႕ဖို႔ဆိုရင္
ဘယ္ေတာ့မွ မျငင္းဆန္တတ္ပဲ …၊
သင္နဲ႔အခ်ိန္ေတြကို အတူတူကုန္ဆုံးခ်င္ေနပါတယ္။
ဒါေပမယ့္ လူရႈပ္လူေပြတစ္ေယာက္ ဆိုရင္ေတာ့
သင္နဲ႔အတူတူ ရွိမယ့္ အစီအစဥ္ေတြကို
အၿမဲတမ္းလိုလို cancel လုပ္ေနတတ္ၿပီး …၊
ဘယ္ေတာ့မွ အာမခံႏိုင္စြမ္း မရွိပါဘူး။
ဘာျဖစ္လို႔လည္းဆိုေတာ့ သင့္ထက္ပိုအေရးႀကီးတဲ့
သူတစ္ေယာက္နဲ႔ ေတြ႕ဖို႔ခ်ိန္းခဲ့လို႔ ျဖစ္ႏိုင္ပါတယ္။
လူတိုင္းဟာ အလုပ္မ်ားတာေၾကာင့္
တခါတေလမွာ အစီအစဥ္ေတြကို ျဖတ္လိုက္ရတာကို
နားလည္ပါတယ္။
ဒါေပမယ့္ သာမာန္မဟုတ္တဲ့ အေျခအေနေတြနဲ႔အတူ
ကတိမတည္တာေတြ မ်ားလာရင္ေတာ့
သင့္ကို သူ လွည့္စားေနတာ ျဖစ္ႏိုင္ပါတယ္ေနာ္ …။
၅။ သင့္ရဲ႕ ခံစားခ်က္က အေရးပါဘူး…
သင့္ကိုတကယ္ခ်စ္တဲ့ ခ်စ္သူဟာ သင့္ရဲ႕ခံစားခ်က္ေတြကို
အစြမ္းကုန္ဂ႐ုစိုက္တတ္ပါတယ္။
သင့္ကိုသူက ဘယ္ေတာ့မွ မနာက်င္ေစခ်င္သလို
အၿမဲတမ္း ၿပဳံးေနေစခ်င္တဲ့သူပါ …။
တကယ္လို႔ သင္တို႔ႏွစ္ေယာက္ စကားမ်ားရင္ေတာင္မွ
သူကသင့္ကိုျပန္ၿပီး ေခ်ာ့ဖို႔ဝန္မေလးတတ္သူ ျဖစ္ပါတယ္။
ဒါေပမယ့္ သင့္ခ်စ္သူက သင္ဝမ္းနည္းေနတာကို ဂ႐ုမစိုက္ရင္
သင္စိတ္ဓါတ္က်ေနတဲ့အခ်ိန္ အားေပးမႈမရွိရင္ …၊
သင့္ကို အဆင္ေျပရဲလားေတာင္ ေမးေဖာ္မရရင္ ဒါမွမဟုတ္
အတုအေယာင္ စာနာမႈေတြကို သိသိသာသာေဖာ္ျပတတ္ရင္
သူကသင့္ကို တကယ္မခ်စ္ပဲ ေျခရႈပ္ဖို႔ သက္သက္သာ
သေဘာထားသူ ျဖစ္ႏိုင္ပါတယ္ …။
၆။ သူ႔မွာ မိန္းကေလးသူငယ္ခ်င္းေတြ အေျမာက္အမ်ားရွိရင္…
တကယ္လို႔ေယာက်ာ္းတစ္ေယာက္ဟာ
ေယာက်ာ္းေလးသူငယ္ခ်င္းထက္ မိန္းကေလးသူငယ္ခ်င္းက
ပိုမ်ားေနၿပီး မိန္းကေလးအားလုံးနဲ႔ ရင္းႏွီးကြၽမ္းဝင္စြာ
ေရာေႏွာေနတတ္ရင္ တကယ့္ကိုလူရႈပ္လူေပြတစ္ေယာက္လို႔
ေျပာလို႔ရပါတယ္ …။
မိန္းကေလးသူငယ္ခ်င္းထားတာဟာ
အျပစ္ မဟုတ္ပါဘူး။
ဒါေပမယ့္ လိုတာထက္ပိုၿပီး မိန္းကေလးေတြနဲ႔
ကြၽမ္းဝင္လိုသူ ဖုန္းနဲ႔ တခ်ိန္လုံး တစ္ေယာက္ၿပီးတစ္ေယာက္
ဆက္သြယ္ေနတဲ့သူဟာ
သင့္တစ္ေယာက္တည္းကို ခ်စ္တယ္ဆိုတာ
ျဖစ္ႏိုင္ေျခမရွိပါဘူး။ ဒီလိုလူမ်ိဳးကို ေရွာင္တာက
ပိုေကာင္းပါတယ္ …။
