Love
ခဏခဏ သည်းခံ ရတာ
ပတ်သတ် ပတ်သတ်
အတွေး တစ်ချို့နဲ့
Credit
Unicode
ကိုယ်ချင်းစာ ကြည့်လိုက် ပါ.. အနိုင် မယူပါနဲ့
ခဏခဏ သည်းခံ ရတာ
များလာတဲ့ လူတစ်ယောက် ဟာ
ကိုယ်နဲ့ ဘယ် အတိုင်း အတာ ထိပဲ
ပတ်သတ် ပတ်သတ်
ခံနိုင် ရည် စွမ်း ကုန်လွန် တဲ့ တနေ့တော့
လုံးဝ အဆက် သွယ် ပြတ်တောက် မသွား ရင်တောင်
ဆက်ဆံရေး တွေက အေးစက် လာ လိမ့်မယ် ။ ။ ။
ဒါဟာ သူ အရှုံးပေး လိုက်တာ မဟုတ်ဘူး
လိုက်လျော ညီထွေစွာနဲ့ သူ လစ်လျူရှု လိုက်တာပါ
တုန့်ပြန်ချက် တွေက သူ့အတွက်
မခမ်းနားဘူး သူဘာမှ တုန့်ပြန်မှာ မဟုတ် တော့ဘူး
သူပြုံးပြချင် ပြုံးလိုက် လိမ့်မယ်
ဒါဟာ ဝတ်တရား အရ အချိုသပ်တဲ့ အပြုံးတွေ
သူစကား ပြောချင် ပြန်ပြော လိမ့်မယ်
ဒါပေမယ့် အပေါ်ယံပဲ လူမှုရေး အရ
ခွန်းတုန့် ပြန်တဲ့ စကားတွေ
ဆက်ဆံ ရေးတွေ ပြေပြစ်ချင် ပြေပြစ် နေလိမ့်မယ်
ဒါပေမယ့် ရေလိုက် ငါးလိုက်ပဲ
အရင်လို စိတ်ရင်းနဲ့တော့ မဟုတ် တော့ဘူး
စိတ် ဒဏ်ရာ ရသွားတဲ့ သူ့အတွက် အရင်လို
တရင်းတနှီးနဲ့ သံယောဇဉ်တွေ ရှိနေမှာ မဟုတ်ဘူး
သူ့အပေါ် မကောင်းတဲ့ သူတစ်ဦး အတွက်
သူ့ဘက်ကလဲ မေတ္တာတရားတွေ
ရပ်တန့် သွားနိုင် တာပဲလေ
ဘယ်သူ့ကိုမှ အနိုင် မယူ ပါနဲ့
အနိုင်ရ လိုက်ပေမယ့်မေတ္တာ တွေတော့
ဆုံးရှုံး လိုက်ရ တယ် သူ့နေရာ မှာ
ကိုယ်သာ ဆိုရင် ဘယ်လောက် ခံရ ခက်မလဲ
အတွေး တစ်ချို့နဲ့
ကိုယ်ချင်း စာကြည့်လိုက်ပါ
Credit