Love

သစၥာေဖာက္မွာေၾကာက္ၿပီး လူတစ္ေယာက္ကိုသြားမခ်ဳပ္ခ်ယ္နဲ႔ မရဘူး

သစၥာေဖာက္မွာေၾကာက္ၿပီး လူတစ္ေယာက္ကိုသြားမခ်ဳပ္ခ်ယ္နဲ႔ မရဘူး

သစၥာေဖာက္မွာေၾကာက္ၿပီး လူတစ္ေယာက္ကိုသြားမခ်ဳပ္ခ်ယ္နဲ႔

မရဘူး …. ပုံမွန္ သစၥာ႐ွိတဲ့သူေတာင္ ခ်ဳပ္ခ်ယ္လြန္းရင္

ထြက္ေျပးခ်င္စိတ္ေပါက္လာမယ္ …

သစၥာေဖာက္ေနပါတယ္လို႔လည္း

အလကားေန သြားစြပ္စြဲမေနနဲ႔ …

သူ႕ဘာသာသူ ေအးေဆးေနတဲ့သူက ကိုယ္ေျပာမွ

မထူးဇာတ္ခင္းၿပီး အ႐ြဲ႕တိုက္သြားလိမ့္မယ္ ….

လႊတ္ေပးထားလိုက္ သစၥာ႐ွိခ်င္တဲ့သူကို ဘယ္သူကမွ

လာဆြဲေဆာင္လို႔မရသလို သစၥာေဖာက္ခ်င္တဲ့သူကို

လွ်ာျဖတ္ထားရင္ေတာင္ မ်က္လုံးနဲ႔ ၾကာလိုက္ပစ္ခ်င္ ပစ္ေနမွာ …

တစ္ကယ္ထြက္သြားခ်င္တဲ့သူက အေၾကာင္းျပခ်က္ကို႐ွာေနမွာပဲ

ေထာင္ထဲထည့္ထားသလိုေပါ့ ေထာင္ေဖာက္ေျပးဖို႔နဲ႔ လြတ္မယ့္ေန႔ေရာက္ဖို႔ေလာက္ပဲေစာင့္ေနမွာ …

ထြက္သြားခ်င္တဲ့သူက ေအးေဆးလမ္းေလွ်ာက္ထြက္သြားေပမယ့္

မသြားပါနဲ႔လို႔ ေနာက္ကဖက္ထားတဲ့သူက ၾကာေတာ့

လက္ေညာင္းၿပီး ပင္ပန္းလာတာပဲ အဖက္တင္မယ္ …

သံသယေတြထားရင္ မယုံၾကည္ဘူးေျပာၿပီး ထြက္သြားမွာပဲ …

ယုံၾကည္ၿပီး လႊတ္ထားၾကည့္ ယုံၾကည္မႈကိုအလြဲသုံးစားလုပ္ၿပီးထြက္သြားလိမ့္မယ္ ….

ဒီေတာ့ လူတစ္ေယာက္ကိုခ်စ္ၿပီဆို ေပးဆပ္ဖို႔ပဲစဥ္းစားၿပီး

ကံေကာင္းရင္ေတာ့ နဲနဲျပန္ရမွာေပါ့လို႔ပဲေတြး …

တစ္ေန႔ထားသြားမွာပဲလို႔ေတြးရမွာ

ရင္နာစရာေကာင္းေပမယ့္ ႀကိဳတင္ျပင္ဆင္ထားေတာ့ ခံစားရသက္သာတာေပါ့

Unicode

သစ္စာဖောက်မှာကြောက်ပြီး လူတစ်ယောက်ကိုသွားမချုပ်ချယ်နဲ့ မရဘူး

သစ္စာဖောက်မှာကြောက်ပြီး လူတစ်ယောက်ကိုသွားမချုပ်ချယ်နဲ့

မရဘူး …. ပုံမှန် သစ္စာရှိတဲ့သူတောင် ချုပ်ချယ်လွန်းရင်

ထွက်ပြေးချင်စိတ်ပေါက်လာမယ် …

သစ္စာဖောက်နေပါတယ်လို့လည်း

အလကားနေ သွားစွပ်စွဲမနေနဲ့ …

သူ့ဘာသာသူ အေးဆေးနေတဲ့သူက ကိုယ်ပြောမှ

မထူးဇာတ်ခင်းပြီး အရွဲ့တိုက်သွားလိမ့်မယ် ….

လွှတ်ပေးထားလိုက် သစ္စာရှိချင်တဲ့သူကို ဘယ်သူကမှ

လာဆွဲဆောင်လို့မရသလို သစ္စာဖောက်ချင်တဲ့သူကို

လျှာဖြတ်ထားရင်တောင် မျက်လုံးနဲ့ ကြာလိုက်ပစ်ချင် ပစ်နေမှာ …

တစ်ကယ်ထွက်သွားချင်တဲ့သူက အကြောင်းပြချက်ကိုရှာနေမှာပဲ

ထောင်ထဲထည့်ထားသလိုပေါ့ ထောင်ဖောက်ပြေးဖို့နဲ့ လွတ်မယ့်နေ့ရောက်ဖို့လောက်ပဲစောင့်နေမှာ …

ထွက်သွားချင်တဲ့သူက အေးဆေးလမ်းလျှောက်ထွက်သွားပေမယ့်

မသွားပါနဲ့လို့ နောက်ကဖက်ထားတဲ့သူက ကြာတော့

လက်ညောင်းပြီး ပင်ပန်းလာတာပဲ အဖက်တင်မယ် …

သံသယတွေထားရင် မယုံကြည်ဘူးပြောပြီး ထွက်သွားမှာပဲ …

ယုံကြည်ပြီး လွှတ်ထားကြည့် ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးထွက်သွားလိမ့်မယ် ….

ဒီတော့ လူတစ်ယောက်ကိုချစ်ပြီဆို ပေးဆပ်ဖို့ပဲစဉ်းစားပြီး

ကံကောင်းရင်တော့ နဲနဲပြန်ရမှာပေါ့လို့ပဲတွေး …

တစ်နေ့ထားသွားမှာပဲလို့တွေးရမှာ

ရင်နာစရာကောင်းပေမယ့် ကြိုတင်ပြင်ဆင်ထားတော့ ခံစားရသက်သာတာပေါ့ …