ခ်စ္ရသူနဲ႔ တစ္ဘဝလုံးလက္တြဲဖို႔အတြက္ ေက်ာ္ျဖတ္ရေလ့႐ွိတဲ့အခက္အခဲမ်ား
ခ်စ္ရသူနဲ႔ တစ္ဘဝလုံးလက္တြဲဖို႔အတြက္
ေက်ာ္ျဖတ္ရေလ့႐ွိတဲ့အခက္အခဲမ်ားရွိပါတယ္
လူတိုင္းနီးပါမွာ Relationship နဲပတ္သက္လို
႔ ျပႆနာေတြ႐ွိတတ္ၾကပါတယ္။
တခါတေလ လက္ေလွ်ာ့ၿပီး လမ္းခြဲလိုက္ဖို႔က
ျပသာနာေတြကိုေျဖ႐ွင္းၿပီး နားလည္မႈယူတာထက္
အမ်ားႀကီး ပိုလြယ္ပါတယ္ …။
တကယ္လို႔ သင္ခ်စ္တဲ့သူနဲ႔ တစ္ဘဝလုံး
လက္တြဲဖို႔ရည္႐ြယ္ထားတယ္ဆိုရင္ေတာ့
ျပႆနာေတြ ရင္ဆိုင္ေျဖ႐ွင္းဖို႔ အသင့္ျဖစ္ေနရပါမယ္။
ဒီေန႔ေဆာင္းပါးမွာေတာ့ ခ်စ္ရတဲ့သူနဲ႔
တစ္ဘဝလုံး လက္တြဲဖို႔အတြက္ ေက်ာ္ျဖတ္ရေလ့႐ွိတဲ့
အခက္အခဲေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။
မိမိကိုလာၿပီး ေဝဖန္အျပစ္တင္တာကို
မည္သူမွမႀကိဳက္ၾကပါဘူး။
ကိုယ္ခ်စ္တဲ့သူက လာေျပာရင္ပိုဆိုးပါေသးတယ္။
သင့္ရဲ႕ပါတနာကို ေဝဖန္တာက သူတို႔ဆီမွာတစုံတခု
မွားယြင္းမႈ႐ွိေနတယ္လို႔ ဆိုလိုတာနဲ႔ တူပါတယ္ …။
“မင္းကအၿမဲတမ္းပဲ” ဆိုတဲ့ စကားနဲ႔
“မင္းကဘယ္ေတာ့မွ” ဆိုတဲ့ စကားေတြနဲ႔ အစျပဳတဲ့
ေဝဖန္အျပစ္တင္မႈ ေတြဟာ အေကာင္းဖက္ကို
ဦးတည္သြားေလ့ မ႐ွိပါဘူး။ ဒီလိုမျဖစ္ေစဖို႔အတြက္
ေဝဖန္အျပစ္တင္တာေတြအစား ေဆြးေႏြးေျပာဆိုတာေတြပဲ
ျပဳလုပ္သင့္ပါတယ္ …။
ခ်စ္သူရည္းစား႐ွိၿပီးသား မိန္းကေလးေတြရဲ႕ ၇၀% က
သူတို႔ဆီမွာ လက္႐ွိခ်စ္သူအျပင္ တျခားတေယာက္ကို
Crush ေနၾကတယ္လို႔ စစ္တမ္းေတြက ေဖာ္ျပထားပါတယ္။
ဆြဲေဆာင္မႈ ႐ွိတယ္လို႔ ခံစားရတာက ပုံမွန္ခံစားခ်က္ တစ္ခုပါ။
ဒါက သူတို႔ ေဖာက္ျပန္ေတာ့မယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး …။
ဒီအေပၚမွာ ခံစားခ်က္အလြန္အကြၽန္မ ထားပဲနဲ႔
ကိုယ္လုပ္ေနတဲ့ အလုပ္ေပၚမွာပဲ အာ႐ုံစိုက္သင့္ပါတယ္။
သင့္ပါတနာအေပၚ ယုံၾကည္မႈ ထားေပးလိုက္ပါ။
ယုံၾကည္မႈ ဆိုတာ Relationship တစ္ခုမွာ အလြန္အေရးပါပါတယ္ေနာ္ …။
ပိုက္ဆံ၊ မိသားစု နဲ႔ လူမႈေရးျပသာနာေတြ အားလုံးေပါင္းၿပီး
ရင္ဆိုင္ရတဲ့ အခ်ိန္မွာ ေဒါသအိုး ေပါက္ကြဲတတ္ၾကပါတယ္။
ဒီလိုၾကဳံလာတဲ့ အခ်ိန္အမွာ လူ႕ေလာကႀကီးကေန ထြက္ခြာခ်င္စိတ္ေတြ ႐ွိလာတတ္ပါတယ္ …။
ဒီျပသာနာေတြက စုံတြဲေတြတိုင္းမွာ ျဖစ္တတ္ၾကပါတယ္။
ဒီလိုအေျခအေနေတြနဲ႔ ရင္ဆိုင္လာရၿပီဆိုရင္
