Lifestyle

အၿမဲအဆင္ေျပခ်င္ေယာင္ေဆာင္တဲ့လူေတြဟာ ပိုခံစားရတယ္ဆိုတဲ့အေၾကာင္းရင္း (၄) ခု

အၿမဲအဆင္ေျပခ်င္ေယာင္ေဆာင္တဲ့လူေတြဟာ ပိုခံစားရတယ္ဆိုတဲ့အေၾကာင္းရင္း (၄) ခု

ဘယ္လို ကိစၥေတြ ပဲၾကဳံလာၾကဳံလာ

ဘယ္သူ႕ကိုမွ ထုတ္မေျပာဘဲ၊

ဘယ္သူ႕ကိုမွ ေပးမသိခ်င္ဘဲ

တစ္ေယာက္တည္း ႀကိတ္ခံစားတတ္တဲ့ လူမ်ိဳးေတြ ႐ွိလား။

ဒီလိုလူေတြဟာ အဆင္မေျပမႈေတြကို

ေပၚေပၚထင္ထင္ ထုတ္ျပေလ့ ႐ွိတဲ့

လူမ်ိဳးေတြထက္ ပိုၿပီး ခံစားေနၾကရတယ္ ဆိုတာ

သင္သိပါသလား။ ဘာေၾကာင့္လဲ ဆိုရင္

ခါးဆီးခံရတယ္

ျဖစ္သမွ် အေၾကာင္းအရင္းေတြ

အကုန္လုံး ဘယ္သူ႕ကိုမွမေျပာတတ္တဲ့ အတြက္ေၾကာင့္

ထုတ္ေျပာတဲ့ သူထက္စာရင္

ပိုၿပီးေတာ့ ဒုကၡေတြကို ခါးဆီးခံ ရတတ္ ပါတယ္။

ဟန္ေဆာင္ရတယ္

ကိုယ့္ပတ္ဝန္းက်င္ကို ဒုကၡမေပးခ်င္ တာေၾကာင့္ ပဲျဖစ္ျဖစ္

ကိုယ္ေပ်ာ့ညံ့ေနတာ မသိေစခ်င္လို႔ပဲျဖစ္ျဖစ္

အဆင္မေျပမႈေတြကို ဘာမွမျဖစ္သလို

ဟန္ေဆာင္တတ္ ၾကပါတယ္။

ဒီလို အခ်ိန္မွာ တစ္ဖက္က အဆင္မေျပမႈေၾကာင့္

ခံစားရတာက တစ္ဖက္၊ ဘယ္သူမွမသိေအာင္

ေပ်ာ္ေနတယ္လို႔ ဟန္ေဆာင္ရတဲ့

စိတ္ပင္ပမ္းမႈက တစ္ဖက္နဲ႔မလို႔ ၂ ဆ၊

၃ ဆေလာက္ ပင္ပမ္းၾက ရမွာပါ။

ပိုအထီးက်န္တယ္

ကိုယ္ကိုယ္တိုင္ကကို ကိုယ့္ရဲ႕အဆင္မေျပတာေတြ၊

စိတ္ညစ္စရာေတြ၊ ဝမ္းနည္းစရာေတြကို သူမ်ားမသိေအာင္

တံတိုင္း တစ္ခုလို ကာရင္း တျခားလူေတြနဲ႔ ရင္းႏွီးမႈေတြပါ

ခဏေလာက္မွိန္သြားတတ္ၾက ပါတယ္။

ဒီလိုျဖစ္လာ တဲ့အခါ တစ္ေယာက္တည္းေန လာရင္း

အထီးက်န္လာတတ္ၾက ပါတယ္။

ပိုမြန္းၾကပ္တယ္

အဆင္မေျပမႈေတြ ေထြးပိုက္ၿပီး အဆင္ေျပ ခ်င္ေယာင္

ဟန္ေဆာင္ေနရမယ္၊ ေဘးမွာ႐ွိတဲ့လူတိုင္းကိုလည္း

ပိတ္ခ် ထားမယ္။ ဒီလိုမ်ိဳး ဟန္ေဆာင္မႈေတြဟာ

အာၿဗဲနဲ႔ လူတိုင္းသိေအာင္ အဆင္ျမေပမႈေတြကို

ၿငီးျပ တတ္တဲ့ လူေတြထက္ ပိုၿပီးကို မြန္းၾကပ္ ရတယ္၊

ခံစား ရတတ္ပါတယ္။

စိတ္ပညာ႐ွင္ ေတာ္ေတာ္မ်ားမ်ား ကေတာ့

အဆင္ေျပခ်င္ေယာင္ေဆာင္ တတ္တဲ့လူေတြ ဟာ

ထုတ္ေျပာျပတတ္တဲ့ လူေတြထက္

ပိုၿပီး စိတ္အေျခအေန ဆိုး႐ြားေစ ႏိုင္တယ္လို႔ ေျပာထားပါတယ္။

အထူးသျဖင့္ Smile Depression ဆိုတဲ့ စိတ္က်ေရာဂါ

တစ္မ်ိဳးကို ခံစားႏိုင္ရပါတယ္။

ဒါေၾကာင့္ အ႐ွိကိုအ႐ွိတိုင္းပဲ ခံစား ပစ္ပါ။

ရင္းႏွီးယုံၾကည္ ရတဲ့ တစ္ေယာက္ေယာက္ကို ရင္ဖြင့္ပါ။

အေကာင္းဖက္ကပဲ အၿမဲေတြးပါ။

