Lifestyle

ကိုယ့္အျပစ္ကိုျမင္ပါေစ

ကိုယ့္အျပစ္ကိုျမင္ပါေစ

လူတစ္ေယာက္ေၾကာင့္ခံစားရၿပီး

မ်က္ရည္က်တာက မင္းအျပစ္မွမဟုတ္တာ

ဒါေပမယ့္ ျပန္မကုစားတတ္ရင္ေတာ့

မင္းအျပစ္ျဖစ္သြားၿပီ။

လူတစ္ေယာက္ေၾကာင့္ဘဝႀကီးက

အရမ္းခါးသက္တာပဲလို႔ေတြးထင္မိတာမင္းအျပစ္မဟုတ္ဘူး

ခ်ိဳၿမိန္တဲ့ ကံၾကမၼာေတြကိုျပန္မ႐ွာတတ္ရင္ေတာ့ မင္းအျပစ္။

လူတစ္ေယာက္ေၾကာင့္နာက်ည္းစိတ္ဝင္တာ

မင္းအျပစ္မဟုတ္ဘူးနာက်ည္းစိတ္ကို

အေျခခံၿပီးမင္းရဲ႕မာနထုတ္မသုံးတတ္ရင္ေတာ့ မင္းအျပစ္ ။

လူတစ္ေယာက္ေၾကာင့္ေသခ်င္ေလာက္ေအာင္

စိတ္ဓာတ္က်မိတာမင္းအျပစ္မွ

မဟုတ္တာဒါေပမယ့္ က်ေနတဲ့စိတ္ဓာတ္ကို

ျပန္မေကာက္ႏိုင္ရင္ မင္းရဲ႕အျပစ္ ။

လူတစ္ေယာက္ေၾကာင့္မင္းၿပိဳလဲက်သြားတာ

မင္းအျပစ္မွ မဟုတ္တာ

ျပန္ထူမတ္ခ်င္တဲ့စိတ္မ႐ွိေတာ့ မင္းအျပစ္ ။

လူတစ္ေယာက္ေၾကာင့္အသဲကြဲတာ မင္းအျပစ္မဟုတ္ဘူး

ရင္ဘတ္ထဲမွာ ၾကာ႐ွည္သိမ္းထားၿပီ

ခံစားေနရင္ေတာ့ မင္းအျပစ္။

လူတစ္ေယာက္ေၾကာင့္ပတ္ဝန္းက်င္က

ေဝဖန္တာမင္းအျပစ္မွ မဟုတ္တာ

ေဝဖန္ေနတဲ့ပတ္ဝန္းက်င္ကို

လိုက္ဂ႐ုစိုက္ေနတာ မင္းအျပစ္ေလ။

လူတစ္ေယာက္ေၾကာင့္မင္းေသခ်င္လို႔လား

မင္းလက္ကို ဗလိတ္ဓားနဲ႔ မႊန္းမလို႔လား

ကိုယ့္ကိုယ္ကိုအ႐ႈံးသမားလို႔ထင္ေနတာလား

အသဲကြဲၿပီး မူးယစ္ေဆးေတြသုံးမလို႔လား

မလုပ္နဲ႔ အိမ္အျပင္ကို ထြက္ၾကည့္လိုက္

ပန္းေလးေတြပြင့္ေနတယ္ကေလးေလးေတြ

ေပ်ာ္႐ႊင္စြာေဆာ့ကစားေနတယ္

ေကာင္းကင္မွာငွက္ကေလးေတြ

ပ်ံဝဲေနတယ္ေလာကႀကီးက သာယာပါတယ္

လွပသာယာတဲ့ ေလာကႀကီးကိုေသခ်ာမျမင္တာ

မင္းရဲ႕အျပစ္ ။

မင္းသမိုင္း မင္းေရးေနတာမွားခဲ့ေတာ့ေရာ ဘာျဖစ္လဲ ?