ဒီစိန္ေခၚမႈေတြက ဘဝရဲ႕ အစိတ္အပိုင္းတခုျဖစ္ၿပီး
မၾကာခင္ ၿပီးသြားမယ္ဆိုတာကို သိထားဖို႔ လိုအပ္ပါတယ္ …။
ဒီလိုႀကီးမားတဲ့ အခတ္အခဲေတြကို ႏွစ္ေယာက္သားရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္မယ္ဆိုရင္
သင္တို႔ႏွစ္ေယာက္ရဲ႕ သံေယာဇဥ္ကို ပိုမို ခိုင္မာလာေစပါလိမ့္မယ္။
ျပႆနာကို ေ႐ွာင္ေျပးဖို႔ မႀကိဳးစားပါနဲ႔။
ရင္ဆိုင္ေျဖ႐ွင္းဖို႔ပဲ ႀကိဳးစားပါ …။
ဒီအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ၿပီဆိုရင္ေတာ့
သင္တို႔ႏွစ္ေယာက္ရဲ႕ relationship က
ေကာင္းမြန္တဲ့ အဆင့္ေရာက္ေနၿပီလို႔ ဆိုႏိုင္ပါတယ္။
တျခားသူေတြရဲ႕ အျပစ္ေတြကို ခြင့္လႊတ္ေပးရတာဟာ
လြယ္ကူတဲ့ အရာေတာ႔ မဟုတ္ပါဘူး …။
အထူးသျဖင့္ ကိုယ္ခ်စ္တဲ့သူေတြက
မိမိကို နာက်င္ေအာင္ လုပ္ထားရင္ေပါ့။
ဒါေပမယ္႔ အေကာင္းေတြကိုလက္ခံၿပီး အဆိုးေတြကို ခြင့္လႊတ္ေပးျခင္းက
သင္တို႔ႏွစ္ေယာက္ရဲ႕ သံေယာဇဥ္ကို ပိုမိုခိုင္မွာလာေစမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။
Unicode
ချစ်ရသူနဲ့ တစ်ဘဝလုံးလက်တွဲဖို့အတွက် ကျော်ဖြတ်ရလေ့ရှိတဲ့အခက်အခဲများ…
ချစ်ရသူနဲ့ တစ်ဘဝလုံးလက်တွဲဖို့အတွက်
ကျော်ဖြတ်ရလေ့ရှိတဲ့အခက်အခဲများရှိပါတယ်
လူတိုင်းနီးပါမှာ Relationship နဲပတ်သက်လို
့ ပြဿနာတွေရှိတတ်ကြပါတယ်။
တခါတလေ လက်လျှော့ပြီး လမ်းခွဲလိုက်ဖို့က
ပြသာနာတွေကိုဖြေရှင်းပြီး နားလည်မှုယူတာထက်
အများကြီး ပိုလွယ်ပါတယ် …။
တကယ်လို့ သင်ချစ်တဲ့သူနဲ့ တစ်ဘဝလုံး
လက်တွဲဖို့ရည်ရွယ်ထားတယ်ဆိုရင်တော့
ပြဿနာတွေ ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ဖြစ်နေရပါမယ်။
ဒီနေ့ဆောင်းပါးမှာတော့ ချစ်ရတဲ့သူနဲ့
တစ်ဘဝလုံး လက်တွဲဖို့အတွက် ကျော်ဖြတ်ရလေ့ရှိတဲ့
အခက်အခဲတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။
မိမိကိုလာပြီး ဝေဖန်အပြစ်တင်တာကို
မည်သူမှမကြိုက်ကြပါဘူး။
ကိုယ်ချစ်တဲ့သူက လာပြောရင်ပိုဆိုးပါသေးတယ်။
သင့်ရဲ့ပါတနာကို ဝေဖန်တာက သူတို့ဆီမှာတစုံတခု
မှားယွင်းမှုရှိနေတယ်လို့ ဆိုလိုတာနဲ့ တူပါတယ် …။
“မင်းကအမြဲတမ်းပဲ” ဆိုတဲ့ စကားနဲ့
“မင်းကဘယ်တော့မှ” ဆိုတဲ့ စကားတွေနဲ့ အစပြုတဲ့
ဝေဖန်အပြစ်တင်မှု တွေဟာ အကောင်းဖက်ကို
ဦးတည်သွားလေ့ မရှိပါဘူး။ ဒီလိုမဖြစ်စေဖို့အတွက်