၇။ အၿမဲတမ္း.ေစာဒကတက္တတ္သူ…
သင့္ကိုတကယ္ခ်စ္တဲ့သူတစ္ေယာက္ဟာ
သင္ဘယ္လိုပုံစံျဖစ္ေနၿပီး ဘယ္လိုအနံ႔ရွိေနတယ္ကအစ
သိပ္ၿပီးဂ႐ုမစိုက္တတ္ၾကပါဘူး။
သင္ျဖစ္ေနတဲ့အတြက္ကို သူက ခ်စ္ေနရတာပါ …။
ဒါေပမယ့္ သင့္ခ်စ္သူက သင္အေကာင္းဆုံးသူ႔အတြက္
ျပင္ဆင္ခဲ့ရင္ေတာင္မွ အၿမဲတမ္းအျပစ္တခုခုကိုရွာၿပီး
ေျပာဆိုတတ္သူ၊ သင့္ရဲ႕အားစိုက္မႈအားလုံးကို
အလဟႆ ျဖစ္ေစတတ္သူဆိုရင္ …၊
သင့္ကိုတကယ္မခ်စ္ပဲ အၿမဲတမ္းနာက်င္ခံစားေအာင္
လုပ္ေနမယ့္သူတစ္ေယာက္ျဖစ္ပါတယ္။
သင့္ရဲ႕အလွကို ရႈပ္ေပြဖို႔အတြက္သာ
တြဲတဲ့ သူတစ္ေယာက္ ျဖစ္ပါတယ္ …။
၈။ သူ႔ဖုန္းကို လုံးဝေပးမကိုင္ပဲ တခုခုဖုံးကြယ္ထားတယ္…
စစ္မွန္တဲ့ relationship တစ္ခုဟာ ယုံၾကည္မႈနဲ႔
တည္ေဆာက္ထားတာပါ။
ဖုန္းနဲ႔ ဆိုရွယ္နက္ဝပ္ဟာ ခ်စ္ရတဲ့သူထက္
ပိုၿပီး အေရးႀကီးမေနသင့္ပါဘူး …။
တခ်ိဳ႕အမ်ိဳးသားေတြဆိုရင္
ခ်စ္သူနဲ႔ အေကာင့္တစ္ခုကိုမွ်ေဝသုံးတာ
ဖုန္းထဲကဂိမ္းကိုခ်စ္သူကို ေပးေဆာ့တာေတြ
ျပဳလုပ္တတ္ၾကပါတယ္။
ဘာေၾကာင့္လဲဆိုေတာ့ သူတို႔မွာ ဖုံးကြယ္ထားတာ မရွိလို႔ပါပဲ …။
ဒါေပမယ့္ သူကေတာ့ သူ႔ဖုန္းကို လုံးဝအထိမခံပဲ
သူစာ႐ိုက္ေနတဲ့အခ်ိန္ သင့္ၾကည့္တဲ့အခါ
ကြယ္သြားတာ ဖုန္းေျပာတဲ့အခ်ိန္
သင္နဲ႔ေဝးရာကို သြားေျပာေနတာေတြဟာ
သူ႔ရဲ႕မ႐ိုးသားမႈကို ေဖာ္ျပေနတာ ျဖစ္ပါတယ္ …။
သင္ကသူ႔ဖုန္းကိုၾကည့္ဖို႔ ဘယ္ေလာက္ေျပာေျပာ
သူ႔ဖုန္းကိုလုံးဝမျပသလို သူကိုမယုံရေကာင္းလားဆိုးၿပီး
သင့္ကိုျပန္အျပစ္တင္ေနတာေတြဟာ
သူတကယ္ေဖာက္ျပန္ေနတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္ …။
၉။ သူ႕အတိတ္ကို လွ်ိဳ႔၀ွက္တယ္
တစ္စုံတစ္ေယာက္ကို အေျဖမေပးရေသးခင္မွာ
သူ႔ရဲ႕အရင္ကအေၾကာင္းကို သင္ေသေသခ်ာခ်ာ သိရွိထားဖို႔
လိုအပ္ပါတယ္။ ေယာက်ာ္းေလးေတာ္ေတာ္မ်ားမ်ားကေတာ့
အေျဖမရမွာစိုးတဲ့အတြက္ အနည္းငယ္ ညာခ်င္ၾကပါတယ္ …။
ဒါ့ေၾကာင့္ သူတို႔အရင္ကရည္းစားဘယ္ႏွစ္ေယာက္
ထားဖူးလဲလို႔ ေမးတဲ့အခါ တကယ္လက္ေတြ႕ထက္
ပိုနည္းစြာေျဖေလ့ ရွိၾကပါတယ္ …။
သင့္မတိုင္က တစ္ေယာက္ႏွစ္ေယာက္ေလာက္နဲ႔ပဲ တြဲခဲ့ၿပီး
