မေက်ာ္သင့္ေသာ စည္း
လူတစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာ
စည္းေလးတစ္ခုေတာ့ထားေပးပါ
သူငယ္ခ်င္းပဲျဖစ္ျဖစ္ ခ်စ္သူခ်င္းပဲျဖစ္ျဖစ္
ေမာင္ႏွမၾကားမွာပဲျဖစ္ျဖစ္
ေနာက္ဆုံး မိဘနဲ႔သားသမီးၾကားမွာေတာင္
စည္းေလးတစ္ခု႐ွိရပါမယ္
လိုတာထက္ ပိုမဝင္မိေစဖို႔
သူ႕ရဲ႕ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ ကိုယ္ပိုင္ခံယူခ်က္
သူ႕ရဲ႕လြတ္လပ္ခြင့္ သူ႕ရဲ႕ရည္မွန္းခ်က္
သူ႕ရဲ႕ျပင္လို႔မရတဲ့ဗီဇနဲ႔စ႐ိုက္ေတြအတြက္
ကိုယ္က ဝင္ေရာက္သင့္တဲ့ အတိုင္းအတာထက္
ပိုၿပီးမဝင္မိေစဖို႔…. ေမးသင့္ေမးထိုက္တာထက္
ေျပာသင့္ေျပာထိုက္တာထက္ပိုၿပီး
ေဘာင္ေတြမေက်ာ္ဖို႔အတြက္ စည္းတစ္ခုထားကိုထားရပါမယ္
အရမ္းခ်စ္ၾကတဲ့သူေတြ ဘာလို႔မုန္းသြားၾကသလဲ?
အရမ္းခင္ၾကတဲ့မိတ္ေဆြေတြက ဘာလို႔အမုန္းဆုံးရန္သူေတြ ျဖစ္သြားၾကသလဲ?
အရင္ကအရမ္းအဖြဲ႕က် စားအတူသြား
အတူေပ်ာ္ခဲ့ၾကတဲ့ BFF ေတြ ဘာလို႔ ခပ္တန္းတန္းေတြ ျဖစ္ကုန္ၾကသလဲ?
ဘာလို႔ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္မႀကီး မေလးစားၾကေတာ့တာလဲ…?
ျပႆနာအမ်ားစုရဲ႕အေျဖကေတာ့ လိုတာထက္ပိုၿပီး
စည္းေတြေက်ာ္ ေဘာင္ေတြနင္းခဲ့ၾကလို႔ပါ…
အရမ္းခင္အရမ္းခ်စ္ေနၾကဆဲကာလမွာေတာ့
အယုံၾကည္ရဆုံးလို႔ ထင္မိၿပီး မိမိဘဝအေၾကာင္း
မိမိစိတ္ဓာတ္အေၾကာင္း
မိမိရဲ႕မိသားစုအေၾကာင္း အိတ္သြန္ဖာေမွာက္ေျပာျပၾကသလို
မိမိကလည္း သူတပါးရဲ႕အတြင္းေရးေတြကို
အၾကံျပဳ ေဝဖန္ဆုံးျဖတ္ၾကပါတယ္
အဆင္ေျပေနတုန္းေတာ့ အဆင္ေျပေနတာေပါ့
အဲဒီကတစ္ဆင့္တက္
သူ႕ရဲ႕ဘဝ ကိုယ့္ရဲ႕ဘဝ သူ႕ရဲ႕အတြင္းေရး
ကိုယ့္ရဲ႕အတြင္းေရးထိ ဝင္ေရာက္လာၾကတယ္
စည္းလြတ္ဝါးလြတ္ေတြေျပာလာၾကတယ္
ကိုယ့္အေတြး ကိုယ့္အျမင္ေတြကို
သူက လက္မခံတဲ့အခါ ရန္ေတြျဖစ္လာၾကတယ္
သူ႕ရဲ႕စည္းလြတ္ေဘာင္လြတ္ နယ္ခ်ဲ႕ၿပီး
မိမိအတြင္းေရးအထိ ပါဝင္လာတာကိုလည္း
ကိုယ္တိုင္က အရင္လိုမႏွစ္သက္ႏိုင္ေတာ့ပါဘူး
အဲဒီအခါမွာေတာ့ သူ႕အေပၚကိုယ္ျမင္ခဲ့တဲ့
