Love

မိန္းကေလး တိုင္း သိထားသင့္တဲ့ အမွန္တရားေတြမ်ားလား

မိန္းကေလး တိုင္း သိထားသင့္တဲ့ အမွန္တရားေတြမ်ားလား

ေယာက်္ားတစ္ေယာက္နဲ႔

မိန္းမတစ္ေယာက္

မဂၤလာေဆာင္ဖို႔ ျပင္ဆင္ၾကတယ္။

ေယာက်္ားမွာ စုထားတဲ့ေငြ သိန္း ၂၅ဝ႐ွိတယ္၊

မိန္းမမွာက သိန္း ၂ဝဝ႐ွိတယ္။

(ကိန္းဂဏန္းတစ္ခုအျဖစ္ ေရးပါတယ္)

မဂၤလာမေဆာင္ခင္ ေယာက်္ားရဲ႕ပိုက္ဆံနဲ႔

အိမ္ခန္းတစ္ခန္း အရစ္က်ဝယ္လိုက္တယ္၊

မိန္းမရဲ႕ပိုက္ဆံကို အိမ္အျပင္အဆင္

အသုံးအေဆာင္ေတြအတြက္ သုံးလိုက္တယ္။

မဂၤလာေဆာင္ၿပီးတဲ့ေနာက္

ေယာက်္ားက သူရတဲ့လခထဲကေနလစဥ္

အိမ္ခန္းခအရစ္က်ဆပ္တယ္၊

က်န္ေငြကိုစုတယ္။

မိန္းမက သူရတဲ့လခနဲ႔ ေနအိမ္

စားဝတ္ေနေရးအတြက္သုံးတယ္၊

က်န္တာကိုစုတယ္။

၃ႏွစ္လြန္ေတာ့ မိန္းမ မွာကိုယ္ဝန္႐ွိလာတယ္၊

ကေလးေမြးခ်ိန္မွာ ေယာက်္ားရာထူးတိုးတယ္၊

လခလည္းတိုးသြားတယ္။

ကေလးကိုျပဳစုဖို႔ လူလိုလာတယ္၊

ကေလးထိန္းေခၚရင္ ပိုက္ဆံေပးရမယ့္အတူတူ

ႏွစ္ေယာက္လုံး ေသခ်ာတိုင္ပင္ၿပီးတဲ့ေနာက္မွာ

မိန္းမကအလုပ္ထြက္ၿပီး

ကေလးကိုျပဳစုေစာင့္ေ႐ွာက္ဖို႔ ဆုံးျဖတ္လိုက္တယ္။

မိန္းမဟာ ကေလးနဲ႔ေယာက်္ားကိုျပဳစုတဲ့

အိမ္႐ွင္မလုံးလုံးျဖစ္သြားတယ္။

၁ဝႏွစ္အၾကာမွာ ေယာက်္ားက

ရာထူးတိုးသထက္တိုးၿပီး

ေအာင္ျမင္တဲ့သူတစ္ဦးျဖစ္လာခဲ့တယ္။

မိန္းမက ေန႔တိုင္း ကေလး၊ ေယာက်္ား၊

အိမ္မႈကိစၥနဲ႔ပဲ ပတ္ခ်ာလည္ေနခဲ့ၿပီး

အျပင္အဆင္မ႐ွိတဲ့အျပင္ ႐ုပ္ပါက်လာခဲ့တယ္။