ခိုင္လုံတဲ့ အေၾကာင္းျပခ်က္နဲ႔ လမ္းခြဲခဲ့တာဆိုရင္
သိပ္အျပစ္မရွိပါဘူး …။
ရည္းစားသက္ေစ့ထားၿပီး မိန္းကေလးတိုင္းကို
လိုခ်င္တာရယူၿပီးမွ အသဲခြဲတတ္သူဆိုရင္
လုံးဝေရွာင္ရွားဖို႔လိုပါတယ္။
ဒါ့ေၾကာင့္ အတိတ္က အရမ္းကိုလႈိ႕ဝွက္ခ်က္မ်ားတဲ့
သူဆိုရင္ သတိထားဖို႔ လိုအပ္ပါတယ္ …။
၁၀။ ႐ုပ္ပိုင္းဆိုင္ရာ လိုခ်င္တက္မက္မႈ မ်ားတဲ့သူ…
သင္နဲ႔စကားေျပာတဲံအခ်ိန္ထက္ သင္နဲ႔႐ုပ္ပိုင္းထိေတြ႕ဖို႔
သင္နဲ႔အတူတူအိပ္ဖို႔ အၿမဲတမ္းႀကိဳးစားေနရင္ သူဟာႏွာဘူး
သို႔မဟုတ္ လူရႈပ္လူေပြတစ္ေယာက္ ျဖစ္ေနႏိုင္ပါတယ္ …။
႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈဟာ Relationship
တိုင္းအတြက္အေရးပါပါတယ္။
ဒါေပမယ့္ relationship ကိုေတာ့ ဒီအရာနဲ႔
တိုင္းတာဆုံးျဖတ္လို႔ မရပါဘူး …။
တကယ္လို႔သူက သင္ဘယ္လိုခံစားေနရတယ္ဆိုတာကိုေတာင္
ဂ႐ုမစိုက္ပဲ ကိုယ္လက္ႏွီးေႏွာဖို႔ပဲ အလွ်င္လိုေနတဲ့သူ
တကယ္လို႔သင္က ျငင္းဆန္တဲ့အခါ
သင့္အေပၚအႀကီးအက်ယ္ေပါက္ကြဲတာ …
ဒါမွမဟုတ္ အတင္းအက်ပ္ ျပဳလုပ္တာေတြဟာ
သင့္ရဲ႕ခႏၶာကိုယ္ကိုပဲ လိုခ်င္ေနတဲ့
လူရႈပ္လူေပြတစ္ေယာက္ျဖစ္ပါတယ္။
ဘယ္ေတာ့မွ အယုံမလြယ္လိုက္ပါနဲ႔ေနာ္ …။ ။
မူရင္း – LM
Unicode
မပတ်သတ်မိခင်မှာ လူရှုပ်လူပွေတစ်ယောက်ဖြစ်ကြောင်းကို ပျိုမေတို့ သိရှိနိုင်မယ့် အချက် (၁၀) ချက်
ကိုယ်ရွေးချယ်မယ့်သူ သို့မဟုတ်
ကိုယ်နဲ့ပတ်သတ်နေတဲ့ သူတစ်ယောက်က
လူရှုပ်လူပွေတစ်ယောက် ဖြစ်နေမှာကို
ပျိုမေတိုင်း စိုးရိမ်ကြမိပါလိမ့်မယ် ။
ရည်းစားများတဲ့ လူရှုပ်လူပွေတစ်ယောက်နဲ့
ပတ်သတ်မိရင် ပထမဆုံးထိခိုက်နစ်နာရမှာက
ပျိုမေတို့ဖြစ်ပြီးတော့ ဘဝတစ်လျှောက်လုံးအတွက်
နောင်တရစရာ စိတ်ညစ်စရာတွေကိုလည်း
ကြုံတွေ့ရ နိုင်ပါတယ် …။
ယခုလို လူရှုပ်တစ်ယောက်ကို
မရွေးချယ်မိဖို့အတွက် သူဟာလူရှုပ်လူပွေတစ်ယောက်
ဖြစ်ကြောင်းကို သတိထားမိစေနိုင်တဲ့
အချက်လေး တွေကို မျှဝေပေးပါရစေနော် …။
၁။ သင်နဲ့ တွဲနေတာကို အခြားသူတွေ မမြင်လိုဘူး…
သင့်ကို အမျိုးသားတစ်ယောက်က တကယ်ချစ်တဲ့အခါ
