Love

တကယ္ ခ်စ္တတ္ၾကပါေစ

တကယ္ ခ်စ္တတ္ၾကပါေစ

ငယ္႐ြယ္တုန္းေလးမွာ

ေပ်ာ္႐ႊင္စြာ ေနတတ္ဖို႔လိုတယ္။

ဘယ္လိုအခ်ိန္မွာ ဘယ္သူ႕ကို

ခ်စ္မိမယ္ဆိုတာ မသိႏိုင္ဘူး။ ဒါသဘာဝပါ။

ဒါေပမယ့္လည္းတကယ္ခ်စ္ႏိုင္ၾကပါေစ။

အခ်စ္ေရး အခ်စ္ရာ ဆိုတာ

ျပႆနာေတြဆိုရင္ လူငယ္ေလးေတြ

တစ္ေန႔တစ္မ်ိဳး မ႐ိုးရေအာင္ ၾကဳံႏိုင္သေလာက္

အခ်စ္ေရး အခ်စ္ရာ ဆိုတာကလည္း

လူငယ္ေလးေတြနဲ႔ မကင္းႏိုင္တဲ့ ကိစၥတစ္ခုပါပဲ။

အခ်စ္ေရးေၾကာင့္ လူငယ္ေတြရဲ႕ ဘဝမွာ

အေကာင္းတစ္မ်ိဳး အဆိုးတစ္ဖုံနဲ႔ သက္ေရာက္မႈ

အမ်ိဳးမ်ိဳးေတြ ႐ွိေနခ်ိန္မွာ အခ်စ္ကို ဘဝႀကီးရယ္လို႔

သတ္မွတ္ခံယူထားၾကတဲ့ အခ်စ္႐ူးလူငယ္ေလး

တစ္ခ်ိဳ႕လည္း ႐ွိေနျပန္ပါတယ္။

မခ်စ္နဲ႔ေတာ့ မေျပာပါဘူး

လြတ္လြတ္လပ္လပ္ ခ်စ္ႏိုင္ပါတယ္။

အခ်စ္က လူတိုင္းနဲ႔မွ မကင္းႏိုင္ပဲ။

လူငယ္ေတြပဲ စိတ္လႈပ္႐ွားလြယ္တဲ့အ႐ြယ္၊

ရင္ခုန္လြယ္တဲ့အ႐ြယ္ပဲမို႔လား။

စိတ္လႈပ္႐ွားခြင့္၊ ရင္ခုန္ခြင့္ ႐ွိတာေပါ့။

ဒီလိုဆိုေပမယ့္လည္း

အခ်စ္က ဘဝႀကီးတစ္ခုလုံးေတာ့ မဟုတ္ေသးပါဘူး

တကယ္က ဘဝရဲ႕ အစိတ္အပိုင္းေလး တစ္ခုပါ။

ဒါကို ေရးႀကီးခြင္က်ယ္နဲ႔ ဘဝတစ္ခုလုံး

ေပးဆပ္ေနဖို႔ မလိုသလို

ဒါကို တားဆီးဖို႔လည္း မလိုပါဘူး။

အဓိက က အခ်စ္ကို ဘဝရဲ႕ ပါရမီျဖည့္ဘက္

အစိတ္အပိုင္းတစ္ခုအျဖစ္နဲ႔

နားလည္တတ္ဖို႔ပဲရယ္ တကယ္ခ်စ္တတ္ဖို႔ပါပဲ

ကုန္ဆုံးသြားတဲ့ အခ်ိန္ေတြကို ေနာက္ထပ္ျပန္မရႏိုင္ေတာ့

လူငယ္ေတြက ငယ္႐ြယ္ေနတုန္းေလးမွာ

ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနဖို႔လိုတယ္။

ဒီလိုအခ်ိန္ကို ေနာက္ထပ္

ဘယ္ေတာ့မွ ျပန္မရႏိုင္ေတာ့ဘူးေလ

ဆိုေတာ့ ဒီလိုဆိုတိုင္း မခ်စ္ေတာ့ဘူး၊

အခ်စ္ကို ေ႐ွာင္မယ္လို႔ ေတြးဖို႔ မလိုပါဘူး။

ဘယ္လိုအခ်ိန္မွာ ဘယ္သူ႕ကို ခ်စ္မိမယ္ဆိုတာ

မသိႏိုင္သလို တားဆီးလို႔လည္း မရဘူး။

တားဆီးေနဖို႔လည္း မလိုပါဘူး ဒါသဘာဝပါပဲ။

ရင္ခုန္တာ၊ ခ်စ္တာ အျပစ္မွ မဟုတ္တာ။

ဒါေပမယ့္ ကိုယ့္ကိုေတာ့

အကုန္လုံး မလႊမ္းမိုးေစနဲ႔ေပါ့။

အခ်စ္ေၾကာင့္ ကမ္းမျမင္

လမ္းမျမင္ေတြေတာ့ မျဖစ္ေစနဲ႔ေပါ့။

ဘဝရဲ႕အေရးပါတဲ့ တျခားအရာေတြကို မေမ့ေစနဲ႔ေပါ့။

