Love

၀ဋ္ . . . တစ္လုံးတည္းပဲ ကိုယ့္အလွည့္ေရာက္လာတဲ့အခါ ေသမတတ္ နာက်င္ခံစားရပါတယ္

၀ဋ္ . . . တစ္လုံးတည္းပဲ ကိုယ့္အလွည့္ေရာက္လာတဲ့အခါ ေသမတတ္ နာက်င္ခံစားရပါတယ္

ဝဋ္ဆိုတာ ကိုယ္လုပ္ခဲ့တဲ့အတိုင္း

ျပန္ၿပီးခံရတတ္တယ္

ဒါေပမယ့္ ကိုယ္လုပ္ခဲ့တာထက္

ပိုၿပီး နာက်င္ခံစားရလိမ့္မယ္

လူတစ္ေယာက္ ဝဋ္လည္လာတဲ့အခါ

ဘယ္သူကမွ ျပန္ၿပီး သတိေပးစရာမလိုဘူး

ကိုယ္ဘာေၾကာင့္ ျပန္ၿပီး

ခံစားေနရလဲဆိုတာ

သူ႕အလိုလို ေခါင္းထဲမွာ သိတယ္

ကိုယ္လုပ္ခဲ့ဖူးတဲ့ အရာအားလုံး ျပန္ၿပီးေတာ့

ေပၚေပၚလာတတ္တယ္

ဥပမာ – တစ္စုံတစ္ေယာက္ေၾကာင့္

ကိုယ့္မွာ ေသေလာက္ေအာင္ နာက်င္ရတဲ့အခါ

တစ္စုံတစ္ဦးအေပၚ

ကိုယ္လဲ နာက်င္ေစခဲ့ဖူးတဲ့အေၾကာင္းေတြ

တစ္ခုခ်င္း ျပန္ၿပီးျမင္တတ္တယ္

ဝဋ္မွာအၿမဲ ငရဲမွာအပ ဆိုတဲ့ စကားလိုပါပဲ

အပၸါယ္မက်ေအာင္

ကုသိုလ္တရားေတြလုပ္လို႔ရေပမယ့္

ဝဋ္ကလြတ္ေအာင္ေတာ့

ေျပးလို႔မရဘူး ဆပ္မွ ေၾကတယ္

ဝဋ္မွာ ႏွစ္မ်ိဳး႐ွိတယ္ . . . .

ပထမတစ္ခုက ခႏၶာနဲ႔ ရင္းၿပီး ဆပ္ရတယ္ . . .

ေသမတတ္နာက်င္ခံစားရတယ္

ဒါေပမယ့္ ဘဝမွာ တစ္ႀကိမ္တစ္ခါပဲ ေသရတယ္

ဒုတိယ တစ္မ်ိဳးက စိတ္ႏွလုံးနဲ႔ ရင္းၿပီးဆပ္ရတာ . . .

ေသမတတ္နာက်င္ခံစားရတယ္

ေသမလိုလဲ ျဖစ္တယ္ ဒါေပမယ့္

အႀကိမ္ႀကိမ္အခါခါလဲ ေသရတယ္ ။

ဝဋ္မွန္းသိရင္ ေ႐ွာင္ေျပးဖို႔ မႀကိဳးစားနဲ႔

အေက်သာဆပ္လိုက္ပါ . . .

ေ႐ွာင္ေျပးလဲ လႊတ္မွ မလႊတ္ႏိုင္ပဲ

ေနာင္ဘဝေတြအထိလဲ သယ္မသြားနဲ႔

ဒီဘ၀ ဒီမွ်နဲ႔သာ ေက်ေအာင္ဆပ္ပါ . . .