တကမာ္ဘလုံး သိအောင်ချပြဖို့လည်း ဝန်မလေးတတ်ပါဘူး။
သူ့ရဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ သိခွင့်ပေးတာတွေ …၊
သင့်အကြောင်းပြောပြတာတွေကို သူသေချာလုပ်ပြပါလိမ့်မယ်။
ဒါဟာဘာကြောင့်လဲဆိုတော့
သင်ဟာသူ့ရဲ့ အစိတ်အပိုင်းတစ်ခုလို အရမ်းကို အရေးပါလို့ပါပဲ …။
တကယ်လို့သာ သင်နဲ့တွဲသာတွဲနေရတယ်
လူတွေ့မခံချင်တာတွေ၊ ခိုးကြောင်ခိုးဝှက် လူမသိအောင်
ချိန်းတွေ့တာတွေ သူ့ရဲ့သူငယ်ချင်းတွေ
မိသားစုတွေကိုလည်း သိခွင့်မပေးတာတွေ လုပ်နေခဲ့ရင် …၊
သင့်ကိုသူ အပျော်သဘောမျိုးနဲ့ လက်တွဲနေတာဖြစ်နိုင်ပါတယ်။
သင့်ဆီက သူလိုချင်တာတွေ အကုန်ယူလို့ပြီးသွားရင်
သင့်ကိုလူမသိလိုက်ပဲ ပစ်ထားခဲ့နိုင်တာကြောင့် …၊
ယခုလိုအပြုအမူမျိုးရှိရင် ခိုင်လုံတဲ့အကြောင်းပြချက်တောင်းပါ။
အယုံမလွယ်ပဲ အသေအချာဆုံးဖြတ်ဖို့ လိုအပ်ပါတယ် …။
၂။ သင့်ကို ဖုန်းခေါ်ဖို့ ခက်ခဲနေတယ်…
တကယ်ချစ်တဲ့ချစ်သူတွေဆိုရင် နေ့တိုင်းမကြာခဏဆိုသလို
ဖုန်းဆက်တတ်ကြပြီး နာရီအတော်ကြာကြာ ထိအောင်
တစ်ယောက်နဲ့တစ်ယောက် ပြောလို့မဝပဲ ဖြစ်တတ်ပါတယ် …။
နေ့တိုင်း စကားတွေ ဘယ်လောက်ပြောပြော
ရိုးသွားတယ်ဆိုတာ မရှိပါဘူး။
တကယ်လို့ချစ်သူဆီ နှစ်ရက်လောက် ဖုန်းမဆက်ရရင်ပဲ
လောကကြီးဟာ အဓိပ္ပာယ်မရှိတော့သလို ခံစားရပါလိမ့်မယ် …။
ဒါပေမယ့် သူကသင့်ကိုဖုန်းခေါ်ဖို့အမြဲတမ်းမေ့နေမယ်။
သင်ကစဆက်သွယ်မှ အကြောင်းပြချက်အမျိုးမျိုးနဲ့
ပြောနေမယ်ဆိုရင် သင့်ကိုသိပ်စိတ်မဝင်စားတော့ပဲ
အခြားတစ်ယောက်နဲ့ အချိန်တွေဖြုန်းနေတာ ဖြစ်နိုင်ပါတယ် …။
အခြားမိန်းကလေးတစ်ယောက်ကိုလည်း
သင့်လိုပဲ လိမ်ညာနေနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ယခုလိုလူမျိုးတွေကို
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ များစွာကြုံခဲ့ဖူးလို့ပါပဲ …။
၃။ သင့်အပေါ် ပွင့်လင်းမှုမရှိဘူး
ယောက်ျားလေးတစ်ယောက် သင့်ကိုတကယ်ချစ်တဲ့အခါ
သင့်ဘဝတစ်ခုလုံးရဲ့အကြောင်းကို
သင့်နဲ့အတူ မျှဝေပေးတတ်ပါတယ်။
သူ့အကြောင်း အရာအားလုံး
