Love

စိတ္ပင္ပန္းတဲ့ ဒဏ္ကိုေတာ့ လုံး၀ခံႏိုင္ရည္မ႐ွိတာအမွန္ပါ

စိတ္ပင္ပန္းတဲ့ ဒဏ္ကိုေတာ့ လုံး၀ခံႏိုင္ရည္မ႐ွိတာအမွန္ပါ

အလုပ္ပင္ပန္းတဲ့ ဒဏ္ဆို

ဘယ္ေလာက္ပဲ ေမာပန္းေမာပန္း ခံႏိုင္ရည္႐ွိပါတယ္

ဒါေပမယ့္ စိတ္ပင္ပန္းတဲ့ ဒဏ္ကိုေတာ့

လုံး၀ခံႏိုင္ရည္မ႐ွိတာအမွန္ပါ …

စိတ္ေထာင္းေတာ့

ကိုယ္ေက်ဆိုတဲ့ စကားလိုမ်ိဳးပဲေပါ့ …

တကယ္ စိတ္ေထာင္းတဲ့အခါ ကိုယ္ေက်ပါတယ္ ။

အလုပ္လုပ္ရင္း ပင္ပန္းလာတဲ့အခါ

ခဏေလာက္ နားလိုက္ရင္ သက္သာသြားေပမယ့္

တကယ္တမ္း စိတ္ပင္ပန္းတဲ့အခါ …

တစ္ခါတစ္ေလက်ေတာ့ တစ္သက္လုံးထိ

နာက်င္ေနရတတ္တယ္ ။

ပင္ပန္းေနရတတ္တယ္ ။

တစ္ေန႔လုံးပဲ ျဖစ္ျဖစ္ အခ်ိန္မေ႐ြးေပါ့ ။

ဒါေၾကာင့္ ဒီလို စိတ္ပင္ပန္းမႈဒဏ္ေတြကို

ကြၽန္မ သိပ္ၿပီးေတာ့ ခံႏိုင္ရည္ မ႐ွိတတ္ဘူး ။

နာက်င္လာၿပီလို႔ ေတြးမိလာတဲ့အခါ

မ်ားေသာအားျဖင့္ လႊတ္ခ်လိုက္ဖို႔ကို

အရင္ဆုံးပဲ ေ႐ြးျဖစ္တယ္ ေက်းဇူးျပဳၿပီးေတာ့

ကြၽန္မ ေမာပန္းေနပါေစ ျဖစ္ပါတယ္

ကြၽန္မစိတ္ကိုေတာ့ ပင္ပန္းနာက်င္ေအာင္ မလုပ္ပါနဲ႔ ။

မခံမရပ္ႏိုင္ေအာင္ နာက်င္လာရတဲ့အခါ

ဘယ္ေလာက္ျမတ္ႏိုးတဲ့ အရာပဲျဖစ္ျဖစ္

ကြၽန္မ လြတ္ခ်ခ်င္ လႊတ္ခ်ခဲ့မိမွာေလ ။

ဒါေၾကာင့္ပဲ ကြၽန္မကို တကယ္ ျမတ္ႏိုးတယ္ဆိုရင္

ကြၽန္မကို နာက်င္စရာေတြ

ထပ္ခါထပ္ခါမေပးပဲ တစ္ခါတစ္ရံေလး ေခြၽးသိပ္ေပးပါ …

မိန္းမသားတို႔အတြက္

သွ်င္ယြန္း

Unicode

စိတ်ပင်ပန်းတဲ့ ဒဏ်ကိုတော့ လုံးဝခံနိုင်ရည်မရှိတာအမှန်ပါ

အလုပ်ပင်ပန်းတဲ့ ဒဏ်ဆို

ဘယ်လောက်ပဲ မောပန်းမောပန်း ခံနိုင်ရည်ရှိပါတယ်

ဒါပေမယ့် စိတ်ပင်ပန်းတဲ့ ဒဏ်ကိုတော့

လုံးဝခံနိုင်ရည်မရှိတာအမှန်ပါ …

စိတ်ထောင်းတော့

ကိုယ်ကျေဆိုတဲ့ စကားလိုမျိုးပဲပေါ့ …

တကယ် စိတ်ထောင်းတဲ့အခါ ကိုယ်ကျေပါတယ် ။

အလုပ်လုပ်ရင်း ပင်ပန်းလာတဲ့အခါ

ခဏလောက် နားလိုက်ရင် သက်သာသွားပေမယ့်

တကယ်တမ်း စိတ်ပင်ပန်းတဲ့အခါ …

တစ်ခါတစ်လေကျတော့ တစ်သက်လုံးထိ

နာကျင်နေရတတ်တယ် ။

ပင်ပန်းနေရတတ်တယ် ။

တစ်နေ့လုံးပဲ ဖြစ်ဖြစ် အချိန်မရွေးပေါ့ ။

ဒါကြောင့် ဒီလို စိတ်ပင်ပန်းမှုဒဏ်တွေကို

ကျွန်မ သိပ်ပြီးတော့ ခံနိုင်ရည် မရှိတတ်ဘူး ။

နာကျင်လာပြီလို့ တွေးမိလာတဲ့အခါ

များသောအားဖြင့် လွှတ်ချလိုက်ဖို့ကို

အရင်ဆုံးပဲ ရွေးဖြစ်တယ် ကျေးဇူးပြုပြီးတော့

ကျွန်မ မောပန်းနေပါစေ ဖြစ်ပါတယ်

ကျွန်မစိတ်ကိုတော့ ပင်ပန်းနာကျင်အောင် မလုပ်ပါနဲ့ ။

မခံမရပ်နိုင်အောင် နာကျင်လာရတဲ့အခါ

ဘယ်လောက်မြတ်နိုးတဲ့ အရာပဲဖြစ်ဖြစ်

ကျွန်မ လွတ်ချချင် လွှတ်ချခဲ့မိမှာလေ ။

ဒါကြောင့်ပဲ ကျွန်မကို တကယ် မြတ်နိုးတယ်ဆိုရင်

ကျွန်မကို နာကျင်စရာတွေ

ထပ်ခါထပ်ခါမပေးပဲ တစ်ခါတစ်ရံလေး ချွေးသိပ်ပေးပါ …

မိန်းမသားတို့အတွက်

သျှင်ယွန်း