အားနာတယ္ဆိုတာ ႐ိုးသားျခင္းမဟုတ္
တစ္ခါတေလ သူညာေနမွန္းသိေပမယ့္
အားနာလို႔ ကိုယ့္ေျပာခ်င္တာမေျပာလိုက္ေသာအခါ
သူ႕ကိုလိမ္ဖို႔ညာဖို႔ေနာက္ထပ္
အခြင့္အေရးေပးလိုက္သလိုပါပဲ။
ကိုယ္အားနာတာ သူတန္ဖိုး မထားရင္
ေနာက္ထပ္အားနာေနစရာ မလိုပါဘူး၊
ကိုယ့္ကိုလိမ္ေန၊ညာေနေသာလူကို
တစ္ႀကိမ္မက အႀကိမ္ႀကိမ္ဘာလို႔အားနာေနရမွာလဲ။
ေလာကမွာ လိုက္ၾကည့္
အားနာတတ္ေသာသူတိုင္းအလိမ္ခံေနရတာပဲေလ၊
တကယ္ေတာ့အားနာတယ္ဆိုတာ
႐ိုးသားတာလည္းမဟုတ္အားနာလိုက္လို႔
ကိုယ့္စိတ္ေအးခ်မ္းရတာမွမဟုတ္တာေလ။
ဘာပဲျဖစ္ျဖစ္ကိုယ့္ရဲ႕အားနာမႈကသူ႕ကို
လိမ္ရေသာဒုကၡမျဖစ္ပါေစနဲ႔။
ကိုယ္လည္း အလိမ္မခံရဖို႔
သူလည္းသူမ်ားေတြအေပၚမွာ
လိမ္တာေတြရပ္ဖို႔
သူ႕မွာလိမ္ရေသာဒုကၡကင္းဖို႔၊
ကိုယ့္မွာအားနာရလို႔
စိတ္ပင္ပန္းရျခင္းကင္းဖို႔
ကိုယ့္ရဲ႕အားနာတတ္ေသာစိတ္ကို သတိထားရပါမယ္။
နားလည္မႈမလြယ္ပါနဲ႔။
အားနာတယ္ဆိုတာ႐ိုးသားမႈမဟုတ္ပါဘူး။
လူတစ္ေယာက္ကိုအားနာလိုက္တဲ့အခါ
ကိုယ့္စိတ္ကိုျပန္ၾကည့္ပါ၊
႐ိုးသားမႈ႐ွိလား၊မ႐ွိလားဆိုတာ၊
႐ိုးသားရင္ စိတ္ကသိကေအာက္မျဖစ္ဘူး၊
မ႐ိုးသားရင္ စိတ္ကသိကေအာက္ျဖစ္တယ္။
ေမတၱာျဖင့္
အ႐ွင္ဇနက(မႏၲေလးစာသင္သား)
Unicode
အားနာတယ်ဆိုတာ ရိုးသားခြင်းမဟုတ်
တစ်ခါတလေ သူညာနေမှန်းသိပေမယ့်
အားနာလို့ ကိုယ့်ပြောချင်တာမပြောလိုက်သောအခါ
သူ့ကိုလိမ်ဖို့ညာဖို့နောက်ထပ်
အခွင့်အရေးပေးလိုက်သလိုပါပဲ။
ကိုယ်အားနာတာ သူတန်ဖိုး မထားရင်
နောက်ထပ်အားနာနေစရာ မလိုပါဘူး၊
ကိုယ့်ကိုလိမ်နေ၊ညာနေသောလူကို
တစ်ကြိမ်မက အကြိမ်ကြိမ်ဘာလို့အားနာနေရမှာလဲ။
လောကမှာ လိုက်ကြည့်
အားနာတတ်သောသူတိုင်းအလိမ်ခံနေရတာပဲလေ၊
တကယ်တော့အားနာတယ်ဆိုတာ
ရိုးသားတာလည်းမဟုတ်အားနာလိုက်လို့
ကိုယ့်စိတ်အေးချမ်းရတာမှမဟုတ်တာလေ။
ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အားနာမှုကသူ့ကို
လိမ်ရသောဒုက္ခမဖြစ်ပါစေနဲ့။
ကိုယ်လည်း အလိမ်မခံရဖို့
သူလည်းသူများတွေအပေါ်မှာ
လိမ်တာတွေရပ်ဖို့
သူ့မှာလိမ်ရသောဒုက္ခကင်းဖို့၊
ကိုယ့်မှာအားနာရလို့
စိတ်ပင်ပန်းရခြင်းကင်းဖို့
ကိုယ့်ရဲ့အားနာတတ်သောစိတ်ကို သတိထားရပါမယ်။
နားလည်မှုမလွယ်ပါနဲ့။
အားနာတယ်ဆိုတာရိုးသားမှုမဟုတ်ပါဘူး။
လူတစ်ယောက်ကိုအားနာလိုက်တဲ့အခါ
ကိုယ့်စိတ်ကိုပြန်ကြည့်ပါ၊
ရိုးသားမှုရှိလား၊မရှိလားဆိုတာ၊
ရိုးသားရင် စိတ်ကသိကအောက်မဖြစ်ဘူး၊
မရိုးသားရင် စိတ်ကသိကအောက်ဖြစ်တယ်။
မေတ္တာဖြင့်
အရှင်ဇနက(မန္တလေးစာသင်သား)