Knowledge

တန္ဖိုး႐ွိတဲ့ အားလပ္ခ်ိန္ေတြမွာ ဒါေတြလုပ္ပါ

တန္ဖိုး႐ွိတဲ့ အားလပ္ခ်ိန္ေတြမွာ ဒါေတြလုပ္ပါ

အားလပ္ခ်ိန္ဆိုတာ

လူတိုင္းလူတိုင္းအတြက္ လိုအပ္ပါတယ္။

ကြၽန္ေတာ္တို႔ေတြက

စက္႐ုံလူသားေတြမဟုတ္တာေၾကာင့္

အလုပ္လုပ္ခ်ိန္ /အားလပ္ခ်ိန္ ဆိုတာမ်ိဳး

တသီးတသန္႔ ခြဲထားသင့္တာပါ။

အေရးႀကီးဆုံးက အားလပ္ခ်ိန္ေတြကို

ေကာင္းေကာင္းအသုံးခ်တက္ဖို႔ပါပဲ။

အားလပ္ခ်ိန္ကိုေကာင္းစြာအသုံးခ်ဖို႔အတြက္

ဒီေန႔ေဆာင္းပါးေလးကေန

နည္းလမ္းေကာင္းေတြကိုေျပာျပေပးမွာပါ။

ေကာင္းစြာအနားယူပါ

အားလပ္ခ်ိန္မွာ

ေကာင္းေကာင္းအနားယူဖို႔လည္း လိုအပ္ပါတယ္။

ဖုန္းေတြတစ္ခ်ိန္လုံးၾကည့္

TV ေတြၾကည့္ၿပီး အနားယူတယ္ဆိုတာ

တကယ္ေတာ့ မွားပါတယ္။

စိတ္နဲ႔ ခႏၶာကိုယ္ကိုတကယ္ေအးခ်မ္းေစၿပီး

ေကာင္းေကာင္းအနားယူခ်င္တယ္ဆိုရင္

ဖုန္းေတြ တီဗီေတြကိုပိတ္လိုက္ပါ။

စိတ္႐ႈပ္စရာစိတ္ဖိစီးစရာေတြကိုေမ့ထားၿပီး

တိတ္ဆိတ္ၿငိမ္သက္မႈ႐ွိတဲ့ေနရာေလးမွာ

ေအးေအးခ်မ္းခ်မ္းအနားယူဖို႔ တိုက္တြန္းခ်င္ပါတယ္။

ေလ့က်င့္ခန္းလုပ္ပါ

ခႏၶာကိုယ္က်န္းမာၾကံ့ခိုင္ျခင္းကိုလည္း

ေမ့ထားလို႔မရပါဘူး။

အားကစားလုပ္ျခင္းက

ကိုယ္က်န္းမာျခင္းသာမက

စိတ္က်န္းမာျခင္းအတြက္လည္း

အေထာက္အကူျဖစ္ေစပါတယ္။

ဒါေၾကာင့္ အားလပ္ခ်ိန္ေတြမွာ

ကိုယ္ကာယေလ့က်င့္ခန္းအတြက္လည္း

အခ်ိန္ေပးၿပီးလုပ္ေဆာင္ေပးသင့္ပါတယ္။

စာအုပ္ဖတ္ပါ

အရင္က အလုပ္ေတြေက်ာင္းေတြေၾကာင့္

စာအုပ္ေကာင္းေကာင္းမဖတ္ခဲ့ရဘူးဆိုရင္ေတာ့

အခုခ်ိန္ကအေကာင္းဆုံးအခ်ိန္ပါပဲ။ စ

ာဖတ္ျခင္းက ဗဟုသုတ တိုးေစတဲ့အျပင္

အသိပညာနဲ႔ ဆင္ျခင္တုန္တရားေတြကိုသိျမင္လာဖို႔

လမ္းၫႊန္ေပးႏိုင္ပါတယ္။

အပ်င္းလည္းေျပေစၿပီး

အက်ိဳးလည္း႐ွိတာေၾကာင့္

အားလပ္ခ်ိန္ေတြမွာစာဖတ္ဖို႔ အၾကံျပဳခ်င္ပါတယ္။

ဂီတတူရိယာတစ္ခုခုသင္ယူပါ

ဂစ္တာ စႏၵရား တေယာ စသည္ျဖင့္

တူရိယာတစ္ခုခုတီးခတ္ျခင္းဟာ

စိတ္တည္ၿငိမ္ေစၿပီးေပ်ာ္႐ႊင္မႈကိုေပးပါတယ္။

စိတ္ဖိစီးေနတဲ့အခ်ိန္ေတြပဲ ျဖစ္ျဖစ္

တစ္ေယာက္တည္းပ်င္းေနတဲ့အခ်ိန္ေတြပဲျဖစ္ျဖစ္

ဂီတတူရိယာေတြက

သင္နဲ႔အတူအေကာင္းဆုံးအေဖာ္ျပဳေပးမွာျဖစ္ပါတယ္။

ဒါေၾကာင့္ စာဖတ္သူအေနနဲ႔

ဂီတတူရိယာတစ္ခုခုမတီးတက္ေသးဘူးဆိုရင္

အခုပဲေလ့လာသင္ယူလိုက္ပါ။