ဒီလိုအခ်ိန္မွာ ေယာက်္ားက

မိန္းမကိုအျပင္ေခၚထြက္လို႔မရေတာ့ဘူး

(လူျပလို႔မရေတာ့ဘူး)လို႔ ထင္လာခဲ့တယ္။

အဲဒီလိုနဲ႔ ျပင္ပေလာကရဲ႕ ဆြဲငင္ညိႇဳ႕ယူျမဴဆြယ္မႈေအာက္မွာ

အငယ္အေႏွာင္းထားတတ္လာခဲ့တယ္။

မိန္းမသိသြားတဲ့အခါ ရန္ျဖစ္ၾက၊ ငိုၾကေတာ့တယ္။

ေနာက္ဆုံးမွာ ႏွစ္ေယာက္စလုံးရဲ႕ႏွလုံးသားေတြ

နာက်င္ခဲ့ရၿပီး ကြာ႐ွင္းျပတ္စဲဖို႔အထိ ျဖစ္လာခဲ့တယ္။

အိမ္ေထာင္ေရးဥပေဒသစ္က ဒီလိုဆိုပါတယ္။

အိမ္ခန္းကို ေယာက်္ားက မဂၤလာမေဆာင္ခင္

ဝယ္ယူထားတာမို႔

မိန္းမနဲ႔လုံးဝမဆိုင္ဘူးလို႔ ဆိုတယ္။

ဒါကို မိန္းမက မေက်နပ္ဘူး…

ႏွစ္ေယာက္အတူ ႐ုန္းကန္ခဲ့ပါတယ္လို႔ ေျပာတယ္။

ေ႐ွ႕ေနက ဒီလိုဆိုရင္ ႏွစ္ေယာက္အတူ

အိမ္ခန္းခအေႂကြးဆပ္ခဲ့တဲ့

သက္ေသ႐ွိသလားလို႔ ေမးတယ္။

မ႐ွိပါဘူး… အိမ္ခန္းခကို ေယာက်္ားရဲ႕

လခထဲကေနပဲျဖတ္ခဲ့လို႔ျဖစ္တယ္။

ဒီလိုဆိုရင္ ကေလးကို ကြၽန္မကပဲေမြးၿပီး

ကြၽန္မကပဲထိန္းေက်ာင္းခဲ့တာမို႔

ကြၽန္မနဲ႔ဆိုင္တယ္လို႔ မိန္းမကေျပာတယ္။

ေ႐ွ႕ေန႔က .. ကေလးရဲ႕ႀကီးျပင္း႐ွင္သန္ဖို႔ကို

ဦးစားေပးၿပီး ဘယ္သူနဲ႔ဆိုင္တယ္ဆိုတာကို

ဆုံးျဖတ္ရတယ္လို႔ဆိုတယ္။

မိန္းမမွာက အလုပ္အကိုင္မ႐ွိ၊

ဝင္ေငြမ႐ွိတာေၾကာင့္ ကေလးရဲ႕က်န္းမာေရး၊

ႀကီးျပင္းေရးကို တာဝန္ယူႏိုင္မွာမဟုတ္လို႔

ေယာက်္ားနဲ႔ပဲဆိုင္ေၾကာင္း

တရား႐ုံးကခ်မွတ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ဒီလိုအခ်ိန္မွာ မိန္းမမွာ အိမ္မ႐ွိ၊

