Lifestyle

အားနာတတ္တဲ့ ဒုကၡ ကိုသင္ေကာခံစားဖူးလား…အားနာတတ္သူေတြ ဖတ္ၾကည့္လိုက္

အားနာတတ္တဲ့ ဒုကၡ ကိုသင္ေကာခံစားဖူးလား…အားနာတတ္သူေတြ ဖတ္ၾကည့္လိုက္

အားနာတတ္တဲ့ ဒုကၡ ကိုသင္ေကာခံစားဖူးလား…

အားနာတတ္သူေတြ ဖတ္ၾကည့္လိုက္

တ ခါ တ ေလအားမနာစတမ္း ေျပာတတ္တဲ့ လူေတြကို

သိပ္အားက်မိတယ္ ရရင္ရတယ္

မရရင္မရဘူးျဖစ္ႏိုင္ရင္ျဖစ္ႏိုင္တယ္

မျဖစ္ႏိုင္ရင္ မျဖစ္ႏိုင္ဘူးႀကိဳက္ရင္ႀကိဳက္တယ္

မႀကိဳက္ရင္မႀကိဳက္ဘူးခပ္ျပတ္ျပတ္ပဲေျပာတုန္းပဲ

အမုန္းခံရတာေနာက္ ဆက္တြဲ အမွ်င္မတန္းဘူး

အဲဒီေတာ့ႏွစ္ဖက္စ လုံးစိတ္ရွင္းတယ္

အခု ခဏတာအဆင္ေျပႏိုင္ဖို႔ မရတာကို ရတယ္

မျဖစ္ႏိုင္တာ ကိုျဖစ္ႏိုင္တယ္ မႀကိဳက္တာကို

ႀကိဳက္သလိုသည္းခံေန လိုက္တဲ့အခါေ နာက္ပိုင္းက်

ကိုယ္ပဲအဆင္ မေျပျဖစ္လာတာ အားနာတတ္ၿပီး

ခပ္ျပတ္ျပတ္မေျပာတတ္တဲ့ သူက်ေတာ့အားေတြ နာလိုက္ရတာ…

ကိုယ္ကမွန္ေနရင္ေတာင သူစိတ္ဆိုးသြားမလား သူစိတ္ခုသြားမလား

ငါဒီလိုေျပာလိုက္ရင္ သူႀကိဳက္ပါ့မလား

ငါဒီလိုလုပ္ လိုက္ရင္ သူအဆင္မွေျပပါ့ မလား

မဆိုင္တာေတြေတြး သူစိတ္ညစ္သြားမွာကိုေတြးရင္း

ကိုယ္ ကပါစိတ္ညစ္လာတာ မ်ိဳးခဏခဏျဖစ္ရတယ္.

ပတ္ျပတ္သားသားလည္းမေျပာခ်င္

”လူလိုသိမွာပါေလ”လို႔ေျဖေတြးၿပီးေနေပမယ့္

လူလိုဘယ္ေတာ့ မွမသိတဲ့သူေတြ…

”ထားလိုက္ပါ”လို႔ေျဖေတြးေန တာေတာင္

ထားလို႔မရေတာ့ေလာက္ေအာင္အလိုက္မ သိတဲ့သူေတြ နဲ႔

ခဏခဏႀကဳံလာရင္….သည္းခံလိုက္ေပမယ့္

သည္းခံရင္းနဲ႔ကို ေဒါသေတြထြက္ရတာ…

သူတို႔ကိုစိတ္တို ရတဲ့အျပင္ကိုယ့္ ကိုကိုယ္ပါ

ေဒါသေတြထြက္ လာတာ

တကယ္ေတာ့ သေဘာေကာင္းတယ္လို႔

အထင္ခံရဖို႔ႀကိဳးစားရ တာေတာ္ေတာ္မလြယ္တဲ့

အလုပ္ပါအဆင္မေျပတာေတြကို

သည္းခံအခ်ိဳးမေျပ တာေတြကို မ်ိဳခ်လူပါး ဝတာေတြကို

မသိခ်င္ေယာင္ေဆာင္ လာေခ်ျပတာကို

အံ့ ၾသ ျပ ရစိတ္မပါေပမယ့္

ခ်စ္ျပရခင္ျပရကိုယ္နဲ႔ဓာတ္မတည့္တာကို အတင္းလိုက္ညႇိၿပီး

ဘာျဖစ္ျဖစ္ ကိုယ့္အခြက္ႀကီး ကၿဖီးေနရတာ

သိပ္အဆင္ မေျပလွဘူး….