သင့်ကိုမခြွင်းမချန် ပြောပြဖို့ ဝန်မလေးတတ်ပါဘူး …။
ဒါဟာ ဘာကြောင့်လဲဆိုတော့
သူဟာသင့်ရဲ့အာရုံစိုက်မှုကို လိုလားပြီး
သင့်ရဲ့ အချစ်နဲ့ သူ့အပေါ်ပံ့ပိုးမှုကို
လိုလားတာကြောင့်ပဲ ဖြစ်ပါတယ် …။
ဒါပေမယ့် လူရှုပ်လူတပွေတစ်ယောက်ကတော့
သူ့ရဲ့အကြောင်းနဲ့ ပတ်သတ်တာတွေကို
သင့်အပေါ်ဖုံးကွယ်ထားပြီး
ဘယ်တော့မှလည်း ရင်မဖွင့်တတ်ပါဘူး …။
ဒါဟာသင့်ကို တကယ်စိတ်မဝင်စားပဲ
အပျော်သဘောမျိုး တွဲတာကြောင့် ဖြစ်နိုင်ပါတယ် …။
၄။ အာမ မခံတတ်ဘူး
သင့်အပေါ်တကယ်ချစ်တဲ့ အမျိုးသားတစ်ယောက်ဟာ
သင်နဲ့အတူရှိနေဖို့အတွက်
အချိန်ရရှိအောင် ကြိုးစားတတ်ပါတယ်။
သင့်ရဲ့အချိန်တွေဟာ တန်ဖိုးရှိတာကို
သူသိရှိပြီး သင်နဲ့တွေ့ဖို့ဆိုရင်
ဘယ်တော့မှ မငြင်းဆန်တတ်ပဲ …၊
သင်နဲ့အချိန်တွေကို အတူတူကုန်ဆုံးချင်နေပါတယ်။
ဒါပေမယ့် လူရှုပ်လူပွေတစ်ယောက် ဆိုရင်တော့
သင်နဲ့အတူတူ ရှိမယ့် အစီအစဉ်တွေကို
အမြဲတမ်းလိုလို cancel လုပ်နေတတ်ပြီး …၊
ဘယ်တော့မှ အာမခံနိုင်စွမ်း မရှိပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့ သင့်ထက်ပိုအရေးကြီးတဲ့
သူတစ်ယောက်နဲ့ တွေ့ဖို့ချိန်းခဲ့လို့ ဖြစ်နိုင်ပါတယ်။
လူတိုင်းဟာ အလုပ်များတာကြောင့်
တခါတလေမှာ အစီအစဉ်တွေကို ဖြတ်လိုက်ရတာကို
နားလည်ပါတယ်။
ဒါပေမယ့် သာမာန်မဟုတ်တဲ့ အခြေအနေတွေနဲ့အတူ
ကတိမတည်တာတွေ များလာရင်တော့
သင့်ကို သူ လှည့်စားနေတာ ဖြစ်နိုင်ပါတယ်နော် …။
၅။ သင့်ရဲ့ ခံစားချက်က အရေးပါဘူး…
သင့်ကိုတကယ်ချစ်တဲ့ ချစ်သူဟာ သင့်ရဲ့ခံစားချက်တွေကို
အစွမ်းကုန်ဂရုစိုက်တတ်ပါတယ်။
သင့်ကိုသူက ဘယ်တော့မှ မနာကျင်စေချင်သလို
အမြဲတမ်း ပြုံးနေစေချင်တဲ့သူပါ …။
တကယ်လို့ သင်တို့နှစ်ယောက် စကားများရင်တောင်မှ
သူကသင့်ကိုပြန်ပြီး ချော့ဖို့ဝန်မလေးတတ်သူ ဖြစ်ပါတယ်။
ဒါပေမယ့် သင့်ချစ်သူက သင်ဝမ်းနည်းနေတာကို ဂရုမစိုက်ရင်
သင်စိတ်ဓါတ်ကျနေတဲ့အချိန် အားပေးမှုမရှိရင် …၊
သင့်ကို အဆင်ပြေရဲလားတောင် မေးဖော်မရရင် ဒါမှမဟုတ်
အတုအယောင် စာနာမှုတွေကို သိသိသာသာဖော်ပြတတ်ရင်
