ေစတနာေတြကို တန္ဖိုးထားေစခ်င္တယ္
ကိုယ္အေလးထား သေလာက္
ျပန္အေလးမထားတဲ့
အရပ္မွာေနေန ရတာ တစ္ခါတစ္ေလက် ..
ကိုယ့္ကိုယ္ကို ဘာမွန္း မသိေအာင္
ျဖစ္လာ တတ္တယ္
ကြၽန္မက ဘာလဲ ဆိုတဲ့ေမးခြန္းမ်ိဳး
ကြၽန္မကိုယ္ ကြၽန္မ ေမးၿပီး
ကြၽန္မမွာ ေဆာက္တည္ ရာမရေတြ ျဖစ္ခဲ့တာလည္း
အႀကိမ္ႀကိမ္ အခါခါပါပဲ ။
လွည့္ထြက္ခဲ့လိုက္ပါတဲ့ ကြၽန္မ သိပါတယ္ ။
ကြၽန္မ မလုပ္ႏိုင္ ေသးတာ ။
ကိုယ့္ဘက္က … အစစ္အမွန္ေတြ ေပးေန ပါရဲ႕နဲ႔
တစ္ဖက္က ျပန္ရလာ တာေတြက
အေပၚယံေတြပဲ ျဖစ္ေနတဲ့အခါ
တစ္ခါတစ္ေလ က်ေတာ့ ငိုခ်င္ တယ္ ။
သက္ေရာက္မႈ တိုင္းမွာ
တန္ျပန္ သက္ေရာက္မႈ ႐ွိတယ္ ဆိုေပမယ့္
ထပ္တူညီတဲ့ တန္ျပန္သက္ေရာက္မႈျဖစ္ဖို႔ေတာ့
မလြယ္ကူ ဘူးေလ ကိုယ္ေပး သလို
ျပန္ရခ်င္မွ ရလာ လိမ့္မယ္ ကိုယ္ထား တဲ့ေစတနာေတြ
တန္ဖိုး နားလည္ခ်င္မွ နားလည္ လိမ့္မယ္ ။
ဘာပဲျဖစ္ျဖစ္ပါ ကိုယ္ေပး တဲ့ေစတနာေတြကို
တန္ဖိုးေလး နားလည္ေစ ခ်င္တာေတာ့ အမွန္ပဲ ။
ကြၽန္မ … ဒီအရာကို ေပးၿပီး သြားၿပီ
ျပန္ရလာ လိမ့္မယ္ဆိုတဲ့
ေမွ်ာ္လင့္ခ်က္နဲ႔ဘယ္အရာ ကိုမွ မေပးခဲ့ဖူးဘူး
ေမတၱာပဲ ျဖစ္ျဖစ္ ေစတနာပဲျဖစ္ျဖစ္ …
ဘယ္အရာကို မဆို ကိုယ့္ဘက္က ေပးႏိုင္တယ္
ဆိုတာအရာေတြ မတြန္႔တိုပဲ ေပးခဲ့တာပါ …
တစ္ဖက္က က်ိန္းေသျပန္ရလာ လိမ့္မယ္ ဆိုတဲ့
ေမွ်ာ္လင့္ခ်က္ႀကီးနဲ႔ကြၽန္မ ေပးခဲ့တာ မဟုတ္ဘူး .
ျပန္ၿပီး မသိတတ္ ခ်င္ေနပါ
ကိုယ္ေပးတဲ့ အရာေလးေတြကို
တန္ဖိုး ထားတတ္ေစခ် င္တယ္ ။
တစ္ခါတစ္ေလမွာ ကိုယ္အဆင္ေျပေန လြန္းလို႔
ကူညီေပးေနတာ မဟုတ္ဘူး
ကိုယ္အဆင္ မေျပတဲ့ၾကားက
အဆင္ေျပ ပါေစဆိုတဲ့ စိတ္နဲ႔ စာနာေပးခဲ့တာ …
ဇာတ္လမ္းေတြ ဆုံးေတာ့
တကယ္တမ္ းဒုကၡေတြနဲ႔ က်န္ခဲ့တဲ့ သူက
ကိုယ္ျဖစ္ေန႐ုံ ကလြဲလို႔ဘာမွ ထပ္ၿပီး ပိုမလာခဲ့ဘူး …
ေနာင္တရတယ္ ဆိုတာထက္ ဝမ္းနည္း တာပါ ။
ကိုယ္ေမွ်ာ္လင့္ထားတဲ့အတိုင္းျဖစ္မလာတဲ့ အခါ
အနည္းနဲ႔ အမ်ားးေတာ့ ခံစားရ တာေတြ ခ်ည္းပဲေလ …
ကြၽန္မမွာ ခံစားရတာေတြ မ်ားလာေတာ့ …
ကိုယ္နဲ႔မဆိုင္ ပါဘူးေလ ဆိုတဲ့
အေတြးေတြးတတ္ခ်င္လာတယ္ …
အဆင္ေျပ သြားမွ ာဆိုၿပီး မ်က္ႏွာလြဲ တတ္ခ်င္ လာတယ္ ..