ကိုယ္ကသာ ဦးေႏွာက္နဲ႔ ႏွလုံးသားကို

စီမံတတ္ရင္ ကိစၥမ႐ွိပါဘူး။

“တန္ေဆး လြန္ေဘး” ဆိုသလိုေပါ့

အားလုံးပုံအပ္လိုက္ရင္

ေနာက္ဆုံးကိုယ့္ကိုယ္ပဲ ထိခိုက္မွာပါ။

တစ္ခ်ိဳ႕ေတြ အသည္းကြဲၾကတယ္၊

႐ူးမိုက္တာေတြ လုပ္တယ္၊

အိမ္မက္ေတြကို ေက်ာခိုင္းလိုက္ၾကတယ္။

ဒါျဖစ္သင့္ရဲ႕လား။

အသည္းကြဲတာေတြက ခံစားရခက္မွန္း

နာက်င္မွန္းေတာ့ လူတိုင္းသိပါတယ္။

ဒါေပမယ့္လည္း ကိုယ္နဲ႔ မတန္တဲ့

လူတစ္ေယာက္အတြက္၊

ကိုယ့္ကို တန္ဖိုးမထားတဲ့ လူတစ္ေယာက္အတြက္၊

ကိုယ့္ကို လွည့္မၾကည့္ေတာ့တဲ့

လူတစ္ေယာက္အတြက္

ဘယ္ေလာက္ၾကာၾကာ ခံစားေနမွာလဲ။

ဘယ္ေလာက္ထိ ေပးဆပ္ေနမွာလဲ။

ကိုယ္က်႐ႈံးေလေလ ေပးဆပ္ေလေလ

ကိုယ့္တန္ဖိုးေတြ ေလ်ာ့က်ေလေလပါေနာ္။

ကိုယ့္တန္ဖိုးနဲ႔ ဘဝထက္

ဘာကမ်ားအဲေလာက္ အေရးႀကီးေနတာလဲ။

ကိုယ့္ကိုယ္ကို တန္ဖိုးထားပါ

ဘဝမွာ ကိုယ့္ေလာက္ ဘယ္သူမွ အေရးမႀကီးပါဘူး။

လူတစ္ခ်ိဳ႕ဝင္လာမယ္ တစ္ခ်ိဳ႕ျပန္ထြက္သြားမယ္

ဒါဘာမွ မဆန္းပါဘူး လူတိုင္းသိေနတဲ့ အမွန္တရားပဲမို႔လား။

ဒီလိုမ်ိဳး အရာအားလုံး ေျပာင္းလဲ ျဖစ္ပ်က္ေနခ်ိန္မွာ

မေျပာင္းမလဲ ျဖစ္တည္ေနတာဆိုလို႔

ကိုယ္တစ္ေယာက္တည္းပဲ ႐ွိပါတယ္။

ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားပါ။

ကိုယ့္ႏွလုံးသားနဲ႔ ကိုယ့္အခ်စ္ေတြကို

အေပါစားဆန္ခြင့္ မေပးပါနဲ႔ တန္ဖိုးျမႇင့္ထားပါ။

အခ်စ္ကိုလည္း ဘဝႀကီး ထင္မေနပါနဲ႔။

အခ်စ္ထက္ အေရးႀကီးတဲ့အရာေတြ ကိုယ့္အိမ္မက္၊

ေပ်ာ္႐ႊင္မႈ၊ ဝါသနာ၊ မိသားစု၊

သူငယ္ခ်င္းေတြ ဒါေတြအားလုံးကို မေမ့ပါနဲ႔။

ဘဝက ပိရမစ္လိုပါပဲ အစိတ္အပိုင္းေတြ

အမ်ားႀကီး ေအာက္ေျခမွာ စုေပါင္းထားၿပီး

အဲ့ဒီထိပ္ဖူးေလးကိုမွ ဘဝႀကီးရယ္လို႔ ေခါင္းစဥ္တပ္ၾကတာပါ။

အခ်စ္ဆိုတာကလည္း

အဲ့ဒီအစိတ္အပိုင္းေတြထဲက တစ္ခုေလးပါ။

အဲလိုပဲ တျခားအစိတ္အပိုင္းေတြလည္း

အမ်ားႀကီး႐ွိပါေသးတယ္။

ဆိုေတာ့ ေသးငယ္တဲ့

အပိုင္းေလးတစ္ခု အတြက္နဲ႔

ဘဝပိရမစ္ႀကီးကို ၿပိဳက်ခြင့္မေပးပါနဲ႔ေနာ္။

ကိုယ့္တန္ဖိုးကို ေသခ်ာ ထိန္းသိမ္းပါ။

အိမ္မက္ေတြကို ေသဆုံးခြင့္ မေပးမိပါေစနဲ႔ေနာ္။

အားလုံးပဲ တကယ္ခ်စ္တတ္ၾကပါေစ။

Credit

Unicode

