Love

သူနဲ႔ ကိုယ္ ၿမဲမၿမဲဆိုတာ ဒီအခ်က္ေလးေတြက ေျပာျပေပးႏိုင္တာ

သူနဲ႔ ကိုယ္ ၿမဲမၿမဲဆိုတာ ဒီအခ်က္ေလးေတြက ေျပာျပေပးႏိုင္တာ

ဖူးစာပါလို႔ ဆုံဆည္းလာၾကရတဲ့

ခ်စ္သူႏွစ္ဦး ဘယ္သူမဆို

သူ႕ဘက္ကိုယ့္ဘက္ သစၥာမေဖာက္၊

ယုံၾကည္မႈ႐ွိ႐ွိ နားလည္မႈအျပည့္နဲ႔

ဘဝကို ျဖတ္သန္းခ်င္ၾကမွာပါ။

တစ္ခ်ိဳ႕အရာေတြက ကံတရားက ၾကားဝင္ျဖတ္လို

႔ ျပတ္သြားတတ္တာမ်ိဳး ခြၽင္းခ်က္ထားၿပီး

ကိုယ့္ခ်စ္သူဟာ ကိုယ္နဲ႔တစ္သက္မခြဲပဲ

ၿမဲမလားဆိုတာ သိခ်င္တတ္ၾကပါတယ္။

ဒီေတာ့ ခ်စ္သူႏွစ္ဦး ၿမဲမၿမဲ ဒီအေျခခံက်တဲ့

အခ်က္ေလးေတြကို ၾကည့္ၿပီး ခန္႔မွန္းႏိုင္ပါတယ္။

၁။တစ္ဦးနဲ႔တစ္ဦး ဒီခ်စ္ျခင္းေမတၱာအတြက္

ေက်းဇူးတင္စကားဆိုျဖစ္တယ္။

ကိုယ့္ေဘးမွာ အၿမဲ႐ွိေပးတဲ့အတြက္၊

ကိုယ့္ကိုနားလည္ေပးတဲ့အတြက္ ေက်းဇူးတင္တယ္

ဆိုတဲ့အေၾကာင္း သူ႕ကိုရင္ထဲက

လိႈက္လိႈက္လွဲလွဲကို ေျပာျဖစ္တယ္။

ခ်စ္တယ္ဆိုတဲ့ စကားကိုလည္း

ေန႔တိုင္း တစ္ခါႏွစ္ခါမက ေျပာျဖစ္တယ္ဆိုရင္

ဒီအတြဲဟာ ၿမဲဖို႔ေသခ်ာပါၿပီ။

၂။ခ်စ္သူေကာင္ေလးဟာ က်န္းမာတယ္။

အတြဲတစ္တြဲမွာ ခ်စ္သူေကာင္ေလးက

က်န္းမာေရးေကာင္းတယ္။

က်န္းမာေရး လိုက္စားတဲ့သူ တစ္ေယာက္ဆိုရင္

သင္တို႔အခ်စ္ေရးဟာ သာယာစိုေျပမွာပါ။

ကိုယ့္ရည္းစားက က်န္းမာေရးခ်ဴခ်ာလြန္းလို႔

စိတ္ဆင္းရဲရတာမ်ိဳး မျဖစ္ေတာ့ဘူးေပါ့။

က်န္းမာေရးကလည္း သင့္အခ်စ္ေရးမွာ

အေရးပါတဲ့အခန္းက႑တစ္ရပ္ပဲဆိုတာ မေမ့ပါနဲ႔။

၃။စကားေျပာပုံ ဆိုေပါက္ကအစ တူေနတယ္။

သူနဲ႔ကိုယ္နဲ႔တူတဲ့ အခ်က္ေတြ အမ်ားႀကီး ႐ွိေနပါတယ္။

သူနဲ႔ေတြးေခၚေနတဲ့ အရာေတြပါ

တျဖည္းျဖည္း တူလာသလို ေျပာလိုက္တဲ့ စကားေတြလည္း

အတူတူျဖစ္ေနတတ္တယ္။

စကားေျပာပုံဆိုေပါက္ကလည္း တူေနၿပီဆိုရင္ေတာ့

ဒါဟာ အဆုံးထိ လက္တြဲရမယ့္ သူေတြပဲေပါ့။

၄။အၿမဲတမ္း နမ္းျဖစ္တယ္။