Credit

Unicode

တန်ဖိုးရှိတဲ့ အားလပ်ချိန်တွေမှာ ဒါတွေလုပ်ပါ

အားလပ်ချိန်ဆိုတာ

လူတိုင်းလူတိုင်းအတွက် လိုအပ်ပါတယ်။

ကျွန်တော်တို့တွေက

စက်ရုံလူသားတွေမဟုတ်တာကြောင့်

အလုပ်လုပ်ချိန် /အားလပ်ချိန် ဆိုတာမျိုး

တသီးတသန့် ခွဲထားသင့်တာပါ။

အရေးကြီးဆုံးက အားလပ်ချိန်တွေကို

ကောင်းကောင်းအသုံးချတက်ဖို့ပါပဲ။

အားလပ်ချိန်ကိုကောင်းစွာအသုံးချဖို့အတွက်

ဒီနေ့ဆောင်းပါးလေးကနေ

နည်းလမ်းကောင်းတွေကိုပြောပြပေးမှာပါ။

ကောင်းစွာအနားယူပါ

အားလပ်ချိန်မှာ

ကောင်းကောင်းအနားယူဖို့လည်း လိုအပ်ပါတယ်။

ဖုန်းတွေတစ်ချိန်လုံးကြည့်

TV တွေကြည့်ပြီး အနားယူတယ်ဆိုတာ

တကယ်တော့ မှားပါတယ်။

စိတ်နဲ့ ခန္ဓာကိုယ်ကိုတကယ်အေးချမ်းစေပြီး

ကောင်းကောင်းအနားယူချင်တယ်ဆိုရင်

ဖုန်းတွေ တီဗီတွေကိုပိတ်လိုက်ပါ။

စိတ်ရှုပ်စရာစိတ်ဖိစီးစရာတွေကိုမေ့ထားပြီး

တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့နေရာလေးမှာ

အေးအေးချမ်းချမ်းအနားယူဖို့ တိုက်တွန်းချင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းကိုလည်း

မေ့ထားလို့မရပါဘူး။

အားကစားလုပ်ခြင်းက

ကိုယ်ကျန်းမာခြင်းသာမက

စိတ်ကျန်းမာခြင်းအတွက်လည်း

အထောက်အကူဖြစ်စေပါတယ်။

ဒါကြောင့် အားလပ်ချိန်တွေမှာ

ကိုယ်ကာယလေ့ကျင့်ခန်းအတွက်လည်း

အချိန်ပေးပြီးလုပ်ဆောင်ပေးသင့်ပါတယ်။

စာအုပ်ဖတ်ပါ

အရင်က အလုပ်တွေကျောင်းတွေကြောင့်

စာအုပ်ကောင်းကောင်းမဖတ်ခဲ့ရဘူးဆိုရင်တော့

အခုချိန်ကအကောင်းဆုံးအချိန်ပါပဲ။ စ

ာဖတ်ခြင်းက ဗဟုသုတ တိုးစေတဲ့အပြင်

အသိပညာနဲ့ ဆင်ခြင်တုန်တရားတွေကိုသိမြင်လာဖို့

လမ်းညွှန်ပေးနိုင်ပါတယ်။

အပျင်းလည်းပြေစေပြီး

အကျိုးလည်းရှိတာကြောင့်

အားလပ်ချိန်တွေမှာစာဖတ်ဖို့ အကြံပြုချင်ပါတယ်။

ဂီတတူရိယာတစ်ခုခုသင်ယူပါ

ဂစ်တာ စန္ဒရား တယော စသည်ဖြင့်

တူရိယာတစ်ခုခုတီးခတ်ခြင်းဟာ

စိတ်တည်ငြိမ်စေပြီးပျော်ရွှင်မှုကိုပေးပါတယ်။

စိတ်ဖိစီးနေတဲ့အချိန်တွေပဲ ဖြစ်ဖြစ်

တစ်ယောက်တည်းပျင်းနေတဲ့အချိန်တွေပဲဖြစ်ဖြစ်

ဂီတတူရိယာတွေက

သင်နဲ့အတူအကောင်းဆုံးအဖော်ပြုပေးမှာဖြစ်ပါတယ်။

ဒါကြောင့် စာဖတ်သူအနေနဲ့

ဂီတတူရိယာတစ်ခုခုမတီးတက်သေးဘူးဆိုရင်

အခုပဲလေ့လာသင်ယူလိုက်ပါ။