အလုပ္အကိုင္မ႐ွိ၊ ကေလးလည္းမ႐ွိေတာ့ပါဘူး။

ေလာကတစ္ခုလုံး ေမွာင္အတိက်သြားၿပီလို႔

သူေမွ်ာ္လင့္ခ်က္မဲ့သြားခဲ့ရပါတယ္။

ေယာက်္ားကေတာ့ ဘဝသစ္တစ္ခုကို စတင္ေနပါၿပီ။

မိန္းကေလးတို႔ေရ… သင့္တစ္သက္တာေပ်ာ္႐ႊင္မႈကို

တျခားလူအေပၚ ပုံခ်ရဲပါသလား။

ဒီေလာကမွာ ဘယ္သူ႕ကို

ဘဝတစ္သက္တာ သင္မွီခိုလို႔ရႏိုင္မလဲ။

သင့္အရိပ္ကေတာင္ အေမွာင္လာတာနဲ႔

သင့္အပါး ဖယ္ခြာသြားတာပဲမဟုတ္လား။

သင့္ကို စစခ်င္းမွာ

သူတကယ္ခ်စ္ခဲ့တယ္ဆိုတာ မွန္ပါတယ္။

ဒါေပမယ့္ မိန္းကေလးအမ်ားက အေရးပါတဲ့

အခ်က္တစ္ခ်က္ကို လ်စ္လ်ဴ႐ႈမိတတ္ၾကပါတယ္။

အဲဒါကေတာ့ “လူဆိုတာ

အသက္႐ွင္ေနသေ႐ြ႕ေျပာင္းလဲတတ္တယ္” ဆိုတာပဲျဖစ္တယ္။

မိန္းကေလးဆိုတာ ကိုယ္ပိုင္အလုပ္တစ္ခုနဲ႔

လြတ္လပ္မႈ႐ွိမွ တကယ့္ကိုယ္တိုင္ဘဝအမွန္အျဖစ္

႐ွင္သန္ႏိုင္တာျဖစ္ပါတယ္။

အလုပ္ဆိုတိုင္းလည္း ဝင္ေငြ႐ွိတဲ့အလုပ္၊

ဝင္ေငြမ်ားတဲ့အလုပ္ကို ဆိုလိုတာမဟုတ္ပါဘူး၊

ကိုယ္ဝါသနာပါတဲ့အလုပ္ပဲျဖစ္ျဖစ္၊

ပရဟိတအလုပ္ပဲျဖစ္ျဖစ္ေပါ့။

လူတိုင္းက ေကာင္းတဲ့အရာကို

ႀကိဳက္ႏွစ္သက္တတ္ၾကပါတယ္။

ဘယ္သူကမွ မျပင္မဆင္၊

တိုးတက္လိုစိတ္မ႐ွိ၊

ဘဝမႈန္ေတေတ၊ ယိုယြင္း က်ဆင္းေနတဲ့လူနဲ႔

ေန႔တိုင္းမ်က္ႏွာခ်င္းဆိုင္ခ်င္ၾကမွာ မဟုတ္ပါဘူး။

မိန္းကေလးတစ္ေယာက္အတြက္

အိမ္ေထာင္က်သြားၿပီဆိုတာနဲ႔

အရာအားလုံး ၿပီးဆုံးသြားတာမဟုတ္ပါဘူး။

အိမ္ေထာင္ေရးအျပင္ သူငယ္ခ်င္း မိတ္ေဆြ၊

ကိုယ္ဝါသနာပါ ႏွစ္သက္တဲ့အလုပ္အကိုင္၊

သင္ယူမႈေတြ…. ႐ွိသင့္ပါေသးတယ္။