ဘယ္က်ိန္စာမွလဲ ထပ္ၿပီး မထားခဲ့နဲ႔

ဘယ္ဒဏ္ရာမွလဲ ထပ္ၿပီး မေပးခဲ့နဲ႔

ကိုယ္ငိုရတဲ့ အခါ ကိုယ္ျပဳခဲ့တဲ့ကဲံေၾကာင့္

အလိမ္အညာခံရတဲ့အခါ တစ္ႀကိမ္တစ္ခါက

ကိုယ္လိမ္ခဲ့ဖူးခဲ့တာေၾကာင့္

စသည္ျဖင့္ ေျဖသိမ့္တတ္ပါေစ ။

ဝဋ္ တစ္လုံးတည္းပါပဲ

ကိုယ့္အလွည့္ေရာက္တဲ့အခါ

ကိုယ္လုပ္ခဲ့တာထက္ ႏွစ္ဆ ပိုၿပီး ခံရတတ္တယ္ ။

ZUU

Unicode

ဝဋ် . . . တစ်လုံးတည်းပဲ ကိုယ့်အလှည့်ရောက်လာတဲ့အခါ သေမတတ် နာကျင်ခံစားရပါတယ်

ဝဋ်ဆိုတာ ကိုယ်လုပ်ခဲ့တဲ့အတိုင်း

ပြန်ပြီးခံရတတ်တယ်

ဒါပေမယ့် ကိုယ်လုပ်ခဲ့တာထက်

ပိုပြီး နာကျင်ခံစားရလိမ့်မယ်

လူတစ်ယောက် ဝဋ်လည်လာတဲ့အခါ

ဘယ်သူကမှ ပြန်ပြီး သတိပေးစရာမလိုဘူး

ကိုယ်ဘာကြောင့် ပြန်ပြီး

ခံစားနေရလဲဆိုတာ

သူ့အလိုလို ခေါင်းထဲမှာ သိတယ်

ကိုယ်လုပ်ခဲ့ဖူးတဲ့ အရာအားလုံး ပြန်ပြီးတော့

ပေါ်ပေါ်လာတတ်တယ်

ဥပမာ – တစ်စုံတစ်ယောက်ကြောင့်

ကိုယ့်မှာ သေလောက်အောင် နာကျင်ရတဲ့အခါ

တစ်စုံတစ်ဦးအပေါ်

ကိုယ်လဲ နာကျင်စေခဲ့ဖူးတဲ့အကြောင်းတွေ

တစ်ခုချင်း ပြန်ပြီးမြင်တတ်တယ်

ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုတဲ့ စကားလိုပါပဲ

အပ္ပါယ်မကျအောင်

ကုသိုလ်တရားတွေလုပ်လို့ရပေမယ့်

ဝဋ်ကလွတ်အောင်တော့

ပြေးလို့မရဘူး ဆပ်မှ ကြေတယ်

ဝဋ်မှာ နှစ်မျိုးရှိတယ် . . . .

ပထမတစ်ခုက ခန္ဓာနဲ့ ရင်းပြီး ဆပ်ရတယ် . . .

သေမတတ်နာကျင်ခံစားရတယ်

ဒါပေမယ့် ဘဝမှာ တစ်ကြိမ်တစ်ခါပဲ သေရတယ်

ဒုတိယ တစ်မျိုးက စိတ်နှလုံးနဲ့ ရင်းပြီးဆပ်ရတာ . . .

သေမတတ်နာကျင်ခံစားရတယ်

သေမလိုလဲ ဖြစ်တယ် ဒါပေမယ့်

အကြိမ်ကြိမ်အခါခါလဲ သေရတယ် ။

ဝဋ်မှန်းသိရင် ရှောင်ပြေးဖို့ မကြိုးစားနဲ့

အကျေသာဆပ်လိုက်ပါ . . .

ရှောင်ပြေးလဲ လွှတ်မှ မလွှတ်နိုင်ပဲ

နောင်ဘဝတွေအထိလဲ သယ်မသွားနဲ့

ဒီဘ၀ ဒီမျှနဲ့သာ ကျေအောင်ဆပ်ပါ . . .

ဘယ်ကျိန်စာမှလဲ ထပ်ပြီး မထားခဲ့နဲ့

ဘယ်ဒဏ်ရာမှလဲ ထပ်ပြီး မပေးခဲ့နဲ့

ကိုယ်ငိုရတဲ့ အခါ ကိုယ်ပြုခဲ့တဲ့ကဲံကြောင့်

အလိမ်အညာခံရတဲ့အခါ တစ်ကြိမ်တစ်ခါက

ကိုယ်လိမ်ခဲ့ဖူးခဲ့တာကြောင့်

စသည်ဖြင့် ဖြေသိမ့်တတ်ပါစေ ။

ဝဋ် တစ်လုံးတည်းပါပဲ

ကိုယ့်အလှည့်ရောက်တဲ့အခါ

ကိုယ်လုပ်ခဲ့တာထက် နှစ်ဆ ပိုပြီး ခံရတတ်တယ် ။

ZUU