သူကသင့်ကို တကယ်မချစ်ပဲ ခြေရှုပ်ဖို့ သက်သက်သာ
သဘောထားသူ ဖြစ်နိုင်ပါတယ် …။
၆။ သူ့မှာ မိန်းကလေးသူငယ်ချင်းတွေ အမြောက်အများရှိရင်…
တကယ်လို့ယောက်ျားတစ်ယောက်ဟာ
ယောက်ျားလေးသူငယ်ချင်းထက် မိန်းကလေးသူငယ်ချင်းက
ပိုများနေပြီး မိန်းကလေးအားလုံးနဲ့ ရင်းနှီးကျွမ်းဝင်စွာ
ရောနှောနေတတ်ရင် တကယ့်ကိုလူရှုပ်လူပွေတစ်ယောက်လို့
ပြောလို့ရပါတယ် …။
မိန်းကလေးသူငယ်ချင်းထားတာဟာ
အပြစ် မဟုတ်ပါဘူး။
ဒါပေမယ့် လိုတာထက်ပိုပြီး မိန်းကလေးတွေနဲ့
ကျွမ်းဝင်လိုသူ ဖုန်းနဲ့ တချိန်လုံး တစ်ယောက်ပြီးတစ်ယောက်
ဆက်သွယ်နေတဲ့သူဟာ
သင့်တစ်ယောက်တည်းကို ချစ်တယ်ဆိုတာ
ဖြစ်နိုင်ခြေမရှိပါဘူး။ ဒီလိုလူမျိုးကို ရှောင်တာက
ပိုကောင်းပါတယ် …။
၇။ အမြဲတမ်း.စောဒကတက်တတ်သူ…
သင့်ကိုတကယ်ချစ်တဲ့သူတစ်ယောက်ဟာ
သင်ဘယ်လိုပုံစံဖြစ်နေပြီး ဘယ်လိုအနံ့ရှိနေတယ်ကအစ
သိပ်ပြီးဂရုမစိုက်တတ်ကြပါဘူး။
သင်ဖြစ်နေတဲ့အတွက်ကို သူက ချစ်နေရတာပါ …။
ဒါပေမယ့် သင့်ချစ်သူက သင်အကောင်းဆုံးသူ့အတွက်
ပြင်ဆင်ခဲ့ရင်တောင်မှ အမြဲတမ်းအပြစ်တခုခုကိုရှာပြီး
ပြောဆိုတတ်သူ၊ သင့်ရဲ့အားစိုက်မှုအားလုံးကို
အလဟဿ ဖြစ်စေတတ်သူဆိုရင် …၊
သင့်ကိုတကယ်မချစ်ပဲ အမြဲတမ်းနာကျင်ခံစားအောင်
လုပ်နေမယ့်သူတစ်ယောက်ဖြစ်ပါတယ်။
သင့်ရဲ့အလှကို ရှုပ်ပွေဖို့အတွက်သာ
တွဲတဲ့ သူတစ်ယောက် ဖြစ်ပါတယ် …။
၈။ သူ့ဖုန်းကို လုံးဝပေးမကိုင်ပဲ တခုခုဖုံးကွယ်ထားတယ်…
စစ်မှန်တဲ့ relationship တစ်ခုဟာ ယုံကြည်မှုနဲ့
တည်ဆောက်ထားတာပါ။
ဖုန်းနဲ့ ဆိုရှယ်နက်ဝပ်ဟာ ချစ်ရတဲ့သူထက်
ပိုပြီး အရေးကြီးမနေသင့်ပါဘူး …။
တချို့အမျိုးသားတွေဆိုရင်
ချစ်သူနဲ့ အကောင့်တစ်ခုကိုမျှဝေသုံးတာ
ဖုန်းထဲကဂိမ်းကိုချစ်သူကို ပေးဆော့တာတွေ
ပြုလုပ်တတ်ကြပါတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့မှာ ဖုံးကွယ်ထားတာ မရှိလို့ပါပဲ …။
ဒါပေမယ့် သူကတော့ သူ့ဖုန်းကို လုံးဝအထိမခံပဲ
သူစာရိုက်နေတဲ့အချိန် သင့်ကြည့်တဲ့အခါ
ကွယ်သွားတာ ဖုန်းပြောတဲ့အချိန်
သင်နဲ့ဝေးရာကို သွားပြောနေတာတွေဟာ