တကယ္ဆို ကြၽန္မလဲ ျပန္ၿပီး ငဲ့ၾကည့္ဖို႔
တန္ဖိုးထားဖို႔ထိုက္တန္ ခ်င္ပါ တယ္ ။
Credit သွ်င္ယြန္း
Unicode
စေတနာတွေကို တန်ဖိုးထားစေချင်တယ်
ကိုယ်အလေးထား သလောက်
ပြန်အလေးမထားတဲ့
အရပ်မှာနေနေ ရတာ တစ်ခါတစ်လေကျ ..
ကိုယ့်ကိုယ်ကို ဘာမှန်း မသိအောင်
ဖြစ်လာ တတ်တယ်
ကျွန်မက ဘာလဲ ဆိုတဲ့မေးခွန်းမျိုး
ကျွန်မကိုယ် ကျွန်မ မေးပြီး
ကျွန်မမှာ ဆောက်တည် ရာမရတွေ ဖြစ်ခဲ့တာလည်း
အကြိမ်ကြိမ် အခါခါပါပဲ ။
လှည့်ထွက်ခဲ့လိုက်ပါတဲ့ ကျွန်မ သိပါတယ် ။
ကျွန်မ မလုပ်နိုင် သေးတာ ။
ကိုယ့်ဘက်က … အစစ်အမှန်တွေ ပေးနေ ပါရဲ့နဲ့
တစ်ဖက်က ပြန်ရလာ တာတွေက
အပေါ်ယံတွေပဲ ဖြစ်နေတဲ့အခါ
တစ်ခါတစ်လေ ကျတော့ ငိုချင် တယ် ။
သက်ရောက်မှု တိုင်းမှာ
တန်ပြန် သက်ရောက်မှု ရှိတယ် ဆိုပေမယ့်
ထပ်တူညီတဲ့ တန်ပြန်သက်ရောက်မှုဖြစ်ဖို့တော့
မလွယ်ကူ ဘူးလေ ကိုယ်ပေး သလို
ပြန်ရချင်မှ ရလာ လိမ့်မယ် ကိုယ်ထား တဲ့စေတနာတွေ
တန်ဖိုး နားလည်ချင်မှ နားလည် လိမ့်မယ် ။
ဘာပဲဖြစ်ဖြစ်ပါ ကိုယ်ပေး တဲ့စေတနာတွေကို
တန်ဖိုးလေး နားလည်စေ ချင်တာတော့ အမှန်ပဲ ။
ကျွန်မ … ဒီအရာကို ပေးပြီး သွားပြီ
ပြန်ရလာ လိမ့်မယ်ဆိုတဲ့
မျှော်လင့်ချက်နဲ့ဘယ်အရာ ကိုမှ မပေးခဲ့ဖူးဘူး
မေတ္တာပဲ ဖြစ်ဖြစ် စေတနာပဲဖြစ်ဖြစ် …
ဘယ်အရာကို မဆို ကိုယ့်ဘက်က ပေးနိုင်တယ်
ဆိုတာအရာတွေ မတွန့်တိုပဲ ပေးခဲ့တာပါ …
တစ်ဖက်က ကျိန်းသေပြန်ရလာ လိမ့်မယ် ဆိုတဲ့
မျှော်လင့်ချက်ကြီးနဲ့ကျွန်မ ပေးခဲ့တာ မဟုတ်ဘူး .
ပြန်ပြီး မသိတတ် ချင်နေပါ
ကိုယ်ပေးတဲ့ အရာလေးတွေကို
တန်ဖိုး ထားတတ်စေချ င်တယ် ။
တစ်ခါတစ်လေမှာ ကိုယ်အဆင်ပြေနေ လွန်းလို့
ကူညီပေးနေတာ မဟုတ်ဘူး
ကိုယ်အဆင် မပြေတဲ့ကြားက
အဆင်ပြေ ပါစေဆိုတဲ့ စိတ်နဲ့ စာနာပေးခဲ့တာ …
ဇာတ်လမ်းတွေ ဆုံးတော့
တကယ်တမ်းဒုက္ခတွေနဲ့ ကျန်ခဲ့တဲ့ သူက
ကိုယ်ဖြစ်နေရုံ ကလွဲလို့ဘာမှ ထပ်ပြီး ပိုမလာခဲ့ဘူး …
နောင်တရတယ် ဆိုတာထက် ဝမ်းနည်း တာပါ ။
ကိုယ်မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာတဲ့ အခါ
အနည်းနဲ့ အများတော့ ခံစားရ တာတွေ ချည်းပဲလေ …
ကျွန်မမှာ ခံစားရတာတွေ များလာတော့ …
ကိုယ်နဲ့မဆိုင် ပါဘူးလေ ဆိုတဲ့
အတွေးတွေးတတ်ချင်လာတယ် …
အဆင်ပြေ သွားမှာဆိုပြီး မျက်နှာလွဲ တတ်ချင် လာတယ် ..
တကယ်ဆို ကျွန်မလဲ ပြန်ပြီး ငဲ့ကြည့်ဖို့
တန်ဖိုးထားဖို့ထိုက်တန် ချင်ပါ တယ် ။
Credit သျှင်ယွန်း