အခ်စ္စစ္ဆိုတာဘယ္လိုမ်ိဳးမ်ားလဲ
ဒီလူ ျပဳံးေန၊ ရယ္ေနတာကို ျမင္လိုက္ရ႐ုံနဲ႔
ကိုယ္ကပါ အလိုလိုေပ်ာ္႐ႊင္လာတာမ်ိဳးဆိုရင္
သင့္ရင္ထဲမွာ အခ်စ္စစ္ေတြ
ကိန္းေအာင္းေနတာ ေသခ်ာေနပါၿပီ။
လက္ထပ္ဖို႔ မစဥ္းစားခင္
ကိုယ့္ကိုယ္ကို ျပန္ေမးရမယ့္ ေမးခြန္းက
သူ႕ကို တကယ္ခ်စ္တာ
ေသခ်ာၿပီလားဆိုတဲ့ ေမးခြန္းပါ။
ဘဝတစ္ခုက အၿမဲတေစ
အဆင္ေျပ ေခ်ာေမြ႕မေနႏိုင္ပါဘူး။
ဘဝႏွစ္ခုေပါင္းစပ္တဲ့အခါမွာလည္း
ပိုမ်ားတဲ့ အဆင္မေျပမႈေတြ ၊
အခက္အခဲေတြကို ေတြ႕ရႏိုင္ပါတယ္။
ဒါေပမယ့္ ေလာကဓံကို
ေက်ာ္ျဖတ္တဲ့အခါမွာေတာ့
အခ်စ္စစ္က အေကာင္းဆုံး အင္အားျဖစ္ပါတယ္။
ဒီေတာ့ ကိုယ့္ရင္ထဲက
အခ်စ္ကတကယ္စစ္ရဲ႕လား
ကိုယ္ရထားတဲ့ အခ်စ္ေတြကေရာ
အစစ္ဆိုတာေသခ်ာၿပီလားလို႔ ဆန္းစစ္ၿပီး မွ
လက္ထပ္ဖို႔ ဆုံးျဖတ္သင့္တာေပါ့။
ဘဝအတြက္ အမွန္ကန္ဆုံး ခ်မိတဲ့
ဆုံးျဖတ္ခ်က္က လက္ထပ္ဖို႔ ဆုံးျဖတ္ခဲ့တဲ့
ဆုံးျဖတ္ခ်က္ ျဖစ္ေအာင္လို႔
အခ်စ္အေၾကာင္းေျပာၾကရေအာင္။
အခ်စ္စစ္ဆိုတာ ဘယ္လိုမ်ိဳးမ်ားလဲ?
အဓိပၸါယ္ဖြင့္ဆိုရတာ
သိပ္ကိုခ်ိဳၿမိန္လြန္းေပမယ့္
႐ွာေဖြေတြ႕႐ွိဖို႔ကေတာ့
ခက္ခဲေကာင္း ခက္ခဲႏိုင္ပါတယ္။
ဒါေပမယ့္ အခုေျပာျပမယ့္ အခ်က္ေလးေတြကို
ခ်စ္သူတို႔ႏွစ္ေယာက္ၾကားထဲမွာ
႐ွာေတြ႕တယ္ဆိုရင္ေတာ့
ရင္ထဲမွာအခ်စ္စစ္ေတြ ကိန္းေအာင္းေနတာ
ေသခ်ာသေလာက္ ႐ွိသြားပါၿပီ။
ေမွ်ာ္လင့္ခ်က္မပါတဲ့အျပဳအမူေတြ…
ဂ႐ုစိုက္ေပးေနတာ၊ နားလည္မႈေပးေနတာ၊
ျဖည့္ဆည္းေပးေနမိတာေတြက
သူ႕ဆီက တစ္စုံတစ္ရာျပန္ရပါေစေတာ့
ဆိုတဲ့ ေမွ်ာ္လင့္ခ်က္မပါဘူးဆိုရင္
ဒါဟာ အခ်စ္စစ္ဆိုတာ ေသခ်ာပါတယ္။
သန္႔႐ွင္းတဲ့ ေပ်ာ္႐ႊင္မႈေတြ
တစ္စုံတစ္ခုကို ပိုင္ဆိုင္လိုက္ရမွ၊
စိတ္ေက်နပ္မႈ တစ္စုံတစ္ရာရလိုက္မွ
ေပ်ာ္႐ႊင္မႈကို ခံစားရတာ မဟုတ္ဘဲ
ဒီလူ ျပဳံးေန၊ ရယ္ေနတာကို ျမင္လိုက္ရ႐ုံနဲ႔
ကိုယ္ကပါ အလိုလိုေပ်ာ္႐ႊင္လာတာမ်ိဳးဆိုရင္
ရင္ထဲမွာ အခ်စ္စစ္ေတြ
ကိန္းေအာင္းေနတာ ေသခ်ာေနပါၿပီ။
အခ်ိန္ၾကာၾကာ စိတ္ဆိုးေဒါသထြက္လို႔ မရတာေတြ
သူ႕လုပ္ရပ္ အျပဳအမူေတြကို
သင္အရမ္း စိတ္ဆိုးနာက်င္ခဲ့ရင္ေတာင္မွ