တစ္လကို တစ္ခါေလာက္ နမ္းတာမ်ိဳး မဟုတ္ပဲ

သူနဲ႔ေတြ႕တိုင္း ႏွစ္ဦးသားၾကည္ၾကည္ႏူးႏူး

အနမ္းေႁခြျဖစ္တယ္ဆိုရင္လည္း

ဒါဟာ သံေယာဇဥ္ႀကိဳးကို တိုးေစတာပဲေလ။

ဒါၿမဲမယ့္အခ်က္ပဲေပါ့။

၅။သူငယ္ခ်င္းစုံတြဲနဲ႔အတူ အျပင္ထြက္လည္ျဖစ္တယ္။

ကိုယ္ေတြခ်ည္းပဲ မဟုတ္ပဲ သူငယ္ခ်င္းစုံတြဲနဲ႔ပါ

႐ုပ္႐ွင္ၾကည့္ၾကတာမ်ိဳး၊ ဒင္နာစားၾကတာမ်ိဳးေတြ

လုပ္ျဖစ္တယ္ဆိုရင္ေတာ့ ဒါဟာလည္း သင္တို႔ႏွစ္ဦးကို

ဘယ္ေတာ့မွ ျပတ္ေတာက္မသြားေစဖို႔

ျဖစ္ႏိုင္ေခ်မ်ားတဲ့ အခ်က္တစ္ခုပါပဲ။

၆။႐ုပ္႐ွင္အတူတူၾကည့္ရင္း

အျမင္ေတြကို ဖလွယ္ျဖစ္ၾကတယ္။

စာအုပ္ေတြဖတ္ၿပီးေတာ့လည္း

ဗဟုသုတေဝမွ်ျဖစ္ၾကတယ္။

ကိုယ့္ခ်စ္သူနဲ႔အတူ ေပါက္ေပါက္အတူတူစားရင္း

အခ်စ္ဇာတ္လမ္းေလးေတြ၊

အိမ္ေထာင္ေရးဇာတ္ကားေတြ ၾကည့္ျဖစ္တယ္။

ဇာတ္ကားအေၾကာင္းလည္း

တစ္ဦးနဲ႔တစ္ဦး ေျပာျဖစ္တယ္။

ဒါဟာ ႏွစ္ဦးသားနားလည္မႈပိုတိုးေစဖို႔ ေဖးကူတဲ့အရာပဲေပါ့။

၇။စိတ္ကအလိုလို ခံစားမိေနတယ္။

ဒီတစ္ခါေတာ့ ငါသူနဲ႔ၿမဲၿပီဆိုတာ

စိတ္ခံစားမႈအရ သိေနတယ္။

အရင္အခါေတြတုန္းကလို မဟုတ္ဘူး။

သူနဲ႔ဘယ္ေတာ့မွ ခြဲမွာ မဟုတ္ဘူးဆိုၿပီး

စိတ္ကအလိုလို သိေနတာမ်ိဳုးဟာလည္း

ယုံခ်င္စရာေကာင္း တဲ့အခ်က္ပါပဲ။

၈။သူငယ္ခ်င္းအေပါင္းအသင္းေတြကလည္း

နင္တို႔ႏွစ္ေယာက္ၿမဲမွာပါ။

သေဘာတူတယ္ စသျဖင့္ အေကာင္းေတြသာ ေျပာၾကတယ္။

ေဘးကလူေတြက ကိုယ္မျမင္တဲ့ အရာေတြကို

ပိုျမင္တတ္ၾကပါတယ္။

တစ္ခါတစ္ေလ ကိုယ္က အခ်စ္လြန္ မႊန္ၿပီး

မျမင္တဲ့အရာေတြဆို

ေဘးကလူေတြက ပိုသိေနတတ္ၾကပါတယ္။

ခုတစ္ခါေတာ့ ဒီလိုမဟုတ္ပဲ ကိုယ့္သူငယ္ခ်င္း

အေပါင္းအသင္းေတြအားလုံးက သေဘာတူအားက်ၿပီး

ကိုယ့္ခ်စ္သူကို အေကာင္းပဲျမင္ ခ်စ္ခင္ၾကတယ္ဆိုရင္ေတာ့

ဒါဟာလည္းသင္တို႔ကို ၿမဲေစတဲ့ အခ်က္တစ္ခ်က္ပဲေပါ့။

Credit