ျပန္ဖ်က္ၿပီး အသစ္ထပ္ေရးသူမ်ားေဝဖန္တိုင္း

ကိုလိုက္ခံစားေနရင္သာ မင္းရဲ႕အျပစ္ပါ။

Unicode

ကိုယ့်အပြစ်ကိုမြင်ပါစေ

လူတစ်ယောက်ကြောင့်ခံစားရပြီး

မျက်ရည်ကျတာက မင်းအပြစ်မှမဟုတ်တာ

ဒါပေမယ့် ပြန်မကုစားတတ်ရင်တော့

မင်းအပြစ်ဖြစ်သွားပြီ။

လူတစ်ယောက်ကြောင့်ဘဝကြီးက

အရမ်းခါးသက်တာပဲလို့တွေးထင်မိတာမင်းအပြစ်မဟုတ်ဘူး

ချိုမြိန်တဲ့ ကံကြမ္မာတွေကိုပြန်မရှာတတ်ရင်တော့ မင်းအပြစ်။

လူတစ်ယောက်ကြောင့်နာကျည်းစိတ်ဝင်တာ

မင်းအပြစ်မဟုတ်ဘူးနာကျည်းစိတ်ကို

အခြေခံပြီးမင်းရဲ့မာနထုတ်မသုံးတတ်ရင်တော့ မင်းအပြစ် ။

လူတစ်ယောက်ကြောင့်သေချင်လောက်အောင်

စိတ်ဓာတ်ကျမိတာမင်းအပြစ်မှ

မဟုတ်တာဒါပေမယ့် ကျနေတဲ့စိတ်ဓာတ်ကို

ပြန်မကောက်နိုင်ရင် မင်းရဲ့အပြစ် ။

လူတစ်ယောက်ကြောင့်မင်းပြိုလဲကျသွားတာ

မင်းအပြစ်မှ မဟုတ်တာ

ပြန်ထူမတ်ချင်တဲ့စိတ်မရှိတော့ မင်းအပြစ် ။

လူတစ်ယောက်ကြောင့်အသဲကွဲတာ မင်းအပြစ်မဟုတ်ဘူး

ရင်ဘတ်ထဲမှာ ကြာရှည်သိမ်းထားပြီ

ခံစားနေရင်တော့ မင်းအပြစ်။

လူတစ်ယောက်ကြောင့်ပတ်ဝန်းကျင်က

ဝေဖန်တာမင်းအပြစ်မှ မဟုတ်တာ

ဝေဖန်နေတဲ့ပတ်ဝန်းကျင်ကို

လိုက်ဂရုစိုက်နေတာ မင်းအပြစ်လေ။

လူတစ်ယောက်ကြောင့်မင်းသေချင်လို့လား

မင်းလက်ကို ဗလိတ်ဓားနဲ့ မွှန်းမလို့လား

ကိုယ့်ကိုယ်ကိုအရှုံးသမားလို့ထင်နေတာလား

အသဲကွဲပြီး မူးယစ်ဆေးတွေသုံးမလို့လား

မလုပ်နဲ့ အိမ်အပြင်ကို ထွက်ကြည့်လိုက်

ပန်းလေးတွေပွင့်နေတယ်ကလေးလေးတွေ

ပျော်ရွှင်စွာဆော့ကစားနေတယ်

ကောင်းကင်မှာငှက်ကလေးတွေ

ပျံဝဲနေတယ်လောကကြီးက သာယာပါတယ်

လှပသာယာတဲ့ လောကကြီးကိုသေချာမမြင်တာ

မင်းရဲ့အပြစ် ။

မင်းသမိုင်း မင်းရေးနေတာမှားခဲ့တော့ရော ဘာဖြစ်လဲ ?

ပြန်ဖျက်ပြီး အသစ်ထပ်ရေးသူများဝေဖန်တိုင်း

ကိုလိုက်ခံစားနေရင်သာ မင်းရဲ့အပြစ်ပါ။