အဲ့ဒါက အခ်ိန္ခဏတာပဲတဲ့။
သူနဲ႔ မေခၚမေျပာဘဲ ေနေနရတဲ့
နာက်င္မႈက သူ႕ကိုစိတ္ဆိုးရတာထက္
ပိုခါးသီးလို႔ မေခၚမေျပာဘဲလည္း
ၾကာၾကာမေနႏိုင္ၾကပါဘူးတဲ့။
မုဒိတာထားႏိုင္ျခင္းေတြ…
ကိုယ့္အတြက္အက်ိဳး႐ွိ႐ွိ မ႐ွိ႐ွိ
သူ႕အတြက္ အက်ိဳး႐ွိေနရင္ကို
ေက်နပ္ဝမ္းသာေနမိတာမ်ိဳးေပါ့။
သူ႕ရဲ႕ လုပ္ငန္းခြင္ေအာင္ျမင္မႈေတြ၊
သူ႕ရဲ႕ ျပန္လည္ေကာင္းမြန္လာတဲ့
က်န္းမာေရး အေျခအေနေတြ၊
သူ႕ရဲ႕ ဘဝေအာင္ျမင္မႈ သတင္းေတြၾကားလို႔
ကိုယ္က ထီေပါက္သလိုေပ်ာ္ေနတတ္ရင္လည္း အခ်စ္စစ္ပါပဲ။
နာက်င္ေအာင္မလုပ္ရက္တာေတြ
လူတစ္ေယာက္ကို အခ်စ္စစ္အခ်စ္မွန္နဲ
႔ ခ်စ္မိသြားၿပီဆိုရင္ သူ႕ကိုနာက်င္ေအာင္ မလုပ္ႏိုင္ဘူးတဲ့။
႐ုပ္ပိုင္းဆိုင္ကို ထိခိုက္မွ နာက်င္တာမဟုတ္ပါဘူး။
ယုံၾကည္ခ်က္ ၿပိဳပ်က္သြားရတဲ့
အျဖစ္အပ်က္မ်ိဳးကလည္း စိတ္ပိုင္းဆိုင္ရာကို
ဆိုးဆိုး႐ြား႐ြား ထိခိုက္နာက်င္ေစပါတယ္။
တကယ္ခ်စ္တဲ့သူေတြကေတာ့
အသားနာေအာင္ မလုပ္ရက္သလို
စိတ္နာသြားေစမယ့္
အျပဳအမူေတြကိုလည္း ေ႐ွာင္ၾကပါတယ္။
ဒႆဂီရိ မယ္သီတာကို မတို႔ရက္၊
မထိရက္တာ အခ်စ္စစ္ေၾကာင့္ ျဖစ္မယ္ထင္တယ္ေနာ္။
ေပးထားတဲ့ကတိေတြကိုတည္ၿမဲတာေတြ
အကယ္၍ ေပးထားတဲ့ကတိကို
ခ်ိဳးဖ်က္လိုက္တာကို
သူဘယ္ေတာ့မွျပန္မသိႏိုင္ရင္ေတာင္
ကတိမပ်က္ဘဲ ေစာင့္စည္းတာက
အခ်စ္စစ္ေၾကာင့္လို႔ ဆိုႏိုင္ပါတယ္။
ငါဆိုတဲ့ေနရာမွာ ငါတို႔ဆိုတာ အစားဝင္လာတာေတြ
တစ္ခုခု ဝယ္မယ္၊ တစ္ခုခု လုပ္ေတာ့မယ္ဆို
အရင္က ငါ့အတြက္၊ ငါအဆင္ေျပပါ့မလားလို႔
ေတြးေပမယ့္ သူနဲ႔ခ်စ္ၿပီးေနာက္ပိုင္းမွာ
ငါတို႔အဆင္ေျပပါ့မလားလို႔ေတြးတတ္လာပါတယ္။
ကိုယ့္စိတ္ကူး အၾကံစည္ေတြထဲမွာ
ႏွစ္ေယာက္စာေတြးတတ္လာၿပီဆိုရင္ေတာ့
အခ်စ္စစ္မွာ နစ္ေျမာေနတာ ေသခ်ာပါၿပီ။
ေနာက္ဆုံးေျပာျပခ်င္တာက
ႏွစ္ေယာက္ၾကားမွာ ဒီလိုခံစားခ်က္ေတြ
ျဖစ္ေပၚခံစားေနရၿပီဆိုရင္ေတာ့
သင္တို႔လက္ထပ္ဖို႔ဆုံးျဖတ္တာ မမွားႏိုင္ေတာ့ပါဘူး။
တိုက္ဆိုင္တယ္ဆိုရင္ ခ်စ္သူေလးကို
ေခၚၿပီး လက္ထပ္ဖို႔ တိုင္ပင္လိုက္ၾကေတာ့ေနာ္။
Credit
Unicode
အချစ်စစ်ဆိုတာဘယ်လိုမျိုးများလဲ
