အဆင့္အတန္းဆိုတာ တကယ္ေတာ့ စိတ္ဓာတ္ပဲ
အဆင့္အတန္းဆိုတဲ့စကားလုံးကို
ဘယ္ေပတံနဲ႔တိုင္းၿပီး ဘယ္လို အဓိပၸါယ္သတ္မွတ္ၾကသလဲ ။
ေငြ႐ွိတဲ့လူေတြက ေငြမ႐ွိတဲ့လူေတြအေပၚ
အဆင့္အတန္းမ႐ွိဘူးလို႔ ေျပာၾကတယ္ ။
အဆင့္အတန္းဆိုတာ ေငြနဲ႔ တိုင္းတာတာလား
ေငြ႐ွိေန႐ုံတစ္ခုတည္းနဲ႔အဆင့္အတန္းျမင့္သြားေရာလား
အဆင့္အတန္းဆိုတာ ပညာတတ္႐ုံ ေငြ႐ွိ႐ုံနဲ႔
႐ွိသြားတာမ်ိဳးမွ မဟုတ္တာ
ပိုင္ဆိုင္မႈဘယ္ေလာက္မ်ားမ်ား
အဆင့္မ႐ွိတဲ့လူက အဆင့္မ႐ွိတာပဲ
ေငြပဲ႐ွိလာတာေလ
အဆင့္႐ွိေအာင္ေနတတ္လာတာမွ မဟုတ္တာ
ကြၽန္မကေတာ့ အဆင့္အတန္းဆိုတာကို
စိတ္ဓာတ္နဲ႔ပဲတိုင္းတာတယ္
စိတ္ဓာတ္ေအာက္တန္းက်တဲ့လူက
ေငြဘယ္ေလာက္ပဲ ႐ွိလာ႐ွိလာ
အဆင့္အတန္း႐ွိလာတာ မဟုတ္ဘူး
ဆက္ၿပီး ေအာက္တန္းက်ေနဦးမွာပဲ
ပညာတတ္႐ုံ ဘြဲ႕ရရ႐ုံနဲ႔လဲ
အဆင့္အတန္း ႐ွိလာတာမဟုတ္ဘူး
လက္ထဲမွာ ဘြဲ႕ေတြ လက္မွတ္ေတြပဲ
ကိုင္ထား႐ုံပဲ ႐ွိတာေလ
စိတ္ဓာတ္ေတြ ေကာင္းလာတာမွ မဟုတ္တာ
ပညာတတ္ၿပီး ယုတ္မာတဲ့လူက
ပိုၿပီး ေၾကာက္ဖို႔ေကာင္းတယ္
ဒီလိုပဲ ေငြ႐ွိၿပီး စိတ္ဓာတ္ေအာက္တန္းက်တဲ့လူေတြကလဲ
ပိုၿပီး ေၾကာက္ဖို႔ ႐ြံဖို႔ေကာင္းတယ္ေလ
ျဖစ္ႏိုင္ရင္ အဲ့ဒီအဆင့္အတန္းဆိုတာႀကီးကို
ေငြေတြ ဘြဲ႕လက္မွတ္ေတြနဲ႔ မတိုင္းတာပါနဲ႔
ေငြမ႐ွိ႐ုံနဲ႔ အဆင့္အတန္းမဲ့ေနတဲ့
လူတစ္ေယာက္ မဟုတ္ေသးဘူး
ေငြ႐ွိ႐ုံတစ္ခုတည္းနဲ႔လဲ
အဆင့္အတန္း႐ွိတဲ့လူတစ္ေယာက္
ျဖစ္လာမွာ မဟုတ္ဘူးေလ
လူတစ္ေယာက္ရဲ႕ အဆင့္အတန္းဆိုတာ
သူ႕ရဲ႕စိတ္ဓာတ္ပဲ ဘယ္သူ႕မွ မျမင္ပါေစ
မေဖာက္မျပန္႐ွိေနတတ္တဲ့
စိတ္ဓာတ္ ဘယ္ေလာက္နိမ့္က်နိမ့္က်
မ႐ိုးမသားမလုပ္တဲ့ လုပ္ရပ္
ဒါေတြဟာ အဆင့္အတန္းျမင့္တဲ့လူေတြမွာပဲ ႐ွိတာ ။
ေငြ႐ွိရင္ ဘာမဆိုျဖစ္တယ္ဆိုၿပီး
အပုပ္နံ႔ကို ေငြစကၠဴနဲ႔ ဖုံးကြယ္ဖို႔ ႀကိဳးစားတဲ့လူေတြ
