သူမိမိအားအလိုက်သင့်
ဆက်ဆံတတ်သူမိမိထံမှ
Credit
Unicode
ဘဝမှာ လုံးဝမပေါင်းအပ်သောလူ(၃)မျိုး
မိမိနေထိုင်ရာ လောကကြီးတွင်
သူငယ်ချင်းအဖြစ် မပေါင်းသင်း မပေါင်းအပ်သော
လူများ၏ အကြောင်းများကို ဖော်ပြလိုက်ပါတယ်။
၁။ အလိုက်သင့်ပေါင်းပြီး
အတွင်းကြိတ်မကောင်းကြံသော
သူမိမိအားအလိုက်သင့်
ရေလိုက်ငါးလိုက်ပေါင်းသင်းကာ
မိမိအားနည်းချက်များကို အခွင့်ကောင်းယူကာ
တိုက်ခိုက်တတ်သော သူမျိုးပင်ဖြစ်သည်။
သူတစ်ပါးမျက်ရည်ကို လမ်းခင်းကာ
နင်းချပစ်လေ့ရှိသော သူများပင် ဖြစ်သောကြောင့်
ထိုသူများကို စွန့်ခွာသင့်ပါတယ်။
၂။ လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး
ဆက်ဆံတတ်သူမိမိထံမှ
အခွင့်အရေးလိုချင်လျင်တစ်မျိုး၊
အခွင့်အရေးမရနိုင်လျင်တစ်မျိုး၊
အခြေအနေပေါ် မူတည်ပြီး
အမျိုးမျိုးပြောင်းလဲ ဆက်ဆံတတ်သော
သူများကို ရှောင်ကျဉ်သင့်ပါတယ်။
မိမိအောင်မြင်ချိန်တွင် မိမိထံ၌ ရှိနေပြီး
ကျရှုံးချိန်တွင် စွန့်ခွာတတ်သော
“သာကူး” လူမျိုးပင် ဖြစ်သည်။
၃။ မိမိကောင်းစားရေး အတွက်
သူတစ်ဖက်သားကို ချောက်တွန်းတတ်သူ
မိမိလျောက်လှမ်းရာ ခြေလှမ်းတိုင်းတွင်
သူတစ်ပါးကိုနင်းချေပြီး
လျောက်တတ်သော လူစားမျိုးဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုသော်
မိမိကိုယိတိုင်ဘဝကို မတည်ဆောက်ဘဲ
သူတစ်ပါးကျရှုံးမှ မိမိဘဝအောင်မြင်မည်ဟု
တွေးထင်တတ်သော လူမျိုးပင်ဖြစ်သည်။
သူငယ်ချင်းတို့ရေ သင့်ပတ်ဝန်းကျင်မှာ
ယခုဖော်ပြထားတဲ့ လူ(၃)မျိုး ရှိနေခဲ့ရင်တော့
အပေါင်းအသင်းမလုပ်ဖို့ ကြိုတင်သတိပေးလိုက်ပါရစေ။
Credit