Unicode

သူနဲ့ ကိုယ် မြဲမမြဲဆိုတာ ဒီအချက်လေးတွေက ပြောပြပေးနိုင်တာ

ဖူးစာပါလို့ ဆုံဆည်းလာကြရတဲ့

ချစ်သူနှစ်ဦး ဘယ်သူမဆို

သူ့ဘက်ကိုယ့်ဘက် သစ္စာမဖောက်၊

ယုံကြည်မှုရှိရှိ နားလည်မှုအပြည့်နဲ့

ဘဝကို ဖြတ်သန်းချင်ကြမှာပါ။

တစ်ချို့အရာတွေက ကံတရားက ကြားဝင်ဖြတ်လို

့ ပြတ်သွားတတ်တာမျိုး ချွင်းချက်ထားပြီး

ကိုယ့်ချစ်သူဟာ ကိုယ်နဲ့တစ်သက်မခွဲပဲ

မြဲမလားဆိုတာ သိချင်တတ်ကြပါတယ်။

ဒီတော့ ချစ်သူနှစ်ဦး မြဲမမြဲ ဒီအခြေခံကျတဲ့

အချက်လေးတွေကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။

၁။တစ်ဦးနဲ့တစ်ဦး ဒီချစ်ခြင်းမေတ္တာအတွက်

ကျေးဇူးတင်စကားဆိုဖြစ်တယ်။

ကိုယ့်ဘေးမှာ အမြဲရှိပေးတဲ့အတွက်၊

ကိုယ့်ကိုနားလည်ပေးတဲ့အတွက် ကျေးဇူးတင်တယ်

ဆိုတဲ့အကြောင်း သူ့ကိုရင်ထဲက

လှိုက်လှိုက်လှဲလှဲကို ပြောဖြစ်တယ်။

ချစ်တယ်ဆိုတဲ့ စကားကိုလည်း

နေ့တိုင်း တစ်ခါနှစ်ခါမက ပြောဖြစ်တယ်ဆိုရင်

ဒီအတွဲဟာ မြဲဖို့သေချာပါပြီ။

၂။ချစ်သူကောင်လေးဟာ ကျန်းမာတယ်။

အတွဲတစ်တွဲမှာ ချစ်သူကောင်လေးက

ကျန်းမာရေးကောင်းတယ်။

ကျန်းမာရေး လိုက်စားတဲ့သူ တစ်ယောက်ဆိုရင်

သင်တို့အချစ်ရေးဟာ သာယာစိုပြေမှာပါ။

ကိုယ့်ရည်းစားက ကျန်းမာရေးချူချာလွန်းလို့

စိတ်ဆင်းရဲရတာမျိုး မဖြစ်တော့ဘူးပေါ့။

ကျန်းမာရေးကလည်း သင့်အချစ်ရေးမှာ

အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်ပဲဆိုတာ မမေ့ပါနဲ့။

၃။စကားပြောပုံ ဆိုပေါက်ကအစ တူနေတယ်။

သူနဲ့ကိုယ်နဲ့တူတဲ့ အချက်တွေ အများကြီး ရှိနေပါတယ်။

သူနဲ့တွေးခေါ်နေတဲ့ အရာတွေပါ

တဖြည်းဖြည်း တူလာသလို ပြောလိုက်တဲ့ စကားတွေလည်း

အတူတူဖြစ်နေတတ်တယ်။

စကားပြောပုံဆိုပေါက်ကလည်း တူနေပြီဆိုရင်တော့

ဒါဟာ အဆုံးထိ လက်တွဲရမယ့် သူတွေပဲပေါ့။

၄။အမြဲတမ်း နမ်းဖြစ်တယ်။