ဒီလူ ပြုံးနေ၊ ရယ်နေတာကို မြင်လိုက်ရရုံနဲ့
ကိုယ်ကပါ အလိုလိုပျော်ရွှင်လာတာမျိုးဆိုရင်
သင့်ရင်ထဲမှာ အချစ်စစ်တွေ
ကိန်းအောင်းနေတာ သေချာနေပါပြီ။
လက်ထပ်ဖို့ မစဉ်းစားခင်
ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းက
သူ့ကို တကယ်ချစ်တာ
သေချာပြီလားဆိုတဲ့ မေးခွန်းပါ။
ဘဝတစ်ခုက အမြဲတစေ
အဆင်ပြေ ချောမွေ့မနေနိုင်ပါဘူး။
ဘဝနှစ်ခုပေါင်းစပ်တဲ့အခါမှာလည်း
ပိုများတဲ့ အဆင်မပြေမှုတွေ ၊
အခက်အခဲတွေကို တွေ့ရနိုင်ပါတယ်။
ဒါပေမယ့် လောကဓံကို
ကျော်ဖြတ်တဲ့အခါမှာတော့
အချစ်စစ်က အကောင်းဆုံး အင်အားဖြစ်ပါတယ်။
ဒီတော့ ကိုယ့်ရင်ထဲက
အချစ်ကတကယ်စစ်ရဲ့လား
ကိုယ်ရထားတဲ့ အချစ်တွေကရော
အစစ်ဆိုတာသေချာပြီလားလို့ ဆန်းစစ်ပြီး မှ
လက်ထပ်ဖို့ ဆုံးဖြတ်သင့်တာပေါ့။
ဘဝအတွက် အမှန်ကန်ဆုံး ချမိတဲ့
ဆုံးဖြတ်ချက်က လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့
ဆုံးဖြတ်ချက် ဖြစ်အောင်လို့
အချစ်အကြောင်းပြောကြရအောင်။
အချစ်စစ်ဆိုတာ ဘယ်လိုမျိုးများလဲ?
အဓိပ္ပါယ်ဖွင့်ဆိုရတာ
သိပ်ကိုချိုမြိန်လွန်းပေမယ့်
ရှာဖွေတွေ့ရှိဖို့ကတော့
ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။
ဒါပေမယ့် အခုပြောပြမယ့် အချက်လေးတွေကို
ချစ်သူတို့နှစ်ယောက်ကြားထဲမှာ
ရှာတွေ့တယ်ဆိုရင်တော့
ရင်ထဲမှာအချစ်စစ်တွေ ကိန်းအောင်းနေတာ
သေချာသလောက် ရှိသွားပါပြီ။
မျှော်လင့်ချက်မပါတဲ့အပြုအမူတွေ…
ဂရုစိုက်ပေးနေတာ၊ နားလည်မှုပေးနေတာ၊
ဖြည့်ဆည်းပေးနေမိတာတွေက
သူ့ဆီက တစ်စုံတစ်ရာပြန်ရပါစေတော့
ဆိုတဲ့ မျှော်လင့်ချက်မပါဘူးဆိုရင်
ဒါဟာ အချစ်စစ်ဆိုတာ သေချာပါတယ်။
သန့်ရှင်းတဲ့ ပျော်ရွှင်မှုတွေ
တစ်စုံတစ်ခုကို ပိုင်ဆိုင်လိုက်ရမှ၊
စိတ်ကျေနပ်မှု တစ်စုံတစ်ရာရလိုက်မှ
ပျော်ရွှင်မှုကို ခံစားရတာ မဟုတ်ဘဲ
ဒီလူ ပြုံးနေ၊ ရယ်နေတာကို မြင်လိုက်ရရုံနဲ့
ကိုယ်ကပါ အလိုလိုပျော်ရွှင်လာတာမျိုးဆိုရင်
ရင်ထဲမှာ အချစ်စစ်တွေ
ကိန်းအောင်းနေတာ သေချာနေပါပြီ။
အချိန်ကြာကြာ စိတ်ဆိုးဒေါသထွက်လို့ မရတာတွေ
သူ့လုပ်ရပ် အပြုအမူတွေကို
