“အို” သွေးပိုင်ရှင်လေးတွေကို ချစ်သူတော်မယ်ဆိုရင် သိထားသင့်တဲ့အချက်(၇)ချက်
အချစ်ရေး အဆင်ပြေဖို့ဆိုရင် ချစ်သူနှစ်ယောက်က
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်ပေးဖို့
အရေးကြီးဆုံးပဲ မဟုတ်လား။
ဒါပေမယ့် ကိုယ့်ချစ်သူကို နားလည်ဖို့ဆိုရင်
သူ့ရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်လေးတွေကို သိမှဖြစ်မှာပါ။
ဒါကြောင့် အိုသွေး ပိုင်ရှင်လေးတွေကို
ချစ်သူတော်ထားရင် ဒီအချက်လေးတွေကိုသိထားမှ
သူတို့လေးတွေကို နားလည်ပေးနိုင်မှာပါနော်။
(၁) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူလေးတွေ
အိုသွေး ပိုင်ရှင်တွေဟာ ကိုယ့်ကိုယ်ကို
ယုံကြည်မှုရှိတဲ့သူတွေဖြစ်တာကြောင့်
တွေဝေတုံ့ဆိုင်းနေတာမျိုးမရှိဘဲ
ဆုံးဖြတ်ချက်ချရာမှာ ပြတ်သားကြပါတယ်။
ဒါပေမယ့် တခြားသူတွေအမြင်မှာတော့ အားနည်းတဲ့သူ၊
အပျင်းကြီးတဲ့သူတစ်ယောက်ဖြစ်နေတတ်ပြီး
ပျော့ညံ့တယ်လို့ အထင်ခံရတတ်ပါတယ်။
(၂) စိတ်ဓာတ်ပြင်းထန်တယ်
ဖြစ်ချင်တာတစ်ခုကို မဖြစ်ဖြစ်အောင်လုပ်တဲ့သူ၊
လိုချင်တာကို မရရအောင်ယူတဲ့သူတွေဆိုတာ
အို သွေးတွေပါပဲ။ စိတ်ဓာတ်ပြင်းထန်ပြီး
ကိုယ်လိုချင်တဲ့ result မျိုးမရတာ၊
ရှုံးနိမ့်တာမျိုးကိုလုံးဝလက်မခံနိုင်ကြပါဘူး။
ကိုယ်မျှော်လင့်ထားတဲ့ result နဲ့လွဲသွားရင်
စိတ်ထိခိုက်တတ်ကြပါတယ်။
ဒါကြောင့် မျှော်လင့်ချက်ကြီးကြီးမထားသင့်တဲ့သူမျိုးတွေပေါ့။
(၃) တခြားသူတွေအတွက်အရမ်းစဉ်းစားပေးတယ်
အိုသွေးပိုင်ရှင်တွေဟာ မိသားစုထဲမှာ
သိပ်အရေးမပါတဲ့သူတစ်ယောက်လို ခံစားရတတ်ပြီး
သူငယ်ချင်းတွေကိုတော့ အရမ်းကိုတန်ဖိုးထားတတ်တဲ့သူလေးတွေပါ။
သူငယ်ချင်းတွေကို ဆုံးရှုံးမှာစိုးတာကြောင့်
သူတို့ အတွက် ဘယ်လိုအကူအညီမျိုးပဲဖြစ်ဖြစ်
ပေးဖို့အဆင်သင့်ပါ။ ပြီးရင် သူတို့ကြောင့်
ဘေးကလူတွေ တစ်ခုခုခံစားသွားရမှာစိုးတဲ့စိတ်နဲ့
တခြားသူတွေအတွက်
အမြဲစဉ်းစားပေးတတ်တဲ့သူတွေပါ။
ဒါကြောင့်အချစ်ရေးမှာ အိုသွေးပိုင်ရှင်တွေက
အသည်းခွဲလိုက်တယ်ဆိုတာမရှိဘဲ
သူတို့ကသာအသည်းခွဲခံလိုက်ရတာများပါတယ်။
(၄) စိတ်ကူးယဉ်ဆန်တယ်၊ အတွေးများတယ်
အိုသွေးပိုင်ရှင်လေးတွေလောက်
စိတ်ကူးယဉ်ဆန်တာမရှိတော့ပါဘူး။
ပြီးတော့ အတွေးတွေလည်းအရမ်းများတာကြောင့်
အမြဲလိုလို စိတ်ရှုပ်နေတဲ့ပုံလေးပေါက်နေတာပေါ့။
(၅) ဘယ်အခြေအနေပဲဖြစ်ဖြစ်
ပျော်နိုင်အောင်ကြိုးစားတတ်ကြတယ်
သူများအမြင်မှာ စိတ်ရှုပ်နေတဲ့ပုံပေါက်နေပေမယ့်
သူတို့ကိုယ်တိုင်က သူတို့ကြောင့်တခြားလူတွေ
စိတ်အနှောက်အယှက်ဖြစ်သွားမှာစိုးလို့
ဘယ်လိုအခြေအနေရောက်ရောက်
ပျော်အောင်ကြိုးစားပြီးနေတတ်ကြပါတယ်။
(၆) စိတ်ခံစားမှု အတက်အကျမြန်တယ်
အခုပဲ ပျော်နေပေမယ့် ခဏနေရင်
လွန်ခဲ့တဲ့သုံးနှစ်လောက်ကဝမ်းနည်းစရာကိစ္စကို
တွေးမိလို့ဆိုပြီး ဝမ်းနည်းနေတာမျိုး၊
စိတ်ခံစားချက်နဲ့ပတ်သက်ရင်
အတက်အကျအပြောင်းအလဲမြန်လွန်းတာကြောင့်
သူတို့ချစ်သူတွေက သူတို့ကို စိတ်မရှည်တတ်ကြပါဘူး။
(၇) နားလည်ရခက်တယ်
စိတ်ခံစားချက်အတက်အကျမြန်ရုံမကသေးပါဘူး၊
စိတ်ကူးပေါက်ရင် တစ်ချိန်လုံး
စနောက်နေတတ်တာမျိုးလည်းရှိသလို၊
သူ့ကိုပြန်စရင်မကြိုက်တာမျိုးလည်းရှိတတ်ပါသေးတယ်။
သူစိတ်ဆိုးချင်တာကိုဆိုးပြီ
း မဆိုးချင်ရင်လည်းမဆိုးပါဘူး။
တစ်သမတ်တည်းမှတ်ထားလို့မရတဲ့သူတွေပါ။
အိုသွေးပိုင်ရှင်တွေကိုချစ်သူတော်ထားရင်တော့
တော်တော်လေးစိတ်ရှည်ပြီး နားလည်ပေးမှရမှာပါနော်။
credit 0rginaluploader