အခ်စ္ဆိုတာ တစ္ေယာက္ကတင္းေနရင္ တစ္ေယာက္ကအေလွ်ာ့ေပးရတယ္
ႏွစ္ဖက္လုံးတင္းရင္ေတာ့
အလြယ္တကူ ျပတ္စဲသြားႏိုင္ပါတယ္
တစ္ခါတုန္းက ခဏခဏ စကားမ်ား
ရန္ျဖစ္တတ္ၾကတဲ့ ခ်စ္သူႏွစ္ဦး ႐ွိတယ္…။
ဒါေပမဲ့ စကားမ်ားတဲ့အခါတိုင္း
ေကာင္ေလးက ေကာင္မေလးကို အေလွ်ာ့ေပးတတ္တယ္။
တစ္ခါမွာေတာ့ ေကာင္မေလးက
ခ်စ္သူေကာင္ေလးကို ေမးတယ္။
” ရန္ျဖစ္တိုင္း နင္ဘာလို႔ ငါ့ကိုအေလွ်ာ့ေပးတာလဲ။
တခါတေလ ငါ့ဘက္ကမွားတာလဲ ႐ွိတယ္ေလ
”ေကာင္ေလးက ျပန္ေျဖတယ္။
” မင္းက ငါ့ခ်စ္သူေလ…။
ဘာပဲေျပာေျပာ ေ႐ွးဘဝက ေရစက္ေၾကာင့္
ဒီဘဝမွာ ခ်စ္သူျဖစ္လာၾကတာ…။
စကားမ်ားၾကလို႔ ကိုယ္ေျပာတာ
ႏိုင္သြားေတာ့ေရာ ဘာထူးမွာလဲ။
စကားႏိုင္ေပမဲ့ ခ်စ္ခ်င္းေမတၱာမွာေတာ့
႐ႈံးသြားမွာေလ။ ဒါကိုေတာ့ ကိုယ္အ႐ႈံးမခံႏိုင္ဘူး။ ”
ေကာင္မေလးက ၿငိမ္ၿပီးနားေထာင္ေနတယ္။
ေကာင္ေလးက ဆက္ေျပာတယ္။”
မင္းကဆူလိုက္ ကိုယ္ကျပဳံးၿပီးနားေထာင္လိုက္။
မင္းကစိတ္တိုလိုက္ ကိုယ္ကေခ်ာ့လိုက္။
ေတြးၾကည့္ရင္ ၾကည္ႏူးစရာႀကီးပါ။
ဒါေပမဲ့ ကိုယ္မင္းကို အၿမဲအေလွ်ာ့ေပးေနတာ
စကားေျပာမကြၽမ္းက်င္လို႔ေတာ့မဟုတ္ဘူးေနာ္။
မင္းနာက်င္ေစမဲ့စကားမ်ိဳး
ေျပာမထြက္ရက္လို႔ပါ။
တစ္ေယာက္တင္းေနရင္
တစ္ေယာက္ကအေလွ်ာ့ေပးရမယ္ေလ။
ဒါမွ ႏွစ္ေယာက္လုံး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔
တသက္လုံးလက္တြဲသြားႏိုင္မွာ။
အေလွ်ာ့ေပးရတာ ဘာမွအပမ္းမႀကီးဘူး။
ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ကိုေတာ့
လုံးဝအဆုံး႐ႈံးမခံႏိုင္ပါဘူး။ ” တဲ့…။
အခ်စ္ဆိုတာ တစ္ေယာက္ကတင္းေနရင္
တစ္ေယာက္ကအေလွ်ာ့ေပးရတယ္။
ႏွစ္ဖက္လုံးတင္းရင္ေတာ့
အလြယ္တကူ ျပတ္စဲသြားႏိုင္ပါတယ္။
Credit
Unicode
အချစ်ဆိုတာ တစ်ယောက်ကတင်းနေရင် တစ်ယောက်ကအလျှော့ပေးရတယ်
နှစ်ဖက်လုံးတင်းရင်တော့
အလွယ်တကူ ပြတ်စဲသွားနိုင်ပါတယ်
တစ်ခါတုန်းက ခဏခဏ စကားများ
ရန်ဖြစ်တတ်ကြတဲ့ ချစ်သူနှစ်ဦး ရှိတယ်…။
ဒါပေမဲ့ စကားများတဲ့အခါတိုင်း
ကောင်လေးက ကောင်မလေးကို အလျှော့ပေးတတ်တယ်။
တစ်ခါမှာတော့ ကောင်မလေးက
ချစ်သူကောင်လေးကို မေးတယ်။
” ရန်ဖြစ်တိုင်း နင်ဘာလို့ ငါ့ကိုအလျှော့ပေးတာလဲ။
တခါတလေ ငါ့ဘက်ကမှားတာလဲ ရှိတယ်လေ
”ကောင်လေးက ပြန်ဖြေတယ်။
” မင်းက ငါ့ချစ်သူလေ…။
ဘာပဲပြောပြော ရှေးဘဝက ရေစက်ကြောင့်
ဒီဘဝမှာ ချစ်သူဖြစ်လာကြတာ…။
စကားများကြလို့ ကိုယ်ပြောတာ
နိုင်သွားတော့ရော ဘာထူးမှာလဲ။
စကားနိုင်ပေမဲ့ ချစ်ချင်းမေတ္တာမှာတော့
ရှုံးသွားမှာလေ။ ဒါကိုတော့ ကိုယ်အရှုံးမခံနိုင်ဘူး။ ”
ကောင်မလေးက ငြိမ်ပြီးနားထောင်နေတယ်။
ကောင်လေးက ဆက်ပြောတယ်။”
မင်းကဆူလိုက် ကိုယ်ကပြုံးပြီးနားထောင်လိုက်။
မင်းကစိတ်တိုလိုက် ကိုယ်ကချော့လိုက်။
တွေးကြည့်ရင် ကြည်နူးစရာကြီးပါ။
ဒါပေမဲ့ ကိုယ်မင်းကို အမြဲအလျှော့ပေးနေတာ
စကားပြောမကျွမ်းကျင်လို့တော့မဟုတ်ဘူးနော်။
မင်းနာကျင်စေမဲ့စကားမျိုး
ပြောမထွက်ရက်လို့ပါ။
တစ်ယောက်တင်းနေရင်
တစ်ယောက်ကအလျှော့ပေးရမယ်လေ။
ဒါမှ နှစ်ယောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့
တသက်လုံးလက်တွဲသွားနိုင်မှာ။
အလျှော့ပေးရတာ ဘာမှအပမ်းမကြီးဘူး။
ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်ကိုတော့
လုံးဝအဆုံးရှုံးမခံနိုင်ပါဘူး။ ” တဲ့…။
အချစ်ဆိုတာ တစ်ယောက်ကတင်းနေရင်
တစ်ယောက်ကအလျှော့ပေးရတယ်။
နှစ်ဖက်လုံးတင်းရင်တော့
အလွယ်တကူ ပြတ်စဲသွားနိုင်ပါတယ်။
Credit