Lifestyle

ကိုယ္ခ်စ္သေလာက္ျပန္အခ်စ္မခံရတဲ့သူေတြပဲ နားလည္ႏိုင္တဲ့ခံစားခ်က္(၅)မ်ိဳး

ကိုယ္ခ်စ္သေလာက္ျပန္အခ်စ္မခံရတဲ့သူေတြပဲ နားလည္ႏိုင္တဲ့ခံစားခ်က္(၅)မ်ိဳး

ကိုယ္ခ်စ္သေလာက္ ျပန္အခ်စ္မခံရတာ

ခ်စ္သူတစ္ေယာက္တည္းဆီကမွ မဟုတ္ပါဘူး။

မိဘ၊ ေမာင္ႏွမ၊ သူငယ္ခ်င္းအေပါင္းသင္းေတြဆီကလည္း ျဖစ္ႏိုင္ပါတယ္ …။

ကိုယ့္ဖက္က ဘယ္ေလာက္ပဲ ခ်စ္ခ်စ္၊

ေမတၱာထားထား တူညီတဲ့ တန္ျပန္သက္ေရာက္မႈမ်ိဳးကို

မခံရတဲ့သူေတြပဲ နားလည္ႏိုင္မယ့္ ခံစားခ်က္အခ်ိဳ႕ကို

ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(၁) ကိုယ္ခ်စ္သေလာက္ ျပန္အခ်စ္မခံရတဲ့သူေတြဟာ

ခြင့္လႊတ္ျခင္းအေၾကာင္းကို ေကာင္းမြန္စြာ

သိ႐ွိနားလည္ထားတဲ့ သူေတြျဖစ္ပါတယ္။

သူတို႔ဖက္က တစ္ဖက္လူကို ခြင့္လႊတ္သည္းခံပါ မ်ားေနေတာ့

သူတစ္ပါးကို ခြင့္လႊတ္ဖို႔ သူတို႔အတြက္ မခက္ခဲေတာ့ပါဘူး …။

(၂) ကိုယ္ခ်စ္သေလာက္ ျပန္အခ်စ္မခံရတဲ့ သူေတြဟာ လူေတြရဲ႕

ေျပာင္းလဲႏိုင္ျခင္း သေဘာတရားကို ေကာင္းမြန္စြာ

သိ႐ွိနားလည္ထားသူေတြပဲ ျဖစ္ပါတယ္ …။

ဒါေၾကာင့္ ဘယ္လိုလူကိုမွ ထစ္ထစ္ခ် မယုံၾကည္ေတာ့သလို၊

ခုခ်ိန္မွာ ကိုယ့္အေပၚေကာင္းေနလည္း တစ္ခ်ိန္မွာ ကိုယ့္ကို

မလိုမုန္းတီးသြားႏိုင္တဲ့ သူေတြျဖစ္တာကို

ေကာင္းေကာင္းနားလည္ထားတဲ့ သူေတြ ျဖစ္တာေၾကာင့္ပါ …။

(၃) ကိုယ္ခ်စ္သေလာက္ ျပန္အခ်စ္မခံရတဲ့ သူေတြဟာ

လူေတြရဲ႕ေကာင္းတဲ့ အခ်က္ေလးေတြ၊

အားသာခ်က္ေလးေတြကို ျမင္ေအာင္ ၾကည့္တတ္တဲ့ သူေတြပါ …။

မုန္းဖို႔ေကာင္းတဲ့ လူေတြဆီမွာေတာင္

ခ်စ္စရာေကာင္းတဲ့ အခ်က္ေလးေတြ႐ွိတယ္ဆိုတာကို

ေကာင္းေကာင္းနားလည္ထားတဲ့ သူေတြပါ။

ဒါေၾကာင့္ပဲ လူေတြကို ခြင့္လႊတ္ႏိုင္စြမ္း ႐ွိၾကတာေပါ့ …။

(၄) ကိုယ္ခ်စ္သေလာက္ ျပန္အခ်စ္မခံရတဲ့သူေတြဟာ

ကိုယ့္ကိုယ္ကို အၿမဲလိုလို အျပစ္တင္ေနမိတဲ့သူေတြပါ။

သူတစ္ပါး အေပၚ ေမွ်ာ္လင့္ခ်က္ေတြ ထားလြန္းတဲ့၊

သူတစ္ပါးကို ယုံၾကည္လြန္းတဲ့၊ ယုံလြယ္လြန္းတဲ့၊

အားနာတတ္လြန္းတဲ့ ကိုယ့္ကိုယ္ကို

အၿမဲလိုလို အျပစ္တင္ေနတတ္တဲ့ သူေတြပါ …။

(၅) ကိုယ္ခ်စ္သေလာက္ ျပန္အခ်စ္မခံရတဲ့သူေတြဟာ

သူမ်ားေတြထက္ ပိုၿပီး စိတ္ဓာတ္ ၾကံ့ခိုင္ၾကပါတယ္။

အေၾကာင္းကေတာ့ ခံရပါမ်ားလာတဲ့အခါမွာ

လူေတြအေၾကာင္းကို ပိုသိသြားၿပီး၊

ခံႏိုင္ရည္လည္း ပို႐ွိသြားၾကပါတယ္ …။

ဒီလိုလူေတြဟာ သူမ်ားေတြနဲ႔ယွဥ္ရင္ အၿမဲလိုလို

စိတ္ဓာတ္ၾကံ့ခိုင္တဲ့ သူေတြပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Credit