အခ်ိန္တန္လို႔ေပၚလာတဲ့အခါ
အားလုံးက ႏႈတ္ေခါင္း ႐ႈံ႕ၾကတာပဲ
ဘြဲ႕လက္မွတ္ေတြကိုင္ထားၿပီး
ေအာက္တန္းက်တဲ့လုပ္ရပ္ေတြ လုပ္ေနတဲ့လူေတြမွ အမ်ားႀကီးပါ
အဆင့္အတန္းဆိုတာႀကီးကို အဲ့ဒီေငြေတြ
ဘြဲ႕လက္မွတ္ေတြ စတဲ့ ပကာသန ေပတံေတြနဲ႔
မတိုင္းၾကပါနဲ႔ ေငြမ႐ွိေပမယ့္
စိတ္ဓာတ္ေကာင္းရင္ လူပုံအလယ္
တင့္တင့္တယ္တယ္ေနႏိုင္ပါတယ္
အဆင့္အတန္း႐ွိ႐ွိေနႏိုင္ပါတယ္
အဆင့္အတန္းဆိုတာ တကယ္ေတာ့ စိတ္ဓာတ္ပဲ
စိတ္ဓာတ္မေကာင္းရင္ ေငြ႐ွိေနတဲ့အခိုက္အတန္႔မွာပဲ
အဆင့္အတန္း႐ွိခ်င္ေယာင္ေဆာင္လို႔ရတာ
အခ်ိန္တန္ရင္ ေပၚလာမွာပဲ
ဒါေၾကာင့္ ေငြမ႐ွိ႐ုံ ဘြဲ႕လက္မွတ္မရ႐ုံနဲ႔ မသိမ္ငယ္နဲ႔
စိတ္ဓာတ္ေကာင္းေကာင္းေလးသာထား
အလိုလို အဆင့္အတန္း႐ွိၿပီးသားပဲ ။
မိန္းမသားတို႔အတြက္
သွ်င္ယြန္း
Credit
Unicode
အဆင့်အတန်းဆိုတာ တကယ်တော့ စိတ်ဓာတ်ပဲ
အဆင့်အတန်းဆိုတဲ့စကားလုံးကို
ဘယ်ပေတံနဲ့တိုင်းပြီး ဘယ်လို အဓိပ္ပါယ်သတ်မှတ်ကြသလဲ ။
ငွေရှိတဲ့လူတွေက ငွေမရှိတဲ့လူတွေအပေါ်
အဆင့်အတန်းမရှိဘူးလို့ ပြောကြတယ် ။
အဆင့်အတန်းဆိုတာ ငွေနဲ့ တိုင်းတာတာလား
ငွေရှိနေရုံတစ်ခုတည်းနဲ့အဆင့်အတန်းမြင့်သွားရောလား
အဆင့်အတန်းဆိုတာ ပညာတတ်ရုံ ငွေရှိရုံနဲ့
ရှိသွားတာမျိုးမှ မဟုတ်တာ
ပိုင်ဆိုင်မှုဘယ်လောက်များများ
အဆင့်မရှိတဲ့လူက အဆင့်မရှိတာပဲ
ငွေပဲရှိလာတာလေ
အဆင့်ရှိအောင်နေတတ်လာတာမှ မဟုတ်တာ
ကျွန်မကတော့ အဆင့်အတန်းဆိုတာကို
စိတ်ဓာတ်နဲ့ပဲတိုင်းတာတယ်
စိတ်ဓာတ်အောက်တန်းကျတဲ့လူက
ငွေဘယ်လောက်ပဲ ရှိလာရှိလာ
အဆင့်အတန်းရှိလာတာ မဟုတ်ဘူး
ဆက်ပြီး အောက်တန်းကျနေဦးမှာပဲ
ပညာတတ်ရုံ ဘွဲ့ရရရုံနဲ့လဲ
အဆင့်အတန်း ရှိလာတာမဟုတ်ဘူး
လက်ထဲမှာ ဘွဲ့တွေ လက်မှတ်တွေပဲ