တကယ် ချစ်တတ်ကြပါစေ

ငယ်ရွယ်တုန်းလေးမှာ

ပျော်ရွှင်စွာ နေတတ်ဖို့လိုတယ်။

ဘယ်လိုအချိန်မှာ ဘယ်သူ့ကို

ချစ်မိမယ်ဆိုတာ မသိနိုင်ဘူး။ ဒါသဘာဝပါ။

ဒါပေမယ့်လည်းတကယ်ချစ်နိုင်ကြပါစေ။

အချစ်ရေး အချစ်ရာ ဆိုတာ

ပြဿနာတွေဆိုရင် လူငယ်လေးတွေ

တစ်နေ့တစ်မျိုး မရိုးရအောင် ကြုံနိုင်သလောက်

အချစ်ရေး အချစ်ရာ ဆိုတာကလည်း

လူငယ်လေးတွေနဲ့ မကင်းနိုင်တဲ့ ကိစ္စတစ်ခုပါပဲ။

အချစ်ရေးကြောင့် လူငယ်တွေရဲ့ ဘဝမှာ

အကောင်းတစ်မျိုး အဆိုးတစ်ဖုံနဲ့ သက်ရောက်မှု

အမျိုးမျိုးတွေ ရှိနေချိန်မှာ အချစ်ကို ဘဝကြီးရယ်လို့

သတ်မှတ်ခံယူထားကြတဲ့ အချစ်ရူးလူငယ်လေး

တစ်ချို့လည်း ရှိနေပြန်ပါတယ်။

မချစ်နဲ့တော့ မပြောပါဘူး

လွတ်လွတ်လပ်လပ် ချစ်နိုင်ပါတယ်။

အချစ်က လူတိုင်းနဲ့မှ မကင်းနိုင်ပဲ။

လူငယ်တွေပဲ စိတ်လှုပ်ရှားလွယ်တဲ့အရွယ်၊

ရင်ခုန်လွယ်တဲ့အရွယ်ပဲမို့လား။

စိတ်လှုပ်ရှားခွင့်၊ ရင်ခုန်ခွင့် ရှိတာပေါ့။

ဒီလိုဆိုပေမယ့်လည်း

အချစ်က ဘဝကြီးတစ်ခုလုံးတော့ မဟုတ်သေးပါဘူး

တကယ်က ဘဝရဲ့ အစိတ်အပိုင်းလေး တစ်ခုပါ။

ဒါကို ရေးကြီးခွင်ကျယ်နဲ့ ဘဝတစ်ခုလုံး

ပေးဆပ်နေဖို့ မလိုသလို

ဒါကို တားဆီးဖို့လည်း မလိုပါဘူး။

အဓိက က အချစ်ကို ဘဝရဲ့ ပါရမီဖြည့်ဘက်

အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့

နားလည်တတ်ဖို့ပဲရယ် တကယ်ချစ်တတ်ဖို့ပါပဲ

ကုန်ဆုံးသွားတဲ့ အချိန်တွေကို နောက်ထပ်ပြန်မရနိုင်တော့

လူငယ်တွေက ငယ်ရွယ်နေတုန်းလေးမှာ

ပျော်ပျော်ရွှင်ရွှင် နေဖို့လိုတယ်။

ဒီလိုအချိန်ကို နောက်ထပ်

ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလေ

ဆိုတော့ ဒီလိုဆိုတိုင်း မချစ်တော့ဘူး၊

အချစ်ကို ရှောင်မယ်လို့ တွေးဖို့ မလိုပါဘူး။

ဘယ်လိုအချိန်မှာ ဘယ်သူ့ကို ချစ်မိမယ်ဆိုတာ

မသိနိုင်သလို တားဆီးလို့လည်း မရဘူး။

တားဆီးနေဖို့လည်း မလိုပါဘူး ဒါသဘာဝပါပဲ။

ရင်ခုန်တာ၊ ချစ်တာ အပြစ်မှ မဟုတ်တာ။

ဒါပေမယ့် ကိုယ့်ကိုတော့

အကုန်လုံး မလွှမ်းမိုးစေနဲ့ပေါ့။

အချစ်ကြောင့် ကမ်းမမြင်

လမ်းမမြင်တွေတော့ မဖြစ်စေနဲ့ပေါ့။

ဘဝရဲ့အရေးပါတဲ့ တခြားအရာတွေကို မမေ့စေနဲ့ပေါ့။

