မၾကင္နာႏိုင္ေတာ့တဲ့အခါစြန္႔ပစ္လိုက္တာအေကာင္းဆုံးပါ၊အတူေနတဲ့အခါ သံသယမထားပါနဲ႔
မၾကင္နာႏိုင္ေတာ့တဲ့အခါ
စြန္႔ပစ္လိုက္တာအေကာင္းဆုံးပါ၊
အတူေနတဲ့အခါ သံသယမထားပါနဲ႔၊
သံသယျဖစ္ေနရင္အတူမေနတာ
အေကာင္းဆုံးပါ၊သံသယဆိုတာ
မီးက်ိခဲလိုပဲကိုင္ထားတဲ့လက္ကို
ေလာင္ျမစ္ေစပါတယ္၊
သံသယေတြမ်ားလာေလ
အၾကင္နာေတြေပ်ာက္လာေလပါပဲ၊
အၾကင္နာေတြမပါပဲ
တစ္သက္လုံးမ်က္ႏွာခ်င္းဆိုင္၊
ရင္ဆိုင္ေနေနရတာနဲ႔စာရင္၊
တစ္ေယာက္တစ္လမ္း၊
တစ္ေနရာစီ လမ္းခြဲေက်ာ့ခိုင္းလိုက္တာ
အေကာင္းဆုံးပါ၊မခြဲႏိုင္ေသးဘူး၊
မစြန္႔ပစ္ႏိုင္ေသးဘူး၊
အတူ႐ွိ၊အတူေနမွျဖစ္မယ္ဆိုရင္၊
သံသယကိုဖယ္၊
တစ္ေယာက္အေပၚတစ္ေယာက္
႐ိုးသားမႈ႐ွိၿပီး၊ယုံၾကည္မႈေတြတည္ေဆာက္ပါ၊
ၾကင္နာမႈေတြမပါရင္
၊ႏွစ္ေယာက္လုံးေဝဒနာအမႈသည္
ေတြျဖစ္ေနမွာအေသအခ်ာပါပဲ။
မၾကင္နာခ်င္ေပမယ့္လည္း
အတူေနမွျဖစ္ေတာ့မယ္ဆိုရင္
ၾကင္နာတတ္လာေအာင္ႀကိဳးစားရမွာေပါ့၊
ၾကင္နာတတ္လာမွ
နာက်င္တာေတြေမ့ေပ်ာက္ႏိုင္မွာပါ၊
နာက်င္တာေတြေမ့ေပ်ာက္ႏိုင္မွ
အတူေနရတဲ့ဘဝခဏတာ
မွာေအးခ်မ္းတဲ့အသိုက္ျမဳံေလးကိုဖန္တီးႏိုင္မွာပါ၊
ေအးခ်မ္းေသာအသိုက္အျမဳံကို
ဖန္တီးႏိုင္မွကိုယ့္ရဲ႕စိတ္ခ်မ္းသာျခင္း၊
သူတစ္ပါးတို႔ရဲ႕စိတ္ခ်မ္းသာျခင္းေတြကို
ေဆာင္႐ြက္ေပးႏိုင္မွာျဖစ္ပါတယ္။
အ႐ွင္ဇနက(မႏၲေလးစာသင္သား)
Unicode
မကြင်နာနိုင်တော့တဲ့အခါစွန့်ပစ်လိုက်တာအကောင်းဆုံးပါ၊အတူနေတဲ့အခါ သံသယမထားပါနဲ့
မကြင်နာနိုင်တော့တဲ့အခါ
စွန့်ပစ်လိုက်တာအကောင်းဆုံးပါ၊
အတူနေတဲ့အခါ သံသယမထားပါနဲ့၊
သံသယဖြစ်နေရင်အတူမနေတာ
အကောင်းဆုံးပါ၊သံသယဆိုတာ
မီးကျိခဲလိုပဲကိုင်ထားတဲ့လက်ကို
လောင်မြစ်စေပါတယ်၊
သံသယတွေများလာလေ
အကြင်နာတွေပျောက်လာလေပါပဲ၊
အကြင်နာတွေမပါပဲ
တစ်သက်လုံးမျက်နှာချင်းဆိုင်၊
ရင်ဆိုင်နေနေရတာနဲ့စာရင်၊
တစ်ယောက်တစ်လမ်း၊
တစ်နေရာစီ လမ်းခွဲကျော့ခိုင်းလိုက်တာ
အကောင်းဆုံးပါ၊မခွဲနိုင်သေးဘူး၊
မစွန့်ပစ်နိုင်သေးဘူး၊
အတူရှိ၊အတူနေမှဖြစ်မယ်ဆိုရင်၊
သံသယကိုဖယ်၊
တစ်ယောက်အပေါ်တစ်ယောက်
ရိုးသားမှုရှိပြီး၊ယုံကြည်မှုတွေတည်ဆောက်ပါ၊
ကြင်နာမှုတွေမပါရင်
၊နှစ်ယောက်လုံးဝေဒနာအမှုသည်
တွေဖြစ်နေမှာအသေအချာပါပဲ။
မကြင်နာချင်ပေမယ့်လည်း
အတူနေမှဖြစ်တော့မယ်ဆိုရင်
ကြင်နာတတ်လာအောင်ကြိုးစားရမှာပေါ့၊
ကြင်နာတတ်လာမှ
နာကျင်တာတွေမေ့ပျောက်နိုင်မှာပါ၊
နာကျင်တာတွေမေ့ပျောက်နိုင်မှ
အတူနေရတဲ့ဘဝခဏတာ
မှာအေးချမ်းတဲ့အသိုက်မြုံလေးကိုဖန်တီးနိုင်မှာပါ၊
အေးချမ်းသောအသိုက်အမြုံကို
ဖန်တီးနိုင်မှကိုယ့်ရဲ့စိတ်ချမ်းသာခြင်း၊
သူတစ်ပါးတို့ရဲ့စိတ်ချမ်းသာခြင်းတွေကို
ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။
အရှင်ဇနက(မန္တလေးစာသင်သား)