မိန္းမတစ္ေယာက္မွာ အသက္သုံးမ်ိဳး႐ွိသတဲ့။

တစ္ခုက ေမြးစာရင္းထဲက အသက္၊

ဒီအသက္က ေျပာင္းလဲလို႔ မရပါဘူး

။ေနာက္အသက္တစ္ခုက

စိတ္နဲ႔ဆိုင္တဲ့ အသက္ျဖစ္တယ္။

စိတ္ပ်ိဳကိုယ္ႏုဆိုတဲ့

စကားလည္း႐ွိတာပဲမဟုတ္လား။

ဒီအသက္က ကိုယ့္စိတ္ေနသေဘာထားနဲ႔ ဆိုင္ပါတယ္။

ေနာက္အသက္တစ္ခုက

အသိပညာအသက္ျဖစ္တယ္။

လူတိုင္း အိုတတ္ၾကတာပါပဲ။

အိုမင္းျခင္းကို လူတိုင္းမလြန္ဆန္ႏိုင္ပါဘူး။

ဒါေပမယ့္ အသိပညာနဲ႔

လွလွပပအိုမင္းသြားၾကသူေတြကို

ေတြ႕ဖူးၾကလိမ့္မွာေပါ့။

မိန္းကေလးတစ္ေယာက္ရဲ႕

အသိပညာ၊ ဗဟုသုတဆိုတာ

စာဖတ္ျခင္းကျဖစ္လာသတဲ့။

မိန္းကေလးတို႔ေရ…

မိန္းကေလးတစ္ေယာက္က

သူ႕ေလာကႀကီးကို သူအလွဆင္ရင္

အဲဒီေလာကႀကီးကို ေယာက်္ားက

ႏွစ္သက္လိမ့္မယ္။

မိန္းကေလးတစ္ေယာက္က

သူ႕ေလာကကို သူအလွမဆင္ေတာ့ရင္

ေယာက်္ားက တျခားေလာကကို

သြားႏွစ္သက္တတ္ပါတယ္တဲ့။

ဒါေၾကာင့္ ကိုယ့္ကိုယ္ကို ေကာင္းေကာင္းဆက္ဆံပါ။

တိုးတက္လိုစိတ္႐ွိပါ။

ကိုယ့္ကိုယ္ကို နည္းနည္းျပင္ဆင္ပါ။

ကေလးတစ္ေယာက္ေမြးၿပီးတာနဲ႔

ဝၿဖိဳးသြားတာမ်ိဳး၊ အိမ္ေနဝတ္၊

အိမ္ျပင္ဝတ္မခြဲေတာ့တာမ်ိဳး၊

နဂို ႏူးညံ့သိမ္ေမြ႕တဲ့အျပဳအမူေတြ

ေပ်ာက္ဆုံးသြားတာမ်ိဳး မျဖစ္ေစပါနဲ႔လို႔…

Credit

Unicode

မိန်းကလေး တိုင်း သိထားသင့်တဲ့ အမှန်တရားတွေများလား

ယောက်ျားတစ်ယောက်နဲ့

မိန်းမတစ်ယောက်

မင်္ဂလာဆောင်ဖို့ ပြင်ဆင်ကြတယ်။

ယောက်ျားမှာ စုထားတဲ့ငွေ သိန်း ၂၅ဝရှိတယ်၊

မိန်းမမှာက သိန်း ၂ဝဝရှိတယ်။

(ကိန်းဂဏန်းတစ်ခုအဖြစ် ရေးပါတယ်)