သူ့ရဲ့မရိုးသားမှုကို ဖော်ပြနေတာ ဖြစ်ပါတယ် …။
သင်ကသူ့ဖုန်းကိုကြည့်ဖို့ ဘယ်လောက်ပြောပြော
သူ့ဖုန်းကိုလုံးဝမပြသလို သူကိုမယုံရကောင်းလားဆိုးပြီး
သင့်ကိုပြန်အပြစ်တင်နေတာတွေဟာ
သူတကယ်ဖောက်ပြန်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ် …။
၉။ သူ့အတိတ်ကို လျှို့ဝှက်တယ်
တစ်စုံတစ်ယောက်ကို အဖြေမပေးရသေးခင်မှာ
သူ့ရဲ့အရင်ကအကြောင်းကို သင်သေသေချာချာ သိရှိထားဖို့
လိုအပ်ပါတယ်။ ယောက်ျားလေးတော်တော်များများကတော့
အဖြေမရမှာစိုးတဲ့အတွက် အနည်းငယ် ညာချင်ကြပါတယ် …။
ဒါ့ကြောင့် သူတို့အရင်ကရည်းစားဘယ်နှစ်ယောက်
ထားဖူးလဲလို့ မေးတဲ့အခါ တကယ်လက်တွေ့ထက်
ပိုနည်းစွာဖြေလေ့ ရှိကြပါတယ် …။
သင့်မတိုင်က တစ်ယောက်နှစ်ယောက်လောက်နဲ့ပဲ တွဲခဲ့ပြီး
ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ လမ်းခွဲခဲ့တာဆိုရင်
သိပ်အပြစ်မရှိပါဘူး …။
ရည်းစားသက်စေ့ထားပြီး မိန်းကလေးတိုင်းကို
လိုချင်တာရယူပြီးမှ အသဲခွဲတတ်သူဆိုရင်
လုံးဝရှောင်ရှားဖို့လိုပါတယ်။
ဒါ့ကြောင့် အတိတ်က အရမ်းကိုလှို့ဝှက်ချက်များတဲ့
သူဆိုရင် သတိထားဖို့ လိုအပ်ပါတယ် …။
၁၀။ ရုပ်ပိုင်းဆိုင်ရာ လိုချင်တက်မက်မှု များတဲ့သူ…
သင်နဲ့စကားပြောတဲံအချိန်ထက် သင်နဲ့ရုပ်ပိုင်းထိတွေ့ဖို့
သင်နဲ့အတူတူအိပ်ဖို့ အမြဲတမ်းကြိုးစားနေရင် သူဟာနှာဘူး
သို့မဟုတ် လူရှုပ်လူပွေတစ်ယောက် ဖြစ်နေနိုင်ပါတယ် …။
ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုဟာ Relationship
တိုင်းအတွက်အရေးပါပါတယ်။
ဒါပေမယ့် relationship ကိုတော့ ဒီအရာနဲ့
တိုင်းတာဆုံးဖြတ်လို့ မရပါဘူး …။
တကယ်လို့သူက သင်ဘယ်လိုခံစားနေရတယ်ဆိုတာကိုတောင်
ဂရုမစိုက်ပဲ ကိုယ်လက်နှီးနှောဖို့ပဲ အလျှင်လိုနေတဲ့သူ
တကယ်လို့သင်က ငြင်းဆန်တဲ့အခါ
သင့်အပေါ်အကြီးအကျယ်ပေါက်ကွဲတာ …
ဒါမှမဟုတ် အတင်းအကျပ် ပြုလုပ်တာတွေဟာ
သင့်ရဲ့ခန္ဓာကိုယ်ကိုပဲ လိုချင်နေတဲ့
လူရှုပ်လူပွေတစ်ယောက်ဖြစ်ပါတယ်။
ဘယ်တော့မှ အယုံမလွယ်လိုက်ပါနဲ့နော် …။ ။
မူရင်း – LM