Unicode

ကိုယ်ချစ်သလောက်ပြန်အချစ်မခံရတဲ့သူတွေပဲ နားလည်နိုင်တဲ့ခံစားချက်(၅)မျိုး

ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတာ

ချစ်သူတစ်ယောက်တည်းဆီကမှ မဟုတ်ပါဘူး။

မိဘ၊ မောင်နှမ၊ သူငယ်ချင်းအပေါင်းသင်းတွေဆီကလည်း ဖြစ်နိုင်ပါတယ် …။

ကိုယ့်ဖက်က ဘယ်လောက်ပဲ ချစ်ချစ်၊

မေတ္တာထားထား တူညီတဲ့ တန်ပြန်သက်ရောက်မှုမျိုးကို

မခံရတဲ့သူတွေပဲ နားလည်နိုင်မယ့် ခံစားချက်အချို့ကို

ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့သူတွေဟာ

ခွင့်လွှတ်ခြင်းအကြောင်းကို ကောင်းမွန်စွာ

သိရှိနားလည်ထားတဲ့ သူတွေဖြစ်ပါတယ်။

သူတို့ဖက်က တစ်ဖက်လူကို ခွင့်လွှတ်သည်းခံပါ များနေတော့

သူတစ်ပါးကို ခွင့်လွှတ်ဖို့ သူတို့အတွက် မခက်ခဲတော့ပါဘူး …။

(၂) ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့ သူတွေဟာ လူတွေရဲ့

ပြောင်းလဲနိုင်ခြင်း သဘောတရားကို ကောင်းမွန်စွာ

သိရှိနားလည်ထားသူတွေပဲ ဖြစ်ပါတယ် …။

ဒါကြောင့် ဘယ်လိုလူကိုမှ ထစ်ထစ်ချ မယုံကြည်တော့သလို၊

ခုချိန်မှာ ကိုယ့်အပေါ်ကောင်းနေလည်း တစ်ချိန်မှာ ကိုယ့်ကို

မလိုမုန်းတီးသွားနိုင်တဲ့ သူတွေဖြစ်တာကို

ကောင်းကောင်းနားလည်ထားတဲ့ သူတွေ ဖြစ်တာကြောင့်ပါ …။

(၃) ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့ သူတွေဟာ

လူတွေရဲ့ကောင်းတဲ့ အချက်လေးတွေ၊

အားသာချက်လေးတွေကို မြင်အောင် ကြည့်တတ်တဲ့ သူတွေပါ …။

မုန်းဖို့ကောင်းတဲ့ လူတွေဆီမှာတောင်

ချစ်စရာကောင်းတဲ့ အချက်လေးတွေရှိတယ်ဆိုတာကို

ကောင်းကောင်းနားလည်ထားတဲ့ သူတွေပါ။

ဒါကြောင့်ပဲ လူတွေကို ခွင့်လွှတ်နိုင်စွမ်း ရှိကြတာပေါ့ …။

(၄) ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့သူတွေဟာ

ကိုယ့်ကိုယ်ကို အမြဲလိုလို အပြစ်တင်နေမိတဲ့သူတွေပါ။

သူတစ်ပါး အပေါ် မျှော်လင့်ချက်တွေ ထားလွန်းတဲ့၊

သူတစ်ပါးကို ယုံကြည်လွန်းတဲ့၊ ယုံလွယ်လွန်းတဲ့၊

အားနာတတ်လွန်းတဲ့ ကိုယ့်ကိုယ်ကို

အမြဲလိုလို အပြစ်တင်နေတတ်တဲ့ သူတွေပါ …။

(၅) ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့သူတွေဟာ

သူများတွေထက် ပိုပြီး စိတ်ဓာတ် ကြံ့ခိုင်ကြပါတယ်။

အကြောင်းကတော့ ခံရပါများလာတဲ့အခါမှာ

လူတွေအကြောင်းကို ပိုသိသွားပြီး၊

ခံနိုင်ရည်လည်း ပိုရှိသွားကြပါတယ် …။

ဒီလိုလူတွေဟာ သူများတွေနဲ့ယှဉ်ရင် အမြဲလိုလို

စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူတွေပဲ ဖြစ်ပါတယ်နော် …။ ။

Credit