သင်အရမ်း စိတ်ဆိုးနာကျင်ခဲ့ရင်တောင်မှ
အဲ့ဒါက အချိန်ခဏတာပဲတဲ့။
သူနဲ့ မခေါ်မပြောဘဲ နေနေရတဲ့
နာကျင်မှုက သူ့ကိုစိတ်ဆိုးရတာထက်
ပိုခါးသီးလို့ မခေါ်မပြောဘဲလည်း
ကြာကြာမနေနိုင်ကြပါဘူးတဲ့။
မုဒိတာထားနိုင်ခြင်းတွေ…
ကိုယ့်အတွက်အကျိုးရှိရှိ မရှိရှိ
သူ့အတွက် အကျိုးရှိနေရင်ကို
ကျေနပ်ဝမ်းသာနေမိတာမျိုးပေါ့။
သူ့ရဲ့ လုပ်ငန်းခွင်အောင်မြင်မှုတွေ၊
သူ့ရဲ့ ပြန်လည်ကောင်းမွန်လာတဲ့
ကျန်းမာရေး အခြေအနေတွေ၊
သူ့ရဲ့ ဘဝအောင်မြင်မှု သတင်းတွေကြားလို့
ကိုယ်က ထီပေါက်သလိုပျော်နေတတ်ရင်လည်း အချစ်စစ်ပါပဲ။
နာကျင်အောင်မလုပ်ရက်တာတွေ
လူတစ်ယောက်ကို အချစ်စစ်အချစ်မှန်နဲ
့ ချစ်မိသွားပြီဆိုရင် သူ့ကိုနာကျင်အောင် မလုပ်နိုင်ဘူးတဲ့။
ရုပ်ပိုင်းဆိုင်ကို ထိခိုက်မှ နာကျင်တာမဟုတ်ပါဘူး။
ယုံကြည်ချက် ပြိုပျက်သွားရတဲ့
အဖြစ်အပျက်မျိုးကလည်း စိတ်ပိုင်းဆိုင်ရာကို
ဆိုးဆိုးရွားရွား ထိခိုက်နာကျင်စေပါတယ်။
တကယ်ချစ်တဲ့သူတွေကတော့
အသားနာအောင် မလုပ်ရက်သလို
စိတ်နာသွားစေမယ့်
အပြုအမူတွေကိုလည်း ရှောင်ကြပါတယ်။
ဒဿဂီရိ မယ်သီတာကို မတို့ရက်၊
မထိရက်တာ အချစ်စစ်ကြောင့် ဖြစ်မယ်ထင်တယ်နော်။
ပေးထားတဲ့ကတိတွေကိုတည်မြဲတာတွေ
အကယ်၍ ပေးထားတဲ့ကတိကို
ချိုးဖျက်လိုက်တာကို
သူဘယ်တော့မှပြန်မသိနိုင်ရင်တောင်
ကတိမပျက်ဘဲ စောင့်စည်းတာက
အချစ်စစ်ကြောင့်လို့ ဆိုနိုင်ပါတယ်။
ငါဆိုတဲ့နေရာမှာ ငါတို့ဆိုတာ အစားဝင်လာတာတွေ
တစ်ခုခု ဝယ်မယ်၊ တစ်ခုခု လုပ်တော့မယ်ဆို
အရင်က ငါ့အတွက်၊ ငါအဆင်ပြေပါ့မလားလို့
တွေးပေမယ့် သူနဲ့ချစ်ပြီးနောက်ပိုင်းမှာ
ငါတို့အဆင်ပြေပါ့မလားလို့တွေးတတ်လာပါတယ်။
ကိုယ့်စိတ်ကူး အကြံစည်တွေထဲမှာ
နှစ်ယောက်စာတွေးတတ်လာပြီဆိုရင်တော့
အချစ်စစ်မှာ နစ်မြောနေတာ သေချာပါပြီ။
နောက်ဆုံးပြောပြချင်တာက
နှစ်ယောက်ကြားမှာ ဒီလိုခံစားချက်တွေ
ဖြစ်ပေါ်ခံစားနေရပြီဆိုရင်တော့
သင်တို့လက်ထပ်ဖို့ဆုံးဖြတ်တာ မမှားနိုင်တော့ပါဘူး။
တိုက်ဆိုင်တယ်ဆိုရင် ချစ်သူလေးကို
ခေါ်ပြီး လက်ထပ်ဖို့ တိုင်ပင်လိုက်ကြတော့နော်။
Credit