ကိုယ်ကသာ ဦးနှောက်နဲ့ နှလုံးသားကို

စီမံတတ်ရင် ကိစ္စမရှိပါဘူး။

“တန်ဆေး လွန်ဘေး” ဆိုသလိုပေါ့

အားလုံးပုံအပ်လိုက်ရင်

နောက်ဆုံးကိုယ့်ကိုယ်ပဲ ထိခိုက်မှာပါ။

တစ်ချို့တွေ အသည်းကွဲကြတယ်၊

ရူးမိုက်တာတွေ လုပ်တယ်၊

အိမ်မက်တွေကို ကျောခိုင်းလိုက်ကြတယ်။

ဒါဖြစ်သင့်ရဲ့လား။

အသည်းကွဲတာတွေက ခံစားရခက်မှန်း

နာကျင်မှန်းတော့ လူတိုင်းသိပါတယ်။

ဒါပေမယ့်လည်း ကိုယ်နဲ့ မတန်တဲ့

လူတစ်ယောက်အတွက်၊

ကိုယ့်ကို တန်ဖိုးမထားတဲ့ လူတစ်ယောက်အတွက်၊

ကိုယ့်ကို လှည့်မကြည့်တော့တဲ့

လူတစ်ယောက်အတွက်

ဘယ်လောက်ကြာကြာ ခံစားနေမှာလဲ။

ဘယ်လောက်ထိ ပေးဆပ်နေမှာလဲ။

ကိုယ်ကျရှုံးလေလေ ပေးဆပ်လေလေ

ကိုယ့်တန်ဖိုးတွေ လျော့ကျလေလေပါနော်။

ကိုယ့်တန်ဖိုးနဲ့ ဘဝထက်

ဘာကများအဲလောက် အရေးကြီးနေတာလဲ။

ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ

ဘဝမှာ ကိုယ့်လောက် ဘယ်သူမှ အရေးမကြီးပါဘူး။

လူတစ်ချို့ဝင်လာမယ် တစ်ချို့ပြန်ထွက်သွားမယ်

ဒါဘာမှ မဆန်းပါဘူး လူတိုင်းသိနေတဲ့ အမှန်တရားပဲမို့လား။

ဒီလိုမျိုး အရာအားလုံး ပြောင်းလဲ ဖြစ်ပျက်နေချိန်မှာ

မပြောင်းမလဲ ဖြစ်တည်နေတာဆိုလို့

ကိုယ်တစ်ယောက်တည်းပဲ ရှိပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။

ကိုယ့်နှလုံးသားနဲ့ ကိုယ့်အချစ်တွေကို

အပေါစားဆန်ခွင့် မပေးပါနဲ့ တန်ဖိုးမြှင့်ထားပါ။

အချစ်ကိုလည်း ဘဝကြီး ထင်မနေပါနဲ့။

အချစ်ထက် အရေးကြီးတဲ့အရာတွေ ကိုယ့်အိမ်မက်၊

ပျော်ရွှင်မှု၊ ဝါသနာ၊ မိသားစု၊

သူငယ်ချင်းတွေ ဒါတွေအားလုံးကို မမေ့ပါနဲ့။

ဘဝက ပိရမစ်လိုပါပဲ အစိတ်အပိုင်းတွေ

အများကြီး အောက်ခြေမှာ စုပေါင်းထားပြီး

အဲ့ဒီထိပ်ဖူးလေးကိုမှ ဘဝကြီးရယ်လို့ ခေါင်းစဉ်တပ်ကြတာပါ။

အချစ်ဆိုတာကလည်း

အဲ့ဒီအစိတ်အပိုင်းတွေထဲက တစ်ခုလေးပါ။

အဲလိုပဲ တခြားအစိတ်အပိုင်းတွေလည်း

အများကြီးရှိပါသေးတယ်။

ဆိုတော့ သေးငယ်တဲ့

အပိုင်းလေးတစ်ခု အတွက်နဲ့

ဘဝပိရမစ်ကြီးကို ပြိုကျခွင့်မပေးပါနဲ့နော်။

ကိုယ့်တန်ဖိုးကို သေချာ ထိန်းသိမ်းပါ။

အိမ်မက်တွေကို သေဆုံးခွင့် မပေးမိပါစေနဲ့နော်။

အားလုံးပဲ တကယ်ချစ်တတ်ကြပါစေ။

Credit