ၾကာလာေတာဒီလူက ဘာျဖစ္ျဖစ္ရပါတယ္ဆို တာမ်ိဳး

ငါတို႔ဘာေျပာေျပာ စိတ္မဆိုးတတ္ ဘူးဆိုတာမ်ိဳး

ငါတို႔ ဘာလုပ္လုပ္ ရမွာပါဆိုတဲ့ပုံစံမ်ိဳးေတြ လုပ္လာၾကတာ….

( ေခါင္းေပၚထိ ခ်ီးလာပါၾကတာ)

ပိုးခနဲပက္ခနဲေျပာ တတ္တဲ့သူမ်ားက်ေတာ့ မလုပ္ရဲၾကဘူး

မေျပာရဲၾကဘူးေၾကာက္ၾကတယ္…

ရွိန္ၾကတယ္အဲဒီေတာ့

သူတို႔ကိုယ္တိုင္လည္းမ ဟုတ္တာမလုပ္ရဲၾကသလို

သူနဲ႔ပတ္သက္လာရင္ တိတိက်က် လုပ္ၾကတာ

စည္းနဲ႔ကမ္းနဲ႔ေျပာၾကတာ

ဆိုေတာ့ကာ….အလုပ္ျဖစ္တယ္

တဖက္ကမဟုတ္တာ လာမလုပ္ရဲ မေျပာရဲသလို

ေနာက္ တဖက္ကလည္း ကိုယ္မဟုတ္တာကို မႀကိဳက္တာ

ကိုေအာင့္အီးသည္းခံေနစရာ မလိုေတာ့ဘူးလူပါး ဝတာေတြမ်ား

လာတဲ့အခါသေဘာေကာင္းရတာ

ေညာင္းလာတဲ့အခါအလိုက္ကန္းဆိုးမ သိတာေတြကို

သည္းခံရပါမ်ားလာ တဲ့အခါ ေသခ်ာေတြးၾကည့္ လိုက္ေတာ့…

ျပတ္သားတာနဲ႔ အေပါက္ဆိုးတာ မတူေၾကာင္းမျပတ္သားတာနဲ႔

သေဘာေကာင္းတာမ တူေၾကာင္းနားလည္လာတယ္…

အားမနာတတ္တဲ့ စိတ္မ်ိဳး လိုခ်င္မိတယ္

ျပတ္သားတဲ့ ပုံစံမ်ိဳးလည္း လိုခ်င္မိ တယ္

တ ခါ တ ေလ သေဘာေကာင္းရတာ ပင္ပန္းတယ္

Credit to original uploader

Unicode

အားနာတတ်တဲ့ ဒုက္ခ ကိုသင်ကောခံစားဖူးလား…အားနာတတ်သူတွေ ဖတ်ကြည့်လိုက်

အားနာတတ်တဲ့ ဒုက္ခ ကိုသင်ကောခံစားဖူးလား…

အားနာတတ်သူတွေ ဖတ်ကြည့်လိုက်

တ ခါ တ လေအားမနာစတမ်း ပြောတတ်တဲ့ လူတွေကို

သိပ်အားကျမိတယ် ရရင်ရတယ်

မရရင်မရဘူးဖြစ်နိုင်ရင်ဖြစ်နိုင်တယ်

မဖြစ်နိုင်ရင် မဖြစ်နိုင်ဘူးကြိုက်ရင်ကြိုက်တယ်

မကြိုက်ရင်မကြိုက်ဘူးခပ်ပြတ်ပြတ်ပဲပြောတုန်းပဲ

အမုန်းခံရတာနောက် ဆက်တွဲ အမျှင်မတန်းဘူး

အဲဒီတော့နှစ်ဖက်စ လုံးစိတ်ရှင်းတယ်

အခု ခဏတာအဆင်ပြေနိုင်ဖို့ မရတာကို ရတယ်

မဖြစ်နိုင်တာ ကိုဖြစ်နိုင်တယ် မကြိုက်တာကို

ကြိုက်သလိုသည်းခံနေ လိုက်တဲ့အခါနောက်ပိုင်းကျ

ကိုယ်ပဲအဆင် မပြေဖြစ်လာတာ အားနာတတ်ပြီး

ခပ်ပြတ်ပြတ်မပြောတတ်တဲ့ သူကျတော့အားတွေ နာလိုက်ရတာ…

ကိုယ်ကမှန်နေရင်တောင သူစိတ်ဆိုးသွားမလား သူစိတ်ခုသွားမလား

ငါဒီလိုပြောလိုက်ရင် သူကြိုက်ပါ့မလား

ငါဒီလိုလုပ် လိုက်ရင် သူအဆင်မှပြေပါ့ မလား

မဆိုင်တာတွေတွေး သူစိတ်ညစ်သွားမှာကိုတွေးရင်း

ကိုယ် ကပါစိတ်ညစ်လာတာ မျိုးခဏခဏဖြစ်ရတယ်.

