Love

တခ်ိဳ႕အရာေတြက ႏွစ္ခါ ျပန္မရတတ္ဘူး

တခ်ိဳ႕အရာေတြက ႏွစ္ခါ ျပန္မရတတ္ဘူး

မွန္တစ္ခ်ပ္ကို …

ပစ္ေပါက္ၿပီး ခြဲလိုက္ပါ

အစိပ္စိပ္အမႊာမႊာေၾကမြ သြားလိမ့္မယ္

အဲ့ဒီမွန္စေတြိကို ေကာက္ၿပီး တစ္ခုခ်င္းတိတ္နဲ

႔ ျပန္ကပ္တာပဲ ျဖစ္ျဖစ္ လုပ္ၾကည့္

ဆက္ရင္ဆက္သြားလိမ့္မယ္

ဒါေပမယ့္အရင္လို ျပန္လိုခ်င္လို႔ မရဘူး

ကြၽန္မရဲ႕ စိတ္ေတြကလဲ ဒီမွန္ခ်ပ္နဲ႔ တူတယ္

တစ္ခါ နာက်င္ရၿပီးသြားတဲ့အခါ

အရင္လို ျပန္ျဖစ္ဖို႔ မလြယ္ေတာ့ဘူး

ေတာင္းပန္ပါတယ္ဆိုတဲ့

စကားေတြနဲ႔ ျပန္ဆက္ခ်င္ေပမယ့္

အမာ႐ႊတ္ကေတာ့ ျမင္တိုင္းနာတယ္ေလ

မစြန္႔လႊတ္ႏိုင္ခဲ့လို႔ ခြင့္လႊတ္ခဲ့႐ုံပါ

အရာရာကို ေမ့ေပ်ာက္တတ္သြားတာ မဟုတ္ဘူး

ဒါကို နားလည္သေဘာေပါက္ဖို႔ လိုတယ္ ။

အတိတ္ကိုခ်ည္း

ဘာလို႔ ေနာက္ေၾကာင္းျပန္လွည့္ေနရတာလဲလို႔ေမးရင္

အတိတ္က ကြၽန္မကို ခုထက္ထိ နာက်င္ေစလို႔ပါ

ျဖစ္ႏိုင္ရင္ ကြၽန္မက ပိုလို႔ေတာင္ သတိမရခ်င္ေသးတယ္ ။

ခက္တာက အခုခ်ိန္ထိ အနာေတြ မက်က္ေသးတာပါပဲ ။

ေပ်ာ္ေအာင္ထားေနၿပီေလဆိုတာက

ခ်ဳပ္႐ိုးသက္သက္ပဲ အတိတ္က ဒဏ္ရာေတြကို

အၿပီးတိုင္ ေခ်ဖ်က္လိုက္ဖို႔ထိ မလြယ္တတ္ဘူး ။

ဆက္ၿပီးေတာ့ ႐ွိေနခ်င္မွ ႐ွိေနပါ ။

အရင္တုန္းက ကြၽန္မကို ျပန္လိုခ်င္ေနလို႔ေတာ့ မရေတာ့ဘူး ။

႐ွင္းေအာင္ ေျပာရရင္ အရင္တုန္းကလို

ခပ္တုံးတုံးမိန္းမကို ဘယ္ေတာ့မွ

ျပန္ရလာေတာ့မွာ မဟုတ္ဘူး ။

အရင္ကထက္ ေအးစက္ခ်င္ ေအးစက္ေနလိမ့္မယ္

ဂ႐ုစိုက္ခ်င္မွ စိုက္မိေတာ့မယ္

အရင္ကလို ခ်စ္ေသးေပမယ့္ အရင္တုန္းကလို

မ႐ွိမျဖစ္ မဟုတ္ေတာ့ဘူး ။

မ႐ွိလဲ ျဖစ္ေအာင္ သင္ေပးၿပီးမွေတာ့

အရင္လို ျပန္ေႏြးေထြးခ်င္လို႔ မရေတာ့ဘူး ။

ကြၽန္မကို နားလည္ပါ …

အရင္တုန္းက အတိတ္ေတြကို ျပန္မေတြးပဲ

အရင္တုန္းကလို ႐ွင့္ကို ခ်စ္ေနခ်င္တဲ့

စိတ္ေတြ႐ွိေပမယ့္

အရင္တုန္းက ျပန္မျဖစ္ႏိုင္ေတာ့တဲ့အခါ

ကြၽန္မကို နားလည္ပါ ။

သဘာဝတရားႀကီးေတြထဲမွာ …

ႏွစ္ခါ မရႏိုင္တဲ့အရာေတြ

အမ်ားႀကီး႐ွိတတ္ပါတယ္

ခုက်ေတာ့ အဲ့ဒီအရာေတြထဲမွာ

ကြၽန္မလဲ တစ္ခုအပါအဝင္ေပါ့ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း