တစ်လကို တစ်ခါလောက် နမ်းတာမျိုး မဟုတ်ပဲ

သူနဲ့တွေ့တိုင်း နှစ်ဦးသားကြည်ကြည်နူးနူး

အနမ်းခြွေဖြစ်တယ်ဆိုရင်လည်း

ဒါဟာ သံယောဇဉ်ကြိုးကို တိုးစေတာပဲလေ။

ဒါမြဲမယ့်အချက်ပဲပေါ့။

၅။သူငယ်ချင်းစုံတွဲနဲ့အတူ အပြင်ထွက်လည်ဖြစ်တယ်။

ကိုယ်တွေချည်းပဲ မဟုတ်ပဲ သူငယ်ချင်းစုံတွဲနဲ့ပါ

ရုပ်ရှင်ကြည့်ကြတာမျိုး၊ ဒင်နာစားကြတာမျိုးတွေ

လုပ်ဖြစ်တယ်ဆိုရင်တော့ ဒါဟာလည်း သင်တို့နှစ်ဦးကို

ဘယ်တော့မှ ပြတ်တောက်မသွားစေဖို့

ဖြစ်နိုင်ချေများတဲ့ အချက်တစ်ခုပါပဲ။

၆။ရုပ်ရှင်အတူတူကြည့်ရင်း

အမြင်တွေကို ဖလှယ်ဖြစ်ကြတယ်။

စာအုပ်တွေဖတ်ပြီးတော့လည်း

ဗဟုသုတဝေမျှဖြစ်ကြတယ်။

ကိုယ့်ချစ်သူနဲ့အတူ ပေါက်ပေါက်အတူတူစားရင်း

အချစ်ဇာတ်လမ်းလေးတွေ၊

အိမ်ထောင်ရေးဇာတ်ကားတွေ ကြည့်ဖြစ်တယ်။

ဇာတ်ကားအကြောင်းလည်း

တစ်ဦးနဲ့တစ်ဦး ပြောဖြစ်တယ်။

ဒါဟာ နှစ်ဦးသားနားလည်မှုပိုတိုးစေဖို့ ဖေးကူတဲ့အရာပဲပေါ့။

၇။စိတ်ကအလိုလို ခံစားမိနေတယ်။

ဒီတစ်ခါတော့ ငါသူနဲ့မြဲပြီဆိုတာ

စိတ်ခံစားမှုအရ သိနေတယ်။

အရင်အခါတွေတုန်းကလို မဟုတ်ဘူး။

သူနဲ့ဘယ်တော့မှ ခွဲမှာ မဟုတ်ဘူးဆိုပြီး

စိတ်ကအလိုလို သိနေတာမျိုုးဟာလည်း

ယုံချင်စရာကောင်း တဲ့အချက်ပါပဲ။

၈။သူငယ်ချင်းအပေါင်းအသင်းတွေကလည်း

နင်တို့နှစ်ယောက်မြဲမှာပါ။

သဘောတူတယ် စသဖြင့် အကောင်းတွေသာ ပြောကြတယ်။

ဘေးကလူတွေက ကိုယ်မမြင်တဲ့ အရာတွေကို

ပိုမြင်တတ်ကြပါတယ်။

တစ်ခါတစ်လေ ကိုယ်က အချစ်လွန် မွှန်ပြီး

မမြင်တဲ့အရာတွေဆို

ဘေးကလူတွေက ပိုသိနေတတ်ကြပါတယ်။

ခုတစ်ခါတော့ ဒီလိုမဟုတ်ပဲ ကိုယ့်သူငယ်ချင်း

အပေါင်းအသင်းတွေအားလုံးက သဘောတူအားကျပြီး

ကိုယ့်ချစ်သူကို အကောင်းပဲမြင် ချစ်ခင်ကြတယ်ဆိုရင်တော့

ဒါဟာလည်းသင်တို့ကို မြဲစေတဲ့ အချက်တစ်ချက်ပဲပေါ့။

Credit