ပတ်ပြတ်သားသားလည်းမပြောချင်

”လူလိုသိမှာပါလေ”လို့ဖြေတွေးပြီးနေပေမယ့်

လူလိုဘယ်တော့ မှမသိတဲ့သူတွေ…

”ထားလိုက်ပါ”လို့ဖြေတွေးနေ တာတောင်

ထားလို့မရတော့လောက်အောင်အလိုက်မ သိတဲ့သူတွေ နဲ့

ခဏခဏကြုံလာရင်….သည်းခံလိုက်ပေမယ့်

သည်းခံရင်းနဲ့ကို ဒေါသတွေထွက်ရတာ…

သူတို့ကိုစိတ်တို ရတဲ့အပြင်ကိုယ့် ကိုကိုယ်ပါ

ဒေါသတွေထွက် လာတာ

တကယ်တော့ သဘောကောင်းတယ်လို့

အထင်ခံရဖို့ကြိုးစားရ တာတော်တော်မလွယ်တဲ့

အလုပ်ပါအဆင်မပြေတာတွေကို

သည်းခံအချိုးမပြေ တာတွေကို မျိုချလူပါး ဝတာတွေကို

မသိချင်ယောင်ဆောင် လာချေပြတာကို

အံ့ သြ ပြ ရစိတ်မပါပေမယ့်

ချစ်ပြရခင်ပြရကိုယ်နဲ့ဓာတ်မတည့်တာကို အတင်းလိုက်ညှိပြီး

ဘာဖြစ်ဖြစ် ကိုယ့်အခွက်ကြီး ကဖြီးနေရတာ

သိပ်အဆင် မပြေလှဘူး….

ကြာလာတောဒီလူက ဘာဖြစ်ဖြစ်ရပါတယ်ဆို တာမျိုး

ငါတို့ဘာပြောပြော စိတ်မဆိုးတတ် ဘူးဆိုတာမျိုး

ငါတို့ ဘာလုပ်လုပ် ရမှာပါဆိုတဲ့ပုံစံမျိုးတွေ လုပ်လာကြတာ….

( ခေါင်းပေါ်ထိ ချီးလာပါကြတာ)

ပိုးခနဲပက်ခနဲပြော တတ်တဲ့သူများကျတော့ မလုပ်ရဲကြဘူး

မပြောရဲကြဘူးကြောက်ကြတယ်…

ရှိန်ကြတယ်အဲဒီတော့

သူတို့ကိုယ်တိုင်လည်းမ ဟုတ်တာမလုပ်ရဲကြသလို

သူနဲ့ပတ်သက်လာရင် တိတိကျကျ လုပ်ကြတာ

စည်းနဲ့ကမ်းနဲ့ပြောကြတာ

ဆိုတော့ကာ….အလုပ်ဖြစ်တယ်

တဖက်ကမဟုတ်တာ လာမလုပ်ရဲ မပြောရဲသလို

နောက် တဖက်ကလည်း ကိုယ်မဟုတ်တာကို မကြိုက်တာ

ကိုအောင့်အီးသည်းခံနေစရာ မလိုတော့ဘူးလူပါး ဝတာတွေများ

လာတဲ့အခါသဘောကောင်းရတာ

ညောင်းလာတဲ့အခါအလိုက်ကန်းဆိုးမ သိတာတွေကို

သည်းခံရပါများလာ တဲ့အခါ သေချာတွေးကြည့် လိုက်တော့…

ပြတ်သားတာနဲ့ အပေါက်ဆိုးတာ မတူကြောင်းမပြတ်သားတာနဲ့

သဘောကောင်းတာမ တူကြောင်းနားလည်လာတယ်…

အားမနာတတ်တဲ့ စိတ်မျိုး လိုချင်မိတယ်

ပြတ်သားတဲ့ ပုံစံမျိုးလည်း လိုချင်မိ တယ်

တ ခါ တ လေ သဘောကောင်းရတာ ပင်ပန်းတယ်

Credit to original uploader