ကိုယ္အထင္ႀကီးခဲ့တဲ့ အားသာခ်က္ေတြအျပင္
ကိုယ္လက္ခံလို႔မရတဲ့ ကိုယ္မႀကိဳက္ႏွစ္သက္တဲ့
သူ႕ရဲ႕ character ေတြပါသိလာရတဲ့အခ်ိန္မွ
ာ စည္းေတြေတာ္ေတာ္ေက်ာ္ေနပါၿပီ
အေကာင္းျမင္တာေတြ ေမွးမွိန္ၿပီး မေကာင္းျမင္ခ်က္ေတြ
အားသာလာတဲ့အခ်ိန္မွာေတာ့
လူႏွစ္ဦးရဲ႕ဆက္ဆံေရးဟာ အရင္ကလို မေႏြးေထြးႏိုင္ေတာ့ပါဘူး…
သူကငါထင္သလိုမဟုတ္ဘူး ဆိုတာေတြ
သူကမိတ္ေဆြေကာင္းမဟုတ္ဘူး ဆိုတာေတြ ေတြးမိလာၾကပါတယ္
တကယ္ေတာ့ လူတိုင္းရဲ႕အတြင္းစိတ္မွာ
weak point ေတြ႐ွိေနပါတယ္ မရင့္က်က္မႈေတြ႐ွိတယ္
မျပည့္ဝတာေတြလည္း႐ွိေနပါတယ္ အေပၚယံကသာ
လူေတြနဲ႔အဆင္ေျပဖို႔ လူအထင္ႀကီးဖို႔ ႐ုပ္ဝတၳဳပစၥည္းေတြ
အျပဳံးတုေတြနဲ႔ ဖုံးကြယ္ထားၾကတာပါ
ခက္တာက လူေတြက ကိုယ္တိုင္သာ ေကာင္းေအာင္မေနႏိုင္ၾကတယ္
သူမ်ားကိုေတာ့ေကာင္းတဲ့အရာကိုပဲ
ျမင္ခ်င္ၾကတာမ်ိဳး ၾကဳံခ်င္ၾကတာမ်ိဳးပါ
ဒါ့ေၾကာင့္ သူတပါးရဲ႕weak point ေတြနဲ႔ ၾကဳံေတြ႕ရတဲ့အခါ
စည္းလြတ္ဝါးလြတ္ေတြ ေျပာဆိုၾက ျပင္ဖို႔ ႀကိဳးစားၾက
မရတဲ့အခါ ေလွာင္ေျပာင္႐ွဴံ႕ခ်ၾက ကဲ့ရဲ႕အတင္းေျပာၾကရင္း
စိုေသာလက္ေတြ ေျခာက္လာၾကတာ
ၾကဳံဖူးၾကမွာပါ ဒါ့ေၾကာင့္ လူႏွစ္ဦးအေနနဲ႔ လူတစ္စုအေနနဲ႔
ေရ႐ွည္လက္တြဲသြားဖို႔ ရည္႐ြယ္တယ္ဆိုရင္….
ေနသင့္တဲ့ ေနရာမွာပဲေနပါ မေမးသင့္တဲ့ အရာေတြကို မေမးပါနဲ႔
မသိသင့္တဲ့ အေၾကာင္းေတြကို မသိခ်င္ပါနဲ႔
သူ႕ရည္မွန္းခ်က္ေတြ သူ႕ခံယူခ်က္ေတြ
သူ႕မွာ မူလထဲက႐ွိေနတဲ့ စ႐ိုက္ေတြ ဗီဇေတြကို သင့္အျမင္
သင့္ခံစားခ်က္တစ္ခုထဲနဲ႔ ျပဳျပင္ဖို႔မႀကိဳးစားပါနဲ႔
ကိစၥတစ္ခု ျပႆနာတစ္ခုကို သင္နဲ႔ထပ္တူက်ဖို႔
ဘယ္ေတာ့မွ အတင္းအၾကပ္မႀကိဳးစားပါနဲ႔
ေကာင္းဖို႔အတြက္ ေစတနာနဲ႔ေျပာတာရယ္
ဝင္ေရာက္စြတ္ဖက္တာရယ္က
မတူဘူးဆိုတာ သိပါ
မိတ္ေဆြေကာင္းဆိုတာ ႐ိုးသားရပါမယ္
ဒါ့အျပင္ အကင္းလဲပါးရပါမယ္
သူ႕စည္းကိုယ့္စည္း ၂ခုစလုံးကို မေျပာဘဲနဲ႔
အလိုလို နားလည္ရပါမယ္… လူႏွစ္ေယာက္ဟာ လူတစ္စုဟာ
ဘယ္ေသာအခါမွ အရာရာအတြက္
ထပ္တူက်ႏိုင္မယ္မဟုတ္ဘူးဆိုတာလည္း သိရပါမယ္
