႐ုပ္ရည္မလွပေပမယ့္ အၿမဲၾကည့္ေကာင္းၿပီး ကိုယ္ေရာင္ကိုယ္ဝါေတာက္ပေနသူေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္
လူတစ္ေယာက္ဟာ အမ်ားအျမင္မွာ
လွပေနတယ္၊ၾကည့္ေကာင္းေနတယ္ဆိုတာ
မိတ္ကပ္ေတြလိမ္းထားလို႔၊
တန္ဖိုးႀကီးအသုံးအေဆာင္ေတြ
ဆင္ျမန္းထားလို႔လို႔ ထင္တတ္ၾကပါတယ္။
တကယ္ေတာ့ အလွအပဆိုတာ
အျပင္ပန္းအဆင္တန္ဆာေတြထက္
ဒီအရာေတြေၾကာင့္သာ ပိုၿပီးေတာက္ေျပာင္လာတာပါ။
(၁) တစ္ကိုယ္ရည္သန္႔႐ွင္းမႈ႐ွိျခင္း
မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာက်ာ္းေလးပဲျဖစ္ျဖစ္
တစ္ကိုယ္ရည္သန္႔႐ွင္းမႈက အေရးႀကီးပါတယ္။
တစ္ကိုယ္ရည္သန္႔႐ွင္းမႈ႐ွိၿပီး
ခႏၶာကိုယ္နံ႔ဆိုးေတြကင္းစင္ေနျခင္းက လွပျခင္းပါပဲ။
တစ္ကိုယ္ရည္သန္႔႐ွင္းမႈ႐ွိတဲ့သူက
အလိုလိုၾကည့္ေကာင္းေနတာပါပဲ။
(၂) အေကာင္းျမင္တတ္တဲ့စိတ္႐ွိျခင္း
အဆိုးျမင္တတ္တဲ့စိတ္က
ျပႆနာေတြကိုျဖစ္ေစၿပီး
လူကိုလည္း စိတ္ကိုဖိစီးေစကာ
႐ုပ္ရည္ကိုလည္းမၾကည္မလင္၊
မလန္းမဆန္းျဖစ္ေစပါတယ္။
အေကာင္းျမင္စိတ္႐ွိတဲ့အခါ
စိတ္ကလည္းအၿမဲၾကည္လင္ေနၿပီး
မ်က္ႏွာကအစ ၾကည္လင္လွပေနပါတယ္။
(၃) မုဒိတာပြားတတ္တဲ့စိတ္႐ွိျခင္း
မုဒိတာပြားတဲ့စိတ္႐ွိတဲ့သူေတြဟာ
သူမ်ားေအာင္ျမင္မႈကိုမနာလိုတဲ့စိတ္မ႐ွိဘဲ
ေအာင္ျမင္မႈကိုမုဒိတာပြားေပးတတ္ၾကပါတယ္။
သူတစ္ပါးေအာင္ျမင္မႈကို
မုဒိတာပြားတတ္တဲ့သူက
အၿမဲလိုလိုၾကည့္ေကာင္းပါတယ္။
မနာလိုစိတ္မ႐ွိျခင္းက
လူကိုၾကည့္ေကာင္းေစၿပီး
ဘာဝတ္ဝတ္အေရာင္ထြက္ေစပါတယ္။
မနာလိုစိတ္ႀကီးမားတဲ့သူေတြကေတာ့
ဘယ္ေလာက္ပဲတန္ဖိုးႀကီးတဲ့
အဝတ္အစားေတြဝတ္ထားပါေစ
ၾကည့္လို႔ဘယ္လိုမွမလွပါဘူး။
(၄) ၾကင္နာတတ္တဲ့စိတ္႐ွိျခင္း
ၾကင္နာတတ္ၿပီး တစ္ဖက္သားကို
ကိုယ္ခ်င္းစာတတ္တဲ့သူေတြက
ႏွလုံးသားလွတာေၾကာင့္
လူကလည္း အလိုလိုၾကည့္ေကာင္းေနပါတယ္။
ၾကင္နာတတ္တဲ့စိတ္က လူကိုလွပေစပါတယ္။
(၅) ေက်းဇူးသိတတ္တဲ့စိတ္႐ွိျခင္း
လူသားတစ္ေယာက္အျဖစ္
႐ွင္သန္ေနတဲံအခါ
ေက်းဇူးသိတတ္တဲ့စိတ္႐ွိဖို႔လည္း လိုပါတယ္။
ေက်းဇူးသိတတ္ျခင္းက
ေကာင္းမြန္တဲ့စိတ္ကိုျဖစ္ေစတာေၾကာင့္
႐ုပ္ရည္ကိုၾကည္လင္ေစပါတယ္။
ကိုယ္ပိုင္ဆိုင္ထားတဲ့အရာေတြအတြက္
ေက်းဇူးတင္တာ၊
ကိုယ့္ေဘးနားကလူေတြအတြက္
ေက်းဇူးတင္တာ၊
ကိုယ္ျဖတ္သန္းခဲ့တဲ့အခ်ိန္ေတြအတြက္
ေက်းဇူးတင္တာ အဲ့ဒီလို ေက်းဇူးတင္တဲ့စိတ္က
လူတစ္ေယာက္ကို အလိုလိုၾကည့္ေကာင္းေနေစပါတယ္။
written by PP
Credit
Unicode
