ဘဝကို အေပ်ာ္႐ႊင္ဆုံး ျဖစ္ေအာင္ တည္ေဆာက္ႏိုင္မယ့္ ဖူးစာဖက္ဆိုတာ ဒီလိုမ်ိဳးပါ
ဖူးစာဆိုတာ ကိုယ့္နဲ႔ သူ ဆုံဖို႔ ဖန္လာတဲ့
ကံၾကမၼာေတြ ႐ွိတာကို ဆိုလိုၾကတာပါ။
ဖူးစာဆိုတိုင္း လက္တြဲရတိုင္း
ေပ်ာ္႐ႊင္မႈေတြ ႐ွိၾကတာေတာ့ မဟုတ္ပါဘူး။
ေပ်ာ္႐ႊင္ရတဲ့ ဖူးစာဖက္ေတြကေတာ့
သက္သက္ ႐ွိလို႔ ေနပါတယ္။
အၿမဲ ေပ်ာ္႐ႊင္ရတဲ့ သူေတြဆိုတာ
မ႐ွိၾကေပမယ့္လည္း အတူ႐ွိေနတဲ့အခါမွာ
ေပ်ာ္တဲ့အခ်ိန္ေတြ အမ်ားဆုံး ျဖစ္ေအာင္
ဖန္တီးတည္ေဆာက္ႏိုင္တဲ့ စုံတြဲေတြမွာေတာ့
ဒီလို အခ်က္ေတြ ႐ွိေနပါတယ္ေနာ္။
(၁) နားလည္မႈ ႐ွိတယ္
နားလည္မႈ မ႐ွိတဲ့ ဆက္ဆံေရးက
ျပႆနာေတြ မ်ားေနတတ္ပါတယ္။
သူ ဘာပဲလုပ္လုပ္ ကိုယ္ ဘာပဲလုပ္လုပ္
နားလည္ေပးတတ္တဲ့
အသိ ႐ွိေနတာကလည္း ႏွစ္ေယာက္ၾကားက
သံသယေတြ အျပစ္ျမင္မႈေတြကို
ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
ဒါေၾကာင့္ အပူေတြကင္းၿပီး ေပ်ာ္စရာ အခ်ိန္
ပိုမ်ားသြားရတာ ျဖစ္ပါတယ္။
(၂) တန္ဖိုးထားတယ္
တစ္ေယာက္ကို တစ္ေယာက္
တန္ဖိုးထားမႈက ဆက္ဆံေရးတိုင္းမွာ
အေရးႀကီးပါတယ္။
သူရဲ႕ အလုပ္၊ ခံယူခ်က္နဲ႔ အျပဳအမူေတြကို
တန္ဖိုးထားေပးၿပီး အၾကံေပးတာမ်ိဳးက ျပဳျပင္ေစတာမ်ိဳးက
ခ်စ္သူေတြၾကားမွာ အႀကီးမားဆုံး အရာတစ္ခု ျဖစ္ပါတယ္။
ပုံသြင္းတာမ်ိဳးထက္ တန္ဖိုးထားၿပီး
အျပန္အလွန္ ေဖးမတာကပဲ အခ်စ္ေတြကို
ပိုခိုင္ၿမဲေစၿပီး သူ႕ရဲ႕ တန္ဖိုး ကိုယ့္ရဲ႕ တန္ဖိုးကို
အျပန္အလွန္ သိနားလည္ၿပီး ေပ်ာ္႐ႊင္ၾကမွာ ျဖစ္ပါတယ္။
(၃) ကူညီၾကတယ္
တစ္ေယာက္ကို တစ္ေယာက္ အျပန္အလွန္
ကူညီႏိုင္တဲ့ အေျခအေန ႐ွိတာကလည္း
ပိုၿပီး တန္ဖိုးထားမႈ ပိုလာေစတတ္ပါတယ္။
သူလိုအပ္တာကို ကိုယ္က အၾကံေပးႏိုင္တာ၊
ကူညီေပးႏိုင္တာနဲ႔ ကိုယ္ လိုအပ္တာကိုလည္း
သူ႕ဘက္ ျပန္လည္ ကူညီေပးတတ္တာကလည္း
တစ္ေယာက္ကို တစ္ေယာက္