မင်္ဂလာမဆောင်ခင် ယောက်ျားရဲ့ပိုက်ဆံနဲ့

အိမ်ခန်းတစ်ခန်း အရစ်ကျဝယ်လိုက်တယ်၊

မိန်းမရဲ့ပိုက်ဆံကို အိမ်အပြင်အဆင်

အသုံးအဆောင်တွေအတွက် သုံးလိုက်တယ်။

မင်္ဂလာဆောင်ပြီးတဲ့နောက်

ယောက်ျားက သူရတဲ့လခထဲကနေလစဉ်

အိမ်ခန်းခအရစ်ကျဆပ်တယ်၊

ကျန်ငွေကိုစုတယ်။

မိန်းမက သူရတဲ့လခနဲ့ နေအိမ်

စားဝတ်နေရေးအတွက်သုံးတယ်၊

ကျန်တာကိုစုတယ်။

၃နှစ်လွန်တော့ မိန်းမ မှာကိုယ်ဝန်ရှိလာတယ်၊

ကလေးမွေးချိန်မှာ ယောက်ျားရာထူးတိုးတယ်၊

လခလည်းတိုးသွားတယ်။

ကလေးကိုပြုစုဖို့ လူလိုလာတယ်၊

ကလေးထိန်းခေါ်ရင် ပိုက်ဆံပေးရမယ့်အတူတူ

နှစ်ယောက်လုံး သေချာတိုင်ပင်ပြီးတဲ့နောက်မှာ

မိန်းမကအလုပ်ထွက်ပြီး

ကလေးကိုပြုစုစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။

မိန်းမဟာ ကလေးနဲ့ယောက်ျားကိုပြုစုတဲ့

အိမ်ရှင်မလုံးလုံးဖြစ်သွားတယ်။

၁ဝနှစ်အကြာမှာ ယောက်ျားက

ရာထူးတိုးသထက်တိုးပြီး

အောင်မြင်တဲ့သူတစ်ဦးဖြစ်လာခဲ့တယ်။

မိန်းမက နေ့တိုင်း ကလေး၊ ယောက်ျား၊

အိမ်မှုကိစ္စနဲ့ပဲ ပတ်ချာလည်နေခဲ့ပြီး

အပြင်အဆင်မရှိတဲ့အပြင် ရုပ်ပါကျလာခဲ့တယ်။

ဒီလိုအချိန်မှာ ယောက်ျားက

မိန်းမကိုအပြင်ခေါ်ထွက်လို့မရတော့ဘူး

(လူပြလို့မရတော့ဘူး)လို့ ထင်လာခဲ့တယ်။

အဲဒီလိုနဲ့ ပြင်ပလောကရဲ့ ဆွဲငင်ညှို့ယူမြူဆွယ်မှုအောက်မှာ

အငယ်အနှောင်းထားတတ်လာခဲ့တယ်။

မိန်းမသိသွားတဲ့အခါ ရန်ဖြစ်ကြ၊ ငိုကြတော့တယ်။

နောက်ဆုံးမှာ နှစ်ယောက်စလုံးရဲ့နှလုံးသားတွေ

နာကျင်ခဲ့ရပြီး ကွာရှင်းပြတ်စဲဖို့အထိ ဖြစ်လာခဲ့တယ်။

အိမ်ထောင်ရေးဥပဒေသစ်က ဒီလိုဆိုပါတယ်။

အိမ်ခန်းကို ယောက်ျားက မင်္ဂလာမဆောင်ခင်

ဝယ်ယူထားတာမို့

မိန်းမနဲ့လုံးဝမဆိုင်ဘူးလို့ ဆိုတယ်။

ဒါကို မိန်းမက မကျေနပ်ဘူး…

နှစ်ယောက်အတူ ရုန်းကန်ခဲ့ပါတယ်လို့ ပြောတယ်။

ရှေ့နေက ဒီလိုဆိုရင် နှစ်ယောက်အတူ

အိမ်ခန်းခအကြွေးဆပ်ခဲ့တဲ့

သက်သေရှိသလားလို့ မေးတယ်။

မရှိပါဘူး… အိမ်ခန်းခကို ယောက်ျားရဲ့

လခထဲကနေပဲဖြတ်ခဲ့လို့ဖြစ်တယ်။

ဒီလိုဆိုရင် ကလေးကို ကျွန်မကပဲမွေးပြီး

ကျွန်မကပဲထိန်းကျောင်းခဲ့တာမို့

ကျွန်မနဲ့ဆိုင်တယ်လို့ မိန်းမကပြောတယ်။

ရှေ့နေ့က .. ကလေးရဲ့ကြီးပြင်းရှင်သန်ဖို့ကို

ဦးစားပေးပြီး ဘယ်သူနဲ့ဆိုင်တယ်ဆိုတာကို

ဆုံးဖြတ်ရတယ်လို့ဆိုတယ်။

မိန်းမမှာက အလုပ်အကိုင်မရှိ၊

ဝင်ငွေမရှိတာကြောင့် ကလေးရဲ့ကျန်းမာရေး၊

ကြီးပြင်းရေးကို တာဝန်ယူနိုင်မှာမဟုတ်လို့

ယောက်ျားနဲ့ပဲဆိုင်ကြောင်း

တရားရုံးကချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုအချိန်မှာ မိန်းမမှာ အိမ်မရှိ၊