ေကာင္းတာေတြကို လက္ခံႏိုင္သလို
မေကာင္းတာေတြ အတြက္လည္း စည္းမေက်ာ္ေစဘဲ
လက္ခံေပးႏိုင္မွသာ ဘယ္သူနဲ႔မဆို
လက္တြဲႏိုင္မယ္ဆိုတာလည္း သိရပါမယ္
ဒါ့ေၾကာင့္မခ်စ္ခင္က မမုန္းဖို႔အတြက္
ႀကိဳတင္ျပင္ဆင္ထားလို႔ရပါတယ္
Credit
Unicode
မကျော်သင့်သော စည်း
လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ
စည်းလေးတစ်ခုတော့ထားပေးပါ
သူငယ်ချင်းပဲဖြစ်ဖြစ် ချစ်သူချင်းပဲဖြစ်ဖြစ်
မောင်နှမကြားမှာပဲဖြစ်ဖြစ်
နောက်ဆုံး မိဘနဲ့သားသမီးကြားမှာတောင်
စည်းလေးတစ်ခုရှိရပါမယ်
လိုတာထက် ပိုမဝင်မိစေဖို့…
သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်ခံယူချက်
သူ့ရဲ့လွတ်လပ်ခွင့် သူ့ရဲ့ရည်မှန်းချက်
သူ့ရဲ့ပြင်လို့မရတဲ့ဗီဇနဲ့စရိုက်တွေအတွက်
ကိုယ်က ဝင်ရောက်သင့်တဲ့ အတိုင်းအတာထက်
ပိုပြီးမဝင်မိစေဖို့…. မေးသင့်မေးထိုက်တာထက်
ပြောသင့်ပြောထိုက်တာထက်ပိုပြီး
ဘောင်တွေမကျော်ဖို့အတွက် စည်းတစ်ခုထားကိုထားရပါမယ်
အရမ်းချစ်ကြတဲ့သူတွေ ဘာလို့မုန်းသွားကြသလဲ?
အရမ်းခင်ကြတဲ့မိတ်ဆွေတွေက ဘာလို့အမုန်းဆုံးရန်သူတွေ ဖြစ်သွားကြသလဲ?
အရင်ကအရမ်းအဖွဲ့ကျ စားအတူသွား
အတူပျော်ခဲ့ကြတဲ့ BFF တွေ ဘာလို့ ခပ်တန်းတန်းတွေ ဖြစ်ကုန်ကြသလဲ?
ဘာလို့ တစ်ယောက်နဲ့တစ်ယောက် အထင်မကြီး မလေးစားကြတော့တာလဲ…?
ပြဿနာအများစုရဲ့အဖြေကတော့ လိုတာထက်ပိုပြီး
စည်းတွေကျော် ဘောင်တွေနင်းခဲ့ကြလို့ပါ…
အရမ်းခင်အရမ်းချစ်နေကြဆဲကာလမှာတော့
အယုံကြည်ရဆုံးလို့ ထင်မိပြီး မိမိဘဝအကြောင်း
မိမိစိတ်ဓာတ်အကြောင်း
မိမိရဲ့မိသားစုအကြောင်း အိတ်သွန်ဖာမှောက်ပြောပြကြသလို
မိမိကလည်း သူတပါးရဲ့အတွင်းရေးတွေကို
အကြံပြု ဝေဖန်ဆုံးဖြတ်ကြပါတယ်….
အဆင်ပြေနေတုန်းတော့ အဆင်ပြေနေတာပေါ့
အဲဒီကတစ်ဆင့်တက်
သူ့ရဲ့ဘဝ ကိုယ့်ရဲ့ဘဝ သူ့ရဲ့အတွင်းရေး
ကိုယ့်ရဲ့အတွင်းရေးထိ ဝင်ရောက်လာကြတယ်
စည်းလွတ်ဝါးလွတ်တွေပြောလာကြတယ်
ကိုယ့်အတွေး ကိုယ့်အမြင်တွေကို
သူက လက်မခံတဲ့အခါ ရန်တွေဖြစ်လာကြတယ်..