အမွီသဟဲ ျပဳႏိုင္ၾကတာ ျဖစ္ပါတယ္။
ဒီလို အေျခအေန ႐ွိတာက
ပိုၿပီး ေပ်ာ္႐ႊင္ေစတတ္ေစတာမ်ိဳး ျဖစ္ပါတယ္။
(၄) အလိုက္သိၾကတယ္
တစ္ေယာက္နဲ႔ တစ္ေယာက္က
ခ်စ္ၾက႐ုံတင္မက
မိသားစုလို ရင္းႏွီးသြားတဲ့အခါမွာေတာ့
သူ႕အႀကိဳက္ ကိုယ့္အႀကိဳက္ အျပန္အလွန္
သိၾကသလို ဘယ္လို အခ်က္ေတြကို
မႀကိဳက္ဘူးဆိုတာကိုလည္း သိလာၾကပါတယ္။
ဒါေၾကာင့္ သူ လိုအပ္တာေတြလည္း သိေနၿပီး
လိုသလို ျဖည့္ေပးတတ္တဲ့
ေတြးေပးတတ္တဲ့စိတ္ေတြေၾကာင့္လည္း
ပိုအဆင္ေျပၾကၿပီး ပိုၿပီးေပ်ာ္႐ႊင္ၾကရပါတယ္။
(၅) အတူေျဖ႐ွင္းၾကတယ္
ႏွစ္ေယာက္အတူလို႔ ခံစားရတဲ့အခါမွာ
သူ႕ျပႆနာကလည္း ကိုယ္နဲ႔ ဆိုင္ေနၿပီး
ကိုယ့္ ျပႆနာကလည္း သူနဲ႔ ဆိုင္ေနတတ္ပါတယ္။
ဒါေၾကာင့္ အိမ္ေထာင္ျပဳတဲ့အခါမွာလည္း
အိမ္ေထာင္တစ္ခု အတူတက္ညီလက္ညီ
ေျဖ႐ွင္း တာဝန္ယူတတ္ၾကလို႔
ေပ်ာ္႐ႊင္တဲ့မိသားစုကို ပိုင္ဆိုင္တတ္ၾကပါတယ္။
Kham
Unicode
ဘဝကို အပျော်ရွှင်ဆုံး ဖြစ်အောင် တည်ဆောက်နိုင်မယ့် ဖူးစာဖက်ဆိုတာ ဒီလိုမျိုးပါ
ဖူးစာဆိုတာ ကိုယ့်နဲ့ သူ ဆုံဖို့ ဖန်လာတဲ့
ကံကြမ္မာတွေ ရှိတာကို ဆိုလိုကြတာပါ။
ဖူးစာဆိုတိုင်း လက်တွဲရတိုင်း
ပျော်ရွှင်မှုတွေ ရှိကြတာတော့ မဟုတ်ပါဘူး။
ပျော်ရွှင်ရတဲ့ ဖူးစာဖက်တွေကတော့
သက်သက် ရှိလို့ နေပါတယ်။
အမြဲ ပျော်ရွှင်ရတဲ့ သူတွေဆိုတာ
မရှိကြပေမယ့်လည်း အတူရှိနေတဲ့အခါမှာ
ပျော်တဲ့အချိန်တွေ အများဆုံး ဖြစ်အောင်
ဖန်တီးတည်ဆောက်နိုင်တဲ့ စုံတွဲတွေမှာတော့
ဒီလို အချက်တွေ ရှိနေပါတယ်နော်။
(၁) နားလည်မှု ရှိတယ်
နားလည်မှု မရှိတဲ့ ဆက်ဆံရေးက
ပြဿနာတွေ များနေတတ်ပါတယ်။
သူ ဘာပဲလုပ်လုပ် ကိုယ် ဘာပဲလုပ်လုပ်
နားလည်ပေးတတ်တဲ့
အသိ ရှိနေတာကလည်း နှစ်ယောက်ကြားက
သံသယတွေ အပြစ်မြင်မှုတွေကို
လျှော့ချပေးနိုင်ပါတယ်။
ဒါကြောင့် အပူတွေကင်းပြီး ပျော်စရာ အချိန်