အလုပ်အကိုင်မရှိ၊ ကလေးလည်းမရှိတော့ပါဘူး။

လောကတစ်ခုလုံး မှောင်အတိကျသွားပြီလို့

သူမျှော်လင့်ချက်မဲ့သွားခဲ့ရပါတယ်။

ယောက်ျားကတော့ ဘဝသစ်တစ်ခုကို စတင်နေပါပြီ။

မိန်းကလေးတို့ရေ… သင့်တစ်သက်တာပျော်ရွှင်မှုကို

တခြားလူအပေါ် ပုံချရဲပါသလား။

ဒီလောကမှာ ဘယ်သူ့ကို

ဘဝတစ်သက်တာ သင်မှီခိုလို့ရနိုင်မလဲ။

သင့်အရိပ်ကတောင် အမှောင်လာတာနဲ့

သင့်အပါး ဖယ်ခွာသွားတာပဲမဟုတ်လား။

သင့်ကို စစချင်းမှာ

သူတကယ်ချစ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။

ဒါပေမယ့် မိန်းကလေးအများက အရေးပါတဲ့

အချက်တစ်ချက်ကို လျစ်လျူရှုမိတတ်ကြပါတယ်။

အဲဒါကတော့ “လူဆိုတာ

အသက်ရှင်နေသရွေ့ပြောင်းလဲတတ်တယ်” ဆိုတာပဲဖြစ်တယ်။

မိန်းကလေးဆိုတာ ကိုယ်ပိုင်အလုပ်တစ်ခုနဲ့

လွတ်လပ်မှုရှိမှ တကယ့်ကိုယ်တိုင်ဘဝအမှန်အဖြစ်

ရှင်သန်နိုင်တာဖြစ်ပါတယ်။

အလုပ်ဆိုတိုင်းလည်း ဝင်ငွေရှိတဲ့အလုပ်၊

ဝင်ငွေများတဲ့အလုပ်ကို ဆိုလိုတာမဟုတ်ပါဘူး၊

ကိုယ်ဝါသနာပါတဲ့အလုပ်ပဲဖြစ်ဖြစ်၊

ပရဟိတအလုပ်ပဲဖြစ်ဖြစ်ပေါ့။

လူတိုင်းက ကောင်းတဲ့အရာကို

ကြိုက်နှစ်သက်တတ်ကြပါတယ်။

ဘယ်သူကမှ မပြင်မဆင်၊

တိုးတက်လိုစိတ်မရှိ၊

ဘဝမှုန်တေတေ၊ ယိုယွင်း ကျဆင်းနေတဲ့လူနဲ့

နေ့တိုင်းမျက်နှာချင်းဆိုင်ချင်ကြမှာ မဟုတ်ပါဘူး။

မိန်းကလေးတစ်ယောက်အတွက်

အိမ်ထောင်ကျသွားပြီဆိုတာနဲ့

အရာအားလုံး ပြီးဆုံးသွားတာမဟုတ်ပါဘူး။

အိမ်ထောင်ရေးအပြင် သူငယ်ချင်း မိတ်ဆွေ၊

ကိုယ်ဝါသနာပါ နှစ်သက်တဲ့အလုပ်အကိုင်၊

သင်ယူမှုတွေ…. ရှိသင့်ပါသေးတယ်။

မိန်းမတစ်ယောက်မှာ အသက်သုံးမျိုးရှိသတဲ့။

တစ်ခုက မွေးစာရင်းထဲက အသက်၊

ဒီအသက်က ပြောင်းလဲလို့ မရပါဘူး

။နောက်အသက်တစ်ခုက

စိတ်နဲ့ဆိုင်တဲ့ အသက်ဖြစ်တယ်။

စိတ်ပျိုကိုယ်နုဆိုတဲ့

စကားလည်းရှိတာပဲမဟုတ်လား။

ဒီအသက်က ကိုယ့်စိတ်နေသဘောထားနဲ့ ဆိုင်ပါတယ်။

နောက်အသက်တစ်ခုက

အသိပညာအသက်ဖြစ်တယ်။

လူတိုင်း အိုတတ်ကြတာပါပဲ။

အိုမင်းခြင်းကို လူတိုင်းမလွန်ဆန်နိုင်ပါဘူး။

ဒါပေမယ့် အသိပညာနဲ့

လှလှပပအိုမင်းသွားကြသူတွေကို

တွေ့ဖူးကြလိမ့်မှာပေါ့။

မိန်းကလေးတစ်ယောက်ရဲ့

အသိပညာ၊ ဗဟုသုတဆိုတာ

စာဖတ်ခြင်းကဖြစ်လာသတဲ့။

မိန်းကလေးတို့ရေ…

မိန်းကလေးတစ်ယောက်က

သူ့လောကကြီးကို သူအလှဆင်ရင်

အဲဒီလောကကြီးကို ယောက်ျားက

နှစ်သက်လိမ့်မယ်။

မိန်းကလေးတစ်ယောက်က

သူ့လောကကို သူအလှမဆင်တော့ရင်

ယောက်ျားက တခြားလောကကို

သွားနှစ်သက်တတ်ပါတယ်တဲ့။

ဒါကြောင့် ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။

တိုးတက်လိုစိတ်ရှိပါ။

ကိုယ့်ကိုယ်ကို နည်းနည်းပြင်ဆင်ပါ။

ကလေးတစ်ယောက်မွေးပြီးတာနဲ့

ဝဖြိုးသွားတာမျိုး၊ အိမ်နေဝတ်၊

အိမ်ပြင်ဝတ်မခွဲတော့တာမျိုး၊

နဂို နူးညံ့သိမ်မွေ့တဲ့အပြုအမူတွေ

ပျောက်ဆုံးသွားတာမျိုး မဖြစ်စေပါနဲ့လို့…

Credit