Credit

Unicode

တချို့အရာတွေက နှစ်ခါ ပြန်မရတတ်ဘူး

မှန်တစ်ချပ်ကို …

ပစ်ပေါက်ပြီး ခွဲလိုက်ပါ

အစိပ်စိပ်အမွှာမွှာကြေမွ သွားလိမ့်မယ်

အဲ့ဒီမှန်စတွေိကို ကောက်ပြီး တစ်ခုချင်းတိတ်နဲ

့ ပြန်ကပ်တာပဲ ဖြစ်ဖြစ် လုပ်ကြည့်

ဆက်ရင်ဆက်သွားလိမ့်မယ်

ဒါပေမယ့်အရင်လို ပြန်လိုချင်လို့ မရဘူး

ကျွန်မရဲ့ စိတ်တွေကလဲ ဒီမှန်ချပ်နဲ့ တူတယ်

တစ်ခါ နာကျင်ရပြီးသွားတဲ့အခါ

အရင်လို ပြန်ဖြစ်ဖို့ မလွယ်တော့ဘူး

တောင်းပန်ပါတယ်ဆိုတဲ့

စကားတွေနဲ့ ပြန်ဆက်ချင်ပေမယ့်

အမာရွှတ်ကတော့ မြင်တိုင်းနာတယ်လေ

မစွန့်လွှတ်နိုင်ခဲ့လို့ ခွင့်လွှတ်ခဲ့ရုံပါ

အရာရာကို မေ့ပျောက်တတ်သွားတာ မဟုတ်ဘူး

ဒါကို နားလည်သဘောပေါက်ဖို့ လိုတယ် ။

အတိတ်ကိုချည်း

ဘာလို့ နောက်ကြောင်းပြန်လှည့်နေရတာလဲလို့မေးရင်

အတိတ်က ကျွန်မကို ခုထက်ထိ နာကျင်စေလို့ပါ

ဖြစ်နိုင်ရင် ကျွန်မက ပိုလို့တောင် သတိမရချင်သေးတယ် ။

ခက်တာက အခုချိန်ထိ အနာတွေ မကျက်သေးတာပါပဲ ။

ပျော်အောင်ထားနေပြီလေဆိုတာက

ချုပ်ရိုးသက်သက်ပဲ အတိတ်က ဒဏ်ရာတွေကို

အပြီးတိုင် ချေဖျက်လိုက်ဖို့ထိ မလွယ်တတ်ဘူး ။

ဆက်ပြီးတော့ ရှိနေချင်မှ ရှိနေပါ ။

အရင်တုန်းက ကျွန်မကို ပြန်လိုချင်နေလို့တော့ မရတော့ဘူး ။

ရှင်းအောင် ပြောရရင် အရင်တုန်းကလို

ခပ်တုံးတုံးမိန်းမကို ဘယ်တော့မှ

ပြန်ရလာတော့မှာ မဟုတ်ဘူး ။

အရင်ကထက် အေးစက်ချင် အေးစက်နေလိမ့်မယ်

ဂရုစိုက်ချင်မှ စိုက်မိတော့မယ်

အရင်ကလို ချစ်သေးပေမယ့် အရင်တုန်းကလို

မရှိမဖြစ် မဟုတ်တော့ဘူး ။

မရှိလဲ ဖြစ်အောင် သင်ပေးပြီးမှတော့

အရင်လို ပြန်နွေးထွေးချင်လို့ မရတော့ဘူး ။

ကျွန်မကို နားလည်ပါ …

အရင်တုန်းက အတိတ်တွေကို ပြန်မတွေးပဲ

အရင်တုန်းကလို ရှင့်ကို ချစ်နေချင်တဲ့

စိတ်တွေရှိပေမယ့်

အရင်တုန်းက ပြန်မဖြစ်နိုင်တော့တဲ့အခါ

ကျွန်မကို နားလည်ပါ ။

သဘာဝတရားကြီးတွေထဲမှာ …

နှစ်ခါ မရနိုင်တဲ့အရာတွေ

အများကြီးရှိတတ်ပါတယ်

ခုကျတော့ အဲ့ဒီအရာတွေထဲမှာ

ကျွန်မလဲ တစ်ခုအပါအဝင်ပေါ့ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

Credit