ကိုင်ထားရုံပဲ ရှိတာလေ
စိတ်ဓာတ်တွေ ကောင်းလာတာမှ မဟုတ်တာ
ပညာတတ်ပြီး ယုတ်မာတဲ့လူက
ပိုပြီး ကြောက်ဖို့ကောင်းတယ်
ဒီလိုပဲ ငွေရှိပြီး စိတ်ဓာတ်အောက်တန်းကျတဲ့လူတွေကလဲ
ပိုပြီး ကြောက်ဖို့ ရွံဖို့ကောင်းတယ်လေ
ဖြစ်နိုင်ရင် အဲ့ဒီအဆင့်အတန်းဆိုတာကြီးကို
ငွေတွေ ဘွဲ့လက်မှတ်တွေနဲ့ မတိုင်းတာပါနဲ့
ငွေမရှိရုံနဲ့ အဆင့်အတန်းမဲ့နေတဲ့
လူတစ်ယောက် မဟုတ်သေးဘူး
ငွေရှိရုံတစ်ခုတည်းနဲ့လဲ
အဆင့်အတန်းရှိတဲ့လူတစ်ယောက်
ဖြစ်လာမှာ မဟုတ်ဘူးလေ
လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ
သူ့ရဲ့စိတ်ဓာတ်ပဲ ဘယ်သူ့မှ မမြင်ပါစေ
မဖောက်မပြန်ရှိနေတတ်တဲ့
စိတ်ဓာတ် ဘယ်လောက်နိမ့်ကျနိမ့်ကျ
မရိုးမသားမလုပ်တဲ့ လုပ်ရပ်
ဒါတွေဟာ အဆင့်အတန်းမြင့်တဲ့လူတွေမှာပဲ ရှိတာ ။
ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုပြီး
အပုပ်နံ့ကို ငွေစက္ကူနဲ့ ဖုံးကွယ်ဖို့ ကြိုးစားတဲ့လူတွေ
အချိန်တန်လို့ပေါ်လာတဲ့အခါ
အားလုံးက နှုတ်ခေါင်း ရှုံ့ကြတာပဲ
ဘွဲ့လက်မှတ်တွေကိုင်ထားပြီး
အောက်တန်းကျတဲ့လုပ်ရပ်တွေ လုပ်နေတဲ့လူတွေမှ အများကြီးပါ
အဆင့်အတန်းဆိုတာကြီးကို အဲ့ဒီငွေတွေ
ဘွဲ့လက်မှတ်တွေ စတဲ့ ပကာသန ပေတံတွေနဲ့
မတိုင်းကြပါနဲ့ ငွေမရှိပေမယ့်
စိတ်ဓာတ်ကောင်းရင် လူပုံအလယ်
တင့်တင့်တယ်တယ်နေနိုင်ပါတယ်
အဆင့်အတန်းရှိရှိနေနိုင်ပါတယ်
အဆင့်အတန်းဆိုတာ တကယ်တော့ စိတ်ဓာတ်ပဲ
စိတ်ဓာတ်မကောင်းရင် ငွေရှိနေတဲ့အခိုက်အတန့်မှာပဲ
အဆင့်အတန်းရှိချင်ယောင်ဆောင်လို့ရတာ
အချိန်တန်ရင် ပေါ်လာမှာပဲ
ဒါကြောင့် ငွေမရှိရုံ ဘွဲ့လက်မှတ်မရရုံနဲ့ မသိမ်ငယ်နဲ့
စိတ်ဓာတ်ကောင်းကောင်းလေးသာထား
အလိုလို အဆင့်အတန်းရှိပြီးသားပဲ ။
မိန်းမသားတို့အတွက်
သျှင်ယွန်း
Credit