သူ့ရဲ့စည်းလွတ်ဘောင်လွတ် နယ်ချဲ့ပြီး
မိမိအတွင်းရေးအထိ ပါဝင်လာတာကိုလည်း
ကိုယ်တိုင်က အရင်လိုမနှစ်သက်နိုင်တော့ပါဘူး
အဲဒီအခါမှာတော့ သူ့အပေါ်ကိုယ်မြင်ခဲ့တဲ့
ကိုယ်အထင်ကြီးခဲ့တဲ့ အားသာချက်တွေအပြင်
ကိုယ်လက်ခံလို့မရတဲ့ ကိုယ်မကြိုက်နှစ်သက်တဲ့
သူ့ရဲ့ character တွေပါသိလာရတဲ့အချိန်မှ
ာ စည်းတွေတော်တော်ကျော်နေပါပြီ…
အကောင်းမြင်တာတွေ မှေးမှိန်ပြီး မကောင်းမြင်ချက်တွေ
အားသာလာတဲ့အချိန်မှာတော့
လူနှစ်ဦးရဲ့ဆက်ဆံရေးဟာ အရင်ကလို မနွေးထွေးနိုင်တော့ပါဘူး…
သူကငါထင်သလိုမဟုတ်ဘူး ဆိုတာတွေ
သူကမိတ်ဆွေကောင်းမဟုတ်ဘူး ဆိုတာတွေ တွေးမိလာကြပါတယ်
တကယ်တော့ လူတိုင်းရဲ့အတွင်းစိတ်မှာ
weak point တွေရှိနေပါတယ် မရင့်ကျက်မှုတွေရှိတယ်
မပြည့်ဝတာတွေလည်းရှိနေပါတယ် အပေါ်ယံကသာ
လူတွေနဲ့အဆင်ပြေဖို့ လူအထင်ကြီးဖို့ ရုပ်ဝတ္ထုပစ္စည်းတွေ
အပြုံးတုတွေနဲ့ ဖုံးကွယ်ထားကြတာပါ
ခက်တာက လူတွေက ကိုယ်တိုင်သာ ကောင်းအောင်မနေနိုင်ကြတယ်
သူများကိုတော့ကောင်းတဲ့အရာကိုပဲ
မြင်ချင်ကြတာမျိုး ကြုံချင်ကြတာမျိုးပါ
ဒါ့ကြောင့် သူတပါးရဲ့weak point တွေနဲ့ ကြုံတွေ့ရတဲ့အခါ
စည်းလွတ်ဝါးလွတ်တွေ ပြောဆိုကြ ပြင်ဖို့ ကြိုးစားကြ
မရတဲ့အခါ လှောင်ပြောင်ရှူံ့ချကြ ကဲ့ရဲ့အတင်းပြောကြရင်း
စိုသောလက်တွေ ခြောက်လာကြတာ
ကြုံဖူးကြမှာပါ ဒါ့ကြောင့် လူနှစ်ဦးအနေနဲ့ လူတစ်စုအနေနဲ့
ရေရှည်လက်တွဲသွားဖို့ ရည်ရွယ်တယ်ဆိုရင်….
နေသင့်တဲ့ နေရာမှာပဲနေပါ မမေးသင့်တဲ့ အရာတွေကို မမေးပါနဲ့
မသိသင့်တဲ့ အကြောင်းတွေကို မသိချင်ပါနဲ့
သူ့ရည်မှန်းချက်တွေ သူ့ခံယူချက်တွေ
သူ့မှာ မူလထဲကရှိနေတဲ့ စရိုက်တွေ ဗီဇတွေကို သင့်အမြင်
သင့်ခံစားချက်တစ်ခုထဲနဲ့ ပြုပြင်ဖို့မကြိုးစားပါနဲ့
ကိစ္စတစ်ခု ပြဿနာတစ်ခုကို သင်နဲ့ထပ်တူကျဖို့
ဘယ်တော့မှ အတင်းအကြပ်မကြိုးစားပါနဲ့
ကောင်းဖို့အတွက် စေတနာနဲ့ပြောတာရယ်
ဝင်ရောက်စွတ်ဖက်တာရယ်က
မတူဘူးဆိုတာ သိပါ
မိတ်ဆွေကောင်းဆိုတာ ရိုးသားရပါမယ်
ဒါ့အပြင် အကင်းလဲပါးရပါမယ်
သူ့စည်းကိုယ့်စည်း ၂ခုစလုံးကို မပြောဘဲနဲ့
အလိုလို နားလည်ရပါမယ်… လူနှစ်ယောက်ဟာ လူတစ်စုဟာ
ဘယ်သောအခါမှ အရာရာအတွက်
ထပ်တူကျနိုင်မယ်မဟုတ်ဘူးဆိုတာလည်း သိရပါမယ်
ကောင်းတာတွေကို လက်ခံနိုင်သလို
မကောင်းတာတွေ အတွက်လည်း စည်းမကျော်စေဘဲ
လက်ခံပေးနိုင်မှသာ ဘယ်သူနဲ့မဆို
လက်တွဲနိုင်မယ်ဆိုတာလည်း သိရပါမယ်….
ဒါ့ကြောင့်မချစ်ခင်က မမုန်းဖို့အတွက်
ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်
Credit