ရုပ်ရည်မလှပပေမယ့် အမြဲကြည့်ကောင်းပြီး ကိုယ်ရောင်ကိုယ်ဝါတောက်ပနေသူတွေရဲ့ လျှို့ဝှက်ချက်
လူတစ်ယောက်ဟာ အများအမြင်မှာ
လှပနေတယ်၊ကြည့်ကောင်းနေတယ်ဆိုတာ
မိတ်ကပ်တွေလိမ်းထားလို့၊
တန်ဖိုးကြီးအသုံးအဆောင်တွေ
ဆင်မြန်းထားလို့လို့ ထင်တတ်ကြပါတယ်။
တကယ်တော့ အလှအပဆိုတာ
အပြင်ပန်းအဆင်တန်ဆာတွေထက်
ဒီအရာတွေကြောင့်သာ ပိုပြီးတောက်ပြောင်လာတာပါ။
(၁) တစ်ကိုယ်ရည်သန့်ရှင်းမှုရှိခြင်း
မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ်
တစ်ကိုယ်ရည်သန့်ရှင်းမှုက အရေးကြီးပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပြီး
ခန္ဓာကိုယ်နံ့ဆိုးတွေကင်းစင်နေခြင်းက လှပခြင်းပါပဲ။
တစ်ကိုယ်ရည်သန့်ရှင်းမှုရှိတဲ့သူက
အလိုလိုကြည့်ကောင်းနေတာပါပဲ။
(၂) အကောင်းမြင်တတ်တဲ့စိတ်ရှိခြင်း
အဆိုးမြင်တတ်တဲ့စိတ်က
ပြဿနာတွေကိုဖြစ်စေပြီး
လူကိုလည်း စိတ်ကိုဖိစီးစေကာ
ရုပ်ရည်ကိုလည်းမကြည်မလင်၊
မလန်းမဆန်းဖြစ်စေပါတယ်။
အကောင်းမြင်စိတ်ရှိတဲ့အခါ
စိတ်ကလည်းအမြဲကြည်လင်နေပြီး
မျက်နှာကအစ ကြည်လင်လှပနေပါတယ်။
(၃) မုဒိတာပွားတတ်တဲ့စိတ်ရှိခြင်း
မုဒိတာပွားတဲ့စိတ်ရှိတဲ့သူတွေဟာ
သူများအောင်မြင်မှုကိုမနာလိုတဲ့စိတ်မရှိဘဲ
အောင်မြင်မှုကိုမုဒိတာပွားပေးတတ်ကြပါတယ်။
သူတစ်ပါးအောင်မြင်မှုကို
မုဒိတာပွားတတ်တဲ့သူက
အမြဲလိုလိုကြည့်ကောင်းပါတယ်။
မနာလိုစိတ်မရှိခြင်းက
လူကိုကြည့်ကောင်းစေပြီး
ဘာဝတ်ဝတ်အရောင်ထွက်စေပါတယ်။
မနာလိုစိတ်ကြီးမားတဲ့သူတွေကတော့
ဘယ်လောက်ပဲတန်ဖိုးကြီးတဲ့
အဝတ်အစားတွေဝတ်ထားပါစေ
ကြည့်လို့ဘယ်လိုမှမလှပါဘူး။
(၄) ကြင်နာတတ်တဲ့စိတ်ရှိခြင်း
ကြင်နာတတ်ပြီး တစ်ဖက်သားကို
ကိုယ်ချင်းစာတတ်တဲ့သူတွေက
နှလုံးသားလှတာကြောင့်
လူကလည်း အလိုလိုကြည့်ကောင်းနေပါတယ်။
ကြင်နာတတ်တဲ့စိတ်က လူကိုလှပစေပါတယ်။
(၅) ကျေးဇူးသိတတ်တဲ့စိတ်ရှိခြင်း
လူသားတစ်ယောက်အဖြစ်
ရှင်သန်နေတဲံအခါ
ကျေးဇူးသိတတ်တဲ့စိတ်ရှိဖို့လည်း လိုပါတယ်။
ကျေးဇူးသိတတ်ခြင်းက
ကောင်းမွန်တဲ့စိတ်ကိုဖြစ်စေတာကြောင့်
ရုပ်ရည်ကိုကြည်လင်စေပါတယ်။
ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေအတွက်
ကျေးဇူးတင်တာ၊
ကိုယ့်ဘေးနားကလူတွေအတွက်
ကျေးဇူးတင်တာ၊
ကိုယ်ဖြတ်သန်းခဲ့တဲ့အချိန်တွေအတွက်
ကျေးဇူးတင်တာ အဲ့ဒီလို ကျေးဇူးတင်တဲ့စိတ်က
လူတစ်ယောက်ကို အလိုလိုကြည့်ကောင်းနေစေပါတယ်။
written by PP
Credit