ဝေဖန်အပြစ်တင်တာတွေအစား ဆွေးနွေးပြောဆိုတာတွေပဲ
ပြုလုပ်သင့်ပါတယ် …။
ချစ်သူရည်းစားရှိပြီးသား မိန်းကလေးတွေရဲ့ ၇၀% က
သူတို့ဆီမှာ လက်ရှိချစ်သူအပြင် တခြားတယောက်ကို
Crush နေကြတယ်လို့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။
ဆွဲဆောင်မှု ရှိတယ်လို့ ခံစားရတာက ပုံမှန်ခံစားချက် တစ်ခုပါ။
ဒါက သူတို့ ဖောက်ပြန်တော့မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး …။
ဒီအပေါ်မှာ ခံစားချက်အလွန်အကျွန်မ ထားပဲနဲ့
ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာပဲ အာရုံစိုက်သင့်ပါတယ်။
သင့်ပါတနာအပေါ် ယုံကြည်မှု ထားပေးလိုက်ပါ။
ယုံကြည်မှု ဆိုတာ Relationship တစ်ခုမှာ အလွန်အရေးပါပါတယ်နော် …။
ပိုက်ဆံ၊ မိသားစု နဲ့ လူမှုရေးပြသာနာတွေ အားလုံးပေါင်းပြီး
ရင်ဆိုင်ရတဲ့ အချိန်မှာ ဒေါသအိုး ပေါက်ကွဲတတ်ကြပါတယ်။
ဒီလိုကြုံလာတဲ့ အချိန်အမှာ လူ့လောကကြီးကနေ ထွက်ခွာချင်စိတ်တွေ ရှိလာတတ်ပါတယ် …။
ဒီပြသာနာတွေက စုံတွဲတွေတိုင်းမှာ ဖြစ်တတ်ကြပါတယ်။
ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်လာရပြီဆိုရင်
ဒီစိန်ခေါ်မှုတွေက ဘဝရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး
မကြာခင် ပြီးသွားမယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ် …။
ဒီလိုကြီးမားတဲ့ အခတ်အခဲတွေကို နှစ်ယောက်သားရင်ဆိုင်ကျော်ဖြတ်နိုင်မယ်ဆိုရင်
သင်တို့နှစ်ယောက်ရဲ့ သံယောဇဉ်ကို ပိုမို ခိုင်မာလာစေပါလိမ့်မယ်။
ပြဿနာကို ရှောင်ပြေးဖို့ မကြိုးစားပါနဲ့။
ရင်ဆိုင်ဖြေရှင်းဖို့ပဲ ကြိုးစားပါ …။
ဒီအဆင့်ကို ကျော်ဖြတ်နိုင်ပြီဆိုရင်တော့
သင်တို့နှစ်ယောက်ရဲ့ relationship က
ကောင်းမွန်တဲ့ အဆင့်ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။
တခြားသူတွေရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးရတာဟာ
လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး …။
အထူးသဖြင့် ကိုယ်ချစ်တဲ့သူတွေက
မိမိကို နာကျင်အောင် လုပ်ထားရင်ပေါ့။
ဒါပေမယ့် အကောင်းတွေကိုလက်ခံပြီး အဆိုးတွေကို ခွင့်လွှတ်ပေးခြင်းက
သင်တို့နှစ်ယောက်ရဲ့ သံယောဇဉ်ကို ပိုမိုခိုင်မှာလာစေမှာပဲ ဖြစ်ပါတယ်နော် …။ ။