ပိုများသွားရတာ ဖြစ်ပါတယ်။
(၂) တန်ဖိုးထားတယ်
တစ်ယောက်ကို တစ်ယောက်
တန်ဖိုးထားမှုက ဆက်ဆံရေးတိုင်းမှာ
အရေးကြီးပါတယ်။
သူရဲ့ အလုပ်၊ ခံယူချက်နဲ့ အပြုအမူတွေကို
တန်ဖိုးထားပေးပြီး အကြံပေးတာမျိုးက ပြုပြင်စေတာမျိုးက
ချစ်သူတွေကြားမှာ အကြီးမားဆုံး အရာတစ်ခု ဖြစ်ပါတယ်။
ပုံသွင်းတာမျိုးထက် တန်ဖိုးထားပြီး
အပြန်အလှန် ဖေးမတာကပဲ အချစ်တွေကို
ပိုခိုင်မြဲစေပြီး သူ့ရဲ့ တန်ဖိုး ကိုယ့်ရဲ့ တန်ဖိုးကို
အပြန်အလှန် သိနားလည်ပြီး ပျော်ရွှင်ကြမှာ ဖြစ်ပါတယ်။
(၃) ကူညီကြတယ်
တစ်ယောက်ကို တစ်ယောက် အပြန်အလှန်
ကူညီနိုင်တဲ့ အခြေအနေ ရှိတာကလည်း
ပိုပြီး တန်ဖိုးထားမှု ပိုလာစေတတ်ပါတယ်။
သူလိုအပ်တာကို ကိုယ်က အကြံပေးနိုင်တာ၊
ကူညီပေးနိုင်တာနဲ့ ကိုယ် လိုအပ်တာကိုလည်း
သူ့ဘက် ပြန်လည် ကူညီပေးတတ်တာကလည်း
တစ်ယောက်ကို တစ်ယောက်
အမှီသဟဲ ပြုနိုင်ကြတာ ဖြစ်ပါတယ်။
ဒီလို အခြေအနေ ရှိတာက
ပိုပြီး ပျော်ရွှင်စေတတ်စေတာမျိုး ဖြစ်ပါတယ်။
(၄) အလိုက်သိကြတယ်
တစ်ယောက်နဲ့ တစ်ယောက်က
ချစ်ကြရုံတင်မက
မိသားစုလို ရင်းနှီးသွားတဲ့အခါမှာတော့
သူ့အကြိုက် ကိုယ့်အကြိုက် အပြန်အလှန်
သိကြသလို ဘယ်လို အချက်တွေကို
မကြိုက်ဘူးဆိုတာကိုလည်း သိလာကြပါတယ်။
ဒါကြောင့် သူ လိုအပ်တာတွေလည်း သိနေပြီး
လိုသလို ဖြည့်ပေးတတ်တဲ့
တွေးပေးတတ်တဲ့စိတ်တွေကြောင့်လည်း
ပိုအဆင်ပြေကြပြီး ပိုပြီးပျော်ရွှင်ကြရပါတယ်။
(၅) အတူဖြေရှင်းကြတယ်
နှစ်ယောက်အတူလို့ ခံစားရတဲ့အခါမှာ
သူ့ပြဿနာကလည်း ကိုယ်နဲ့ ဆိုင်နေပြီး
ကိုယ့် ပြဿနာကလည်း သူနဲ့ ဆိုင်နေတတ်ပါတယ်။
ဒါကြောင့် အိမ်ထောင်ပြုတဲ့အခါမှာလည်း
အိမ်ထောင်တစ်ခု အတူတက်ညီလက်ညီ
ဖြေရှင်း တာဝန်ယူတတ်ကြလို့
ပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်တတ်ကြပါတယ်။
Kham