penny

Unicode

အမြဲအဆင်ပြေချင်ယောင်ဆောင်တဲ့လူတွေဟာ ပိုခံစားရတယ်ဆိုတဲ့အကြောင်းရင်း (၄) ခု

ဘယ်လို ကိစ္စတွေ ပဲကြုံလာကြုံလာ

ဘယ်သူ့ကိုမှ ထုတ်မပြောဘဲ၊

ဘယ်သူ့ကိုမှ ပေးမသိချင်ဘဲ

တစ်ယောက်တည်း ကြိတ်ခံစားတတ်တဲ့ လူမျိုးတွေ ရှိလား။

ဒီလိုလူတွေဟာ အဆင်မပြေမှုတွေကို

ပေါ်ပေါ်ထင်ထင် ထုတ်ပြလေ့ ရှိတဲ့

လူမျိုးတွေထက် ပိုပြီး ခံစားနေကြရတယ် ဆိုတာ

သင်သိပါသလား။ ဘာကြောင့်လဲ ဆိုရင်

ခါးဆီးခံရတယ်

ဖြစ်သမျှ အကြောင်းအရင်းတွေ

အကုန်လုံး ဘယ်သူ့ကိုမှမပြောတတ်တဲ့ အတွက်ကြောင့်

ထုတ်ပြောတဲ့ သူထက်စာရင်

ပိုပြီးတော့ ဒုက္ခတွေကို ခါးဆီးခံ ရတတ် ပါတယ်။

ဟန်ဆောင်ရတယ်

ကိုယ့်ပတ်ဝန်းကျင်ကို ဒုက္ခမပေးချင် တာကြောင့် ပဲဖြစ်ဖြစ်

ကိုယ်ပျော့ညံ့နေတာ မသိစေချင်လို့ပဲဖြစ်ဖြစ်

အဆင်မပြေမှုတွေကို ဘာမှမဖြစ်သလို

ဟန်ဆောင်တတ် ကြပါတယ်။

ဒီလို အချိန်မှာ တစ်ဖက်က အဆင်မပြေမှုကြောင့်

ခံစားရတာက တစ်ဖက်၊ ဘယ်သူမှမသိအောင်

ပျော်နေတယ်လို့ ဟန်ဆောင်ရတဲ့

စိတ်ပင်ပမ်းမှုက တစ်ဖက်နဲ့မလို့ ၂ ဆ၊

၃ ဆလောက် ပင်ပမ်းကြ ရမှာပါ။

ပိုအထီးကျန်တယ်

ကိုယ်ကိုယ်တိုင်ကကို ကိုယ့်ရဲ့အဆင်မပြေတာတွေ၊

စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေကို သူများမသိအောင်

တံတိုင်း တစ်ခုလို ကာရင်း တခြားလူတွေနဲ့ ရင်းနှီးမှုတွေပါ

ခဏလောက်မှိန်သွားတတ်ကြ ပါတယ်။

ဒီလိုဖြစ်လာ တဲ့အခါ တစ်ယောက်တည်းနေ လာရင်း

အထီးကျန်လာတတ်ကြ ပါတယ်။

ပိုမွန်းကြပ်တယ်

အဆင်မပြေမှုတွေ ထွေးပိုက်ပြီး အဆင်ပြေ ချင်ယောင်

ဟန်ဆောင်နေရမယ်၊ ဘေးမှာရှိတဲ့လူတိုင်းကိုလည်း

ပိတ်ချ ထားမယ်။ ဒီလိုမျိုး ဟန်ဆောင်မှုတွေဟာ

အာဗြဲနဲ့ လူတိုင်းသိအောင် အဆင်မြပေမှုတွေကို

ငြီးပြ တတ်တဲ့ လူတွေထက် ပိုပြီးကို မွန်းကြပ် ရတယ်၊

ခံစား ရတတ်ပါတယ်။

စိတ်ပညာရှင် တော်တော်များများ ကတော့

အဆင်ပြေချင်ယောင်ဆောင် တတ်တဲ့လူတွေ ဟာ

ထုတ်ပြောပြတတ်တဲ့ လူတွေထက်

ပိုပြီး စိတ်အခြေအနေ ဆိုးရွားစေ နိုင်တယ်လို့ ပြောထားပါတယ်။

အထူးသဖြင့် Smile Depression ဆိုတဲ့ စိတ်ကျရောဂါ

တစ်မျိုးကို ခံစားနိုင်ရပါတယ်။

ဒါကြောင့် အရှိကိုအရှိတိုင်းပဲ ခံစား ပစ်ပါ။

ရင်းနှီးယုံကြည် ရတဲ့ တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။

အကောင်းဖက်ကပဲ အမြဲတွေးပါ။

penny